ဘဏ်မှာပဲ သွားခိုးလိုက်ပါတော့
Vol. 17 Ch. 243
ရဲဌာနတွင်။
ချင်းဖေးဟာ ဒီမတော်တဆ မူကို လုံဝ ဂရုမစိုက်သလိုပဲ တည်ငြိမ်နေခဲ့တယ်။သူလုပ်ခဲ့တာ ဆိုလို ဆိုင်သေးသေးလေး တစ်ဆိုင်ကို ရိုက်ချိုးခဲ့တာပါပဲ။ဒါက ပြသနာအကြီးကြီး မဟုတ်ပါဘူး။
သူ ဒီ ငနဲ စိတ်တိုပြီး ဒေါသထွက်နေတာ ကိုပဲ ကြည့်ချင်ခဲ့တာပါ။ဒါပေမဲ့ ဒီငနဲ ကတော့ အေးအေးဆေးဆေးဖြစ်ပြီး လုံးဝ ဒေါသမထွက်ပေ။
ဒါက သူမျှော်လင့် ထားတဲ့ အတိုင်းတော့မဟုတ်ပါဘူး။ သူ ဒီငနဲ ရဲဌာနမှာ အမူလာဖွင့်တော့ ပိုတောင် သဘောကျပါသေးတယ်။သူ့ရဲ့ အဆက်အသွယ်တွေ သုံးပြီး ဖြေရှင်းလိုက်ရင် ဒီငနဲ ဝမ်းနည်းသွားမယ့် ပုံကို မြင်ချင်ပါသေးတယ်။
ချင်းဖေး လင်းဖန် မျက်နှာကို ကြည့်လိုက်တဲ့ အချိန်မှာ ရယ်မောနေတာ တွေ့လိုက်ရတယ်။
မင်းအမ ကိုပဲ ..သွားရယ်ပြနေလိုက်ပါလား....
သိပ်မကြာခင်မှာပဲ။
"ကျုပ်တို့ စစ်ဆေးရသလောက်တော့ ခင်ဗျား သူ့ဆိုင်ကို ဖျက်ဆီးပြီး ထိခိုက်ဆုံးရှုံး မူတွေ ဖြစ်စေခဲ့တယ်။ထပ်ပြီး စစ်ဆေးလိုက်တဲ့ အချိန်မှာ ကုန်ကျစရိတ်က..ဒေါ်လာ ငါးထောင်ထက်ပိုတယ် "
ရဲအရာရှိဟာ ပြောလိုက်တာပါ။
ချင်းဖေးလက်ကို ဝေ့ယမ်းလိုက်တယ်။
"ဒီအကြောင်းမပြောနဲ့တော့..။အခု ငါ ပြင်ဆင်စရိတ် အကုန်လုံးပေးချေဖို့ ..ကမ်းလှမ်းတယ်."
ရဲအရာရှိဟာ လင်းဖန်ကို ကြည့်လိုက်တယ်။
"ခင်ဗျား သူပြောတာကို ..လက်ခံပြီး..တိတ်တဆိတ်ဖြေရှင်း ချင်လား..."
လင်းဖန် လဘက်ရည်ခွက်ကို စားပွဲပေါ်ချလိုက်ပြီး..
"ကျုပ်သဘော မတူနိုင်ဘူး။ဥပဒေ အရ ဆက်လုပ်မယ်.."
ရဲအရာရှိဟာ ခေါင်းညိမ့်ပြီး မှတ်သား လိုက်တယ်။
ချင်းဖေးဟာ ဒါကိုကြားပြီး ရယ်မောလိုက်ပါတယ်။
"ညီအစ်ကို..မင်း သီးသန့်ဖြေရှင်းချင်တာ မဖြေရှင်းချင်တာက ဘာမှမရေးမကြီးဘူး။မင်း ငါ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ဖို့ အကြံဥာဏ်ပေးချင်တယ်.. ။ငါ ပြင်ဆင်စရိတ်တွေရော..နောက်ထပ် မုန်ဖိုးနည်းနည်းပါးပါးလည်းပေးမှာပေါ့.."
"အရာရှိ ကျုပ်ကို စာရွက်နဲ့ ဘောပင် ပေးလို့ရမလား.။ကုန်ကျစရိတ် ပမာဏ ကသေချာတွက်မှရမှာ.."
လင်းဖန် ပြောလိုက်တာပါ။ကုန်ကျစရိတ်က တိတိ ကျကျ တွက်မှ ရပါမယ်။
"ဟားဟား..အေးအေးဆေးဆေးတွက်။အလျင်မလိုဘူး..နောက်အဖြေထွက်လာရင်သာ ဘယ်လောက်လဲ ငါ့ကိုပြော..."
ချင်းဖေးပြောလိုက်တယ်။လင်းဖန် သူ့ဆီက ဘယ်လောက်တောင်း မလဲ ဆိုတာကို သူလုံးဝ စောက်ဂရုမစိုက်ပါဘူး။
လင်းဖန် စာရွက်ကို ယူလိုက်ပြီး..ပစ္စည်းစာရင်းတွေကို ချရေးလိုက်တယ်။
စားပွဲ..ခွေးချေခုံ..လဘက်ရည်အိုး..လဘက်ရည်ခွက်..ကောင်တာ... ......... ........
ချင်းဖေး လင်းဖန် ရေးနေတာတွေ ကိုကြည့်ပြီး လှောင်ရယ်လိုက်တယ်။ယင်းနောက် သူလင်းဖန်ကို ကြည့်လိုက်ပြီး...
"ဝိုး စားပွဲလား..ငါမင်းကို ကောင်းကောင်းလေးတစ်ခုပြန်ဝယ်ပေးမယ်လေ။ဒေါ်လာ နှစ်ထောင်ဆိုလုံလောက်လား..မလုံလောက်ရင် ထပ်ပေးမှာပေါ့။မင်းဆိုင်သာ ဆန့်မယ် ဆိုရင် စားပွဲ ဆယ်လုံးလောက် ဝယ်ထည့်ပေးလိုက်မယ်။လဘက်ရည် အိုးအတွက်ကတော့..မင်းအတွက် လေး.ငါး.ဆယ် အိုးလောက် ဝယ်ပေးမယ်လေ။မင်းစောက်လုပ်မရှိတော့ အေးဆေး ထိုင်သောက်ပေါ့။အိုကေတယ်နော် ညီလေး..။ဘယ်လောက်လဲ ပြောပါဦး..ငါ့အိတ်ထဲမှာ ပါတဲ့ ငွေသားက မင်းကို ပေးဖို့ လုံလောက်မှာပါ.."
ညှိနှိုင်းပေးနေတဲ့ အရာရှိဟာ မျက်မှောင်ကျုတ်လိုက်တယ်။သူ အကြောင်းအကျိုး မဆီလျော်ပဲ ..ဘဝင်မြင့်နေတဲ့ လူတွေ အများကြီး မြင်ဖူးပေမယ့်..ဒီလို ဘဝင့်မြင့်တဲ့ လူမျိုးကိုတော့ ပထမဆုံး မြင်ဖူးတာပါ။
လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်။
"စိတ်ရှည်စမ်းပါ..ခနနေပြီးတော့မယ်.."
"ကောင်းပြီ ..ပြန်ပြင်ဆင် စားရိတ်ကဘယ်လောက် ရှိမယ်လို့ ခန့်မှန်းထားလဲ.."
လင်းဖန် မေးလိုက်တာပါ။
ရဲအရာရှိဟာ ပြန်ဖြေလိုက်တယ်။
"ဒေါ်လာ ၇၀၀၀"
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"အင်း အဆင်ပြေပါတယ်။သူတို့က အခင်းဖြစ်ပွားတဲ့ နေရာမှာ ရှိနေတဲ့ အမျိုးအစားတူ..ပစ္စည်းတွေ အတိုင်းပဲ ပြန်လည် ပြင်ဆင်ပေးမှာလား.."
ရဲအရာရှိခေါင်းညိမ့်လိုက်တယ်။
"သက်သေအထောက်ထားတွေ ထဲကအတိုင်း သူတို့က..အခင်းဖြစ်ပွားတဲ့နေရာက ပစ္စည်းအမျိုးအစားတူကိုပဲ ပြန် စီစဥ်ပေးကြမှာ.."
ချင်းဖေး ရယ်မောလိုက်တယ်။
"ညီအစ်ကို သရုပ်ဆောင် မနေနဲ့တော့။ဒါက ဒေါ်လာ ၇၀၀၀ လေးပဲလေ..ငါ ဒေါ်လာ ၁၀၀၀၀ ပေးမယ်ကွာ အဆင်ပြေလား.."
"ဒါက ရဲဌာနပါ..ခင်ဗျား စကားလုံး အသုံးပြုမူနဲ့ လေသံကို ဆင်ခြင်ပြောပါ.."
ရဲအရာရှိက မနေနိုင်တော့ပဲ ချင်းဖေးကို သတိပေးလိုက်တာပါ။
လင်းဖန် ချင်းဖေးကို ကြည့်လိုက်တယ်။
"ဒါက ပစ္စည်းတွေရဲ့..ထိခိုက်မူပဲ ရှိသေးတယ်။အကြီးမားဆုံး ဆုံးရှုံးမူက အခုမှလာမှာ။ကျုပ်အခု တွက် လိုက်ဦးမယ်..ခနနေ ကုန်ကျစားရိတ် သိရတော့မှာပါ"
"ခင်ဗျား ကျုပ်ဆိုင်ကို ဖျက်ဆီးတော့ ပြန်ပြင်ဆင်ဖို့က ..၁၀ ရက်လောက် ကြာနိုင်တယ်။ဒီ ဆယ်ရက်အတွက် ဆုံးရှုံး မူကို ကြည့်လိုက်ရအောင်။ကျုပ်တစ်ရက်ကို ဆုံးရှုံးမူအဖြစ် ဒေါ် လာ သုံးသောင်း သတ်မှတ်လိုက်မယ်။ဆယ်ရက်ဆိုတော့ ဒေါ်လာ သုံးသိန်း။ပစ္စည်းထိခိုက်မူတွေက..ဒေါ်လာ ခုနှစ်ထောင် ဆိုတော့ သုံးသိန်းနဲ့ ခုနှစ်ထောင်ပေါ့။ထားလိုက်တော့..ကျုပ်ဒေါ်လာ သုံးသိန်းပဲ ယူလိုက်မယ်.."
ချင်းဖေး ဒီငနဲ တွက်ချက်ပြီးအောင် စောင့်နေခဲ့တာပါ ။သို့ပေမယ့် ဒီငွေပမာဏ ကို ကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်။
"မင်းဒေါ်လာ သုံးသိန်းရဖို့ ဘဏ်မှာပဲ သွားခိုးလိုက်ပါလား..။ငါမင်းကို ဒီပမာဏပေးရင် ငါစောက်ရူးဖြစ်သွားမှာပေါ့.."
ယင်းနောက် သူထပ်ပြောလိုက်တယ်။
"ငါ ဒါမျိူးတွေ အများကြီးတွေ့ဖူးပြီးသား..။တစ်စုံတစ်ယောက်က စောက်ရှက်မရှိရင် အတော်ကြောက်ဖို့ကောင်းတယ်။ဒေါ်လာ သုံးသိန်းမပြောနဲ့..နှစ်သိန်းဆိုရင်တောင် ငါမင်းကို မပေးနိုင်ဘူး.."
အရာရှိဟာ လင်းဖန် ရဲ့ လက်ထဲက စာရွက်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။မာစတာ လင်းရဲ့ စီးပွားရေးက အတော်ကောင်းမွန်တာ သူသိထားပါတယ်။
"ဒီစာရွက်ကို ကျုပ်တွက်ချက်တဲ့ ဌာနဆီ စစ်ဆေးဖို့ ယူသွားလိုက်မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ကောင်းပြီ..ပြသနာ မရှိဘူး..။အေးဆေး လုပ်ပါ..ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမှာပေါ့.."
ရဲအရာရှိဟာ ထပ်ပေါင်းပြောလိုက်တယ်။
"ဒီဟာက ကုန်ကျစရိတ် အများကြီးကို ဖျက်ဆီးမူ ဖြစ်နေပြီ။ဒီကိစ္စမှာ လူတွေ အများကြီး မထိခိုက်ပေမယ့်လည်း..တစ်ခြားလူပိုင်ဆိုင်မူကို ဖြစ်ဆီးတာက ကျော်ကြားမူကို ထိခိုက်စေတယ်။ဥပဒေ အရဆိုရင် သူအရေးယူခံရလိမ့်မယ်။တစ်ချိန်းတည်းမှာ..သူ ကုန်ကျစရိတ်ကို ပေးရမှာဖြစ်ပြီး. ..လေးလကနေ ခြောက်လ အထိလည်း ထိန်းသိမ်းခံရနိုင်ချေရှိတယ်.."
"အကောင်းဆုံးပဲပေါ့.."
လင်းဖန် ခေါင်းညိမ့်ပြီး ကျေနပ်စွာ ပြန်ဖြေလိုက်တာပါ။
ချင်းဖေး ဒါကို ကြားပြီး လှောင်ရယ်လိုက်တယ်။
"ငါ့ကို လာနောက်နေတာလား။ပြီးတော့ မင်းရော။ကျေးဇူးပြုပြီး ငါ့ကို အရူးမလုပ်စမ်းနဲ့..မင်းတို့နှစ်ယောက် ကြံရာပါ ဆိုတာ ငါသိတယ်။ဆုံးရှုံးမူ ပမာဏ က ဒေါ်လာ သုံးသိန်းအစား..ဒေါ်လာ သုံးသန်း တောင်းလိုက်ပါတော့လား.."
*ကလင် ကလင်*
ချင်းဖေးရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်။
ချင်းဖေးဟာ ဝင်လာတဲ့ ဖုန်းကို မြင်တဲ့အချိန်မှာ ရယ်မောလိုက်ပါတယ်။ယင်းနောက် သူကိုင်လိုက်ပြီး..
"ဟိုင်း အကြီးအကဲ လု..။ဟုတ်တယ် ကျွန်တော် ရှန်ဟိုင်းမှာ..ဒါပေမဲ့ အခု လာလို့မရသေးဘူး။ကျုပ်အခု ရဲစခန်းမှာ ရောက်နေတာ။မနက်ဖြန် မနက်အထိ နေရမယ် ထင်တယ်..။ကျုပ်တို့ စာချုပ်က ထပ်စောင့်ရတော့မယ် ထင်တယ်။အာ..ခင်ဗျား ဒီကို လာချင်တာလား..။ကောင်းပြီလေ ကျုပ်စောင့်နေပါ့မယ်"
ဖုန်းချပြီးနောက်မှာ ချင်းဖေးဟာ သူ့အဆင့်အတန်းကို မြင်ပြီလား ဆိုတဲ့ အကြည့်နဲ့ လင်းဖန်ကို ကြည့်လိုက်တယ်။သို့ပေမယ့် လင်းဖန်ကတော့ သူ့ကို မြင်တဲ့ ပုံစံတောင် မပြပါဘူး..။
လင်းဖန် စိတ်ထဲကတော့ ကျိတ်ရယ်လိုက်တယ်။ဒီကိစ္စမှာ သူဘာမှ မလုပ်ထားတဲ့ အတွက် ဘယ်သူလာလာ ကိစ္စမရှိပါဘူး။နတ်ဘုရားတွေ ဆင်းလာရင်တောင် ပြောင်းလဲ သွားမှာမဟုတ်ပေ။
သိပ်မကြာခင်မှာပဲ။
သက်လတ်ပိုင်း လူကြီး တစ်ယောက်ဟာ ရောက်လာခဲ့တယ်။
ဒီကိစ္စက ကြီးမားတယ် လို့ မဆိုနိုင်ပေမယ့်လည်း အသေးအမွှားလည်း မဟုတ်ပြန်ပါဘူး။ဒါက ကာယကံ ရှင်တွေ ဘယ်လို ဖြေရှင်းလည်း ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ဒါကြောင့် တစ်ယောက်ယောက် လာလည်တာက လုံးဝ ပြသနာ မရှိပေ။
ချင်းဖေး ဒီလူကို မြင်တဲ့ အချိန်မှာ အလျင်အမြန်ပဲ မတ်တတ်ရပ်လိုက်တယ်။
"အကြီးအကဲ လု..ခင်ဗျား ရှန်ဟိုင်း ရဲဌာန အထိ လာလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး.."
အကြီးအကဲ လု က အထင်ကြီးလောက်စရာပါ။သူဟာ အနည်းငယ်ရွယ်ပြီး ရိုးရှင်းတဲ့ အနောက်တိုင်း ဝတ်စုံကို ဝတ်ထားခဲ့တယ်..။သူ့ကြည့်ရတာ အောင်မြင်နေတဲ့ လူတစ်ယောက်လိုပါပဲ။သူဟာ ပြုံးလိုက်ပြီး..
"အကြီးအကဲ ချင်း ဘာဖြစ်နေတာလဲ။ရှန်းဟိုင်းကို ရောက်ရောက်ချင်း ရဲဌာနကို ဘယ်လိုဖြစ်ပြီးရောက်နေတာတုန်း.."
ချင်းဖေး ခေါင်းခါယမ်းလိုက်တယ်။
"ကျုပ် ဒီ ငနဲ နဲ့ အရှုပ်အထွေးလေး ရှိနေလို့။ကျုပ်ကို ဒေါသထွက်အောင် လုပ်နေတာနဲ့ ကျုပ်သူ့ဆိုင်ကို ဖျက်ဆီးပစ်လိုက်တယ်လေ။ခင်ဗျား ကျုပ်ဒေါသကို သိမှာပါ..ကျုပ်က အဲလိုမျိူး လာစော်ကားရင် လက်ခံတတ်တဲ့ လူမဟုတ်ဘူး.."
အကြီးအကဲ လု ချင်းဖေးပြောတာကို ကြားပြီး ရယ်မောလိုက်တယ်။
"အကြီးအကဲ ချင်းက ငယ်ရွယ်ပြီး..ဒေါသကြီးတာပဲ။အခုချိန်ထိ လုပ်ချင်တာကို လုပ်နေတုန်းပဲ။ဒါပေမဲ့ ကုန်ကျစရိတ်ကို လျော်ကြေးပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ဘာလို့ ဒီမှာ ရှိနေရတာတုန်း .ခငိဗျား လျော်ကြေးမပေးဖို့ စဥ်းစားနေတာတော့ မဟုတ်ပါဘူးနော်.."
ချင်းဖေး ရယ်မောလိုက်ပြီး လင်းဖန်ကို မပျော်မရွှင် ကြည့်လိုက်တယ်။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ကျုပ် ဒေါ်လာ နှစ်သောင်း သုံးသောင်းကို မတတ်နိုင်တဲ့ လူမှ မဟုတ်တာ။ဒါပေမဲ့ ဒီ ငနဲက ဒေါ်လာသုံးသိန်းလိုချင်နေတာလေ။ထပ်ပြောရရင်..သူက ကျုပ်ကိုပါ တရားစွဲပြီး ထိန်းသိမ်းထားချင်နေသေးတာ.."
အကြီးအကဲ လု လင်းဖန်ကို ကြည့်လိုက်တယ်။ဒေါ်လာ နှစ်သိန်း သုံးသိန်းက မများပေမယ့်လည်း..ဒီလောက် ပမာဏ အထိတော့ မတောင်းသင့်ပါဘူး။ဘာပဲဖြစ်ဖြစ် ပိုက်ဆံ ဆိုတာက ရှာဖွေဖို့ ခက်ခဲပါတယ်။