ဘယ်သူ သိမှာလဲ....
Vol. 17 Ch. 244
ရဲအရာရှိဟာ လည်း သာမန်လူတန်းစားတစ်ယောက်ဖြစ်ပြီး ဒီအခြေအနေက လင်းဖန် အတွက် မကောင်းနိုင်ဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်။
"ဒါက ရဲဌာနလေ..ခင်ဗျား အပြင်ကနေ စောင့်လိုက်ပါလား။သူက..တစ်ခြားလူရဲ့ ဆိုင်ကို ဖျက်ဆီးထားတာ ဆိုတော့ ရလာဒ် မထွက်လာခင်အထိ ထိန်းသိမ်းထားရဦးမှာ..."
လုလီ ရဲအရာရှိကို ပြုံးပြီး ပြောလိုက်တယ်။
"ကျုပ်က အကြီးအကဲ ချင်းဖေး ရဲ့ သူငယ်ချင်းပါ။အကြီးအကဲ ချင်း က အမှားလုပ်ထားပေမယ့်လည်း နောက်ထပ် လုပ်ဆောင်မူတွေ မစခင်မှာ..ကျုပ် ဒီညီအစ်ကို နဲ့ စကားပြောပါရစေ"
လင်းဖန် ရဲအရာရှိကို ခေါင်းညိမ့်ပြလိုက်တယ်။
"အဆင်ပြေပါတယ်..ကျုပ်တို့..စကားပြောဖော်ရှိတော့ မပျင်းရတော့ဘူးပေါ့.."
ရဲအရာရှိက သူ့ကို ကာကွယ်ပေးဖို့ လုပ်နေတာကို သူသိထားပါတယ်။ဒါပေမဲ့ ဒီလူတွေ သူ့ကို တစ်ယောက်ချင်း ရင်ဆိုင် ရင်ဆိုင်..အုပ်စုဖွဲ့ပြီး ရင်ဆိုင် ရင်ဆိုင် ဘာမှပြောင်းလဲ မှာ မဟုတ်ပါဘူး..။
ဘယ်သူမှ သူ့ကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပေ။ခွန်အားချင်းယှဥ်ပြိုင် ချင်တယ် ဆိုရင်လည်း သူတို့ အိပ်မက်ထဲမှာတောင် နှစ်ခါပြန်စဥ်းစားရမှာပါ။
ဒီ စီးပွားရေး သမားတွေ ခေါင်းဆောင်ပိုင်း တွေ ဆီ အကူညီတောင်းလည်း အလကားပါပဲ။သူက စာရွက်ပေါ်က ကျားတစ်ကောင် မဟုတ်ပါဘူး။သူ နဲ့ လာရှုပ်တဲ့ လူတိုင်း ခံစားသွားရမှာပါ။
လုလီ လင်းဖန် ဘေးနားမှာ ရပ်လိုက်ပြီး..
"ညီအစ်ကို ဒါက အရေးကြီး ကိစ္စကြီး မဟုတ်ဘူးလေ။ညီအစ်ကို ရဲ့ ဆုံးရှုံးမူကို သူကျိန်းသေပေးမှာပါ။ဒေါ်လာ သုံးသိန်းဆိုတာ ကတော့ နည်းနည်း များလွန်းတယ်လေ..။ဘာပဲဖြစ်ဖြစ် ပိုက်ဆံက သစ်ပင်ပေါ်က ရတာမှမဟုတ်တာ..။နှစ်ဖက်စလုံး အကျိုးရှိအောင် လုပ်ပြီး တရားရုံးကို မသွားပဲ နေရအောင်.."
ယင်းနောက် လုလီ ဟာ သူ့အိပ်ကပ်ထဲကနေ နာမည်ကဒီကို ထုတ်ပြီး လင်းဖန်ကို ပေးလိုက်တယ်။
"သူငယ်ချင်း လုပ်ကြရအောင်..။အနာဂတ်မှာ အကူညီ လိုတယ် ဆိုရင် လာခဲ့ပေါ့.."
လင်းဖန် ရွှေရောင်စာလုံး တွေ နဲ့ ရေးထားတဲ့ နာမည် ကတ်ကို ယူလိုက်တယ်။ယင်းနောက် သူ ကြည့်လိုက်ပါတယ်။
"ကြွယ်ဝသော မိုးကောင်းကင်..အဖွဲ့အစည်းရဲ့ CEO လုလီ.."
ဒီ စာသားပဲ ရေးထားပြီး တစ်ခြား ဘာစာသားမှ မရေးထားပါဘူး။ထပ်ပြောရရင် သူ ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်းကို ကြားဖူးပါတယ်။ဒါက ကုမ္ပဏီ အကြီးကြီးပါပဲ။ဒီ ကုမ္ပဏီက လူသိများတဲ့ ရှန်ဟိုင်းက ကုမ္ပဏီ တစ်ခုပါ။
"အိုး..ဒီတော့ ခင်ဗျားက သူဌေးကြီးပေါ့.။တကယ် ငယ်ရွယ်ပြီး စွမ်းဆောင် နိုင်စွမ်းမြင့်တာပဲ"
လုလီ ဆွံ့အသွားခဲ့တယ်။ကြွယ်ဝသော မိုးကောင်းကင် ကုမ္ပဏီကို သူတည်ထောင် ထားတာ မဟုတ်ပါဘူး။သူ့အဖေဆီက ဆက်ခံပြီး သူဒီရာထူး ရထားတာပါ။သူ ဒီသက်အရွယ်နဲ့ ဒီလောက် ကုမ္ပဏီအကြီးကြီး တည်ထောင်နိုင်ရအောင် စွမ်းဆောင်နိုင်စွမ်းမရှိပါဘူး။
ချင်းဖေးက သူနဲ့ မယှဥ်နိုင်ပေမယ့်လည်း..ဟွမ်ကျုံးက သဘော် ကုမ္ပဏီ တစ်ခုရဲ့ ဒုတိယ သဘာပတိ တစ်ယောက်ပါ။သို့ပေမယ့် ချင်းဖေးရဲ့ အဆက်အသွယ် တွေက သူလောက် မရှိပေ။
ဒီတစ်ကြိမ် ချင်းဖေး ရှန်ဟိုင်းကို လာတာကလည်း အလုပ်ကိစ္စ စာချုပ်ချုပ်ဖို့ပါ။ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်းရဲ့ နောက်ပရောဂျက်အတွက် သဘော်အသုံးပြုဖို့ လိုအပ်နေခဲ့ပါပြီ။
လင်းဖန် နာမည်ကတ် ကို ဘေးနားမှာ ထားပြီး မေးလိုက်တယ်။
"ခင်ဗျားက ဒေါ်လာ ၃ သိန်း တောင်းတာ များတယ်လို့ ပြောတယ်နော်။ခင်ဗျား ကျုပ်ဘယ်သူလဲဆိုတာကို သိလား"
လုလီ ကြောင်အသွားတဲ့ အချိန်မှာပဲ ချင်းဖေးဟာ ရယ်မောလိုက်တယ်။
"ဟားဟား မင်းကများ အကြီးအကဲ လုကို မင်းဘယ်သူလဲ သိလား လို့မေးနေသေးတယ်။မင်းက ယင်ကောင် တစ်ကောင်ပဲ မင်းကိုမင်း ဘာထင်နေလို့လဲ..."
"အကြီးအကဲ ချင်း, ကျွန်တော်..ဖြေရှင်းပါ့မယ်.."
လုလီ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်။သူ အကြီးအကဲ ချင်း ရဲ့ ဒေါသကို သိပေမယ့်လည်း ဒီလောက်ထိ မထိန်းနိုင်အောင် ဆိုးရွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။
ယင်းနောက် သူ လင်းဖန်ကို ပြုံးကာ ကြည့်လိုက်ပြီး..
"စိတ်မရှိပါနဲ့ ညီအစ်ကို ဘယ်သူလဲ ငါတကယ် မသိလို့ပါ"
လင်းဖန် တည်တည် ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်။
"ကျုပ်က တိမ်ဖြူလမ်းက မာစတာ လင်းပဲ။ဒေါ်လာ ၃ သိန်းဆိုတာ က နည်းနေသေးတယ်။ကျုပ်အများကြီးတောင်း နေတယ်လို့ ခင်ဗျားထင်လား.."
ရဲအရာရှိဟာ ကြားဖြတ်ဝင်ပြောလိုက်တယ်။
"မာစတာ လင်းက မနက်ခင်းတိုင်း ပန်ကိတ်ရောင်းတယ်။လာဝယ်ကြတဲ့ လူတွေက မနက်ခင်းတိုင်းမှာ တိမ်ဖြူလမ်းနဲ့ အပြည့်ပဲ...အခုဆိုင်က ပျက်ဆီးသွားတော့ ..ပြန်ပြင်ဆင်ဖို့က ဆယ်ရက်လောက် အချိန်ကြာမှာလေ..။ဒေါ်လာ သုံးသိန်းဆိုတာက တကယ်တော့ နည်းတောင်နည်းနေသေးတယ်."
ချင်းဖေးဟာ စတင်ရယ်မောလိုက်တော့တယိ။
"မင်းဘာပြောလိုက်တယ်။ပန်ကိတ်ရောင်းပြီး..ဆယ်ရက်အတွင်း ဒေါလာ သုံးသိန်း ဝင်မှာလား။ဆက်လိမ်နေလိုက်.."
လုလီ ကြောင်အသွားခဲ့တယ်။
"ဒဏ္ဌာရီလာ မာစတာ လင်း လား.."
"ဟုတ်တယ်.."
လင်းဖန် ခေါင်းညိမ့်ပြီး ဆက်ပြောလိုက်တယ်.။
"ရှန်ဟိုင်းမှာ နေရင်တော့ ခင်ဗျား သိမှာပါ။ဒေါ်လာ ၃ သိန်းက များတယ် လို့ထင်သေးလား.."
လုလီ ခေါင်းညိမ့်လိုက်တယ်။
"မာစတာ လင်း ရဲ့ပန်ကိတ်တွေ အကြောင်း ကြားဖူးတာပေါ့။ဒေါ်လာ ၃ သိန်းက မများပါဘူး.."
"အကြီးအကဲ လီ ..ဒီကောင် စောက်တလွဲပြောနေတာကို နားမယောင်နဲ့။ဒါဖြစ်နိုင်မယ်လို့ ထင်လို့လား.."
ချင်းဖေး ပြောလိုက်တာပါ။
"အကြီးအကဲ ချင်း ဒေါ်လာ ၃ သိန်းက သိပ်မများပါဘူး.."
ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပြီး..
"ဒီလိုဆို ဘယ်လိုလဲ။ကျုပ် ဒေါ်လာ ၃ သိန်းကို ပေးမယ်လေ..ဒီကိစ္စဒီမှာပဲ ထားလိုက်ကြတာပေါ့..။တစ်ယောက်နဲ့တစ်ယောက် သိသွားအောင် ဒီည ညစာ အတူစားကြမယ်.."
ချင်းဖေး နှာခေါင်းရှုတ်လိုက်တယ်။
"ဒီ ငနဲ နဲ့ ညစာစားဖို့လား..။ဒါက ကျုပ်ရဲ့ အဆက်အသွယ်တွေကို သိက္ခာကျဆင်းစေလိမ့်မယ်.."
လုလီ မျက်မှောင်ကျုတ်လိုက်တယ်။ချင်းဖေး ဘာလို့ လင်းဖန်ကို အရမ်းမုန်းနေလည်း သူစဥ်းစားလို့ မရပါဘူး။ဒီကိစ္စက အေးဆေး ဖြေရှင်းလို့ ရတဲ့ ကိစ္စပါ..ဘာမှထပ်ရှုပ်စရာ မလိုပါဘူး။
ဒါပေါ့ သူမသိသေးတဲ့ အရာတစ်ခု ရှိပါသေးတယ်..အဲတာက လေဆိပ်မှာတုန်းက ချင်းဖေးရဲ့ မျက်နှာကို လင်းဖန်က ဖြတ်ရိုက်ခဲ့တယ် ဆိုတာပါပဲ။သူသာ ဒါကို သိရင် ညစာစားဖို့ အကြောင်းကို ထုတ်ပြောမှာ မဟုတ်ပေ။
အဲ့အချိန်မှာတော့ ချင်းဖေးဟာ ဒီလို အရှက်ရစရာကိစ္စကို ပြန်ပြောမှာ မဟုတ်ပါဘူး။
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"မေ့လိုက်တော့..ကျုပ်တို့ ညစာစားဖြစ်မှာမဟုတ်ဘူး။ပိုက်ဆံကိုလည်း ခင်ဗျားဆီက ယူမှာမဟုတ်ဘူး..ဒီလူ ကပဲ ပေးသင့်တာ..။မဟုတ်ရင် တရားရုံးကို သွားကြတာပေါ့.."
လုလီ ..မျက်မှောင်ကျုတ်ပြီး..လင်းဖန် နားကို တီးတိုး ကပ်ပြောလိုက်တယ်။
"တကယ်တော့ အဲတာက မလိုအပ်ဘူးနော်။သူ့မှာ ခေါင်းဆောင် ပိုင်းတွေနဲ့ အဆက်အသွယ်ရှိတယ်..။ဒီကိစ္စက အရမ်းမကြီးတော့ နောက်ဆုံးရလာဒ်က ညီအစ်ကို ကို စိတ်ပျက်စေလိမ့်မယ်.."
ယင်းနောက် သူ ခေါင်းကိုမြောက်ကာ လင်းဖန်ရဲ့ ပုခုံကို ပုတ်ပြီး အသံမြင့်ပြောလိုက်တယ်။
"ကြေအေးလိုက်ပါ ညီအစ်ကို..။ကျုပ် ဒေါ်လာ ၃ သိန်း ချက်ချင်းပေးပါ့မယ်.."
လင်းဖန် ပြုံးပြီး လုလီ ကိုပြောလိုက်တယ်။
"ဒီကိုလာဦး ကျုပ်ခင်ဗျားကို ပြောစရာ ရှိသေးတယ်.."
လုလီ စိတ်ရှုပ်သွားပေမယ့်လည်း လင်းဖန် အနားကို ကပ်သွားပြီးနားထောင်လိုက်တယ်။
"ကျုပ်ကို ဆန့်ကျင်တဲ့ ခေါင်းဆောင်တွေ အကုန် တစ်လအတွင်း အလုပ်ပြုတ်မယ် ဆိုတာ ယုံကြည်လား။ဒီလို လူမျိုးရဲ့ အဆက်အသွယ်တွေက ကျိန်းသေ သန့်ရှင်းမှာ မဟုတ်ဘူး.."
လင်းဖန် စကားကို ကြားပြီး လုလီ ကြောင်အသွားခဲ့တယ်။လင်းဖန်ရဲ့ အပြုံးက သူ့ကို ဆန့်ကျင်တဲ့ ခေါင်းဆောင်တွေ ကို ဖြုတ်ပစ်နိုင်မယ်လို့ ယုံကြည်မူရှိနေတဲ့ အပြုံးမျိုးပါ။
ချင်းဖေး ဒီနှစ်ယောက် ဘာတွေ တိုးတိုးတိုးတိုး ပြောနေလဲ မသိပေ။ဒါပေမဲ့ လင်းဖန် မျက်နှာပေါ်က အချိုးမပြေတဲ့ အမူအရာကို မြင်တဲ့ အချိန်မှာ ချက်ချင်းရှေ့တက်လာခဲ့တယ်။
"အကြီးအကဲ လု ကျုပ်ဒီ ကိစ္စကို ဖြေရှင်းလိုက်မယ်။ကျုပ်ဒီည ဒီမှာပဲ ရှိဦးမှာ..အကုန်ပြီးသွားမှ စာချုပ်ကိစ္စကို..ဆွေးနွေးကြတာပေါ့..."
လုလီကတော့ လင်းဖန် ကို ကြည့်ပြီး ထူးဆန်းနေခဲ့ပါတယ်။သူ့အမူအရာက အရာရာတိုင်းကို သူထိန်းချုပ်ထားတဲ့ ပုံစံမျိုးပါ။တစ်ခြားတစ်ယောက်ယောက်သာ ဆိုရင် သူ့ရဲ့ ကမ်းလှမ်းမူကို ချက်ချင်းလက်ခံမယ် ဆိုတာကို သူသိပါတယ်။
သိုပေမယ့် လင်းဖန် ဘာလို့ ခေါင်းဆောင် ပိုင်းတွေနဲ့ ဖြေရှင်းတဲ့ နေရာမှာ ယုံကြည်မူရှိနေလည်း သူနားမလည်တော့ပါဘူး။သူကတော့ သူ့ကို ဆန့်ကျင်တဲ့ ခေါင်းဆောင်ကို အလုပ်ပြုတ်အောင် လုပ်နိုင်တယ်လို့ ပြောနေပါတယ်။
ဒီစကားကို တစ်ခြားလူ ကြားရင် စောက်ရူးလို့ တွေးကြမှာပါ။သို့ပေမယ့် သူကတော့ ဒီ ငနဲ လိမ်နေတယ် လို့ လုံးဝ မခံစားရပေ။
ယင်းနောက် လင်းဖန် ရဲအရာရှိကို ကြည့်ကာ ပြောလိုက်တယ်။
"ဒီကိစ္စက အခုက စပြီး ဆက်ဖြေရှင်းရတော့မှာမလား။ကျွန်တော် ပြန်တော့မယ်.."
ရဲအရာရှိ ခေါင်းညိမ့်လိုက်တယ်။
"ပြန်လို့ရပါပြီ။တန်ဖိုး တွက်ချက်တဲ့ ဌာနက ဆက်လုပ်ဆောင်နေတယ်။မကြာခင် အဖြေသိရမှာပါ.."
ယင်းနောက်လင်းဖန် ချင်းဖေးကို ကြည့်လိုက်ပြီး..
"အကြီးအကဲ ချင်း ..ကျုပ်ပြန်လိုက်ဦးမယ်နော်။ခင်ဗျားကတော့ တရားခံဆိုတော့ နေခဲ့လိုက်ဦးပေါ့..။ဒီကိစ္စပြီးသွားရင်လည်း ..အရင်ကလိုပဲ ပြုမူနေထိုင်ဖို့ မျှော်လင့်ပါတယ်..။ကျုပ်ဆိုင်က ..အကြီးအကဲ ချင်း ဖျက်ဆီးဖို့ဆိုရင် အမြဲတမ်း တံခါး ဖွင့်ထားပြီးသားပါ.."
"မအိမ်လုံး...သိပ်လည်း ဘဝင်မြင့်မနေနဲ့ဦး။ငါမင်းကို ပြောလိုက်ဦးမယ်..ငါ ဘာပြသနာမှ ရှိမှာမဟုတ်ဘူး.."
ချင်းဖေး လင်းဖန်ကို ကျိန်ဆဲ လိုက်တာပါ။
လင်းဖန် ပုခုံးတွန့်လိုက်တယ်။
"ဘယ်သူသိမှာလဲ.."