သက်ညှာလွန်းတယ်
Vol. 17 Ch. 245
လင်းဖန် အပြင်ရောက်တဲ့ အချိန်မှာ ပျင်းကြောဆန့်လိုက်တယ်။သူ ဒီကိစ္စကို သိပ်ပြီး. စိတ်မဝင်စားပါဘူး..ဒီ အဖြစ်အပျက်က သူ့အတွက်တော့ ရွှေထုပ်ကြီး ကြီး ကောက်ရသလိုပါပဲ..။
သူ ဆိုင်စဖွင့်ကတည်းက သူ့ဆိုင်က ဒီအတိုင်းပဲရှိနေခဲ့တာပါ။အခု တစ်စုံတစ်ယောက်က အလှူလာပေးမှ တော့..သူ သေချာ ပြန်လည်ပြင်ဆင်ရပါတော့မယ်။
ယင်းနောက် ဇိမ်ခံကားလေးတစ်စီးဟာ လင်းဖန် ရဲ့ ဘေးနားမှာ ပေါ်လာခဲ့တယ်။လုလီ ဟာ ကားပြတင်းပေါက်ကို ချလိုက်ပြီး..
"ကျွန်တော် ပြန်ပို့ပေးပါရစေ.."
လင်းဖန် လက်ဝေ့ယမ်းပြလိုက်တယ်။
"ကျေးဇူးပါ..ဒါပေမဲ့ အဆင်ပြေပါတယ်.."
လုလီဟာ လင်းဖန်ကို ခေါင်းညိမ့်ပြလိုက်ပြီး..ကားမောင်း ထွက်သွားခဲ့တယ်။ယင်းနောက် သူ ဖုန်းကို ထုတ်ကာ ဖုန်းတစ်ကော ခေါ်လိုက်ပါတယ်။
"အရာရှိ ရှင်း..ကျွန်တော် တစ်ခုလောက်မေးချင်လို့ ."
လုလီဟာ လင်းဖန် အကြောင်းစိတ်ဝင်စားနေပြီး..သူ့အကြောင်း ပိုသိချင်နေခဲ့တယ်။
အရာရှိ ရှင်းဟာ ပြန်ဖြေလိုက်တယ်။
"အကြီးအကဲ လု..ဘာဖြစ်လို့တုန်း.."
လုလီ ထပ်ပြောလိုက်တယ်။
"ကျွန်တော် သူငယ်ချင်းက ရှန်ဟိုင်းကို လာပြီး တစ်စုံတစ်ယောက်ရဲ့ ဆိုင်ကို ရိုက်ချိုးတာ......"
သူ စကားမဆုံးခင်မှာပဲ..အရာရှိ ရှင်းရဲ့ ဖြတ်ပြောမူကို ခံလိုက်ရတယ်။
"အကြီးအကဲ လု..ခင်ဗျား ပြောမှာကို ကျွန်တော် သိပါတယ်။ကျုပ် ဒီကိစ္စကို ဘာမှ လုပ်ပေးလို့ရမှာမဟုတ်ဘူး။ဒါက ဥပဒေ စည်းမျဥ်းတွေ အတိုင်းပဲ ဆက်ပြီးသွားရမှာ။ကျွန်တော်က အကြီးအကဲ တစ်ယောက် ဖြစ်နေပေမယ့်လည်း..လာဒ်စားတာနဲ့..လိမ်ညာတာကို အားမပေးဘူးလေ။ကျေးဇူးပြုပြီး နားလည်ပေးပါ အကြီးအကဲ လု..."
လုလီ အနည်းငယ် အံ့သြသင့်သွားခဲ့တယ်။သူ ဘာမှမပြောရသေးပေမယ့် အရာရှိ..ရှင်း.က ငြင်းပယ်ပြီးသွားပါပြီ။သူ လင်းဖန်ကို စိတ်ဝင်စားစွာ မေးလိုက်တယ်။
"အရာရှိ ရှင်း..ခင်ဗျား နားလည်မူလွဲနေပြီထင်တယ်။ကျွန်တော်က မာစတာ လင်းရဲ့ အကြောင်းကို ပဲ မေးချင်တာပါ။သူ အကြောင်း နည်းနည်းလောက် သိချင်လို့.."
အရာရှိ ရှင်း ကြောင်အသွားခဲ့တယ်။အကြီးအကဲ လု ဒီစကားပြော မှာလို့ သူမထင်ထားခဲ့ပါဘူး
သူ ခနလောက် စဥ်းစား အပြီးမှာ ပြန်ဖြေလိုက်ပါတယ်။
"ကျုပ်လည်း သူ့အကြောင်း မသိပေမယ့် သိပ်တော့မရိုး ရှင်းဘူးနော်..။ဒါပေမဲ့ သူနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်တော့ ရှိတယ် သူ့ကို မေးကြည့်မလား..."
လုလီ ပြန်ပြောလိုက်တယ်။
"ကျုပ်တစ်ခြားလူကိုတော့ ထပ်မမေးတော့ပါဘူးဗျာ။အိုး..ဟုတ်သားပဲ..မာစတာ လင်းရဲ့ ဗေဒင်နဲ့ ပတ်သက်ပြီး သိထားသေးလဲ။သိတယ်မလား..ကျွန်တော်တို့က သာမန်လူတွေထက်ပိုပြီး ဗေဒင်ပညာကို အားကိုးရတယ်လေ။ဗေဒင်ပညာဆိုတာ အမှန်တကယ် ယုံကြည်မှ မှန်တယ် ဆိုတော့..မာစတာ လင်း အကြောင်းကို သိချင်နေတာ.."
ယင်းနောက် အရာရှိဟာ ရယ်မောလိုက်ပြီး..
"အကြီးအကဲ လု..ကျုပ်လည်း ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့ဘူး။ဒါပေမဲ့ သူ့ကို ယုံကြည်ရင်တော့ ရှေ့ဆက်လုပ်သင့်တယ်။မာစတာ လင်းက စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပဲ။လတ်တလော ဖြစ်သွားတဲ့ လူကုန်ကူး တဲ့ အမူကြီးကို သိတယ်မလား။အဲ့နောက်ကွယ်မှာ မာစတာ လင်းနဲ့ ပတ်သက်ပြီး မပြောထားတဲ့ အကြောင်းအရာတွေ ရှိသေးတယ်..."
ယင်းနောက် လုလီ နဲ့ အရာရှိ ရှင်းတို့ဟာ အချိန်အတော်ကြာအောင် စကားပြောပြီး ဖုန်းချလိုက်ကြတယ်။
"စိတ်ဝင်စားစရာပဲ.."
လုလီ ရေရွတ်လိုက်တာပါ။ချင်းဖေးအတွက်ကတော့ ဒါက သူ့ပြသနာ မဟုတ်ပေ။သူ တို့ချုပ်ဆိုရမဲ့ စာချုပ်က ချင်းဖေး ရှိမှ ဖြစ်မှာမဟုတ်ပါဘူး။
သူ ဒီကိစ္စမှာ ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး..အထူးသဖြင့် .နောက်ဆက်တွဲ ဖြစ်လာမယ့် အကြောင်းအရာတွေကိုပါ။
.....
တိမ်ဖြူလမ်း။
ဆိုင်ပြန်ရောက်လာတဲ့ အချိန်မှာပဲ..လင်းဖန်နားကို ဆိုင်ပိုင်ရှင်တွေ ဝိုင်းလာခဲ့တယ်။
"သူဌေးလေး..အခြေနေ ဘယ်လိုလဲ.."
"ရဲတွေ ဘာပြောသေးလဲ..။လျော်ကြေး ဘယ်လောက်တောင်း လိုက်လဲ..."
လင်းဖန် သူ့ကို စိတ်ပူပြီး မေးနေကြတဲ့ လူတွေ ကိုပြန်ကြည့်ပြီး ပြောလိုက်တယ်။
"ဒေါ်လာ သုံးသိန်း."
"အာ..နည်းလိုက်တာ..။ငါတို့က ဒေါလာ ငါးသိန်း ခြောက်သိန်း လောက်ဖြစ်မယ် ထင်တားတာ.."
"ဟုတ်တယ်..ဒီမှာက တစ်နေ့ ဒေါ်လာ ငါးသောင်း ခြောက်သောင်း လောက်ဝင်နိုင်ခြေရှိတယ်လေ..။ဒေါ်လာ ငါးသိန်း ခြောက်သိန်းက အနည်းဆုံးပဲ.."
ဆိုင်ပိုင်ရှင်တွေ ပြောတာကြားမှပဲ လင်းဖန်တောင် သူကိုယ်သူ သက်ညှာလွန်း တယ်လို့ တွေးလိုက် မိပါတယ်။ဒါက သူတို့ရဲ့ တောင်းဆိုမူနဲ့..မကိုက်ညီပါဘူး။
ဒါပေမဲ့ အခုမှ ဒေါ်လာ ငါးသိန်း ခြောက်သိန်းကို ဘယ်လို သွားတောင်း ရတော့မှာလဲ....
လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာ အနားယူနေခဲ့ကြပြီး..ကျောက်ကျန်းယန်ကတော့ တိုက်ရိုက် ထုတ်လွင့်နေခဲ့ပါတယ်။
လင်းဖန် လည်း ဝိုက်ဘိုပေါ်မှာ ပို့စ်တစ်ခုတင်လိုက်တယ်။
"ကျုပ်တို့ နားနေရတယ်။တစ်စုံတစ်ယောက်က ကျုပ်တို့ ဆိုင်ကို...ဖျက်ဆီးသွားခဲ့တယ်လေ.."
ဒီပို့စ်တက်ပြီး အသွားမှာပဲ မှတ်ချက်တွေဟာ ဆက်တိုက် တက်လာခဲ့တယ်။
မှတ်ချက်တွေ မျာစွာ ကြားထဲမှာ ဆောင်းဦးဓားဟာ ရုတ်တရက် ပြန်ပေါ်လာခဲ့ပါပြီ။သူ့မှတ်ချက်က စကားလုံးနှစ်လုံးပဲ ရေးထားပေမယ့်..ဘလူးမှတ် နဲ့အတူ လိုက်ခ် ထောင်ကျော် ရှိတာကြောင့် ထင်ရှားနေခဲ့ပါတယ်။
ဆောင်းဦးဓား ::: ဟားဟား
ကျန်နဲ့ လူတွေဟာလည်း ကြောင်အသွားပြီး မီးတောက် စစ်ပွဲအင်ပါယာရဲ့ ဒီစကားလုံးနှစ်လုံးကို စတင် သုံးသပ်ကြပါတော့တယ်။
ရွှေသုံးခု မင်းသား :: ဒီစကားလုံး နှစ်လုံးဟာ ပုံမှန်အတိုင်း ရင်းနှီးနေပေမယ့်..သူမပျှော်ရွှင်ဘူး ဆိုတာကို..ပြသနေတာပဲ။
ဝူတန်သစ်ပင် :: မယုံနိုင်စရာပဲ..။ငါတော့ ဒီစကားလုံး နောက်ကွယ်မှာ.လူသတ်ချင်တဲ့ အငွေ့အသက်တွေကို တွေ့နေရတယ်နော်....။
ကြက်ဥနဲ့ ပစ်တဲလူ ::: မီးတောက် စစ်ပွဲ အင်ပါယာ ပြန်လာပြီ။သူက အလကားနေရင်း လည်း လှောင်ပြောင်တတ်တာပဲ..။ဘယ်လောက် မိုက်လဲ..။
ကြာပွင့်အသေးလေး မယ်ရီ :: တစ်ယောက်အထက်မှာ တစ်ယောက်ရှိတယ် လုံလောက်ပြီ။သူ့ မှတ်ချက်က သူ့အမေကို ပြန်ဆဲနေတာ လို့ပဲ သဘောထားလိုက်.။
"အပေါ်က လူ ပြောပြီ.."
"အပေါ်ကလူရဲ့အပေါ်ကလူ ပြောတာ နည်းလမ်းမှန်တယ်..။အဖြေထွက်လာခဲ့ပြီ.."
လင်းဖန် ဆောင်းဦးဓားရဲ့ မှတ်ချက်တွေကို မမြင်ရတာတောင် အတော်ကြာပါပြီ။အခုလို ပြန်မြင်ရတဲ့ အချိန်မှာတော့ အတိတ်ကို လွမ်းဆွတ်သလိုလိုတောင် ဖြစ်လာခဲ့တယ်။
အဲ့အချိန်မှာတော့။
ထိန်းသိမ်းထားတဲ့ ရဲဌာနတွင်။
ချင်းဖေးဟာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေပြီး..သူ ဒီမှာ.ထိမ်းသိန်းခံထားရတာက မသက်မသာ ဖြစ်စေပါတယ်။
သူတို့ ဘာတွေ ဖြစ်နေတာလဲ....
သူ ဖုန်းနံပါတ် အနည်းငယ်ကို ခေါ်ဆိုပြီးတာနဲ့ ဒီကိစ္စက အေးဆေးဖြစ်သွားရမှာပါ။သို့ပေမယ့် အသုံးမဝင်ခဲ့ပေ။
အရာရှိ ရှင်းကလည်း သူ့ကို မကူညီ ပေးနိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
ဘယ်လို ဟာသလဲ..
ညဘက်အချိန်။
ရှန်ဟိုင်းမြို့ရှိ ဇိမ်ခံ အိမ်ကြီးတစ်လုံးတွင်။
လုလီဟာ အိမ်ကို ပြန်ရောက်နေပြီး..သူ့မိသားစုနဲ့ အတူ .ညစာစားနေခဲ့တာပါ။သူက လက်ရှိ..ကြွယ်ဝသော မိုးကောင်းကင် ကုမ္ပဏီကို တာဝန်ယူထားပေမယ့် လည်း..အိမ်မှာတော့ သူ့အဖေကို မလွန်ဆန်နိုင်ပါဘူး။
"အစ်ကို ..ငါ ဘွဲ့ရပြီးရင် ကုမ္ပဏီမှာ အလုပ်ဝင်ချင်တယ်.."
မိန်းမငယ်လေး တစ်ယောက်ဟာ ပြောလိုက်တာပါ။
လုလီ ခေါင်းညိမ့်လိုက်တယ်။
"ကောင်းတယ်..။အခြေခံ အဆင့်ကနေ စလုပ်ပေါ့.."
"အာ..."
မိန်းမငယ်လေးဟာ အကူညီမဲ့ သလို ဖြစ်သွားခဲ့တယ်။
လုလီ ရဲ့ အဖေ..လုကျန်းမင် ဟာ.ရှန်ဟိုင်းမှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ် ကြီးတစ်ယောက်ပါ။သူ့ရဲ့အဆက်အသွယ်တွေက နေရာတိုင်းမှာ ရှိပါတယ်။
သူ ငယ်ရွယ်စဥ် ဆယ့်လေးနှစ်သား ကတည်းက ရှန်ဟိုင်းမှာ ကြီးပြင်းခဲ့တာပါ။သူ သတင်းစာရောင်း..ဖိနပ်တိုက်...စသဖြင့် အခြေခံအလုပ်တွေ အများကြီး လုပ်ခဲ့ရပါတယ်။သူ အသက်နှစ်ဆယ် မတိုင်ခင်အထိ ဒီလို အလုပ်တွေ ပဲ လုပ်ခဲ့ရတာပါ။
သူ အသက်နှစ်ဆယ် အရွယ်ရောက်လာတဲ့အချိန်မှာတော့ စုဆောင်းထားတဲ့ ပိုက်ဆံလေး တွေနဲ့ ကြွယ်ဝသော မိုးကောင်းပင် ကို စတင်ခဲ့တယ်။အဆုံးမှာတော့ အဖွဲ့အစည်း အကြီးကြီး ဖြစ်နေခဲ့ပါပြီ။
လုကျန်းမင်ရဲ့ ဘဝနဲ့ ပတ်သက်ပြီး..ရိုက်ကူးထားတဲ့ ဇာတ်ကားတောင် ရှိပါသေးတယ်။ဒါက ရှန်ဟိုင်းရဲ့ အဓိကပုဂ္ဂိုလ် ဆိုတဲ့ ဇာတ်ကားပါ။အဓိက ဇာတ်ကောင်နေရာက မင်းသားက ရုပ်ရည်ချောမောတော့ ကြည့်ရူသူ အတော်များပါတယ်။
လုကျန်းမင်ဟာ အခုဆို အသက်အတော်ကြီးနေကာ..ခေါင်းတစ်ခုလုံးမှာ ဆံပင်ဖြူတွေနဲ့ပြည့်နေခဲ့ပါပြီ။
"စာချုပ်ကိစ္စ ဘာဖြစ်သွားပြီလဲ..."
လုလီ ခေါင်းခါယမ်းလိုက်တယ်။
"အဖေ..သားအခုထိ စာချုပ်မချုပ်ရသေးဘူး.."
"ဘာဖြစ်လို့လဲ.."
လုကျန်းမင် မေးလိုက်တာပါ။
"ချင်းဖေးက ရှန်ဟိုင်းကို ရောက်ရောက်ချင်း တစ်စုံတစ်ယောက်ရဲ့ ဆိုင်ကို ရိုက်ချိုးခဲ့တယ်လေ။ပုံမှန်ဆိုရင်တော့ အေးဆေး ဖြေရှင်းလို့ရတယ် ..ဒါပေမဲ့ တစ်ဖက်လူက မကျေအေးပေးတော့ တရားရုံးကို ဆက်တက်ရတော့မယ်.."
လုလီပြောလိုက်တယ်။
လုကျန်းမင် ထပ်မေးလိုက်ပါတယ်။
"ဘယ်သူမှားလဲ..ဘယ်သူမှန်လဲ.."
"သားကတော့ ချင်းဖေး မှားတယ် ထင်တာပဲ.."
လုလီ ပြန်ဖြေလိုက်တာပါ။
လုကျန်းမင် ခေါင်းညိမ့်လိုက်ပြီး..
"တစ်ခြား တစ်ဖက်က မကျေးအေးပေးနိုင်မှာတော့ သူ့ဟာသူ တရားရုံးမှာ ဖြေရှင်းခိုင်းလိုက်"
"ဟုတ်"
လုလီဟာ ခေါင်းညိမ့်လိုက်ပြီး ဘာမှမပြောပေ။
"နောက်ပြီး..ဟွမ်ကျုံးက ရုံးချုပ်ကို ဖုန်းဆက်ပြီး စာချုပ်ကိစ္စအတွက် နောက်တစ်ယောက်လွတ်ပေးဖို့ ပြောလိုက်.."
လုလီ ခေါင်းညိမ့်လိုက်တယ်။
"သိပါပြီ.."
အစကတော့ သူ လင်းဖန် အကြောင်းကို သူ့အဖေကို ပြောဦးမလို့ပါ။သို့ပေမယ့်..မလိုအပ်ဘူးထင်လို့ ဘာမှမပြောတော့ပေ။