သစ္စာဖောက်မှု
Vol. 17 Ch. 246
နောက်တစ်ရက်။
စျေးနှုန်း တွက်ချက်မူဌာန က အလုပ်သမားတွေ တိမ်ဖြူလမ်းကို ရောက်လာခဲ့ကြတယ်။သူတို့က ထိခိုက်မူ တွေကို ပမာဏတွေကို တွက်ချက်တဲ့ နေရာမှာ ကျွမ်းကျင်နေကြပါပြီ။ဒါပေမယ့် ဆိုင်တစ်ဆိုင်ရဲ့ ထိခိုက်ဆုံးရှုံး မူအတွက် ဒေါ်လာသုံးသိန်း တောင်းတယ် လို့တော့ သူတို့ မကြားဖူးပါဘူး။
သို့ပေမယ့် သူတို့ စည်းမျဥ်းစည်းကမ်းတွေ အတိုင်းပဲ စစ်ဆေးလိုက်ကြတယ်။
အလုပ်သမားနှစ်ယောက်ဟာ သူတို့ရှေ့က မြင်ကွင်းကို ကြည့်လိုက်ပြီး..
"ဆိုင်က အရှေ့ဘက်အခြမ်း ပျက်ဆီး သွားတာပဲ။တစ်ဆိုင်လုံး ရစရာ မရှိအောင် ပျက်ဆီး သွားရင်တောင် ဒေါ်လာ တစ်သောင်းလောက်ပဲ ကုန်လိမ့်မယ်."
"ဒီက ပစ္စည်းတွေ အကုန်လုံးကလည်း ပုံမှန်ပဲ..ဘာမှ.တန်ဖိုးကြီးတာတွေ မရှိဘူး။း"
အလုပ်သမားတွေဟာ အချက်အလက်တွေကို မှတ်သားနေခဲ့ကြတယ်။
"မင်း ဆိုင်ပိုင်ရှင်ကို ဆက်သွယ်ပြီးသွားပြီလား..။သူမရှိဘူး..ဆိုရင် ကိစ္စတွေ ဖြေရှင်းရတာ ရှုပ်သွားလိမ့်မယ်.."
ရှောင်လီ လို့ခေါ်တဲ့ အလုပ်သမားလေးဟာ မေးလိုက်တာပါ။
ရှောင်ဟိုင် ခေါင်းညိမ့်လိုက်တယ်။
"ငါတို့ သူနဲ့ တွေ့ပြီးပြောမှ ဖြစ်မယ်။လက်ရှိအခြေအနေတွေ အရတော့ ဒေါ်လာ တစ်သောင်းဆိုတာ အများဆုံးပဲ။ဒေါ်လာ သုံးသိန်း ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး..။ဒီ ပိုင်ရှင် ဘယ်လို လူလဲတော့ ငါမသိဘူး..ဒါပေမဲ့ အကြောင်းအကျိုးတော့ ဆီလျော်မှ ရမယ်လေ.."
သူတို့ နှစ်ယောက်ဟာ အလုပ်ရှုပ်နေကြပြီး..ပုံမှန်ထပ် နည်းနည်း တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ရှေ့ကို ယူလာလိုက်ကြတယ်။
သူတို့နှစ်ယောက်စလုံးဟာ ဓာတ်ပုံရိုက်လိုက်..စာအုပ်ထဲမှတ်လိုက်နဲ့ အလုပ်တွေ ပတ်ရှုပ်နေကြပါတယ်။
သိပ်မကြာခင်မှာပဲ သူတို့ အဖြေထွက်သွားခဲ့ကြတယ်။ဒီဆိုင်ရဲ့ ထိခိုက်နစ်နာမူက
တစ်သောင်း ..ငါးရာ...နှစ်ဆယ့်ရှစ် ဒေါ်လာ အတိအကျပါပဲ။ဒါက လုံလောက်နေပြီ လို့ပြောလို့ရပါတယ်။
သူတို့ နှစ်ယောက်စလုံး ထွက်သွားဖို့ ပြင်နေတဲ့ အချိန်မှာပဲ..သူတိူ့ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မယုံကြည်နိုင်ဖြစ် သွားခဲ့ပါတယ်။
"ဟေး..သူဌေးလေးဆိုင်က ဒီလိုဖြစ်သွားတော့ မမှတ်မိချင်တောင် ဖြစ်သွားတယ်.."
"ဘယ်ကောင်လုပ်သွားတာလဲ..ပန်ကိတ်လေး ဝယ်ချင်လို့ပါဆိုနေမှ.."
"ဟေး..ဟိုမှာ ကောင်လေးနှစ်ကောင်ပါလား။သွားမေးကြည့်ရအောင်.."
အဲ့အချိန်မှာပဲ မြို့သားတစ်ယောက်ဟာ လျောက်လာပြီး မေးလိုက်တယ်။
"ကောင်လေးတို့ ဘာလုပ်နေတာလဲ။သူဌေးလေး ဘယ်သွားလဲ သိလား..."
"ကျုပ်တို့က ကုန်ကျစရိတ် တွက်ချက်တဲ့ ဌာနက ဒီဆိုင်က ပျက်ဆီးနေလို့ လာတွက်ချက်တာ..။ခင်ဗျားတို့ ကရော..."
ရှောင်လီဟာ ဒီလူတွေကို ကြည့်ပြီး..စိတ်ရှုပ်နေခဲ့တယ်။
လူတွေ အများကြီးက ဘယ်လိုလုပ် ရုပ်တရက် ပေါ်လာတာလဲ....
"ငါတို့က ပန်ကိတ်လာဝယ်တာလေ..။အရင်နေ့က ဆိုင်မဖွင့်တော့ ဒီနေ့ ဖွင့်နေပြီလား.ဆိုတာ လာဝယ်ကြတာ.."
"ဆိုင်က ပျက်ဆီးနေပါလား..။ဘယ်သူလုပ်တာလဲ အဲတာ။ငါတွေ့လို့ကတော့ သေအောင် ရိုက်သတ်ပစ်မယ်။ပန်ကိတ် မဝယ်ရလို့ တင်းနေပါတယ်ဆိုမှ...ဆိုင်ကိုပါ လာဖျက်ဆီးလိုက်သေးတယ် ."
ရှောင်လီဟာ ခေါင်းလှည့်လိုက်ပြီး..ရှောင်ဟိုင်ကို ရှုတ်ထွေးစွာ ကြည့်လိုက်တယ်။ဒီလို လူတွေအုပ်လိုက်ကြီး ပန်ကိတ်ဟလာဝယ်ကြတာကို မြင်ပြီး သူတို့ အံ့သြသင့်နေကြပါပြီ။
"အကုန်လုံးက ပန်ကိတ် ဝယ်ဖို့လာကြတာလား.."
"ဟုတ်တယ်..ငါတို့ ပန်ကိတ်လာဝယ်ကြတာ။ဒါပေမယ့် ဆိုင်က ဒီလိုဖြစ်သွားပြီ ဆိုတော့ ဘာတတ်နိုင်ဦးမှာလဲ..."
မြို့သား တစ်ယောက်ဟာ ပြောလိုက်တယ်။
"ပန်ကိတ် တစ်လုံးကို ဘယ်လောက်လဲ..."
ရှောင်လီ မေးလိုက်တယ်။
"တစ်ခုကို ဒေါ်လာငါးဆယ်..။ဒါပေမဲ့ အကုန်လုံးဝယ်ဖို့ မဖြစ်နိုင်တော့ ဒေါ်လာတစ်ထောင် နဲ့ ရောင်းတဲ့ ပွဲစားတွေလည်း ရှိသေးတယ်..."
လူတစ်ယောက်ဟာ ပြန်ဖြေလိုက်တာပါ။
ရှောင်လီ နဲ့ ရှောင်ဟိုင်းတို့ဟာ အဖြစ်အပျက် အများကြီးကို မြင်ဖူးပေမယ့် ဒါမျိုးတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ထပ်ပြောရရင် ဒီမှာ တန်းစီ နေကြတဲ့ လူတွေက တော်တော်ကို များတာပါ။
ရဲဌာန အချုပ်ခန်းတွင်။
ချင်းဖေး ဒီမှာ တစ်ညလုံး ထိန်းသိမ်းခံရပြီး နောက်မှာ ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။သူ့သူဌေးဆီက ပြစ်တင်တဲ့ ဖုန်းကော ရခဲ့ပြီးတဲ့ နောက်မှာ ဂရုမစိုက်ပဲ မနေရဲတော့ပေ။
ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်းနဲ့ လက်တွဲချင်တဲ့ ကုမ္ပဏီဟာ ဟွမ်ကျုံး မှာ သူတို့တစ်ခုတည်း ရှိတာ မဟုတ်ပဲ..တစ်ခြားကုမ္ပဏီတွေကလည်း လက်တွဲချင်နေကြတာပါ။
အဲ့အချိန်မှာပဲ ချင်းဖေး တံခါးကို ရိုက်နှက်လိုက်ပြီး..
"ဒီကို လာကြစမ်း..ငါ့ကို ဘယ်ချိန်လွှတ်ပေးမှာလဲ။အဲ့ခွေးသားက ငါနဲ့ ထပ်ကစားချင်နေသေးတာလား။ငါ့အချိန်တွေကို ဘယ်လောက်တောင် မင်းတို့ဖြုန်းတီး ပြီးပြီလဲ သိရဲ့လား.."
အစောင့်တစ်ယောက်ဟာ ရောက်လာခဲ့တယ်။
"အခု ..တွက်ချက်မူဌာနက သွားပြီးစစ်ဆေးနေတယ်။ကျန်တာတွေကို တော့ တရားရုံးရောက်မှ ထပ်ပြီး လုပ်ဆောင်ရမှာ..."
ချင်ဖေး စာချုပ် အကြောင်းတွေးမိလိုက်ပြီး..
"ဒီခွေးသားက ငါ အညံ့ခံတာတောင် သေအောင် တိုက်ခိုက်ချင်နေတာလား။အဲ့ကောင်ကို ခေါ်ပြီး သူတောင်းတဲ့ ဒေါ်လာ သုံးသိန်းပေးမယ်လို့ ပြောလိုက်စမ်းပါ.."
အစောင့်ဟာ ခေါင်းခါယမ်းလိုက်တယ်။
"ခင်ဗျားအခုမှ ဒီလိုလုပ်လို့မရတော့ဘူး။အထက်ကို တရားဝင် စာတင်ပြီးသွားပြီ...ကျန်တာတွေ တရားရုံးမှာပဲ ဖြေရှင်းရတော့မှာ။ခင်ဗျားသာ မနေ့က အေးဆေး ဖြေရှင်းခဲ့ရင် ပိုကောင်းမှာ..."
"ယီးပဲ.."
ချင်းဖေးဟာ..အစောင့်ပြောတဲ့ စကားကို ကြားပြီး ဒေါသထွက်သွားကာ တံခါးကို စောင့်ကန်လိုက်တယ်။
ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်း။
လုလီ အလုပ်ရှုပ်နေတဲ့ အချိန်မှာပဲ..သူ့ရဲ့ အတွင်းရေးမှုး မိန်းကလေးဟာ ဝင်လာခဲ့ပါတယ်။
"ချန်းယွင်..အဖွဲ့အစည်း ရဲ့ ဒုဥက္ကဌ ကျန်းဟိုင်ယန်က ဆရာနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါတဲ့.."
လုလီ သူမကို ပြုံးပြပြီး ပြောလိုက်တယ်။
"သူ့ကို တွေ့ဆုံးခန်းထဲ အရင်ပို့လိုက်ပါ..မကြာခင် လာခဲ့လိုက်လာခဲ့မယ်.."
အတွင်းရေးမှူး မိန်းကလေးဟာ ခေါင်းညိမ့်ပြီး ထွက်သွားခဲ့ပါတယ်။
"ဟုတ်"
တွေ့ဆုံခန်းတွင်။
"နေကောင်းရဲ့လား ဥက္ကဌ ကျောင်း။ကျွန်တော်က ချန်းယွင် အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ကျန်းဟိုင်ယန် ပါ.."
လုလီ လက်ဆွဲ နှုတ်ဆက်လိုက်တယ်။
"ဟဲလို.."
ကျန်းဟိုင်ရင် လိုချင်တဲ့ အချက်ကို တည့်တည့် ပဲပြောလိုက်တယ်။
"ဥက္ကဌ လု..ခင်ဗျားတို့နဲ့ ဟိုင်ယွန် အဖွဲ့အစည်းရဲ့ ပါတနာ က အဆုံးသတ်တော့မယ်လို့ကြားတယ်။ခင်ဗျားတို့ ဆက်ပြီး လက်တွဲမလားတော့ မသေချာဘူး..ဒါပေမယ့် လက်မတွဲ ဖြစ်တော့ရင် ကျုပ်တို့ရဲ့ ချန်းယွန်အဖွဲ့အစည်းက အလားအလာအရှိဆုံး လို့ ပြောချင်တယ်.."
"လာ ထိုင်ပါဦး.."
လုလီ သူ့ အတွင်းရေးမူးကို လဘက်ရည်ပြင်ခိုင်းလိုက်တယ်။
"အခုထိတော့ ဘာမှ မဆုံးဖြတ်ရသေးဘူး။ချန်းယွန် အဖွဲ့အစည်း အကြောင်းတော့ ကြားဖူးနေတာ ကြာပါပြီ။ဟွမ်ကျုံးရဲ့..အဓိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီး သုံးခုထဲက တစ်ခုပဲ.."
"ကျေးဇူးပါ.."
ကျန်းဟိုင်ယန် ပြုံးပြီးတော့ ထိုင်လိုက်တယ်။
"ဥက္ကဌ လု နဲ့ ဒီကို ပါတနာ အဖြစ်ဆွေးနွေးဖို့ လာခဲ့တာ။ကျွန်တော်တို့ ချန်းယွန် အဖွဲ့အစည်းက ဟွမ်ကျုံးမှာ အကြီးမားဆုံး မဟုတ်ပေမယ့်လည်း..လုံခြုံမူ..အကျိုးအမြတ် ..နဲ့ ဝန်ဆောင်မူပိုင်းတွေက ထိပ်ပိုင်းမှာပဲ ရှိတာပါ..။ထပ်ပြောရရင်..ကျုပ်တို့ ဘက်က မတော်တဆ မူကြောင့်ဖြစ်လာသမျှကို အပြည့်အဝ တာဝန်ယူပေးပါ့မယ်.."
"ဟားဟား.."
လုလီ ရယ်မောလိုက်တယ်။
"ဥက္ကဌ ကျန်း..အဖွဲ့အစည်းတစ်ခုအတွက်က ..နိမ့်ချမူ နဲ့ ယုံကြည်မူရှိဖို့ကို ဟန်ချက်ထိန်းနိုင်ဖို့က အရေးကြီးဆုံးပဲ.."။တကယ်လို့ ပါတနာက ကို့ယ့်ကုမ္ပဏီကို ယုံကြည်မူမရှိရင် ဘယ်လို လက်တွဲ လုပ်ကိုင်မှာလဲ..."
ကျန်းဟိုင်းယန် ရယ်မောလိုက်ပြီး..
"ဥက္ကဌ လု..ကျွန်တော်တို့ သေချာလေ့လာပြီးသွားပြီ..ဟိုင်ယွန်ရဲ့ နက်ဝါ့ က ဒေါ်လာ 3.6 ဘီလီယံ မှာရှိတယ်.."
လုလီ ပြုံးပြီး ကျန်းဟိုင်ယန် ပြောတာကို နားထောင်နေခဲ့တယ်။
"ကြည့်ရတာ ဥက္ကဌ ကျန်းက အိမ်စာလုပ်ပြီးသွားပြီထင်တယ်။ခင်ဗျားရဲ့..အဖြေက မှန်ကန်ပြီး တိကျပါပေတယ်။ကောင်းပြီး ကျွန်တော်တို့ ထပ် ဆွေးနွေးကြတာပေါ့..ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်းက လက်တွဲလုပ်ဖို့ စိတ်ဝင်စားကောင်း စိတ်ဝင်စားမှာပါ.."
ကျန်းဟိုင်ယန် ဒါကို ကြားပြီး စိတ်လှုပ်ရှားသွားခဲ့တယ်။ယင်းနောက် သူ စာရွက်စာတမ်း တစ်ချို့ကို ထုတ်ယူလိုက်ပြီး..
"ဥက္ကဌ လု ကျွန်တော် ဒီ ပါတနာ ဆက်ဆံရေး စာချုပ်ကို ယူလာခဲ့တယ်။တစ်ချက်လောက် ကြည့်ပေးပါဦး..တကယ်လို့ သဘောမတူတဲ့ အပိုင်းရှိရင်..ချက်ချင်း ဆွေးနွေး လို့ရပါတယ်.."
လုလီ သူ့ရှေ့က စာရွက်ကို ဖတ်ကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်တယ်။
"ကျွန်တော် နောက်မှ အေးဆေး ကြည့်လိုက်ပါ့မယ်။ခင်ဗျားတို့က ဟိုင်ယွန် အဖွဲ့အစည်းရဲ့ တစ်ဝက်လောက် ပဲ ပိုင်ဆိုင်မူရှိပေမယ့်..ခင်ဗျားတို့ရဲ့ တိကျမူကို ကျွန်တော် တကယ်သဘောကျမိတယ်.."
ကျန်းဟိုင်ယန် ရဲ့ မျက်နှာဟာ ပျော်ရွှင်မူတွေ ပြည့်သွားခဲ့တယ်။
လုလီဟာလည်း ပြီးခဲ့တဲ့ ညက သူ့အဖေနဲ့ ပြောခဲ့တဲ့ စကားတွေကို တွေးပြီး ပြန်ပြုံးနေခဲ့ပါတယ်။လက်တွဲဖော် ကုမ္ပဏီရဲ့ အရည်အသွေးထက်စာရင် အဲ့နောက်မှာ ရှိတဲ့ လူတွေရဲ့ အရည်အချင်းကသာ အဓိက အချက်ပါ။
တကယ်လို သူတို့သာ အရည်အချင်းရှိမယ် ဆိုရင် တစ်ခြားကုမ္ပဏီတွေက ချက်ချင်းလူလွှတ်လိမ့်မယ် လို့ သူ့အဖေက ပြောခဲ့ပါသေးတယ်။
ကျန်းဟိုင်ယန် ဟာ အဲလိုလူတစ်ယောက်ဖြစ်ပြီး ညတွင်းချင်း..ဟွမ်ကျုုံးကနေ ခရီးထွက်လာပြီး ဒီမနက် ရောက်အောင် လာခဲ့ပါတယ်။
ရွေးချယ်မူကတော့ ရှင်းလင်းသွားပါပြီ။
အချုပ်ခန်းထဲတွင်။
ချင်းဖေဟာ တရားရုံးမှာ ဖြေရှင်းပြီးတဲ့ အထိစောင့်ရမယ် ကြားပြီး ဒေါသထွက်နေခဲ့တယ်။
ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ....
သူသာ ဒါမျိုးဖြစ်မယ် မှန်းသိရင် စာချုပ်ချုပ်ပြီးမှ ဒီခွေးသားနဲ့ စာရင်း ရှင်းမှာပါ။အခုတော့ စာချုပ်ချုပ်မယ့် ကိစ္စက တရားရုံးကိစ္စတွေ ဖြေရှင်းပြီးတဲ့အထိ ကြန့်ကြာပါတော့မယ်။
ဒါပေမဲ့ ချင်းဖေး မသိတာက ချန်းယွန် အဖွဲ့အစည်းက သူ့တို့နေရာကို လုဖို့ ရောက်နေပြီ ဆိုတာပါပဲ။