လှပတဲ့ အဆုံးသတ်လေး
Vol. 17 Ch. 247
နောက်တစ်ရက်။
တရားရုံးရှေ့တွင်။
လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေဟာ ရောက်လာခဲ့ကြတယ်။
"အားလုံးဘယ်လို ဖြစ်မယ်ထင်ကြလဲ..။နောက်ဆုံး ဝမ်းသာရမယ့် လူက တို့ဖြစ်နိုင်ပါ့မလား.."
ကျောက်ကျန်းယန် မေးလိုက်တာပါ။
"ဘယ်သူ သိမှာလဲ..။ဒါပေမဲ့ ဒီနေ့ တစ်ယောက်ယောက်တော့ ပိုက်ဆံ အချီကြီးဝင်တော့မှာ ငါခံစားနေရတယ်.."
လင်းဖန် ပြန်ဖြေလိုက်တယ်။
"ငါ ပြန်လည်ပြန်ဆင် တဲ့ ကုမ္ပဏီ နဲ့ဆွေးနွေး ပြီးသွားပြီ..။သူတို့က ငါ့ကို ဘယ်လို စတိုင်ကြိုက်လဲ လို့မေးတာ..ငါ အကောင်းဆုံး တစ်ခုကို ရွေးပေးပါလို့ ပြန်ပြောလိုက်တယ်။အဆင်ပြေတယ်မလား.."
လူလိမ် ထျန် ပြုံးပြီး ပြောလိုက်တာပါ။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ကောင်းတယ်..။ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလေ..။သူတို့ကို ရွေးချယ်ခိုင်းလိုက်တာက အကောင်းဆုံးပဲ.."
ဝူယူလန် သူတို့ကို ဖြတ်ပြောလိုက်တယ်။
"ပြန်ပြင်ဆင်တဲ့ အချိန်မှာ ဒီဇိုင်းက အရေးကြီးဆုံးပဲ လို့ထင်တယ်နော်။ဒါမှ မြင်ရတဲ့ လူတွေ သက်တောင့် သက်သာဖြစ်မှာ.."
အဲ့အချိန်မှာပဲ ရဲကားတစ်စီးဟာ တရားရုံးဆီကို ရောက်လာခဲ့တယ်။
ချင်းဖေး ကားထဲက ထွက်လာတာ မြင်တော့ လင်းဖန် ရယ်မောလိုက်ပါတယ်။
"ဟေး..အဲတာ အကြီးအကဲ ချင်း မဟုတ်ဘူးလား။သူက ဒီနေ့ ခန့်ညားနေပါလား..."
ချင်းဖေး လင်းဖန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်တယ်။
"ခွေးသား..သိပ်လည်း ပျော်မနေနဲ့ဦး။ငါ မင်းနဲ့ မရှင်းရသေးဘူး.."
လင်းဖန် ချင်းဖေးကို ကြည့်လိုက်ပြီး..
"ဒါထူးဆန်းတယ်..အရင်နေ့တွေတုန်းကတော့ ခင်ဗျား ခွန်အားတွေပြည့်ဝနေတာပါ။အခု ဘယ်လို ဖြစ်တာတုန်း..။ဒီနေ့ တစ်ခုခုမကောင်းတာဖြစ်ထားလို့လား.."
"မင်း.."
ချင်းဖေး ဒေါသထွက်လာခဲ့တယ်။ဒီခွေးသားက သူ့ရှေ့မှာ..တော်တော် ဘဝင်မြင့်နေခဲ့ပါတယ်။ဒါသာ ဟွမ်ကျုံး ဆိုရင် သူ ဒီငနဲ ကိုသတ်ပြီး နေလောက်ပါပြီ။ချင်းဖေး မနေ့က ခေါင်းဆောင်ပိုင်း အဆက်အသွယ် တွေကို ဖုန်းဆက်ပေမယ့်လည်း ဘယ်သူမှ မကူညီပေးကြပေ။
အစတုန်းက တော့ ပြသနာမရှိပါဘူး..ဒါပေမဲ့ ခေါင်းဆောင်တွေက မာစတာ လင်း ဆိုတဲ့ အသံကို ကြားတဲ့ အချိန်မှာ အကုန်ခေါင်းရှောင်ကုန်ကြပါတော့တယ်။
သူတို့ လင်းဖန်ကို ကြောက်လို့ မဟုတ်ပေမယ့်လည်း..လူကုန်ကူးမူ ကိုဖော်ထုတ်ပေးထားတဲ့ သူရဲကောင်းနဲ့ ဆန့်ကျင်ဘက်မှာ မနေချင်ကြတာပါ။ဒါကြောင့် သူတို့ နောက်ဆုံးအဖြေက ချင်းဖေးကို မကူညီဖို့ပါပဲ။
လီရှောင်ရှမ်းဟာ နောက်ကနေ လိုက်လာပြီး လင်းဖန်ကို ခေါင်းညိမ့်ပြလိုက်တယ်။
"အကြီးအကဲ ချင်း ..ဒီနေ့ ခင်ဗျား သိပ်ကံမကောင်းဘူးနော်..။နိမ့်ချပြီး နေတာ ပိုကောင်းလိမ့်မယ်..."
ချင်းဖေး သူ့ကို ငယ်ရွယ်တဲ့ ငနဲ တစ်ကောင်က လာပြီး သတိပေးခံရလိမ့်မယ် လို့ တစ်ခါမှ မတွေးဖူးပါဘူး..။
"ကောင်းပြီ ..မင်းကြည့်နေ..။ငါ အခုတော့မင်းကို ဘာမှမလုပ်နိုင်ဘူး .ဒါပေမဲ့. အခြေအနေ ပြောင်းလဲ တဲ့ အချိန်ကြရင် မင်းငိုအောင် ငါလုပ်ပြမယ်.."
"အဲ့နေ့ကို စောင့်နေပါ့မယ်ဗျာ.."
လင်းဖန် ပုခုံးတွန်းကာ ပြောလိုက်ပြီး..လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကို ပြောလိုက်တယ်။
"သွားကြမယ်..."
လင်းဖန် အတွက် ရှေ့နေ မလိုပါဘူး..ဒါက သူ့မှာ သက်သေ အပြည့်အစုံ ရှိနေလို့ပါ။ချင်းဖေးမှာ ပြန်ခုခံဖို့ အနေအထားမရှိရင် ရှေ့နေငှားနေလို့လည်း အပိုပါပဲ။
စောင့်နေသည့် အခန်းတွင်။
ချင်းဖေး ကို အချုပ်သား ဝတ်စုံ ဝတ်ထားပေးပြီးပါပြီ။သူ ဒီခွေးသားလေး ကို တကယ် သတ်ချင်မိပါတယ်။
ပြန်ကြည့်ရရင် ဒီကိစ္စက အေးအေးဆေးဆေး ဖြေရှင်းလို့ရရဲ့ သားနဲ့.. ဒီခွေးသားက တရားရုံးမရောက်ရောက်အောင် တက်လာပါသေးတယ်။
အကျဥ်းခန်း ထဲမှာ ချုပ်ခံထားရတဲ့ ခံစားချက်က တကယ်ကြောက်စရာ ကောင်းပြီး..သူ့အတွက်တော့ ငရဲကျနေသလိုပါပဲ။
*ကလင် ကလင်*
သူ့ဖုန်းလေးဟာ မြည်လာခဲ့တယ်။
အစောင့်က ချင်းဖေးရဲ့ ဖုန်းကို မသိမ်းထားရတာက ဒီအမူက သိပ်မကြီးကျယ်လို့ပါ။ဖုန်းခေါ်တဲ့လူဟာ သူတို့ အဖွဲ့အစည်းရဲ့ CEO ပါ။
ချင်းဖေး ဖုန်းကိုင်လိုက်တာနဲ့ ဆူညံတဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်။သူ စိတ်ရှုပ်သွားခဲ့ပေမယ့် အဖြစ်အပျက်တွေကို နားထောင်အပြီးမှာ ဘာမှပြန်မပြောနိုင်တော့ပါဘူး။
"ကြွယ်ဝသော မိုးကောင်းကင် အဖွဲ့အစည်းနဲ့ ချန်းယွန် အဖွဲ့အစည်းက လက်တွဲသွားပြီ ဆိုတာကို မင်းသိရဲ့လား..။ဒီကိစ္စကြောင့် ငါတို့ ကုမ္ပဏီ ငွေတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားရပြီ ဆိုတာကိုရော သိရဲ့လား..။မင်း တစ်စုံတစ်ယောက်ရဲ့ ဆိုင်ကို မဖျက်ဆီးခင်မှာ နောက်ဆက်တွဲတွေကို မစဥ်စားဘူးလား.."
ချင်းဖေးဟာ ဥက္ကဌ ရဲ့ စကားတွေကို ဖုန်းထဲကနေကြားပြီး ဆွံ့အနေခဲ့တယ်။ဖုန်းချပြီးသွားတာတောင် ကြောင်တောင်တောင် ဖြစ်နေတုန်းပါပဲ။
ခနကြာတဲ့ အချိန်မှာတော့ ကျယ်လောင်သံ အော်ဟစ်သံကြီး ထွက်ပေါ်လာပါတော့တယ်။
"မင်းမေလိုး..."
လုံခြုံရေးတွေဟာ ချင်းဖေးကို ဝိုင်းပြီး ဖမ်းထားလိုက်ရပါတယ်။
ချင်းဖေး စိတ်ကို မထိန်းနိုင်တော့ပါဘူး။ချန်းယွန် အဖွဲ့အစည်းက ဥက္ကဌ လု ဆီကို သွားပြီး သူတို့ နေရာကို လုယူလိမ့်မယ်လို့ တကယ်မထင်ခဲ့မိတာပါ။
အရာရာတိုင်းဟာ လွန်သွားခဲ့ပြီ ဖြစ်ပြီး..ကုမ္ပဏီက ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးလိမ့်မှာ မဟုတ်ပေ။
အကုန်လုံး ဒီ ခွေးသားလေးကြောင့် ဖြစ်ရတာပါ။သူ့ကြောင့် မဟုတ်ရင် လက်ရှိ အခြေအနေတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။
မဟုတ်ရင် ချန်းယွန် အဖွဲ့အစည်းက သူတို့ ဟိုင်ယွန် အဖွဲ့အစည်းနဲ့ ဘယ်လိုလုပ် ယှဥ်ပြိုင်လို့ရမှာလဲ....
အမူ စသည့်အချိန်တွင်။
သက်သေတွေ အချက်အလက်တွေ အကုန်စုဆောင်း ပြီးပြီဖြစ်ပြီး..လိုနေတဲ့ တစ်ခုကတော့ တရားသူကြီးက ဆုံးဖြတ်ချက်ချဖို့ပါ။
ဆိုင်တစ်ဆိုင်ကို ဖျက်ဆီးတာ။
ဒီကိစ္စက ဘာမှ အရေးကြီး ကွင်ကျယ် မဟုတ်ပေ။
တရားသူကြီးဟာ ..နာလည်မူ ငွေကြေးပမာဏကို မြင်တဲ့ အချိန်မှာ မျက်လုံးပြူးသွားခဲ့တယ်။
သုံးသိန်း သုံးသောင်း နှစ်ထောင် ဒေါ်လာ လား...
သူ အရင်တုန်းက လည်း..ဆိုင်တစ်ဆိုင်ကို ဖျက်ဆီး လို့ လျော်ကြေး အများကြီး ပေးရတဲ့ အဖြစ်အပျက်နဲ့ ကြုံဖူးပါတယ်။အဲ့တုန်းက လူငယ်လေး တစ်ယောက်က ပန်းသီး တံဆိပ် ဖုန်းဆိုင်မှာ အိုင်ဖုန်း ဝယ်ရင်း တစ်ဆိုင်လုံးကို ရိုက်ခွဲပစ်ခဲ့တာပါ။
နောက်ဆုံး လျော်ကြေးပမာဏ ကတော့ ဒေါ်လာ လေးသိန်းပါပဲ။
ထပ်ပြောရရင် ဒီကောင်လေးက ထောင် သုံးလပါ ကျခံခဲ့ရပါသေးတယ်။ဒါကဆိုင်ပိုင်ရှင်သူဌေးက ကောင်းလေး ဦးနှောက် မကောင်းတဲ့ အတွက် ခွင့်လွှတ်ပေးခဲ့လို့ပါ..မဟုတ်ရင် ဒီအမူက သုံးနှစ်လောက် ကျသွားနိုင်ပါတယ်။
လင်းဖန် ကတော့ တရားလို ထိုင်ခုံမှာ ထိုင်နေပြီး..ချင်းဖေးကတော့..တရားခံ ထိုင်ခံမှာ ထိုင်နေခဲ့တယ်။
ဒီအမူက ဘာမှ ငြင်းခုံနေစရာ မလိုပဲ ဆုံးဖြတ်ချက်ကို စောင့်ရုံပါပဲ။တကယ်လို့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ရင်..သူတို့ အထက်ကို ဆကိတက်လို့ရပါတယ်။
"သူ့မျက်နှာကို ကြည့်စမ်းပါဦး ကျုပ်ကို..အသက်ရှင်လျက် ကိုက်စား ချင်နေတဲ့ ပုံပဲ"
လင်းဖန် တရားခံ ဘက်မှာ ရှိနေတဲ့..ချင်းဖေးကို လက်ညိုးထိုးပြီး ပြောလိုက်တာပါ။
"မင်းသူ့ကို တစ်ခုခုလုပ်ခဲ့သေးလား..သူ့ကြည့်ရတာ မင်းကို တကယ် သတ်ချင်နေတဲ့ပုံပဲ.."
လူလိမ်ထျန် လင်းဖန်ကို မေးလိုက်တယ်။
"ကျုပ် ဘယ်လို သိမှာလဲ..."
လင်းဖန် ပြန်ဖြေလိုက်တာပါ။
"အားလုံး တိတ်တိတ် နေပေးပါ.."
တရားသူကြီးရဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်။
"တိမ်ဖြူလမ်းမှ မာစတာ လင်းရဲ့ ဆိုင်ဟာ... ဖျက်ဆီးခြင်းခံခဲ့ရသည်။အတွင်းပိုင်း ..အပြင်းပိုင်း ..ပြန်လည်ပြင်ဆင်မူနဲ့ နစ်နာမူ များကို တွက်ချက်ပြီးတဲ့နောက်မှာ..လျော်ကြေးအဖြစ်ပမာဏ သုံးသိန်း နှစ်သောင်း ဒေါ်လာ သတ်မှတ်လိုက်သည်။တရားခံရဲ့ အရင်ပြစ်မူ တစ်စုံတစ်ရာ ကျုးလွန်ခြင်း မရှိမူကြောင့်..ပြစ်ဒဏ်ထဲမှ ထိန်းသိမ်မူ တစ်လကို လျော့ချပေးလိုက်သည်.."
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်တယ်။
"ဒေါ်လာ သုံးသိန်း နှစ်သောင်း ရလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။ကျွန်တော် တောင်းထားတဲ့ ဒေါ်လာ သုံးသိန်းပဲ ရမယ်ထင်ထားတာ.."
လူလိမ် ထျန်လည်း ကျေနပ်စွာ ရေရွတ်လိုက်တယ်။
"ဘယ်လိုတောင် အံ့သြဖို့ကောင်းတဲ့ စပရိုက်လဲ။ဒါက ငွေရှာဖို့ အကောင်းဆုံး နည်းလမ်းပဲ..ကြည့်ရတာ ငါလည်း ဆိုင် အနည်းငယ် ဖွင့်ပြီး သူဌေးသားလေးတဲ့ကို ဖျက်ဆီးဖို့ ဆွဲဆောငိ သင့်ပြီ ထင်တယ်.."
ချင်းဖးဟာ ဒီ ဆုံးဖြတ်ချက်ကို ကြားပြီးနောက်..ကုမ္ပဏီ ကိစ္စကို ပါ ပြန်တွေး မိလိုက်ကာ ဒေါသတွေ ထွက်လာပါတော့တယ်။
*ဘန်းး*
ချင်းဖေး..စားပွဲကို ဒေါသနဲ့ ရိုက်လိုက်ပြီး.လင်းဖန်ကို ကြည့်ပြီး အော်လိုက်တယ်။
"ခွေးသား..မင်းစောင့်နေလိုက်...ဒီကိစ္စကြောင့်ဆုံးရှုံးမူကြီးကို ငါလုံးဝ မေ့မှာမဟုတ်ဘူး.."
တရားသူကြီးဟာ လုံခြုံးရေးကို အော်ဟစ်လိုက်တဲ့ အချိန်မှာတော့ လုံခြုံရေးတွေဟာ ချင်းဖေးကို ချက်ချင်းလာချုပ်ထားလိုက်ကြပါတယ်။
နောက်ဆုံး အမိန့်ချဖို့ စောင့်နေတဲ့ တရားသူကြီးဟာ ချင်းဖေးရဲ့ အမူအရားကို ကြည့်ပြီး ဆွံအသွားခဲ့ပါတယ်။
"ဘယ်လို စောက်ရူးမျိုးလဲ.."
လင်းဖန် ရေရွတ်လိုက်တာပါ.။
ဒီလူရဲ့ အပြုအမူတွေနဲ့ ဆိုရင် တရားသူကြီးက ညှာတာပေးမယ့် ကိစ္စက မဖြစ်နိုင်တော့ပါဘူး။
"တရားခံဟာ..တရားရုံးနဲ့ ဥပဒေအပေါ်မှာ မလေးမစားပြုမူပြီး..တရားလိုရဲ့ လုံခြုံရေး အပေါ်မှာ ချိန်းခြောက်ခဲ့တယ်။သို့ဖြစ်ပါ၍ တရားခံအား...လွတ်လပ်ချက် ထိန်းချုပ်မူကို ခြောက်လ ထပ်တိုးသတ်မှတ်ကာ..ချက်ချင်းကျခံစေမည်"
"အမူ ပိတ်ပြီ.."
ဒေါက် ဒေါက် ဒေါက်
ချင်းဖေးကတော့ လုံခြုံရေးတွေ ဖမ်းချုပ်ထားတာ တောင်မှပဲ ပါးစပ်က လင်းဖန်ကို အော်ဟစ်နေတုန်းပါ။
"ခွေးသား မင်းစောင့်နေလိုက်.. ထမင်းဝအောင်စားထား.။နောက်ကျောကို ကြည့်နေပေါ့ကွာ.."
"လူလိမ် ထျန် ခြေထောက်တစ်ဖက် မြောက်လိုက်စမ်းပါ.."
လူလိမ် ထျန် လင်းဖန် ဘာလုပ်ချင်မှန်း မသိပေမယ့် ခြေထောက်တစ်ဖက်ကို မြောက်ပေးလိုက်ပါသေးတယ်။
လင်းဖန် လူလိမ် ထျန်ရဲ့ ဖိနပ် တစ်ဖက်ကို ဆွဲယူကာ..ချင်းဖေး ဆီကို ပစ်ပေါက်လိုက်တယ်။
ဘန်း..
ဖိနပ်က ချင်းဖေးရဲ့ မျကိနှာပေါ် ရောက်သွားကာ ကျယ် လောင်တဲ့ အသံထွက်ပေါ်လာပါတော့တယ်။
"အကြီးအကဲ ချင်း ..ခြောက်လ ပြည့်ပြီးသွားရင် ကျွန်တော့် ဆိုင်ကို လာလည်ပါဦး။ကျုပ်ဆိုင်က အမြဲ တံခါးဖွင့်ထားမှာပါ..ဒါပေမဲ့ ပိုက်ဆံတော့ လောက်အောင် ယူလာခဲ့နော်.."
"မအလေိုး..."
လင်းဖန် လက်ခုပ်တီးလိုက်ပြီး လူတိုင်းကို ကြည့်ကာပြောလိုက်တယ်။
"ကောင်းပြီ...လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားပြီဆိုတော့ ဆိုင်ကို ပြန်သွားကြည့်ရအောင်။ဒီတစ်ခါ ဆိုင် ပြန်ပြင်ရတော့မှဆိုတော့..ပိုပြီး ကြည့်ကောင်းနေဖို့ လိုတယ်.."