← Chapters

မင်းကိုမင်း ဘာလုပ်နေတယ် ထင်လို့လဲ

Vol. 17 Ch. 248

မင်းကိုမင်း ဘာလုပ်နေတယ် ထင်လို့လဲ

Vol. 17 Ch. 248

တိမ်ဖြူလမ်း.။

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ..မာစတာ လင်းနဲ့ ကျန်တဲ့လူတွေ ပြန်လာတာမြင်တဲ့အချိန်မှာ..စကားသွားပြောလိုက်ကြတယ်။

လင်းဖန် လျော်ကြေးငွေ ဒေါ်လာ သုံးသိန်း နှစ်သောင်း လောက်ရတာကို သိပ်ပြီး မအံ့သြကြပါဘူး။

သူတိူ့အကုန်လုံး မာစတာ လင်းအတွက် ပျော်ရွှင်နေကြတယ်။လင်းဖန် ရဲ့ ဆိုင်ကို ရိုက်ခွဲတဲ့ လူကလည်း..ဒီလောက်ထိ များပြားတဲ့ လျော်ကြေးငွေ ပေးရလိမ့်မယ်လို့ ထင်ထားမိမှာ မဟုတ်ပေ။

ထပ်ပြောရရင် သူကိုယ်တိုင်လည်း ၆ လ ကျခံရဦးမှာပါ။အရူးတစ်ယောက်တောင် ဒီလူလိုမျိုး တရားရုံးမှာ သောင်းကျန်းမှာ မဟုတ်ပါဘူး။

လင်းဖန်နဲ့ ကျန်တဲ့ လူတွေဟာ ဇီဒိုင်နာတစ်ယောက် ဒီဇိုင်းအကြောင်းတွေ ရှင်းပြနေတာကို ရှုပ်ထွေးစွာ နားထောင်နေခဲ့ကြတယ်။

ဒီဇိုင်နာဟာ နောက်ဆုံးကြမှ..သူအိပ်ထဲမှာ ဒီဇိုင်းစာအုပ်ကို ထုတ်လိုက်တာမြင်ပြီး လူလိမ်ထျန်ဟာ ပြောလိုက်ပါတယ်။

"မင်းအစောကြီးကတည်းက ဒီစာအုပ်ကို ထုတ်လိုက်ပါလားကွာ..။ခုနက မင်းပြောနေတာတွေ ငါတစ်ခုမှ နားမလည်တော့ဘူး.."

"....."

နောက်ဆုံးထွက်လာတဲ့ ဒီဇိုင်းရဲ့ အဖြေက စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ဒီ ပုံစံအသစ်က အတော် အဆင်ပြေပြီး..အရင် ဆိုင်အဟောင်းပုံစံ ဒီဇိုင်း ထက်စာရင်..အတော်အဆင်ပြေတာပါ။

လင်းဖန် ဓာတ်ပုံကို လက်ညိုးထိုးပြလိုက်ပြီး..

"ဒီနေရာမှာ ဖန်တံခါးကို တပ်မယ့်အစား...ဒီတိုင်းလွှတ်ထားပေးပါ..။မဟုတ်ရင်..ကျုပ်တို့..ဒီမှာ အကျဥ်းကျခံ နေရသလို ခံစားနေရလိမ့်မယ်.."

သူ ဒီဇိုင်းအကြောင်း ဘာမှ သိပ်မသိပေမယ့်လည်း အမြင်ကောင်းမွန်မူတော့ ကြည့်တတ်ပါသေးတယ်။

ဒီဇိုင်နာဟာ လင်းဖန်ရဲ့ တောင်း ဆိုချက်ကို..မှတ်သားထားလိုက်တယ်။

"အားလုံးပဲ အလျင်အမြန်..အပြီးသတ် လုပ်ဆောင်ပေးကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ပိုက်ဆံ အတွက်ကတော့ လိုအပ်ရင် ကျွန်တော်ကို သာ လာရှာလိုက်"

လင်းဖန် ပြောလိုက်တာပါ။

ဒီဇိုင်နာဟာ ခေါင်းညိမ့်လိုက်တယ်။ဒီလိုမျိုး မေးခွန်းတွေ အများကြီး မမေးတဲ့ အလုပ်ရှင်က အလူပ်တွဲလုပ်ရတာ ကောင်းပါတယ်။

.......

လင်းဖန် ဆိုင်ဖျက်ဆီး ခံရတဲ့ ကိစ္စဟာ အင်တာနက်ပေါ်မှာ ဆွေးနွေးမူ တွေ ရှိနေခဲ့လို့ပါ။

"ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ။ဒီငနဲက ဆိုင်ကို ဖျက်ဆီးပြီး မောက်မာချင်နေတာပဲ"

"သူ ထောင်တစ်လကနေ ခြောက်လကိုတောင် တိုးသွားသေးတယ်။အခုချိန် သူဖင်သူ ရိုက်နှက်နေလောက်ပြီ..."

"အံ့သြစရာပဲ..နားလည်မူ လျော်ကြေးက ဒေါ်လာ သုံးသိန်း နှစ်သောင်း ဆိုတာ ငါယုံတောင် မယုံနိုင်ဘူး။ကြည့်ရတာ ကျန်တဲ့ ဆိုင်ပိုင်ရှင်တွေလဲ..သူတို့ ဆိုင်ကို လာဖျက်စီးပါစေ ဆိုပြီး မျှော်လင့်နေလောက်ပြီ..."

"မာစတာ လင်းရဲ့ ဆိုင်က ဖျက်ဆီးခံရပေမယ့်..နောက်ဆုံး အနိုင်ရတဲ့ လူကတော့ မာစတာ လင်းပဲနော်"

"ငါ ရယ်ရလွန်းလို့ သေတော့မယ်..။ဒီလူက တရားရုံးမှာတောင် သောင်းကျန်းရဲတယ်နော်.."

....

ဝိုက်ဘိုပေါ်တွင်။

"မာစတာ လင်းက ဝင်ငွေကောင်းသွားတော့..ငါတို့ကို ပြုစုသင့်တယ်နော်.."

"မာစတာ လင်းဆိုင်ဖျက်ဆီး ခံရမှတော့ လျော်ကြေးငွေ ရတာ ဖြစ်သင့်ပါတယ်"

"ဒီလိုမျိုး ဆိုင်ကို ဖျက်ဆီးတဲ့ လူက ဦးနှောက်လွှတ်နေလို့ပဲ ဖြစ်မယ်နော်။ပြီးတော့ ဒီငနဲက တ ရားရုံးမှာပါ..ပြသနာရှာတယ် ဆိုတော့ ..စိတ်ကျန်းမာရေး ဆေးရုံကို ပြသင့်နေပြီ..."

"အပေါ်ကကောင်လေး.သူ့ကို စိတ်ကျန်းမာရေး ဝေဒနာသည်လို့ ပြောနေတာ ရပ်လိုက်တော့။ဒါက သူ့အမူကို ပေါ့လျော့စေနိုင်တယ်..."

ဒီသတင်းက သိပ်ပြီးတော့..မကြီးမားပေမယ့်.မြို့သားတွေ အတွက်ကတော့ ရယ်စရာတစ်ခု ဖြစ်နေပါသေးတယ်။

.....

ညဘက် ၁၁ နာရီ။

လင်းဖန် ..ဆိုင်ကလူတွေနဲ့..အနည်းငယ်သောက်စားအပြီးမှာ အိမ်ကို နောက်ကျမှ ပြန်လာနိုင်ခဲ့ပါတယ်။

"အမေ ..သားပင်ပန်းနေပြီ.."

ကျောပိုးအိပ် အကြီးကြီးကို လွယ်ထားတဲ့ ကလေးတစ်ယောက်ဟာ..သူ့အမေကို .​အကူညီမဲ့စွာ ပြောလိုက်တာပါ။

"မျက်လုံးကို ကျယ်ကျယ်ဖွင့်ထား..ဟုတ်ပြီလား..။အိမ်ပြန်ရောက်တဲ့ အချိန်ကျရင် ဒီနေ့ ဆရာမ သင်လိုက်တာကို နောက်တစ်ခါပြန်ကြည့်ရမယ်။ပြန်သင်ယူတဲ့ အချိန်ကြရင် ကြိုးစားရမယ်နော်. "

အမျိုးသမီးက ပြောလိုက်တာပါ။

လင်းဖန် သူတို့နှစ်ယောက်ကို တစ်ချက်လှမ်းရှိုးလိုက်ပြီး...

"ဒီကလေးက ဂျူနီယာ အထက်တန်း ပဲရှိသေးတယ်မလား..."

အမျိူးသမီး ဟာ လင်းဖန်ကို ကြည့်လိုက်တယ်။

"သူက ဒုတိယ နှစ်ရှိနေပြီ..။ဟေး..မင်းကို ဒီနားမှာ မမြင်မိပါလား...အသစ်ပြောင်းလာတာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"သိပ်မကြာခင်က ဆိုပါတော့.."

လင်းဖန် လည်း ဒီ သားအမိ ကို အရင်ကတစ်ခါမှ မမြင်ဖူးပါဘူး။ဒါပေမဲ့ သူတွေ့ကြည့်လိုက်တဲ့ အရာကြတော့ ဒါကသိပ်မထူးဆန်းပေ။

သူက မနက်ပိုင်းဆို အစောကြီး..ဆိုင်ကို ထွက်သွားပြီး ညဘက်ဆိုရင်လည်း နောက်ကျမှ ပြန်လာတာပါ။သူတိူ့တွေ တွေ့ဆုံမယ့် အခွင့်အရေးက အတော်ကို နည်းပါတယ်။

"ကြည့်ရတာ ကလေးက အတော်ပင်ပန်းနေပြီထင်တယ်။ကျောင်းစာက..တော်တော် ဖိအားတွေများလို့လား..။အခုဆို ၁၁ နာရီတောင်ခွဲနေပြီ.."

"အာ..သူပင်ပန်းနေပြီ ဆိုရင်တောင် မတတ်နိုင်ဘူးလေ..။သူသာ ကျူရှင်ကို မသွားရင်..ကျောင်းရောက်တဲ့ အချိန်ကျ တစ်ခြားကလေးတွေ နဲ့ မယှဥ်နိုင်ပဲဘဖြစ်သွားလိမ့်မယ်.."

"ကျူရှင်က ဒီလောက်ကြီး မဟုတ်ဘူးလေ..။ကျောင်းက သင်တဲ့စာကို အပြည့်အဝ အာရုံစိုက်ထားရင် ရပြီ မဟုတ်ဘူးလား.."

လင်းဖန် ပြောလိုက်တာပါ။

အမျိုးသမီး ခေါင်းခါယမ်းလိုက်တယ်။

"ဒါက အတော်ခက်ခဲတာ။ကျောင်းမှာဆိုရင် ဆရာတွေက သေချာမသင်ကြဘူးလေ..။ကျုရှင်မှာပဲ သူတိူ့က သေချာသင်ပေးကြတာ။ဒါကြောင့် သူကျူရှင် မတက်ဘူးဆိုရင်..ကျောင်းမှာကလည်း သေချာမသင်တော့..တစ်ခြားကလေးတွေနဲ့ ယှဥ်ရင် ကျိန်းသေ နောက်ကျကျန်ခဲ့လိမ့်မ

ယ်.."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်။

"ဘယ်လို အခြေအနေမျိုးတုန်း...ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဌာနကို မပြောဘူးလား.."

"ဒါက မဖြစ်နိုင်ဘူး..။ငါ့ကလေးက ကျောင်းမှာ ဘယ်လို မျက်နှာနဲ့ ဆက်တက်ရတော့မလဲ..။တစ်ခြားမိဘတွေကလည်း ငါ့ကို..စိတ်တိုကြလိမ့်မယ်။ငါ့သား ပြောတာကတော့ အရင်တုန်းက အဲလို လုပ်တဲ့ မိဘတွေ ရှိဖူးတယ်တဲ့..ဒါပေမဲ့ သူတို့ရဲ့ ကလေးကို အတန်းထဲကလူတွ က ပစ်ပယ်ထားခဲ့ကြတယ်လေ.. ။ကလေးရဲ့ မိဘတွေကို လည်း ကိုယ်အလုပ်ပဲ ကိုယ်လုပ်ဖို့နဲ့ သူတို့ကလေးကို ကျူရှင်မထားချင်တာနဲ့ ပြသနာ မရှာဖို့ ပြောလိုက်ကြသေးတယ်.."

ကလေးဟာ ကြည့်လိုက်တယ်။

"အမေ..အမေပြောတာ မှားနေပြီ။သား အခန်းဖော်က ဆင်းရဲတဲ့ နေရာလေးကနေ လာခဲ့တာလေ..ဒါကြောင့် သူ့ခမျာ..ကျူရှင်စရိတ်ကို မတတ်နိုင်ရှာဘူး။အဆုံးမှာတော့ ဆရာတွေက သူ့ကို ..အခန်းထဲမှာ ဂရုမစိုက်ကြတော့တာကြောင့် ကျူရှင်ကို ပို့လိုက်ရတယ်လေ..။သားသိတာတော့ ဒါက သူ့မိဘတွေအတွက် အရမ်းခက်ခဲတယ်ပြောပြီး သူမက အမြဲတမ်း ငိုနေခဲ့ရတယ်..ဒါပေမဲ့..တစ်ခြားအကြောင်းအရာ တွေတော့ ထပ်မပြောခဲ့ဘူး.."

အမျိုးသမီးဟာ သူမသားလေးရဲ့ ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်..။

"အခုသိပြီမလား..သားအိမ်ပြန်ရောက်ရင် စာကို ပိုပြီး ကြိုးစားသင့်တယ်..။အမေ သားလေး မအိပ်ခင်စားဖို့ စပါယ်ရှယ် ချက်ပြုတ်ပေးမယ်လေနော်.."

ကလေးဟာ သူ့အမေကို မျက်တောင် မခတ်ပဲ ကြည့်ကာ ပြောလိုက်တယ်။

"သား အခန်းပြောင်းရင် ကောင်းမလားလို့တွေးနေတာ..။သူတို့ အခန်းရဲ့ ဆရာတွေကပဲ အဲလိုမျိုးဖြစ်နေတာ..။တစ်ခြားအခန်းက ကျောင်းသားတွေက သူတို့ဆရာတွေက အဲလို မဟုတ်ဘူးလို့ ပြောကြတယ်.."

"ဘယ်တုန်းက အခန်းပြောင်းဖို့လွယ် သွားလို့လဲ..။ဒီကျောင်းက လက်ရွေးစင် ကျောင်းလေ။အဖေနဲ့အမေက သားလေးကို ဒီ​ကျောင်းမှာထားနိုင်ဖို့ အများကြီး ကြိုစားထားရတာ။ပိုပြီး ကြိုးစားရမယ်နော် .."

အမျိုးသမီးကြီးက ဆုံးမလိုက်တာပါ။

ကလေးဟာ ဒါကို ကြားပြီး သက်ပြင်းချလိုက်တယ်။

"သားသိပါပြီ..ပိုပြီးကြိုးစားပါ့မယ်.."

"ဟုတ်တယ် ...အမေ့ရဲ့ လိမ္မာတဲ့ သားလေး.."

ဓာတ်လှေကား ဟာရပ်တန့်သွားခဲ့တယ်။ လင်းဖန်ကတော့ ဘာမှ ထပ်ပြီး မပြောတော့ပါဘူး။ဒီအခြေအနေတွေကို ကြားပြီး သူလည်း အကူညီမဲ့သလို ခံစားလိုက်ရပါတယ်။

ဒီလို အခန်းတွေက အများကြီးရှိပြီး..အစိုးရက သင်ရိုးမာတိကာ အသစ်တွေနဲ့ ပေါ်လစီ အသစ်တွေ ချမှတ်ရင်တောင် ဒီဆရာတွေက နည်းလမ်းရှာကြဦးမှာပါ။ဒါက အဆုံးသတ်ဖို့ ခက်ခဲတဲ့ စက်ဝိုင်းကြီး တစ်ခုလိုပါပဲ။

ကျောင်းအကြောင်း ပြောတဲ့ အချိိန်မှာ လင်းဖန်လည်း သူ့ရဲ့ ကျောင်းသား ဘဝကို ပြန်တွေးမိလိုက်တယ်။

အစိုးရက သင်ရိုးမာတိကာ တွေ ဘယ်လို ချိန်းထားလဲ မသိပေမယ့်..ဆရာတွေကတော့ သူတို့သင်ချင်သလို ပြောင်းလဲပြီး သင်နေကြစမြဲပါ။

အခန်းထဲက ကလေးတွေဟာ..သူတို့ရဲ့ ကျူရှင်မှာ မတက်ရင် ဘာမှနားမလည်တဲ့ ဝက်တွေလို ဖြစ်ကြရမှာ အသေအချာပါပဲ။သင်ရိုး အသစ်က ကောင်းမွန်လား မကောင်းမွန်လား မသိပေမဲ့ ရလာဒ်ကတော့ ဒါကို ကြည့်တာနဲ့ ကျဆုံးခဲ့ရပါပြီ။

လင်းဖန် လည်း သူ့ကိုယ်သူ ဒီလို ပညာရေးစနစ်ကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ နားမလညိနိုင်တော့ပေ။

လင်းဖန် သားအမိကို ခေါင်းညိမ့်ပြပြီး နှုတ်ဆက်လိုက်တယ်။ဒါက သူတို့နဲ့ ပထမဆုံး တွေ့ဖူးတာပါ။

နောက်တစ်ရက်။

* ကလင် ကလင် *

ဖုန်းမြည်လာခဲ့တယ်။

ဖုန်းခေါ်တဲ့ လူကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ဒါက ကျောင်းဖေးပါ။သူ ဒီလူနဲ့ မဆက်သွယ်တာတောင် အချိန်အတော် ကြာသွားခဲ့ပါပြီ။

"ဥက္ကဌ လင်း.."

ကျောင်းဖေးရဲ့ အသံဟာ ဖုန်းထဲကနေ ထွက်ပေါ်လာခဲ့တယ်။

အချိန်ခန ရပ်တန့်သွားခဲ့တယ်။

"အကြီးအကဲ ကျောင်း..အဲလိုမျိူးလေး ထပ်ခေါ်ပေးလို့ရမလား..။ကျွန်တော်ကို တစ်စုံတစ်ယောက်က အဲလိုမျိူးခေါ်တာ တစ်ခါမှ မကြားဖူးသေးဘူး..."

လင်းဖန်..ကျေနပ်တဲ့ လေသံနဲ့ ​ပြောလိုက်တာပါ။

ကျောင်းဖေး ခနလောက်ကြောင်အသွားပြီး မှ ရယ်မောလိုက်ပါတယ်။

"ဥက္ကဌ လင်း.."

လင်းဖန် ဒီရာထူးကို ကြားလိုက်တဲ့ အချိန်မှာ ရင်ထဲကနေ ပျော်ရွှင်မူတွေ လိမ့်တက်လာခဲ့တယ်။

"မနက်အစောကြီး ဖုန်းဆက်လို့ပါလား..အကြီးအကဲကျောင်း.."

ကျောင်းဖေး ခနရပ်တန့်သွားပြီး နာရီကို ကြည့်လိုက်တယ်။

"၈ နာရီခွဲနေပြီ..မစောတော့ပါဘူး။မာစတာ လင်း.. ဟန်လုကို မှတ်မိသေးလား..။သူ အဖွဲ့အစည်းကို လာပြီး မာစတာ လင်းကို..ရှာနေတယ်.."

လင်းဖန် ခနလောက် ကြောင်အသွားခဲ့တယ်။

"ကျွန်တော်ကို ရှာနေတား..။ဘာအတွက်လဲ.."

"သိပ်တော့မသေချာဘူး..။ကျွန်တော်တို့ သူ့ကို မေးပေမယ့်လည်း..သူမဖြေဘူးလေ..။ကျွန်တော်တို့က သူတိုက်ခိုက်ဖို့ လာတယ် ထင်ပေမယ့်လည်း..သူက မဟုတ်ဘူးလို့ ပြောနေတယ်.."

ကျောင်းဖေးပြန်ပြောလိုက်တာပါ။

လင်းဖန်လည်း ဟန်လု သူ့ကို ကိစ္စလာရှာလဲ ဆိုတာ မပြောနိုင်တော့ပေ။

"ကောင်းပြီ..သူ့ကို စောင့်နေခိုင်းလိုက်..။ကျွန်တော် ခနနေ လာခဲ့မယ်.

All Chapters