ဟန်လု, မင်းအရှက်မရှိတာကို ရပ်လို့ မရဘူးလား..
Vol. 17 Ch. 249
တကယ်လို့ အကြီးအကဲ ကျောင်းသာ ဒီနာမည်ကို မပြောရင် သူမေ့တောင် မေ့နေလောက်ပါပြီ။ဟန်လု ဆိုတာက ကိုယ်ခံ ပညာလောက မှာ စတားတစ်ယောက်လို့ ပြောလို့ရပြီး..လင်းဖန်ရဲ့ ရိုက်နှက်မူကို ခံရအပြီးမှာတော့ သူ့ပုံရိပ်ကတဖြည်းဖြည်း မှေးမှိန်သွား ခဲ့ရပါတယ်။
အခု သူက လင်းဖန်ကို ကိုယ်ခံပညာ အဖွဲ့အစည်းမှာ လာတွေ့တယ် ဆိုတော့ လင်းဖန် ကိုယ်တိုင်လည်း.ဘာကိစ္စလဲ ဆိုတာကို မစဥ်းစားတတ်ပေ။
အစကတော့ ..ဒီငနဲက သေချာလေ့ကျင့်လာပြီး သူနဲ့ မကြေပွဲ ပြန်လည် ထိုးသတ်ချင်တာ လို့ ထင်ထားခဲ့ပေမယ့်..သူကိုယ်တိုင်က မဟုတ်ဘူးလို့ ပြောနေခဲ့ပြန်ပါတယ်။
ဒါဆို ဘာကိစ္စ ဖြစ်နိုင်မလဲ....
အခုချိန်မှာ သိပ်အများကြီး မတွေးပဲ..တွေ့မှ မေးကြည့်တာက အကောင်းဆုံးပါပဲ။
တကယ်လို့ ဟန်လုသာ သူနဲ့ ထပ်ပြီး တိုက်ခိုက်ချင်ရင်..စွမ်းအားရှစ်မျိုး လက်သီးသိုင်းရဲ့ ၁၈ ကွက်မြောက်လက်သီး သိုင်းဖြစ်တဲ့ နဂါး ဆင်းသက်တဲ့ နည်းစနစ်ကို သုံးပြီး အသိစိတ်ဝင်အောင် လုပ်ပေးလိုက်မှာပါ။
မဟုတ်ဘူး...ငါရဲဌာနကို အရင်သွားတိုင်သင့်တယ်...
လင်းဖန် အိပ်ယာကနေ ထပြီး မျက်နှာသစ်လိုက်တယ်။
ယင်းနောက် အိမ်ထဲကနေ ထွက်ပြီး ကားမောင်းပြီး ထွက်ခွာသွားပါတော့တယ်။
ကိုယ်ခံပညာ အဖွဲ့အစည်းတွင်။
ဟန်လုဟာ ထောင့်တစ်ထောင့်မှာ ထိုင်ခုံနဲ့ ထိုင်နေပြီး..ဖုန်းလေး သုံးကာ စောင့်နေခဲ့ပါတယ်။ယင်းနောက် သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်တယ်။
ကိုယ်ခံပညာ အဖွဲ့အစည်းထဲက လူတွေအကုန်လုံးဟာ သူ့ရဲ့ နောက်ကျောဘက်မှာ တီးတိုး ပြောနေကြလို့ပါ။
"ဒီ ဘဲက ဘာလာလုပ်တာလဲ.."
"သိပ်မသေချာဘူး...သူက ဒုတိယ ဥက္ကဌ လင်း ကို ရှာနေတာလို့တော့ ကြားတာပဲ.."
"ရှောင်ချန်း , အဲ့ ဒုတိယ ဆိုတဲ့စကားလုံး ကြီးကို ဖယ်ထားလိုက်စမ်းပါ။ဥက္ကဌ လင်းလို့ပဲ ခေါ်.."
"သူ့ကိုကြည့်ဦး...ဒေါသထွက်နေတာလား..မသိဘူး။အထူးသဖြင့် သူ့အဲ့နားမှာ ငြိမ်ငြိမ်လေး ထိုင်နေတာက ပိုကြောက်ဖို့ ကောင်းတယ်နော်.."
"ငါတော့ သူ့ကို ဒေါသထွက်နေတယ်လို့ မထင်ဘူး။သူ့ပုံစံက ပုံမှန်ပါပဲ.."
"ဘာပဲဖြစ်ဖြစ်..ငါတို့ ဂရုစိုက်ဖို့လိုတယ်..။သူက အရင်တုန်းက ငါတို့ လူအနည်းငယ်ကို ရိုက်နှက်ထားတာလေ..။ဥက္ကဌ လင်းသာ မရှိရင် ဒီငနဲ ဘာတွေ ဆက်လုပ်မလဲ ဘယ်သူသိနိုင်မှာလဲ.."
"အေးဆေးပါ...ဥက္ကဌ လင်းရှိနေသ၍ ဘာပြသနာမှ ရှိမှာမဟုတ်ဘူး..."
ကျောင်းဖေးဟာ..ဥက္ကဌ နီကို တင်ပြပြီးတဲ့ နောက်မှာ ဒီနေရာကို ပြန်ရောက်လာပြီး မေးလိုက်တယ်။
"မင်းဘာလို့ ..ဥက္ကဌ လင်းကို တွေ့ချင်နေရတာလဲ.."
ဟန်လု ခေါင်းမော့ပြီး ကျောင်းဖေးရဲ့ မျက်လုံးကို ကြည့်ပြီး ပြောလိုက်တယ်။
"မာစတာလင်း လာရင် သူ့ကိုပြောပြမယ်...မင်းကို ပြောလို့လည်း..အပိုပဲ.."
ကျောင်းဖေး အကူညီမဲ့ စွာခေါင်းခါယမ်းလိုက်တယ်။ဒီငနဲ ဒီကို ဘာလာလုပ်တာလဲ သူနားမလည်တော့ပါဘူး...ဒီငနဲ ရဲ့ ကြမ်းတမ်းမူတွေက အခုထိ သူ့မျက်လုံးထဲကနေ မထွက်သေးပေ။
ဥက္ကဌ လင်း ရဲ့ ကြားဝင်ခဲ့မူကြောင့်သာ မဟုတ်ရင်...အခြေအနေတွေက ဘာဆက်ဖြစ်မလဲ တကယ်မပြောနိုင် ပါဘူး။
ဟန်လု သူ့ရှေ့မှာ ထိုင်နေတာက သူ့ကို သက်တောင့် သက်သာမဖြစ်စေပါဘူး။
ဒီကောင် ရုတ်တရက် ပြသနာထရှာရင် ဘယ်သူထိန်းထားနိုင်မှာလဲ....
ဟန်လု ပြန်ကြည့်လိုက်ပြီး..
"ငါမြင်တာတော့..မင်းတို့ သင်တန်းကျောင်းကို အတော် အဆင့်မြင့်ထားတာပဲ..။ကိရိယာတွေ အကုန်လုံးက အသစ်တွေ ချည်းပဲ..။လေထူ တစ်ခုတည်းကပဲ ဒီမှာ ကိုယ်ခံပညာ လေ့ကျင့်ဖို့ အဆင်မပြေတာ.."
ကျောင်းဖေးဟာ ဒါကို ကြားပြီး အနည်းငယ် ရှက်ကိုး ရှက်ကန်း ဖြစ်သွားခဲ့တယ်။
သူက ဘာလို့ ရုတ်တရက်ကြီး ဒါကို ထပြောတာလဲ......
ငါက ငါတို့ကို လှောပြောင်ချင်ပေမယ့် လှောင်ပြောင်စရာ ရှာမတွေ့လို့လား....
ကျောင်းဖေဟာ ဘာမှ ပြန်မပြောပဲ ဥက္ကဌ လင်းရောက်လာတဲ့ အချိန်ကိုသာ စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ။
ကျောင်းဖေးရဲ့မြင်ကွင်းထဲကို အရိပ်တစ်ခုဟာ ပေါ်လာခဲ့ပြီး ဝမ်းသားသွားခဲ့တယ်။သူ ချက်ချင်းရှေ့ကို တက်သွားလိုက်ပြီး...
"ဥက္ကဌ လင်း အမြန်ရောက်လာသင့်တာ။ဒီ ငနဲ ဘာလုပ်ချင်တာလဲ နားမလည်တော့ဘူး.."
လင်းဖန် ကြည့်လိုက်တယ်..ဒါက တကယ်ကို ဟန်လု ပါ။ဒါပေမဲ့ သူ့ရဲ့ အမြင်အရတော့ ဒီငနဲက ပြသနာ ရှာချင်နေတဲ့ ပုံစံ မပေါက်ပါဘူး.။
ဟန်လု လင်းဖန်ကို မြင်တဲ့ အချိန်မှာ ချက်ချင်းထရပ်ကာ လည်ချောင်းရှင်းပြီး လင်းဖန် ဆီကို လျောက်လာခဲ့တယ်။
အဖွဲ့အစည်းက လူတွေအကုန်လုံး အသက်ရူ ရပ်တန့်သွားခဲ့ကြပါပြီ။ခနကြာရင် ဘာဖြစ်တော့မလဲ သူတို့ မသိကြပါဘူး။သူတို့ရဲ့ မျက်လုံး ထဲမှာတော့ ဟန်လုက ကြမ်းတမ်းတဲ့ နည်းစနစ်တွေနဲ့ ကြောက်စရာ လူတစ်ယောက်ပါ။
နောက်တစက္ကန့် အကြာမှာပဲ အဖွဲ့အစည်းက လူတွေဟာ သူတို့မြင်ရတာကို နားမလည်နိုင်ပဲ ဆွံ့အသွားခဲ့ကြတယ်။
ဘာတွေဖြစ်နေတာလဲ....
ဟန်လုဟာ လင်းဖန် ရဲ့ရှေ့မှာ ရပ်ကာ လက်ဆန့်တန်းလိုက်ပြီး..
"မာစတာ လင်း..နေကောင်းရဲ့လား.."
အာ...
လူတိုင်းဒါကို ကြားပြီး ကြောင်အသွားခဲ့ကြပါတယ်။
ဘာတွေဖြစ်နေတာတုန်း.... ဟန်လုက ဘယ်တုန်းက ယဥ်ကျေးသွားရတာလဲ.....
ကျောင်းဖေးလည်း သူ့ရှေ့က မြင်ကွင်းကြောင့် စိတ်ရှုပ် ထွေးသွားခဲ့တယ်။
ကျောင်းဖေးတင်မဟုတ်ပဲ လင်းဖန်လည်းအနည်းငယ် ဆွံ့အသွားခဲ့ပါတယ်။လင်းဖန် ဟန်လုနဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ပြီး..
"ဘာများ ကူညီပေးရမလဲ.."
ဟန်လုနဲ့ တွေ့ရင် ဖြစ်နိုင်ခြေတွေ အကုန်လုံးကို..ခန့်မှန်းထားပေမယ့်..အခုလို ယဥ်ယဥ်ကျေးကျေး လက်ဆွဲ နှုတ်ဆက်ရလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။
ဟန်လု လေးနက်စွာ ပြောလိုက်တယ်။
"ကျွန်တော် မာစတာ လင်းရဲ့ တပည့်ဖြစ်ချင်လို့.."
အာ.....
ဘေးနားက ဆူညံတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တယ်။လူတစ်ချို့ဟာ လဘက်ရည်ခွက် ထားကြပြီးသူတို့ ဟန်လုရဲ့ စကားကို ကြားတဲ့ အချိန်မှာ အံ့သြလွန်းလို့ ခွက်တောင် လွတ်ကျသွားခဲ့ပါတယ်။
"ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား..."
"ဟန်လု ခုနကဘာပြောလိုက်တာလဲ..။သူက ဥက္ကဌ လင်းကို..မာစတာ ဖြစ်စေချင်တာလား..။တကယ်လို့ သတင်းတွေသာ ပျံ့သွားရင်..တကယ်အံ့သြဖို့ ကောင်းသွားလိမ့်မယ်..."
"ဥက္ကဌ လင်းတောင် အံ့သြသွားခဲ့တယ်နော်..။ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ တကယ် မထင်လောက်ဘူး..."
အဖွဲ့အစည်းထဲက လူတိုင်းက ဟန်လု အပေါ်မှာ အထင်အမြင်ကောင်းတွေ မရှိပါဘူး..။ဟန်လုကို တစ်ကိုယ်ကောင်း အတ္တသမားလို့ပဲ မြင်ကြတာပါ။
အခု ဒီငနဲက မာစတာ လင်းကို ဆရာတင်ချင်နေတာမြင်တော့ သူတို့လုံးဝ မပျော်ရွှင်ပေ။အကုန်လုံးက ဥက္ကဌ လင်း ငြင်းပယ်လိုက်ဖို့ပဲ မျှော်လင့်နေကြပါတယ်။
လင်းဖန်..မယုံကြည်နိုင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"မင်း ငါ့ကို နောက်နေတာလား..."
ဟန်လုခေါင်းကို ယမ်းလိုက်ပြီး..လေးနက်စွာပြောလိုက်တယ်။
"အတည်ပြောနေတာပါ။ကျုပ် မာစတာ လင်းကို ဆရာတင်ပြီး သင်ကြားပေးစေချင်တယ်.."
"မင်းက ငါ့ကို သင်ပေးစေချင်တာလား။ဒါဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး..။ငါ့မှာ တပည့်မွေးဖို့ အချိန်မရှိဘူး.."
လင်းဖန် လက်ဝေ့ယမ်းပြီး အကြီးအကဲ ကျောင်းကို ကြည့်လိုက်တယ်..။
"အကြီးအကဲ ကျောင်း ဒီကိစ္စကို ဆက်ပြီး ရှင်းလင်းလိုက်ဦး..။ကျုပ်မှာ အလုပ်ရှိသေးတော့ အခုပဲ သွားတော့မယ်.."
"အာ..."
ကျောင်းဖေး ဆွံ့အသွားခဲ့တယ်။
ဒီပြသနာကို ကျုပ်ဖြေရှင်းလည်း အလကားပဲလေ..။ဟန်လုက ခင်ဗျား တပည့်ဖြစ်ချင်နေတာကို....
လင်းဖန် ချက်ချင်းလှည့်ပြီး ထွက်သွားလိုက်တယ်။သူ့မှာ အချိန်မရှိမှတော့..တပည့် မွေးနေလည်း အလကား ပါပဲ။
လူတွေကို သင်ကြားပေးတာနဲ့..တပည့်လက်ခံတာက မတူညီတဲ့ အရာနှစ်ခုပါ။တစ်ကယ်လို့ ..တပည့်လက်ခံထားပြီး..တပည့်က ပြသနာလိုက်ရှာနေရင်..သူနောက်ကလိုက်ရှင်းပေးရမှာပါ။
ဟန်လု လင်းဖန်နောက်ကို ချက်ချင်းလိုက်သွားခဲ့တယ်။ကျောင်းဖေးကလည်း သူတို့နောက်ကို လိုက်လာလို့ပါ..။
"ငါ့နောက်ကို လိုက်မလာနဲ့..ငါတပည့်လက်ခံမှာ မဟူတ်ဘူး.."
လင်းဖန် ပြန်လှည့်ပြီး ဟန်လုကို ကူကယ်ရာမဲ့စွာပြောလိုက်တယ်။
"မဟုတ်ဘူး..ကျွန်တော် အတည်ပြောနေတာ။ကျွန်တော်က တရုတ်ကိုယ်ခံပညာအပေါ်မှာ အထင်သေးခဲ့တာ မဟုတ်ဘူး။ငယ်ကတည်းက တရုတ်ကိုယ်ခံပညာရှင် ဖြစ်ဖို့ အိပ်မက်မက်ခဲ့တာ..ဒါပေမဲ့ အကြိမ်များစွာ အလိမ်ခံခဲ့ရတယ်လေ..။ကျုပ်ကို သင်ပေးခဲ့တဲ့ မာစတာ တွေအကုန်လုံးက စောက်တလွှဲတွေချည်းပဲ။သူတိုက လေပဲ ရှိပြီး ဘာမှတကယ်မတတ်ကြဘူး..။ဒါကြောင့် စိတ်ကို ပြောင်းလဲ ပြီး MMA ကို လေ့ကျင့်ခဲ့တာ..။ဒီဟာက အတော်ကောင်းမွန်ပြီး..တိုက်ခိုက်စွမ်းရည်မြင့်တယ်လေ..ဒါကြောင့် မာစတာ လင်းနဲ့ မတွေ့ခင်အထိ ဘဝင်မြင့်နေခဲ့မိတာ..."
"မဟုတ်ဘူး..ငါ ဘာတာဝန်မှ မယူချင်သလို..အရည်အချင်းလည်း အဲလောက် မရှိဘူး။ငါမင်းကို ဝူထိုင်တောင်..ထိုင့်တောင်...အဝါရောင်တောင်...ရှောင်လင်ကျောင်း...ဝူတန် ကျောင်း .ဒါမှ မဟုတ် ချင်ချန်း.ကျောင်းတော် အဲ့တစ်ရာရာကို သွားဖို့ အကြံပြုချင်တယ်..။သူတို့မှာ တကယ့်အစစ်အမှန် ပညာရပ်တွေ ရှိမှာပဲ.."
လင်းဖန် အမြန်ပြောပြီးထွက်သွားဖို့ လုပ်လိုက်တယ်။
ဟန်လုဟာ လင်းဖန် သူ့ကို ရဲစခန်းထဲပို့ပြီးတဲ့ အချိန်မှာ အကြာကြီးစဥ်းစားပြီး လင်းဖန်ကိုဆရာတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လင်းဖန် ကားပေါ်တက်ပြီး ထွက်ခွာဖို့ အဆင်သင့်ပြင်လိုက်တယ်။
သို့ပေမယ့် ဟန်လုက သူ့ကားရှေ့မှာ ရပ်နေပြီး..သူ့ကိုယ်လုံးနဲ့ ကားထွက်လို့ မရအောင် ပြန်တွန်းပြီး ကာထားတာ တွေ့လိုက်ရပါတယ်။
"ကျွန်တော် တကယ်ဥာဏ်ကောင်းပါတယ်။ကျွန်တော် မာစတာ လင်းရဲ့ တပည့်အဖြစ်နဲ့ ကိုယ်ခံပညာသင်ကြားချင်လို့ပါ.."
ဟန်လု နေရာကနေ မဖယ်ပေးချင်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
လင်းဖန် ကားမှန်တံခါးကို ဖွင့်လိုက်ပြီး..
"ညီအစ်ကို...မင်းအရူးလုပ်နေတာ ရပ်လို့ရမလား။ငါ့မှာ တပည့်လက်ခံဖို့ အရည်အချင်းမရှိဘူး..အရည်အချင်းရှိရင်တောင် လက်ခံမှာမဟုတ်ဘူး.."
ဟန်လုခေါင်းခါယမ်းလိုက်တယ်။
"မာစတာ လင်းရဲ့..အရေးကြီးတဲ့ အချိန်ကို မဖြုန်းတီးချင်ပါဘူး..။မာစတာ လင်းသာ ကျွန်တော်အတွက် တစ်ရက် ဆရာဖြစ်ပေးရင်တောင်..စိတ်ထဲမှာ ဆရာတစ်ယောက်အနေနဲ့တစ်သက်လုံး မှတ်သားသွားပါ့မယ်.."
"မင်း အရှက်မရှိ မလုပ်လို့ မရဘူးလားကွာ.."
လင်းဖန် အကူညီမဲ့စွာ ပြန်ပြောလိုက်ပါတယ်။