ဒါအဓိပ္ပါယ် ရှိတယ်
Vol. 17 Ch. 250
ဘေးနားမှာ ကြည့်နေတဲ့ လူတိုင်းဟာ ဒီအခြေအနေကို ကြည့်ပြီး အကူညီ မဲ့သလို ခံစားလိုက်ကြရတယ်..။ကားတိုက်မူဖြစ်တာကို မြင်ရတယ် ဆိုတာက မရှားပါးပါဘူး..ဒါပေမဲ့ အခုလို ထွက်တော့မဲ့ ကားရှေ့မှာ တက်နေတာကတော့ မြင်ရတာ ရှားပါးလှပါတယ်။
ဘေးနားက လူးများဟာ မာစတာ လင်းအတွက် စိတ်မကောင်း ဖြစ်သွားခဲ့ကြတယ်။
"မင်း ငါ့ကားရှေ့က နေဆင်းမှာလား မဆင်းဘူးလား..."
လင်းဖန် မယုံကြည်နိုင်တဲ့ အသံနဲ့ မေးလိုက်တာပါ။
"မာစတာ ကျေးဇူးပြုပြီး ကျွန်တော်ကို တပည့်အဖြစ် လက်ခံပေးပါ...တကယ်လို့ သဘော မတူဘူးဆိုရင် ဆင်းမလာဘူး..."
ဟန်လု ခေါင်းမာစွာ ပြန်ဖြေလိုက်တယ်။
ဘယ်လို ကောင်လဲ...
ခေါင်းမာလိုက်တာ...
အဖွဲ့အစည်း မန်ဘာ များဟာ..ဘေးနားကနေ တီးတိုး ရေရွတ်နေခဲ့ကြပါတယ်။
"ဒီ ငနဲက ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ..။ဥက္ကဌ လင်းက တပည့်လက်မခံဘူးလို့ ပြောပြီးနေပြီကို ..သူက ခေါင်းမာနေသေးတယ်.."
"ဒီငနဲ ဆင်းလာဖို့ဆိုရင် ဥက္ကဌ လင်း..လက်ခံတယ် လို့ ပြောမှရမယ်ထင်တယ်..."
"ဘယ်လို ငရဲလဲ..? တကယ်လို့ ငါသာ ဥက္ကဌ လင်း ဆိုရင် ဘာမှ ဂရုမစိုက်ပဲ မောင်းထွက်သွားလောက်ပြီ.."
"စောက်ရေးမပါတာတွေ ပြောမနေနဲ့တော့..။အဲလိုသွားလုပ်ရင်ထောင်ထဲ ရောက်သွားမှာပေါ့.."
"ဟုတ်တယ်.."
.....
လင်းဖန် သက်ပြင်းချပြီး ကားပေါ်က ဆင်းလိုက်တယ်။သူ ဒီကိစ္စကို ဖြေရှင်းဖို့ ဆင်းလာပေမယ့် ဟန်လုရဲ့ အနေအထားကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်တယ်။
ဟန်လု ဟာလည်း မာစတာ လင်းရယ်မောနေတာမြင်ပြီး သူ့ကိုများ တပည့်အဖြစ် လက်ခံ မလားဆိုပြီး ရယ်မောလိုက်ပါတယ်။
"မလှုပ်နဲ့..မင်းကြောင့် ငါ့ကားနံပါတ်ပြားပျက်ဆီးတော့မယ်..."
လင်းဖန်..အလျင်စလိုပြောလိုက်တာပါ။
ဟန်လု ကားနံပါတ် ပြားပေါ်ရောက်နေတဲ့ သူ့ခြေထောက်တွေကို ကြည့်ပြီးလင်းဖန်ကို ပြန်ကြည့်လိုက်တယ်.။
"မာစတာ လင်း..ကျွန်တော်..မဖျက်ဆီးပါဘူး.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"အရင် ဆင်းလာလိုက်.."
"မာစတာ လင်း..သဘောမတူဘူးဆိုရင်. မဆင်းနိုင်ဘူး.."
ဟန်လု ခေါငိးခါယမ်းလိုက်တယ်။သူ မအောင်မြင်မချင်း ရပ်တန့်မှာ မဟုတ်ပါဘူး။တစ်စုံတစ်ယောက်ကို ဆရာတင် ချင်ရင် ခေါင်းမာမှ ရမှာပါ။အထူးသဖြင့် ဒီလို အရည်အချင်းရှိတဲ့ မာစတာ ဆိုရင် ပိုဆိုးပါတယ်။
သူသေအောင် ရိုက်နှက်ခံရမယ် ဆိုရင်တောင် ဒီအခွင့်အရေးကို လက်မလွှတ်နိင်ပေ။
လင်းဖန် ဒီ ငနဲ အတော်အရှက် မရှိမှန်း သိလိုက်တယ်။တကယ်လို့ သူသာ ဒါမျိူးဖြစ်မယ်မှန်း သိရင် လာခဲ့မှာ မဟုတ်ပါဘူး။
"မင်းက နာမည်ရှိတဲ့ လူတစ်ယောက်လေ..ဒီလိုလုပ်နေတာ မင်းမျက်နှာပျက်မှာ မကြောက်ဘူးလား..။မင်းရဲ့ ပရိတ်သတ်တွေ မြင်ရင် တကယ်ကပ်ဆိုးကြီး ဖြစ်သွားလိမ့်မယ်..။မင်းပြန်ဆင်းလာပြီး..မင်းလက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲဆက်လုပ်..."
အရင်တုန်းက ဆိုရင် တော့ သူတပည့်အဖြစ်လက်ခံရင်လက်ခံမှာပါ။ဒါပေမဲ့ အခုတော့ မတူညီတော့ပါဘူး။
ဟန်လု ခေါင်းယမ်းလိုက်တယ်။
"မာစတာ လင်း, ကျေးဇူးပြုပြီး တပည့်အဖြစ်လက်ခံပေးပါ..။ကျွန်တော် ပရိတ်သတ်တွေရှေ့မှာ မျက်နှာပျက်ရမှာလဲ မကြောက်ပါဘူး။ကျွန်တော် ဒီတိုင်း စစ်မှန်တဲ့ တရုတ်ကိုယ်ခံပ သင်ကြားချင်တာပါ.."
သူက MMA ဘက်စုံ ကိုယ်ခံပညာကို လေ့ကျင့်ပြီး သူ့ရဲ့ ကျွမ်းကျင်မူနဲ့ ခွန်အားတွေကို မာစတာလင်းနဲ့ မတွေ့ခင်အထိ ဟုတ်လှပြီ ထင်နေခဲ့တာပါ။ဒီမတော်တဆ မူက သူငယ်ငယ်တုန်းက တရုတ်ကိုယ်ခံပညာ ချစ်တဲ့ စိတ်ကို ပြန်လည်..ပေါ်ပေါက်လာစေခဲ့ပါတယ်။
ဒါကြောင့် သူ ဘာကိစ္စပဲရှိရှိ မာစတာလင်းကို ဆရာတင်ဖို့ ဆုံးဖြတ်ထားတာပါ။
လင်းဖန် အချိန်အတော် ကြာအောင် တွေးပြီးရယ်မောလိုက်တယ်။
"မင်းဘာလို့ ငါ့ကားပေါ်က ဆင်းမလာတာလဲ..ငါတို့ ဆွေးနွေးလို့ ရပါတယ်..."
ဟန်လု အနည်းငယ် ဆွံ့အသွားပြီး ပြန်ပြောလိုက်တယ်။
"တကယ်လို့ ကျွန်တော် ဆင်းလာရင် တပည့်အဖြစ်လက်ခံမှာလား.."
တစ်စုံတစ်ယောက်ရဲ့ တပည့်ဖြစ်ချင်ရင် ဆုံးဖြတ်ချက်ပြတ်သား ဖို့လိုအပ်ပါတယ်။
"ဆင်းသာလာခဲ့ပါ..။မင်းမဆင်းလာရင် ငါ့တပည့်ဖြစ်လာမှာ မဟုတ်ဘူး..။အရင်ဆုံးဆင်းလာခဲ့ ပြီးမှ အေးဆေး စကားပြောမယ်..."
ဟန်လု သူ့အနေအထားသူပြန်ကြည့် လိုက်ပြီး တကယ်လူမြင်လို့ မကောင်းဘူး ဆိုတာ နားလည်လိုက်ပါတယ်။သူ လင်းဖန်ရဲ့ ကားနံပါတ်ပြားကို မထိအောင် ဂရုစိုက်ပြီး ဆင်းလိုက်တယ်။
ယင်းနောက် ဟန်လုဟာ လင်းဖန်ရှေ့ကို စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ သွားပြီး ရပ်လိုက်ပါတယ်။
လင်းဖန် ဟန်လု ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာကို ကြည့်လိုက်တယ်..ဒါက စကားပြောရတာ ပိုကောင်းမှာပါ။
"ငါ့တပည့်ဖြစ်ဖို့ ဆိုရင် လိုအပ်တဲ့ စံနှုန်းတွေက အရမ်းမြင့်တယ် ဆိုတာ သိရဲ့လား.."
ဟန်လု ခေါင်းညိမ့်လိုက်တယ်။
"ကျွန်တော်သိပါတယ်။မာစတာ လင်းလို လူမျိုး တပည့်လက်ခံ ဖို့ဆိုရင်..လိုအပ်ချက်တွေ မြင့်မားမှာပေါ့..."
"ပုံမှန် ဆိုရင်တော့ ငါဘယ်သူ့ကိုမှ လက်ခံမှာ မဟုတ်ဘူး ..။ဒါပေမဲ့ ငါမင်းကို အခွင့်အရေး ပေးနိုင်ပါတယ်..."
လင်းဖန် ပြောလိုက်တာပါ။
"အာ.."
ဟင်းလု စိတ်လှုပ်ရှား သွားခဲ့တယ်။
"မာစတာ ဘာပဲဖြစ်ဖြစ်ရပါတယ်။အမြင့်ဆုံးတောင်ကိုပဲ တက်ရတက်ရ...အနက်ရှိုင်းဆုံး ဆီအိုးကိုပဲ ဆေးရဆေးရ လုပ်ပါ့မယ်.."
လင်းဖန် ရယ်လိုက်တယ်။
"မင်းကို အဲလောက်ထိ မလုပ်ခိုင်းပါဘူး။ဟိုက သွားနေတဲ့ ထရတ်ကားကို တွေ့လား..။အဲ့ကားနောက်ကို သုံးမိနစ်တိတိ ပြေးလိုက်...ပြီးမှ ငါတို့ ဆက်ပြောမယ်..."
ဟန်လုတံတွေးမျိုချကာ.. သူ့ရှေ့က တရတ်ကားကို ကြည့်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်လာခဲ့တယ်။
သုံးမိနစ်က အန္တရာယ် များပေမယ့်လည်း....
မာစတာ လင်းလို လူမျိုးက ဆရာအဖြစ် သင်ကြားခွင့်ရမယ် ဆိုရင်ဆောင် နိုး ကနေ
ရက်စ် ဖြစ်သွားရမှာပါ။
"မာစတာ လင်း.. သုံးမိနစ် ပြေးပြီးသွားရင် ဘာဆက်ဖြစ်မှာလဲ.."
လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး..
"မင်းက ငါ့ကို ဆရာအဖြစ် တင်မြောက်ချင်တဲ့ အဆင့်မှာပဲ ရှိသေးတာတောင် ငါ့ကို သံသယဖြစ်နေပြီလား..။ကြည့်ရတာ မင်းက မထိုက်တန်ဘူးထင်တယ်..."
မာစတာ လင်း စိတ်တိုတာကို ကြည့်ပြီး ဟန်လု စိတ်ပူ သွားခဲ့တယ်။
"မာစတာ လင်း..ကျွန်တော် သံသယ မဖြစ်ပါဘူး..။အခုပဲ ပြေးပါ့မယ်.."
ဟန်လု ဂရုမစိုက်တော့ပဲ ထရတ်ကားဆီ ချက်ချင်းပြေးလိုက်တယ်။သူ့ကြည့်ရတာ ခြေထောက်မှာ မီးတောက်နေသလိုပဲ အတော်လျင်မြန်လှပါတယ်။
အားလုံးဟာ ဒါကိုမြင်ပြီး အံ့သြသွားခဲ့ပါပြီ။
"မဆိုးဘူး ဆက်ပြေးထား..."
လင်းဖန်..အားပေးလိုက်တာပါ။
လင်းဖန်ရဲ့ အားပေးသံကို ကြားပြီး ဟန်လု ပိုအားတက်သွားခဲ့တယ်။သူနောက်ပြန်လှည့်ပြီး မာစတာ လင်းရှိနေသေးလား ပြန်ကြည့်လိုက်ပါတယ်။
မာစတာ လင်းသူ့ကို လက်ခုပ်တီးပြီး အားပေးနေတာ မြင်တဲ့ အချိန်မှာတော့သူ ခေါင်းကိုငုံ့ကာ အားကုန်ထုတ်ပြီး ပြေးပါတော့တယ်။
ကျောင်းဖေး လင်းဖန်ကို အံ့သြသင့်စွာကြည့်လိုက်တယ်။
"မာစတာ လင်း..သူ့ကို တကယ်တပည့်အဖြစ်လက်ခံတော့မှာလား.."
လင်းဖန် ကျောင်းဖေးကို ကြည့်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်တယ်။
"ဘယ်လိုဖြစ်နိုင်မှာတုန်း..။ကျုပ်မှာ လုပ်စရာတွေ များနေပြီးသား..တစ်ခြားဟာတွေ လုပ်ဖို့ အချိန်မရှိဘူး..။ကောင်းပြီ..ကျုပ် သွားတော့မယ်..သူပြန်လာရင်သာ ကျွန်တော်ရဲ့ သတ်မှတ်ချက်တွေက မြင့်တယ်လို့ ပြောလိုက်..."
ကျောင်းဖေး လင်းဖန်ကို အကူညီမဲ့စွာကြည့်လိုက်တယ်။ဥက္ကဌ လင်းရဲ့ သတ်မှတ်ချက်က တကယ်ကို အကျိုးသက်ရောက်ပါတယ်။
လင်းဖန် ကားပေါ်တက်ကာ မောင်းထွက်သွားခဲ့တယ်။
"မာစတာ လင်းမှာက လှည့်စားတဲ့ အကွက်တွေ အများကြီးရှိတာပဲ..။ကြည့်ရတာ ဒီငနဲ အခွင့်အရေးရမယ့် ပုံစံမရှိဘူး.."
"သူကြိုးစားလို့လည်း အပိုပဲနေမယ်..မာစတာလင်းလို လူမျိုးက ကြုံရာလူကို တပည့်လက်ခံမှာ မဟုတ်ဘူး.."
.....
ဟန်လုဟာတော့ ထရတ်ကားနဲ့ ဘေးချင်းယှဥ်ပြီး အားကြိုးမာန်တက်ပြေးနေခဲ့တယ်။သူ့ရဲ့ ကိုယ်ခံစွမ်းအားမှာ ရှိတဲ့ အကန့်အသတ်ကိုတင် ကျာ်လွန်နေခဲ့ပါပြီ။
"မာစတာ လင်း.."
နောက်ဆုံးမှာတော့ ဟန်လု မူလနေရာကို ပြန်ရောက်လာခဲ့ပြီး..လက်နှစ်ဖက်က ပေါင်ပေါ်ကိုထောက်ကာ ပါးစပ်ဟပြီး လေကို အမောတကော ရူနေခဲ့တယ်။
"မာစတာ လင်း ဘယ်ရောက်သွားတာလဲ.."
ဟန်လု အံ့သြသင့်သွားကာ ကျောင်းဖေးနားကပ်ပြီး မေးလိုက်တာပါ။
ကျောင်းဖေး လည်ချောင်းရှင်းလိုက်ပြီး...
"မာစတာ လင်းက အရေးကြီး ကိစ္စပေါ်လာလို့ သွားပြီ။သူပြောသွားတာတော့ မင်း သုံးမိနစ်အတွင်းပြေးနိုင်မယ်လို့ ယုံကြည်တယ်တဲ့...ဒါပေမဲ့ သူတပည့်လက်ခံဖို့ အတွက် သတ်မှတ်ချက်က မြင့်မားတယ်။ဒါက ပထမ အဆင့်ဖြစ်ပြီး..နောက် ဒုတိယအဆင့်..တတိယအဆင့်တွေလည်း ရှိဦးမှာ...."
ဟန်လု အနည်းငယ် စိတ်ပျက်သွားပေမယ့် ခနအကြာမှာပဲ သူ့အမူအရာဟာ ပြောင်းလဲ သွားခဲ့တယ်။
"မာစတာ လင်း ဘာမှာကြားသွားသေးလဲ။ငါ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ..အောင်မြင်မယ်လို့ ယုံကြည်တယ်"
ဟန်လုရဲ့..စိတ်အားထက်သန်မူကို ကြည့်ပြီး ကျောင်းဖေး ဆွံ့အသွားခဲ့တယ်။မာစတာ လင်းက သူ့ကို ကစားသွားတာဖြစ်ပြီး အချိန်မဖြုန်းနဲ့လို့သာ ပြောလိုက်ချင်ပါတော့တယ်။ဒါပေမဲ့ သူအကြံဥာဏ်တစ်ခု ရသွားခဲ့တယ်။
"မာစတာ လင်းက စိတ်နှလုံးကြီးမြတ်တဲ့ လူပဲ။သူက မိဘမဲ့ ဂေဟာမှာ ကူညီနေပြီး.. ပရဟိတ သမားတွေ အားနည်းနေတယ်လို့ ပြောတယ်။မင်း ဒီတိုင်းနေမဲ့ အစား အဲ့ကိုသွား ကူညီပါလား"
"မာစတာ လင်းက အဲလို မှာသွားတာလား.."
ဟန်လု အမြန်မေးလိုက်တယ်။
ကျောင်းဖေး မျက်မှောင်ကျုတ်လိုက်ပြီး...
"သူကတော့ ဘာမှမမှာကြားသွားဖူးလေ..ဒါပေမဲ့ မင်းဆိုရင်ရော ပါးစပ်ကထုတ်ပြောမှာလား.."
"ဒါပေါ့ ငါလုပ်မယ်..။ငါအခုပဲ သွားတော့မယ်.."
ဟန်လု ပြန်ဖြေလိုက်တယ်။
....
"အကြီးအကဲ ကျောင်း ..မာစတာ လင်း က အဲလို
မမှာသွားဘူး မလား..."
ကျောင်းဖေး ပုခုံးတွန့်လိုက်တယ်။
"ငါလည်း မတတ်နိုင်ဘူး။ငါပြောနိုင်တာ အရတော့..ဒီ ငနဲက မာစတာ လင်းရဲ့ တပည့်ဖြစ်ဖို့အရမ်းတွေ စိတ်အားထက်သန်နေတာ။ဒါကြောင့် တစ်ခြားအရာတွေ လျောက်လုပ်မယ့်အစား..အဓိပ္ပါယ်ရှိတဲ့ အရာလေး လုပ်စေချင်တာလေ.."
ဘေးနားက လူတွေဟာ အခုမှ သဘောပေါက်ပြီး နားလည်သွားခဲ့ကြပါတယ်။
"ဒါ အဓိပ္ပါယ်ရှိတယ်.."