ရုတ်တရက် ပြီးမြောက်သွားခဲ့ခြင်း
Vol. 17 Ch. 251
ဆိုင်ပြန်လည် ပြင်ဆင်ပြီးဖို့က အချိန်အနည်းငယ် လိုအပ်ဦးမှာပါ..။လူလိမ် ထျန်ကတော့ လုပ်စရာ မရှိတဲ့ အတွက်ဒီကို အမြဲတမ်း လာကြည့်ပါတယ်။ဒါမှ သူ ဒီက အလုပ်သမားတွေ..ကောင်းလေးတွေနဲ့ စကားပြောလို့ ရမှာပါ။
ဆိုင်အပြင်ဘက်တွင်။
အကြီးအကဲ ခွေးနီကိုးလပ်..သူ့ရဲ့ ခွေးအိမ်ထဲမှ ထွကိလာခဲ့တယ်။ရုတ်တရက် သူအပြင်ထွက်လာပြီး ရှေ့ကိုထွက်သွားလိုက်တယ်။
လင်းဖန် လမ်းထဲကနေ လမ်းလျောက်လာပြီး အကြီးအကဲ ခွေးနီကိုးလပ် သူ့ဆီကို လာနေတာမြင်တဲ့ အချိန်မှာ..ချီးကျူးလိုက်ပါတယ်။
"မဆိုးဘူး..အကြီးအကဲ ခွေး..လာပြီးတောင် နှုတ်ဆက်တတ်နေပြီပဲ..."
အကြီးအကဲ ခွေးနီကိုးလပ်ဟာ သဘောကျသွားပြီး ဆက်တိုက် ဟောင်နေခဲ့ပါတယ်။
လူလိမ် ထျန် လင်းဖန်ကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပြီး..
"ဒီက အလုပ်သမားတွေက အရမ်းမြန်တယ်။သိပ်မကြာခင်မှာ ပြန်ပြန်ဆင်လို့ ပြီးတော့မယ် ထင်တယ်..."
လင်းဖန် ခေါင်းညိမ့်ပြီး မေးလိုက်တယ်။
"မဆိုးဘူး..။ဆရာ..အချိန်ဘယ်လောက် လိုဦးမှာလဲ.."
လင်းဖန်..ဒီလိုပြောတာက အလျင်အမြန်ပြီး ချင်လို့ မဟုတ်ပါဘူး။ဒီကိစ္စကို ခေါင်းထဲထပ်မထည့်ထားချင်တော့လို့ပါ။
"မကြာတော့ဘူး..ဒါက နောက်ထပ်..သုံးရက်လောက်ပဲ လိုတော့မှာ.."
မန်နေဂျာဟာ ပြန်ဖြေလိုက်တာပါ။ဒီအဆောက်အဦးက အကြီးကြီး မဟုတ်ပဲ..ကျွမ်းကျင်အဆင့် ခေါင်းဆောင် နှစ်ဦးလည်း ဦးစီးနေပါသေးတယ်။
* ကလင် ကလင် *
ရုတ်တရက် ဖုန်းသံမြည်လာခဲ့တယ်။ဒါက ဘိုင်ကီ ဆီက ဖုန်းခေါ်တာပါ။လင်းဖန် လည်း သူ့အခြေအနေ ဘယ်လို ရှိလဲ သိချင်သွားခဲ့ပါတယ်။
ဘိုင်ကီ ရဲ့ အသံကတော့ ဖုန်းထဲမှာ အတော်ကိုပျော်ရွှင်နေလို့ပါ။
"ငါတို့ အောင်မြင်ပြီ..ငါတို့ အောင်မြင်ပြီ.."
လင်းဖန် လည်း သူပြောတဲ့ အသံကို ကြားပြီး အပျော်တွေတောင် ကူးစက်သွားခဲ့ပါတယ်။
"ဘာတွေ အောင်မြင်တာတုန်း..."
ဘိုင်ကီ ပြန်ဖြေလိုက်တယ်။
"ငါတို့ဆိုင်က နောက်ဆုံးတော့ စီးပွားရေး အကြီးစားဖြစ်ပြီ။ငါတို့ ဆိုင်ရဲ့အနေအထား ကိုလည်း ပြန်ပြင်ဆင်လိုက်တယ်လေ..။ငါတို့ အခု ဟင်းလျာနဲ့ ထမင်းတွေကို ရောင်းချနေတာ..။ငါတို့ရဲ့ လိုင်းပေါ်က အော်ဒါ တင်မူနှုန်းက..ဟင်းပွဲ သုံးထောင်ကျော်တယ်..ထပ်ပြောရရင် စားကြတဲ့ လူတိုင်းကလည်း..အဆင့်သတ်မှတ်ချက် ကောင်းကောင်း ပေးကြတာ ချည်းပဲ.."
လင်းဖန် ကြောင်အသွားခဲ့တယ်..ဘိုင်ကီ ဒီလိုမျိူး ရွေးချယ်မူကောင်းကောင်းနဲ့ အလုပ်စတင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
"ဒါအတော် ကောင်းတယ်။အလုပ်ကောင်းကောင်း ကြိုးစား..မကြာခင်.မင်းချမ်းသာလာလိမ့်မယ်.."
"ကောင်လေးဖန် ကျေးဇူး အများကြီးတင်ပါတ
ယ်ကွာ..။မင်းသာ မရှိရင် ဒီလို အနေအထားအထိရောက်လာမှာ မဟုတ်ဘူး"
ဘိုင်ကီ လင်းဖန်ကို ဒီသတင်းကောင်းပြောပြဖို့ ဖုန်းခေါ်ခဲ့တာပါ။သူ တကယ် ကျေနပ်နေခဲ့ပါတယ်။
သူ့မိန်းမနဲ့ အချိန်အတော် ကြာအောင် ဆွေးနွေးအပြီးမှာ သူတို့ အွန်လိုင်း ပေါ်ကနေ ဟင်းပွဲတွေ ရောင်းချဖို့ စတင်ခဲ့ပြီး..အွန်လိုင်း ပလက်ဖောင်းတစ်ခုတောင် ဖန်တီး ခဲ့ပါသေးတယ်။
နောက်ဆုံး ရလာဒ်က ဒီလောက်အထိ တုန့်ပြန်မူကောင်းလိမ့်မယ်လို့ သူတို့တကယ် မထင်ထားခဲ့ပါဘူး။အနာဂတ်မှာ သူကျိန်းသေ အလုပ်များတော့မှာပါ။
ဘိုင်ကီဟာ အရမ်းပျော်ရွှင်နေပြီး..ဒီရက်ပိုင်းအိပ်လို့ တောင် မပျော်ခဲ့ပါဘူး..။သူနောက်ဆုံးတော့ အတိတ်ကို ထားခဲ့နိုင်ခဲ့ပါပြီ။
လင်းဖန် သူ့ကို ဂုဏ်ပြုကာ ..ခနကြာအောင်ဘစကားပြောပြီး ဖုန်းချလိုက်တယ်။
သူ့ရဲ့ သူငယ်ချင်းဟောင်း အခုလိုမျိုး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတာ ဝမ်းသာနေခဲ့ပါတယ်။
လူလိမ်ထျန်..သံသယဖြစ်စွာ မေးလိုက်တယ်။
"ဘယ်သူ ခေါ်တာလဲ..။မင်းကြည့်ရတာ အရမ်းပျော်နေသလိုပဲ.."
လင်းဖန် ရယ်မောလိုက်တယ်..။ဒါပေမဲ့ သူသိပ်ကြာကြာ မရယ်နိုင်ခဲ့ပဲ ဆွံ့အသွားခဲ့ပါတယ်။
ဘယ်လိုဖြစ်နိုင်မှာလဲ...မစ်ရှင်က ပြည့်တောင် မပြည့်သေးဘူးလေ..ဘာလို့.ဒီလို အသံကို ကြားနေရတာလဲ.....
စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာလား ဒါပေမဲ့...အသံက အစစ်အမှန်ပဲ နော်....
"ခြောက်ခုမြောက် စမ်းသပ်ချက်ပြည့်သွားပါပြီ။စွယ်စုံ အမှတ် ၂၀ ရရှိပါတယ်.."
"ခုနှစ်ခုမြောက် စာမျက်နှာဟာ ပွင့်သွားခဲ့ပါပြီ။ခုနှစ်ခုမြောက် စာမျက်နှာ အတွက်..ပိုင်ရှင်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ကို..ရွေးချယ်ပေးမည်ဖြစ်သည်"
"ဝမ်မင်ယန် နဲ့ ပိုင်ရှင် နဲ့ဟာ အကန့်အသတ်မဲ့မိတ်ဆွေ ဆက်ဆံရေးရှိပါသည်။သူ အနားမှာမရှိပေမယ့်လည်း သူ့ရဲ့ စွမ်းရည်အား..ဖွင့်လှစ်ပေးလိုက်သည်"
လင်းဖန် ကြောင်အသွားခဲ့တယ်..ဒါက အကန့်သတ်မဲ့ ချစ်ခြင်းတောင် မဟုတ်တော့ပါဘူး..။အကန့်သတ်မဲ့ မိတ်ဆွေ ဆက်ဆံရေး တောင် လုပ်လိုက်ပါသေးတယ်။
ချီးပဲ..
ခနလေး...ဝမ်မင်ယန်က ဘာကျွမ်းကျင်တာလဲ.
သူအရင်တုန်းက ဒီမေးခွန်းကို..မမေးခဲ့ဖူးပေ။
"ဝမ်မင်ယန် နဲ့ ပိုင်ရှင်ဟာ အဓိပါယ်ပြည့်ဝတဲ့ မိတ်ဆွေ ဆက်ဆံရေး ရှိပါတယ်။ဒါကြောင့် အကိုင်းအခွဲ ပညာရပ်တစ်ခု ဖြစ်တဲ့ လောင်းကစား ပညာရပ် အားဖွင့်လှစ်ပေးလိုက်သည်"
"စမ်းသပ်ချက် : လူသိများတဲ့ မာစတာ လင်းဖြစ်လာစေရန်.."
"ဆုလာဒ် : စွယ်စုံ အမှတ် ၂၀ ရရှိမည်ဖြစ်ပြီး..ရှစ်ခုမြောက် အသိပညာကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်"
"မှတ်ချက် :: အကိုင်းအခွဲ..အသိပညာရပ်သာဖြစ်သည့် အတွက်..မည်သည့် ပရိုအဆင့် ကျွမ်းကျင်မူမှ မလိုအပ်ပေ"
"လက်ရှိ စွယ်စုံ အမှတ် :: ၇၂ မှတ်"
အသိပေးချက် ပြည့်မြောက်သွားခဲ့တယ်။လင်းဖန်ကတော့ ခေါင်းဟာ ပိုပိုပြီး ပူလာသလိုခံစားလိုက်ရပါတယ်။ကြည့်ရတာ တစ်စုံတစ်ယောက်က ခေါင်းပေါ်ကနေ..ရေနွေးပူနဲ့ လောင်ချလိုက်သလိုပါပဲ။
ရုတ်တရက်..အရာရာတိုင်းကို သူဂရုမစိုက်နိုင်တော့ပါဘူး။သူ ဒီအရာက ပြီးမြောက်ဖို့ လွယ်လား ခက်ခဲလား ဆိုတာပဲ စိတ်ဝင်စားပါတယ်။
စွမ်စုံကျမ်းက..လောင်းကစားနဲ့ ပတ်သက်တဲ့..ကျွမ်းကျင်မူတွေကို ဖွင့်ပေးလိုက်ပြီး ဆိုကတည်းက သူ လောင်းကစားရုံတွေမှာ..အလောင်းအစား သွားလုပ်ရတော့မယ်လို့ ဆိုလိုတာပါ။
ဒီမစ်ရှင်က ခက်ခဲမှာလား..လွယ်ကူမှာလား ဆိုတာတော့ မသေချာသေးပါဘူး။
ထပ်ပြောရရင် ဒီ စာမျက်နှာက သူ့အတွက် စွယ်စုံအမှတ် ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။သူတစ်ခြားလူတွေကို သင်လို့ရရင်တောင် တစ်ခြားလူတွေကို..သင်ကြားပေးမှာ မဟုတ်ပါဘူး။
လူလိမ် ထျန် ကြောင်တောင်တောင်ရပ်နေတဲ့ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ဘာတွေ ဝမ်းနည်းနေတာတုန်း..မင်းရဲ့ မျက်နှာအမူအရာက တစ်ခုခုဖြစ်နေသလိုပဲ..."
လင်းဖန် ကြောင်အသွားပြီး..လူလိမ် ထျန်.ကိုကြည့်လိုက်ကာ..
"ဘာမှမဟုတ်ဘူး .ဒီတိုင်း တစ်ခုခုကို တွေးမိသွားလို့.."
ယင်းနောက် လင်းဖန် ဝမ်မင်ယန်ကို ရုတ်တရက် ဖုန်းခေါ်လိုက်ပါတယ်။
"ဟေး ..ခင်ဗျား ဘယ်အရာတွေမှာ.ကျွမ်းကျင်လည်း ပြောစမ်းပါဦး..."
ဖုန်းထဲကနေပြီး ဝမ်မင်ယန်ဟာ ဆွံ့အစွာ ပြန်ပြောလိုက်တယ်။
"ဘာပြောချင်တာတုန်း.."
လင်းဖန် ထပ်မေးလိုက်တယ်။
"ခင်ဗျားမှာ လောင်းကစားကလွဲပြီး တစ်ခြား စွမ်းဆောင်ရည်တွေ ရှိသေးလား..သိချင်လို့.."
ဝမ်မင်ယန် ပြန်ဖြေလိုက်တယ်။
"မပြောပါနဲ့တော့..ငါမှ လောင်းကစား မလုပ်တတ်တာ.."
"လုံလောက်ပြီ..သရုပ်ဆောင်မနေနဲ့တော့..ဘာကျွမ်းကျင်လဲ သာပြောစမ်းပါ.."
သူရုတ်တရက်..တက္ကသိုလ်က ပရောဖက်ဆာတွေ..သိပ္ပံပညာရှင်တွေနဲ့ အပေါင်းအသင်းလုပ်သင့်တယ် လို့တွေးလိုက်မိတယ်။
အရင်တုန်းက သူလူလိမ်ထျန်ကို ရှောင်ရှားခဲ့ရပေမယ့် အခုတော့ ဝမ်မင်ယန်ကိုပါ ရှောင်ရှားရတော့မယ့် ပုံပါပဲ။
ဝမ်မင်ယန်ကတော့..လင်းဖန်ပြောတာကို နားမလည်ပေ။သူ အချိန်အတော်ကြာ တွေးလိုက်ပြီး..
"ဘာမှထွေထွေထူးထူး မရှိဘူး..အရက်သောက်..လောင်းကစားလုပ်...ဆေးလိပ်သောက်။ဒါတွေတင် မဟုတ်သေးဘူး..ငါက ယဥ်ကျေးတယ် ..ကြင်နာတယ်နော်။တစ်ခုတော့ရှိတယ် စီးပွားရေး လုပ်တဲ့ နေရာမှာတော့ ငါ့ကို ဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်ဘူး.."
လင်းဖန် ကြားပြီး ဆွံ့အသွားခဲ့တယ်။အနည်းဆုံးတော့..လောင်းကစားကျွမ်းကျင်မူက..သူ့အတွက် အသုံးဝင်ပါသေးတယ်။တကယ်လို့ လူလိမ် ထျန်ရဲ့ ကျောကုန်း ချေးတွန်းတဲ့ အလုပ်သာ ရလို့ရှိရင် သူ တကယ် ထိုင်ငိုဖို့ပဲ တတ်နိုင်တော့မှာပါ။
"ကောင်းပြီ..ဒါပဲနော်။အလုပ်သာ ဆက်လုပ်တော့.."
ဝမ်မင်ယန်..ကြောင်တောင်တောင် နဲ့ ဖုန်းချလိုက်ရတယ်။အစကနေ အဆုံးအထိ ဒီညီအစ်ကို ဘာကို ပြောချင်မှန်း သူနားမလည်ခဲ့ပါဘူး။ဒီညီအစ်ကို တစ်ခုခု လွှဲမှားနေပြီ ဖြစ်ပြီး
မကြာခင် သူသွားလည်ဦးမှ ရမှာပါ။
ဖုန်းချပြီးနောက်မှ လင်းဖန်ရပ်နေခဲ့တယ်။
အဲ့အချိန်မှာပဲ သူ့ဘေးနားကို လူကြီးတစ်ယောက်ဟာ ရောက်လာခဲ့ပြီး...
"မာစတာ လင်းလား..မသိဘူး ခင်ဗျ.."
လင်းဖန် လူကြီးကို ကြည့်လိုက်တယ်။သူ့ကြည့်ရတာ အနည်းငယ် စိတ်ဖိစီးနေပြီး..တစ်ခုခုဆိုးရွားတာ ဖြစ်နေတဲ့ ပုံပါပဲ။
"ကျွန်တော်ပါ ဘာဖြစ်လို့လဲ..."
လင်းဖန် မေးလိုက်တယ်။
လူကြီးက အတော်ကို ငယ်ရွယ်ပါတယ်။သူဟာ အသက်သုံးဆယ် အရွယ်လောက်ရှိပြီး...သေချာဝတ်ဆင်ထားခဲ့တယ်။သို့ပေမယ့်လည်း..သူ့ရဲ့မျက်နှာ အမူအရာက တစ်ခုခု မှားယွင်းနေခဲ့တာ သိသာလှပါတယ်။
လူကြီးဟာ..ညှင်သာပြီး.သိမ်မွေ့တဲ့ အသံနဲ့ ပြောလိုက်တယ်။
"ကျွန်တော်ကြားတာ..မာစတာ လင်းက.ဗေဒင်ပညာမှာ ထူးချွန်တယ်လို့ပြောတယ်။ဒါကြောင့် ရှေ့ဆက် ဘာလုပ်သင့်လဲ ဆိုတာကို သိချင်လို့ပါ.."
လင်းဖန် ဆွံ့အသွားတယ်။ဗေဒင်မေးချင်တဲ့ လူက ဒါမျိုး လာမေးတယ်ဆိုတာ..သူပထမဆုံးကြုံဖူးတာပါ။သူ ခေါင်းခါယမ်းလိုက်ပြီး...
"ခင်ဗျား ကိုယ့်ဟာကို ပဲရွေးချယ်ရမှာ..။လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်စဥ်းစားနိုင်စွမ်းတွေ ရှိကြပြီး..ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာပဲ ကိုယ့်အသက်တွေက မူတည်သင့်တယ်လေ။ဒါကြောင့် ကျွန်တော်လည်း မကူညီနိုင်ဘူး..."
လူကြီးဟာ ခေါင်းကိုမော့လိုက်ပြီး..လင်းဖန်ကို ကြည့်လိုက်တယ်။အဆုံးမှာတော့ သူ ခေါင်းညိမ့်ပြီး ထွက်သွားခဲ့ပါတယ်။
လူလိမ်ထျန်ဟာ ဒီလူကြီးရဲ့ နောက်ကျောဖက်ကနေ ကြည့်နေခဲ့ပြီး
"သူက တစ်ခုခုဖြစ်နေတာလား..."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ်..ကျုပ်သူ့ရဲ့ ကံကြမ္မာကို ဖတ်ကြည့်တာတော့..သူ့မှာ ရှုပ်ထွေးတဲ့ ကံတရားရှိနေတယ်"
လူလိမ် ထျန် သိချင်စိတ်ဖြင့်မေးလိုက်တယ်။
"ရှုပ်ထွေးတဲ့ ကံတရားဆိုတာ ဘာကိုပြောတာလဲ.."
"အဲတာက သူ့ရဲ့ဆုံးဖြတ်မူကြောင့် အချိန်မရွေးသူ့အသက် ဆုံးရှုံးသွားနိုင်တာကို ပြောတာ.."
လင်းဖန်ပြန်ဖြေလိုက်တာပါ။
.........
လူလိမ် ထျန် ဒီလူကြီးနောက်ကို ဆေးရုံနားအထိလိုက်လာခဲ့ပါတယ်။ဒီလူ ဘာလို့ ဆေးရုံကို လာလည်း ဆိုတာတော့ သူနားမလည်တော့ပါဘူး။
ခုနက လင်းဖန်ရဲ့ စကားလုံးတွေက သူ့ကို စိတ်လှုပ်ရှားစေခဲ့တယ်။လူတစ်ယောက်က ရဲ့ အသက်ကို ကယ်တင်တာက ..လူသေတစ်ယောက်အတွက် ဘုရား ခုနှစ်ဆူ တည်တာထက် ပို ကုသိုလ်ရတဲ့အလုပ်ပါ။
ဒါကြောင့် သူ ဒီလူအကြောင်းကို သိတဲ့ အချိန်မှာ စိတ်ပူသွားပြီး တွေဖြစ်နေလဲ သိချင်သွားခဲ့ပါတယ်။
ဆရာဝန် ရုံးခန်းတွင်။
လူလိမ် ထျန်ဟာ အပြန်ဘက်မှာ ရပ်နေပြီး..အထဲက စကားပြောသံတွေကို ကြားလိုက်ရတယ်။
ဒေါက်တာ ပြောလိုက်တယ်။
"သူမရဲ့ ရောဂါက ကုသလို့မရတော့ဘူး။ခင်ဗျား သူမကို ကူသပြီး ပိုက်ဆံတွေ ဖြုန်းတီးနေတာ ရပ်တန့်သင့်ပြီ..."
တိတ်ဆိတ်မူဟာ အချိန်ခနတာ ကြီးစိုးသွားခဲ့ပါတယ်။
လူကြီးဟာ ပြန်ဖြေလိုက်တယ်။
"ကျွန်တော် သူမကို ကယ်လို့ မရတောမှန်း သိပါတယ်။ဒါပေမဲ့ ကျွန်တော် ရှိတာတွေ အကုန်ရောင်းချပြီးသလို ..ပိုက်ဆံတွေလည်း ချေးယူထားပြီးပြီ..။တကယ်လို့ သူမကို ဆေးကုတာသာ ရပ်တန့်လိုက်ရင်..ကျွန်တော် ဘာဆက်လုပ်ရမလဲ တောင် မသိတော့ဘူး.."
ဒေါက်တာဟာ ထိရှသွားခဲ့တယ်။
"လာ လူနာဆောင်ကို သွားကြည့်ကြမယ်.."
လူနာဆောင်တွင်။
ကုတင်ပေါ်မှာ ဖြူဖျော့ပြီး..အားနည်းနေတဲ့ မိန်းကလေးတစ်ယောက်ဟာ လှဲလျောင်းနေခဲ့ပါတယ်။သူမရဲ့ မျက်လုံးတွေဟာ ပိတ်နေပြီး သူမကြည့်ရတာ ..အိပ်စက်နေတဲ့ အတိုင်းပါပဲ။
အသက်သုံးနှစ် အရွယ်ကလေးလေးကတော့ သူမရဲ့ ဘေးနားမှာ ရှိနေလို့ပါ။
ကောင်လေးဟာ သူ့အဖေ ဝင်လာတာ မြင်တဲ့ အချိန်မှာ ချက်ချင်းလက်ကို သွားဆွဲလိုက်တယ်။
လူကြီးဟာ ကလေးလက်ကို ဆွဲပြီး..ကုတင်ပေါ်က မိန်းမကြီးကို ကြည့်လိုက်ပါတယ်။သူ့ကြည့်ရတာ အတော် ဝမ်းနည်းနေတဲ့ ပုံပါပဲ။
သူဟာ ကလေးလေး ဘက်ကို လှည့်လိုက်ပြီး..
"ရှောင်ဒန် ..သားအမေ အဖေတို့ကို ထားသွားတဲ့ အချိန်ကြရင်..အဖေတို့ လမ်းဘေးမှာ အစားအသောက် တောင်းစားကြမယ်နော်..."
ကောင်လေးဟာ မျက်လုံးပြူးသွားပြီး ..အပြစ်ကင်းစွာနဲ့....
"အဖေ..သားက အစားအသောက် မတောင်းတတ်ဘူးလေ။သား ဘယ်လိုလုပ်ရမလဲ..."
လူလိမ်ထျန်ဟာ အတော် ဝမ်းနည်းသွားပြီး သူ့မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်ပါတယ်။ယင်းနောက် သူဆိုင်ဘက်ကို အလျင်အမြန် ပြန်ထွက်သွားခဲ့တယ်။