ဘဝကို ဘယ်လိုရှေ့ဆက်မလဲ
Vol. 17 Ch. 252
တိမ်ဖြူလမ်း။
ဆိုင်အပြင်ဘက်တွင်။
လင်းဖန် အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး..ဆိုင်အပြင်အဆင်ကို ကြည့်နေခဲ့ပါတယ်။သူဆိုင်အပြင်အဆင်ကို ကျေနပ်သွားပြီး.ခေါင်းညိမ့်လိုက်တယ်။
အပြင်ဘက်ပိုင်းက ပြည့်စုံနေပြီ ဖြစ်ပေမယ့်လည်း..တစ်ဆိုင်လုံး ပြည့်စုံဖို့ ဆိုရင်တော့. အချိန်အနည်းငယ်လိုအပ်ဦးမှာပါ။
ဘေးနားရှိ ဆိုင်မှ အကြီးအကဲ ကျန်းဟာ လင်းဖန် ဘေးနားမှာ ရပ်နေရင်း ပြုံးလိုက်တယ်။
"သူဌေးလေး ဆိုင်ရဲ့ အပြင်အဆင်တွေက တကယ်မြန်တာပဲ..။နောက် တစ်ရက် နှစ်ရက်လောက်ဆိုရင်.ဆိုင်က ပြီးသွားတော့မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ဟုတိတယ်..ဆိုင်ကသေးတော့ သိပ်ပြီး ပြင်ဆင်စရာ မရှိဘူးလေ.."
အကြီးအကဲ ကျန်းမေးလိုက်တယ်။
"တရားရုံက ငွေလွှဲပေးမူ အမိန့်ထဲမှာ..ဆိုင်ပြင်ဆင်စရိတ်ရော ပါသေးလား.."
"အင်း..ငွေလွှဲတာလည်း အရမ်းမြန်တယ်။ဒေါ်လာ သုံးသိန်းနှစ်သောင်းကနေ တစ်ဆင့်မှ မလျော့ဘူး.."
လင်းဖန်..အပြင်အဆင် လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လက်မထောင်ပြပြီး ပြန်ဖြေလိုက်တာပါ။
အစကတော့ ချင်းဖေးဟာ..သူ့ကို ပိုက်ဆံမပေးချင်ပေမယ့်လည်း နောက်ဆုံးမှာတော့..ထုတ်ပေးခဲ့ရပါတယ်။အထူးသဖြင့် သူ ထောင် ခြောက်လ ကျခံရဦးမယ် ဆိုကတည်းကစိတ်ဓာတ်ကျနေခဲ့ပါပြီ။
ဒါက သူ့ရဲ့ လုပ်ငန်းတွေ အတွက်တော့ ဆုံးရှုံးမူကြီးပါပဲ။သူတို့ ကုမ္ပဏီက..လုလီ နဲ့ သွားပြီးညှိနှိုင်းရင်တောင်.အဆင်ပြေတော့မှာမဟုတ်ပေ။
လုလီက သူတို့အလုပ်လုပ်မယ့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးသွားပါပြီ။ဒါကြောင့် ချင်းဖေးတို့ ကုမ္ပဏီက သွားပြီး ညှိနှိုင်းရင်တောင်..သူတို့ကြားရမယ့်စကားက.."အနာဂတ်မှာ အခွင့်အရေးရရင် ပူးပေါင်းကြမယ်" ဆိုတဲ့ စကားပါပဲ။
အကြီးအကဲ ကျန်း.ဟာ သိပ်မဝေးတဲ့ နေရာကို ကြည့်လိုက်ပြီး..
"ဟေး..အဲတာ လူလိမ် ထျန်မလား.."
လူလိမ် ထျန် ဆိုင်နားရောက်လာတဲ့ အချိန်မှာတော့ လင်းဖန် ဆွံ့အသွားခဲ့တယ်။
"ဟေး..လူလိမ် .ဘာဖြစ်လို့လဲ..။ခင်ဗျား တစ်ယောက်ယောက် ရိုက်နှက်တာ ခံခဲ့ရလို့လား.။မျက်လုံးတွေ နီရဲပြီး ရောင်နေတာပဲ.."
လူလိမ် ထျန် သူ့မျက်လုံးထောင့်က ..မျက်ရည်တွေကို သုတ်လိုက်ပြီး.ရေရွတ်လိုက်တယ်။
"အရမ်း သနားဖို့ ကောင်းတယ်.."
"ခင်ဗျား ဘာတွေ့ခဲ့လို့လဲ.."
လင်းဖန် လူလိမ် ထျန်အကြောင်းကိုကောင်းကောင်းသိပါတယ်။ဒီလူက..နှလုံးသား ကင်းမဲ့တဲ့ လူတစ်ယောက်ပါ..အခုဒီလိုလူက ငိုနေတယ် ဆိုတော့ နည်းနည်းထူးဆန်းနေခဲ့ ပါပြီ။
လူလိမ် ထျန် ပြန်ပြောလိုက်တယ်။
"ငါ အဲ့လူနောက်ကိုလိုက်ပြီး..ဆေးရုံကို ရောက်သွားခဲ့တယ်.။အရမ်း သနားဖို့ကောင်းတာပဲ..သာမန်လူတစ်ယောက်က ဆေးရုံမှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူး။ငါကိုယ်တိုင်လဲ အဲလိုမျိုး ဆေးရုံတက်နေတဲ့ မိသားစုကို စောင့်ရှောက်ခဲ့ဖူးတယ်.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်။
"ဒါက သဘာဝပဲလေ..ခင်ဗျားက စူပါမန်း မဟုတ်သလို နတ်ဘုရားလဲ မဟုတ်ဘူး။တစ်ခါတစ်လေ ခင်ဗျား ကယ်တင်ချင်ရင်တောင် ကယ်တင်လို့ မရနိုင်တာတွေ ရှိတယ်.."
"ဒါပေမဲ့ မင်းချစ်တဲ့ လူ ဒုက္ခရောက်နေလို့ ကူညီချင်တယ် ဆိုရင် မင်းအကောင်းဆုံး ကြိုးစားရမှာပဲ.."
လူလိမ် ထျန်ပြောလိုက်တာပါ။ဒါက သူ ပထမဆုံး လေးလေးနက်နက် ပြောဖူးတဲ့ စကားပါပဲ။
လင်းဖန် ကြောင်အသွားခဲ့တယ်။
"ခင်ဗျားဘာတွေ့ ခဲ့လို့လဲ..အခြေအနေက ဆိုးရွားနေသလိုပဲ.."
လူလိမ် ထျန်ဟာ..အဖြစ်အပျက်ကို ပြန်ပြောပြဖို့ လုပ်လိုက်တယ်။
"ငါ မင်းကို ပြောပြမယ်.."
လင်းဖန် နဲ့ အကြီးအကဲ ကျန်းဟာ ဂရုတစိုက် နားထောင်နေခဲ့တယ်။သူတို့ လူလိမ်ထျန် တစ်ခုမကျန်ကို ဒီလောက်ထိ ရှင်းရှင်းလင်းလင်း ပြောနိုင်မယ်လို့ မထင်ထားကြပေ။
"မင်းသနားစရာ ကောင်းတယ်လို့ မထင်ဘူးလား..အထူးသဖြင့် ကလေးပြောတဲ့ စကားက မခံစားနိုင်ဘူး။'အဖေ..သားက ဘယ်လို အစားအသောက် ဘယ်လိုတောင်းရမ်းရမလဲ မသိဘူးလေ..သားဘာလုပ်သင့်လဲ.."
လင်းဖန် လူလိမ် ထျန်ရဲ့ ပုခုံးကို သိမ်မွေ့စွာ ပုတ်လိုက်တယ်။လောကကြီးမှာ ဒါမျိူးအဖြစ်အပျက်တွေ အများကြီး ရှိတာကြောင့် တစ်ခါတစ်လေ မှာ အကောင်းဘက်က တွေးဖို့ လိုအပ်ပါတယ်။
လူလိမ် ထျန်..လင်းဖန်ရဲ့ လက်ကို ကိုင်တဲ့ အချိန်မှာ လင်းဖန် လက်ပြန်ရုတ်ဖို့ လုပ်လိုက်ပေမယ့်..လူလိမ်ထျန်ဟာ တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။သူ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ..။
"ငါတို့ ဘာလို့ သူတို့ကို မကူညီ တာလဲ.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်။
"လူလိမ် ..ခင်ဗျားရဲ့ စိတ်သဘောထားက ကောင်းပါတယ်.ဒါပေမဲ့. ကျုပ်တို့ ကူညီနိုင်တာ ဘာမှ မရှိဘူးဆိုတာ ခင်ဗျား သိတယ်မလား..။ပထမ အချက်.ကျုပ်တို့က ဆေးပညာ မကျွမ်းကျင်ဘူးလေ..။တကယ်လို့ ကျုပ်တို့ ဆေးပညာ တတ်ရင်တောင် ဒါက သေတော့မယ့် လူနာဆိုတော့ .ကျုပ်တို့လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး..။ဒုတိယ အချက် ပိုက်ဆံအကြောင်း ပြောရအောင်။ ကျုပ်တို့မှာ ပိုက်ဆံရှိပေမယ့်လည်း..ပိုက်ဆံနဲ့ ဘာလုပ်လို့ ရမှာလဲ။ဒါက အခြေအနေ တွေပဲ ပိုမို ဆိုးရွားလာမှာ..."
လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်။
"ငါသူတို့ကို ဒီလိုအရာတွေနဲ့ ကူညီဖို့ ပြောနေတာ မဟုတ်ဘူး။ငါ ဒါမျိူးမဖြစ်အပျက်တွေကို အများကြီး မြင်ဖူးပါတယ်..နားလည်း နားလည်တယ်။ဒါပေမယ့်.အခုငါက ကလေးနဲ့..အဖေရဲ့ သနားစရာ အဖြစ်အပျက်ကို မြင်ခဲ့ရတာလေ။သူတို့က အနာဂတ်အတွက် လုံလောက်တဲ့ စိတ်ခွန်အားတွေ မရှိကြတော့ဘူး။ဒါကြောင့် ငါမင်းကို သူတို့ရဲ့ အနာဂတ်ကို ဟောပြောပေးပြီး..သူတို့ရဲ့ ရှင်သန်ချင်စိတ်ကို ပြန်အသက်သွင်းပေးစေချင်တာ။သူတို့မှာ အကြွေးတွေ အများကြီး ရှိနေပေမယ့်လည်း ..ဘဝက အမြဲတမ်းပြောင်းလဲ နေတာလေ..သူတို့ကို.မျှော်လင့်ချက်ပြန်ရှင်သန်နိုင်ဖို့ မျှော်လင့်တာ.."
လင်းဖန် ကြောင်အသွားပြီး လူလိမ် ထျန်ကို ကြည့်လိုက်တယ်။ကြည့်ရတာ သူ လူလိမ်ထျန် အကြောင်း အပြည့်အဝ မသိသေးတဲ့ ပုံပါပဲ။
လူလိမ်ထျန် လင်းဖန် ငြိမ်နေတာကြည့်ပြီး သဘောမတူဘူး ထင်ကာ ထပ်ပြောလိုက်တယ်။
"ကျေးဇူးပြုပြီး သူတို့ကို တစ်ကြိမ်လောက် ကယ်တင်ပေးပါ။အနာဂတ်မှာ ငါ..ဒီလိုမျိူး အလုပ်ရှုပ်တဲ့လူ မဖြစ်စေရပါဘူး.."
"ခင်ဗျားကို အလုပ်ရှုပ်တဲ့ လူလို့ မတွေးပါဘူး..။ဒီတိုင်း အံ့သြသွားယုံပါ.."
လင်းဖန် မယုံကြည်နိုင်စွာ ပြောလိုက်တာပါ။
လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်။
"ဒါက ကလေးနဲ့ လူကြီး ကြောင့်ပဲ..။ကလေးက ငယ်သေးတယ် လို့တော့ ပြောလို့မရဘူးလေ။ကလေးလည်း ခံစားနေရတာပဲ။သူတို့ကို မျှော်လင့်ချက်ပေးတာက..အကောင်းဆုံး အဖြေပဲ ဖြစ်လိမ့်မယ် .။ငါတို့မှာ ကံတရားပါလာပြီ ဆိုတော့..သူတိူ့ကို မကူညီရင် ကုသိုလ်တရားကို ဖြုန်းတီးသလို ဖြစ်နေလိမ့်မယ်လေ..။မဟုတ်ရင်အနာဂတ် မှာ ဒီကိစ္စကိုပြန်တွေးမိတိုင်း နောင်တရနေလိမ့်မယ်..။ဒီနေ့ ခေတ်လူတွေက အေးစက်ပြီး..တစ်ကိုယ်ကောင်း ဆန်လာကြပြီလေ"
လင်းဖန် လူလိမ်ထျန်ကို ကြည့်ပြီး အံ့သြသွားခဲ့တယ်။သူ ဒီလူမှာ ကြင်နာတတ်တဲ့ နှလုံးသား ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
အကြီးအကဲ ကျန်းလည်း လူလိမ်ထျန် ကို မတူညီစွာ ကြည့်လိုက်တယ်။ယင်းနောက် သူလင်းဖန်ကို..လက်မ ထောင်ပြလိုက်ပြီး..
"လူလိမ်ထျန် ပြောတာတွေက အဓိပါယ်ရှိတယ်လို့ ငါခံစားရတယ်.."
ယင်းနောက် လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်ပြီး ပြန်ပြောလာမှာကို စောင့်နေခဲ့ပါတယ်။
သူ သဘောတူပြီ ဆိုတာနဲ့ ချက်ချင်း ဆေးရုံကိုသွားလို့ရပါပြီ။
သူ လင်းဖန်ရဲ့ ဗေဒင်ပညာကို ယုံကြည်ပါတယ်.။ဒါက အလိမ်အညာဆို ရင်တောင်မှပဲ တစ်ခြားလူတွေထက် အများကြီး သာမှာပါ။
လင်းဖန် လူလိမ် ထျန်ကို ကြည့်လိုက်ပြီး ထပ်မငြင်းနိုင်တော့ပေ။
"ကောင်းပြီလေ..သွားကြည့်ကြတာပေါ့.."
လူလိမ်ထျန် လင်းဖန်ကို ဆွဲလိုက်တယ်။
"မြန်မြန်သွားရအောင် .တစ်ခါတစ်လေ. ကိစ္စတွေက အချိန်ဆွဲလို့ မကောင်းဘူး.."
ဒီမြင်ကွင်းက လူအိုကြီးတစ်ယောက် လူငယ်လေးကို ဆွဲခေါ်သွားသလိုဖြစ်နေပြီး အနည်းငယ် ထူးဆန်း နေခဲ့ပါတယ်။
အကြီးအကဲ ကျန်းဟာ ပြောလိုက်တယ်။
"ငါလည်း လိုက်ခဲ့မယ်လေ။လူများတော့ အောင်မြင်နိုင်ခြေလည်း ပိုများတာပေါ့..."
"လူလိမ်ထျန်...ကျုပ်တို့ သွားတာက ဟုတ်ပါပြီ.ဒါပေမဲ့ လက်ကို လွှတ်ဦးလေ။ဒီတိုင်းကြီးက ဘယ်လို အဆင်ပြေမှာလဲ.."
လင်းဖန် အကူညီ မဲ့စွာပြောလိုက်တာပါ။လက်ကို ဆွဲပြီးသွားနေတာက နေ့ဘက်ကြီးမှာ လူမြင်လို့ မကောင်းပါဘူး..။
လူလိမ် ထျန် စိတ်လှုပ်ရှားနေခဲ့တယ်..။လင်းဖန် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီ ဆိုမှတော့ မဖြေရှင်းနိုင်တဲ့ ကိစ္စ ရှိမှာမဟုတ်ပါဘူး။
ဆေးရုံတွင်။
လူလိမ်ထျန်ဟာ လူနာဆောင်ကို ဦးဆောင်လာခဲ့တယ်။
သူတို့ သုံးယောက်ဟာ ဝင်ပေါက်မှာနေပြီး အခန်းထဲကို လှမ်းကြည့်နေခဲ့တယ်။သူတို့ရဲ့ မြင်ကွင်းမှာတော့ လူကြီးတစ်ယောက်ရဲ့ နောက်ကျောဟာ ရှိနေလို့ပါ။
လင်းဖန် လူလိမ် ထျန်ကို ဘေးဘက်ဆွဲလိုက်ပြီး
"ဘေးနားမှာနေ..ကျုပ်သူ့ကို အရင်သွားပြောလိုက်မယ်.."
လူလိမ်ထျန်နဲ့ အကြီးအကဲ ကျန်းဟာ ခေါင်းညိမ့်လိုက်တယ်။
လင်းဖန် လူနာဆောင်ထဲ ဝင်သွားပြီး မတ်တတ်ရပ်လိုက်တယ်။ကုတင်ပေါ်က မိန်းကလေးကို မြင်တဲ့အချိန်မှာ မကြာခင် သေဆုံးတော့မှာမှန်း သဘောပေါက်လိုက်ပါတယ်။
လူကြီး ခေါင်းမော့လာခဲ့တယ်။
"မာစတာ လင်း.."
လင်းဖန် လူကြီးကို ကြည့်လိုက်ပြီး..
"ရူဒီ.."
ရူဒီဟာ ကြောင်အသွားခဲ့တယ်။
"ကျွန်တော် နာမည်ကို သိတယ်လား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ခင်ဗျား ကျုပ်ကို သိကတည်းက ကျုပ်ဘာအလုပ်လုပ်လဲ ဆိုတာ သိမှာပဲ။အစောတုန်းက ခင်ဗျားဘာလုပ်ရမလဲ လာမေးတယ်နော်..အခု ခင်ဗျားကို အနီးကပ်သေချာ ကြည့်ပြီး ဗေဒင်ဟောပေးမယ် .ခင်ဗျား အချိန်ရရဲ့လား..."
ရူဒီ တိတ်ဆိတ်သွားပြီး သူ့မိန်းမနဲ့ ကလေးကို ကြည့်လိုက်တယ်။သူတို့ နှစ်ယောက်လုံး အိပ်ပျော်နေကြတာပါ။ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပြီး..
"ကျွန်တော် အားပါတယ်..."
"လာ..ကျုပ်တို့ အေးအေးဆေးဆေး စကားပြောရအောင် ."
လင်းဖန် ပြောလိုက်တာပါ။
ရူဒီဟာ လမ်းပျောက်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ဆက်လုပ်ရမလဲ မသိတဲ့လူတစ်ယောက်ပါ။သူ အင်တာနက်ပေါ်မှာ ဆေးပညာအကြောင်းလေ့လာရင်း တိမ်ဖြူလမ်းရဲ့ မာစတာ လင်းရဲ့ စွမ်းရည်တွေအကြောင်း သိလိုက်ပြီး သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အခု မာစတာ လင်းက ဒီရောက်နေပြီ ဆိုတော့ သူကယ်တယ်ရှင် တစ်ယောက်ကို တွေ့ရသလို ခံစားလိုက်ရတယ်။
လူနာဆောင် တစ်ခုကို ရောက်တဲ့ အချိန်မှာ..လင်းဖန် ရပ်သွားခဲ့ပြီး..ရူဒီပါ လိုက်ရပ်လိုက်တယ်။
မာစတာ လင်း ဘာလို့ရပ်မှန်း သူလည်း မသိပါဘူး။
အပိုင်း ( ၂၅၂ ) ....ပြီးပါပြီ.....❤️