အဆင့်မြင့် လိမ်လည်မှု
Vol. 17 Ch. 253
ရူဇီ လူနာဆောင်ထဲကို ကြည့်လိုက်တယ်။
လူနာဆောင်ထဲမှာတော့ လူအုပ်စုတစ်ခုဟာ လူနာကုတင်ဘေးနားမှာ ဝိုင်းနေခဲ့ပြီး..လူနာကုတင်ပေါ်မှာတော့ ..အဖိုးကြီး တစ်ယောက်ရှိနေခဲ့ပါတယ်။
အဖိုးကြီးဟာ အရှင်းမလင်းပြောလိုက်တယ်။
"ငါ့ကြောင့် ပိုက်ဆံတွေ အများကြီး ဖြုန်းတီးနေကြရပြီ။ငါ့ကို ရိုက်နှက်လိုက်ကြစမ်းပါ.."
မိသားစုတွေဟာ ငိုနေခဲ့ကြတယ်။
"ဘယ်လောက်ပဲ ကုန်ကျ ကုန်ကျ..ကျွန်တော်တို့..ပေးချေးရမှာပေါ့..အဖေ့ကို ဘာလို့ ရိုက်နှက်ရမှာလဲ. "
အဖိုးကြီးဟာ .ထထိုင်လိုက်ချင်ပေမယ့်လည်း သူ့ရဲ့ ခန္တာကိုယ်က သူ့ရဲ့ ဆန္ဒအတိုင်း ခွင့်မပြုခဲ့ပေ။သူပြောလိုက်တယ်..
"မင်းတို့ ငါ့ကို မရိုက်ဘူးဆိုရင်..ငါမင်းတို့ကို ရယ်ပြမယ် ."
ဖျားနာနေတဲ့ အဖိုးကြီးဟာ..သူ့ခန္တာကို အရိုးအသားတွေထဲက စွမ်းရည်တွေကို ညှစ်ထုတ်ကာ ရယ်မောပြလိုက်တယ်။သူ မျက်နှာပေါ်က တင်းတိတ်တွေဟာ စုစည်းသွားပြီး..ပန်ပွင်းလေးတွေလိုတောင် ဖြစ်နေခဲ့ပါတယ်။
မိသားစုဝင်တွေဟာ..မျက်ရည်တွေနဲ့ ပြည့်နှက်နေပေမယ့်လည်း သူတို့အဖေ ရယ်မောနေတာကို ကြည့်ပြီး လိုက်ရယ်လိုက်ကြတယ်။
"ဒါက စိတ်ကျေနပ်စရာပဲ.။မင်းတို့.အားလုံး ရယ်နေတာမြင်ရရင် ငါကျေနပ်ပါပြီ။ငါ မနေ့က မင်းတို့ အမေကို မေးခဲ့တယ်..ငါ့ရဲကလေးတွေကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲလို့..။သူမပြန်ပြောတာက ပြုံးသာပြလိုက်..သူတို့ပျော်ရွှင်ကြလိမ့်မယ်တဲ့..."
အဖိုးကြီးဟာ ပြောလိုက်တာပါ။
မိသားစု ဝင်တွေကတော့ မျက်ရည်တွေကို မထိန်းနိုင်တော့ပေ။အဖိုးကြီး ပြောတဲ့ မင်းတို့ရဲ့ အမေ ဆိုတာက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သေဆုံးပြီးသွား ခဲ့ပါပြီ။
....
အပြင်ဘက်တွင်။
လင်းဖန် ပါးစပ်ဖွင့်ပြီး ပြောလိုက်တယ်။
"သူမ စကားပြောနိုင်ရင် ..ဘာပြောလိမ့်မယ်ထင်လဲ.."
ရူဒီ ဘာမှမပြောပဲ တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်တယ်။
ဧည်သည် တွေ့သည့်အခန်းတွင်။
လူလိမ် ထျန် ရောက်လာပြီး ရူဒီရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
"ကောင်လေး မင်းသန်သန်မာမာ နေမှရမယ်.."
ရူဒီ လူလိမ်ထျန် ဘယ်သူမှန်း မသိပေမယ့်လည်း ခေါင်းညိမ့်ပြီး ကျေးဇူးတင်လိုက်တယ်။
လူလိမ်ထျန်ရဲ့ အသက်အရွယ်နဲ့ ရူဒီကို ကောင်လေးလို့ ခေါ်တာက ပုံမှန်ပါပဲ။
လင်းဖန် ရူဒီ လက်မောင်းအောက်မှာ ရှိနေတဲ့ ကောင်လေးကို ကြည့်လိုက်ပြီး..
"ကလေးက ရုပ်ရည် ခန့်ညားတာပဲ။တိမ်ပြာတွေက အရှေ့ဘက်က ပျံသန်းလာနေပြီ။ရူဒေါင်
က နာမည်ကောင်းတစ်ခုပဲ.."
[ ဒေါင် ဆိုတာက တရုတ်အဓိပါယ်အရ အရှေ့အရပ်ပါ.]
ရူဒီ အစက ကြောင်အသွားပေမယ့် မာစတာဟလင်းရဲ့ ဂုဏ်သတင်းကို ပြန်တွေးမိပြီး ဒါကပုံမှန်ပဲလို့ တွေးလိုက်တယ်။
"သူ့နာမည်ကို..သူ့အဖိုးက ပေးထားခဲ့တာလေ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။သူ ရူဒီကို နားလည်ပါတယ်..သူ့အမူအရာက စိတ်ပျက်နေပေမယ့်လည်း အနည်းငယ်တော့ လန်းဆန်းလာခဲ့ပါပြီ။
"ခင်ဗျား ဆေးရုံစားရိတ်အတွက် ပိုက်ဆံတွေ အများကြီး သုံးခဲ့ရတယ်မလား.."
ရူဒီ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တယ်။
"အိမ်ကို ရောင်းလိုက်တယ်..။ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ဆီကလည်း ပိုက်ဆံ ရသလောက် ချေးငှား ခဲ့တယ်..ဒါပေမဲ့ လည်း သူမကို မကယ်တင်နိုင်သေးဘူး.."
လင်းဖန် ရူဒီရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"အနည်းဆုံး ခင်ဗျား တတ်နိုင်သလောက် ကြိုးစားခဲ့တယ်လေ..အနာဂတ်မှာ ခင်ဗျား နောင်တရစရာ ဘာမှ မရှိပါဘူး.."
ရူဒီ လူလိမ်ထျန် ကမ်းပေးတဲ့ စီးကရက်ကို ယူကာ ဖွာလိုက်တယ်။ယင်းနောက်သူ လင်းဖန်ကို ပြန်ပြောလိုက်ပါတယ်။
"မာစတာ လင်း ကျွန်တော် အခု ဘာဆက်လုပ်သင့်တယ်ထင်လဲ..။ကျွန်တော်ကတော့ ကျွန်တော့် ဘဝကြီး အဆုံးသတ်သွားပြီလို့ ခံစားနေရတယ်။ကျုပ်တစ်ယောက်တည်း ဆိုရင်တော့ ဒါက ပြသနာ မရှိဘူးလေ..ဒါပေမဲ့ ဒေါင်ဒေါင်က ရှိနေသေးတယ် ."
လူလိမ်ထျန် ဘာမှ ဝင်မပြောပေ။သူ ဒီကိစ္စကို လင်းဖန် လက်ထဲမှာပဲ အပ်ထားခဲ့တာပါ။
လင်းဖန် ဒေါင်ဒေါင်ရဲ့ မျက်နှာကို ကြည့်လိုက်ပြီး ရူဒီကို ပြန်ကြည့်လိုက်တယ်။
"ကောင်းပြီ ဒီအခြေအနေ ရောက်လာမှ တော့ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်..။ဒေါင်ဒေါင်က အခုလောလောဆယ် ကံတရား နှစ်ခုနဲ့ ရင်ဆိုင်နေရတယ်။အနာဂတ် နှစ်ခု..အဲတာ ဘာတွေလဲ သိချင်လား.."
ရူဒီ ကြောင်အသွားခဲ့တယ်။
"မာစတာလင်း အနာဂတ်ကို မြင်နိုင်တယ်လား.."
လင်းဖန် ပြုံးလိုက်တယ်။
"ခင်ဗျား သိချင်လား.."
ရူဒီ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ..
"သိချင်တယ်..."
"ပထမ ကံတရားက..လူတွေပြောပြောနေသလိုပတ်ဝန်းကျင်ကို လိမ်လည်နေတယ် ဆိုတဲ့ သူတောင်းစားဖြစ်လာဖို့ပဲ။သူ့ရဲ့ ဘဝမှာ ရဲတွေဖမ်းတာကို အကြိမ်များစွာ ခံရပြီးတဲ့နောက်မှာ..နောက်ပိုင်းနေရက်တွေကို ထောင်ထဲမှာပဲ ဖြတ်သန်းသွားဖို့ ကံတရား ရှိနေတယ်.."
လင်းဖန် ပြောလိုက်တယ်။
ဒါကိုကြားတဲ့ အချိန်မှာ..ရူဒီဟာ လင်းဖန်ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။သူတစ်ခုခု ပြောချင်ပေမယ့်လည်း..လည်ချောင်းထဲမှာ တစ်ခုခုတစ်ဆို့နေသလိုမျိုး ဘာမှ မပြောနိုင်ခဲ့ပါဘူး။
လင်းဖန် ဆက်ပြောလိုက်တယ်။
"ဒုတိယ တစ်ခုက နိုင်ငံကို အကျိုးပြုနိုင်တဲ့ ဘွဲ့ရတစိယောက်ဖြစ်လာဖို့ပဲ..။သူက သိပ္ပံပညာရှင်..ချမ်းသာတဲ့ လူ ...တီထွင်သူ..ဒါမှမဟုတ် ပရော်ဖက်ဆာ ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေရှိနေတယ်.."
ရူဒီဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..စိတ်ပျက်တဲ့ အမူအရာ ပြန်ဖြစ်သွားခဲ့ပါတယ်။
"မာစတာ လင်း..ကျွန်တော်ကို စိတ်ခွန်အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ကျုပ် ခင်ဗျားတို့ အကုန်လုံး လူကောင်းတွေဆိုပေမယ့် ခင်ဗျားတို့ ကျုပ်အကြောင်းကို မသိသေးဘူး..။ကျွန်တော့်မှာ သွားစရာနေရာ မရှိတော့ဘူး..အကြွေးတွေကလည်း အရမ်းများနေပြီ။ကျွန်တော် ကျန်တဲ့ တစ်ဘဝလုံး ရုန်းကန်ပြီး မအိပ်..မနားပဲ အလုပ်လုပ်ရင်တောင် ဒီလောက် ပိုက်ဆံအများကြီး ပြန်ဝင်နိုင်တော့မှာ မဟုတ်ဘူး.."
လင်းဖန် ရူဒီကို ကြည့်ပြီး ပြုံးပြလိုက်တယ်။
"ရူဒီ..ယောက်ျားလေး..။၁၉၈၁ မှာ မွေးဖွားခဲ့တယ် ....အရင်တုန်းက...."
ရူဒီ အစက စိတ်ထဲသိပ်မထားပေမယ့် အခုတော့ လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။သူ့ရှေ့က လူက သူ့အကြောင်း အတော် သိနေတာ သူသိလိုက်ပါပြီ။
သူ ငါ့အကြောင်းကို စုံစမ်းထားတာ ဖြစ်နိုင်မလား...
သို့ပေမယ့် အလျင်အမြန်ပဲ ဒါမဖြစ်နိုင်ဘူးဆိုတာနားလည်လိုက်တယ်။ကောင်းမွန်စွာ ရှင်သန်နေတဲ့လူက သူ့လို သာမန်လူတစ်ယောက်ကို စုံစမ်းစရာ အကြောင်းမရှိပါဘူး။
လင်းဖန် မေးလိုက်တယ်။
"အခု ခင်ဗျား ကျုပ်ကို ယုံကြည်ပြီလား.."
ရူဒီ လေးနက်တဲ့ အသံနဲ့ ပြန်ဖြေလိုက်ပါတယ်။
"ယုံကြည်ပါတယ်"
ဘေးနားက ရပ်နေတဲ့ အကြီးအကဲ ကျန်းတောင် အံ့သြနေခဲ့ပါပြီ။မာစတာ လင်းက မယုံနိင်လောက်အောင် စွမ်းရည်တွေရှိမှန်း သိပေမယ့် ဒီလောက်အထိ စွမ်းရည်တွေ ရှိလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။
လင်းဖန် ရူဒေါင်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။
"ကြည့်..အခုသူ့မှာ ကံတရား နှစ်ခုရှိနေပြီ...။ကျုပ်အခု ရွေးချယ်စရာနှစ်ခု ပြောပြမယ်ခင်ဗျားရဲ့ ရွေးချယ်မူက သူ့ကို အကျိူးသက်ရောက်စေလိမ့်မယ်...။ခင်ဗျား ကြားချင်လား.."
ဒီတစ်ခါမှာတော့ ရူဒီ တွေဝေမနေပဲ အလျင်အမြန် ခေါင်း ညိမ့်လိုက်ပါတယ်။
လင်းဖန် ဒါကိုမြင်ပြီး ပြောလိုက်တယ်။
"ပထမ တစ်ခုက ခင်ဗျားရဲ့ အကြွေးတွေကို တစ်ခုမကျန် ကျုပ်ဆပ်ပေးလို့ရတယ်။ဘယ်သူ့ဆီမှာမှ အကြွေးမတင်စေရဘူး။ဒါပေမဲ့ သူ့ရဲ့ ဘဝက ..လူတွေ ပြောပြောနေတဲ့ လိမ်ညာတောင်းရမ်းတဲ့ သူတောင်းစား တစ်ယောက်အဖြစ် အဆုံးသတ်ရလိမ့်မယ်။သူက..တစ်ဘဝလုံး အထီးကျန်နေပြီး..အသက် ခြောက်ဆယ် ဝန်းကျင်လောက်မှာ..လမ်းဘေးမှာ သေဆုံးရမှာ.."
ရူဒီ လင်းဖန် အစပိုင်းပြောတဲ့ အချိန်မှာ မျှော်လင့်ချက်တွေ ရှိနေခဲ့ပြီး ဒုတိယပိုင်း ကို ကြားတဲ့ အချိန်မှာတော့ မျက်လုံးပြူးကျယ်သွားခဲ့တယ်။
"ဒုတိယ တစ်ခုက ခင်ဗျားဘဝ အနစ်နာခံရမှာ။ခင်ဗျား အနှစ်နှစ်ဆယ်လောက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင် အပြီးမှာ ခင်ဗျား အကြွေးတွေ အကုန်ပြန်ဆပ်နိုင်လိမ့်မယ်။သူ့အတွက်ကတော့ ငယ်ရွယ်တဲ့ အချိန်ကတည်းက အတွေ့အကြုံတွေ ရှိလာပြီး..နိုင်ငံအတွက် အကျိူးပြုနိုင်တဲ့ အဆင့်အထိရောက်လိမ့်မယ်။ပြီးတော့ နောက်ပိုင်းအချိန်တွေမှာ သူနဲ့ သူ့ရဲ့ မိသားစုတွေရဲ့ အချစ်တွေ ပျော်ရွင်မူတွေကို ခင်ဗျား ခံစားရပြီး အေးအေးဆေးဆေးဟဘဝကူးနိုင်လိမ့်မယ်..."
"အခု ခင်ဗျား ရွေးချယ်နိုင်ပြီ.ဘဝအစပိုင်းမှာ အေးအေးချမ်းချမ်း ဖြတ်သန်းချင်လား..ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက် ခံစားချင်လား..။ဒါပေါ့ ..ကံတရား ဆိုတာကပြောင်းလဲ နေတော့ ခင်ဗျားမှာ တစ်ခြားရွေးချယ်စရာတွေလဲ ရှိတော့ရှိသေးတယ်။ဒါပေမဲ့ ဒီနှစ်ခုက ကျုပ်ပြောနိုင်တဲ့ အရာပဲ တစ်ခုက ကောင်းတယ် ..တစ်ခုက ဆိုးရွားတယ်..။စဥ်းစားကြည့်လိုက်ဦး..."
စွယ်စုံကျမ်းရဲ့ ဗေဒင်ပညာက ကောင်းမွန်တော့ လူတစ်ယောက်ကို နောက်ဆယ်နှစ်လောက် ကြိုကြည့်ဖို့က လင်းဖန် အတွက် မခက်ခဲပေမယ့်လည်း အကုန်တိကျတယ်လို့တော့ မဆိုလိုနိုင်ပေ။ဒီကြားထဲ ရွေးချယ်မူတွေကြောင့် ကံတရားတွေဟာ ပြောင်းလဲ သွားနိုင်ပါသေးတယ်။
တစ်ကယ်လို့ တစ်စုံတစ်ယောက်ကသာ တစ်ဘဝလုံးစာကို ကြိုမြင်နိုင်တယ် ဆိုရင် အဲတာ ဗေဒင်ပညာ မဟုတ်တော့ပါဘူး။ဒါက နတ်ဘုရားတွေပဲ လုပ်နိုင်တဲ့ အရာပါ။
တစ်ချိန်လုံး ငြိမ်နေတဲ့ လူလိမ်ထျန် တောင်လင်းဖန်ရဲ့ စကားကို ကြားပြီး အံ့သြသွားခဲ့တယ်။သူ ဒါအမှန်လားလို့ မေးချင်နေပေမယ့် မမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
သူတို့ဒီနေရာက ထွက်သွားပြီးမှ မေးလို့ရမှာပါ။
"နှစ်နှစ်ဆယ်.."
ရူဒီရဲ့ ပါးစပ်ဟာ ကျယ်သွားခဲ့တယ်။ယင်းနောက် သူ့သားလေးကို ကြည့်ပြီးတဲ့ အချိန်မှာတော့ တွေးဝေးခြင်းမရှိပဲ ရွေးချယ်လိုက်ပါတယ်။
"ကျွန်တော် ဒုတိယတစ်ခုကို ရွေးချယ်မယ်..ကျွန်တော်သားလေးရဲ့ အောင်မြင်မူနဲ့ပျော်ရွင်မူအတွက် နှစ်နှစ်ဆယ်လောက်..ပင်ပန်းဆင်းရဲရလည်း တန်ပါတယ်။သူ့အမေသာ ဒါကိုသိရင် အတော်ဝမ်းသာနေမှာပါ"
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး မေးလိုက်တယ်။
"ခင်ဗျား ကျုပ်ကိုယုံကြည်လား..."
ရူဒီ လင်းဖန်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။
"မာစတာ လင်းကို ယုံကြည်ပါတယ်"
ယင်းနောက် လင်းဖန်ဟာ ပြုံးကာ မတ်တတ်ထရပ်လိုက်ပြီး...
"ခင်ဗျား ယုံကြည်ရင် တကယ်ဖြစ်လာလိမ့်မယ်။ခင်ဗျား မယုံကြည်ရင် တကယ်ဖြစ်လာမှာ မဟုတ်ဘူး။လူတစ်ယောက်ဟာ တစ်ခါပဲ ဆုံးဖြတ်ချက်ချရမှာ ..နှစ်နှစ်ဆယ် ဆိုတာက ကြာရှည်တယ် လို့ ပြောလို့ မရသလို..တိုတောင်းတယ်လို့လဲ ပြောလို့ မရဘူး။ဒါက မျက်စိတစ်မှိတ်အတွင်းမှာ ပြီးဆုံးသွားမှာ..။ခင်ဗျား မိန်းမကို အချိန်ပေးလိုက်ဦး..ကျုပ်နောက်မှ ပြန်လာခဲ့မယ်.."
ရူဒီ မတ်တတ်ရပ်ပြီး လင်းဖန်ကို ပြည့်လိုက်တယ်။
"မာစတာ လင်း..ကျုပ်ခင်ဗျားကို တကယ်ယုံကြည်ပါတယ်.."
လင်းဖန် ရယ်မောလိုက်တယ်။
"ကျုပ်ကို ယုံကြည်တာက ခင်ဗျားကို ခင်ဗျား ယုံကြည်တာပဲ။ဒါက ခင်ဗျား ကလေးရဲ့ အနာဂတ်ကို ယုံကြည်ရာလည်း ရောက်တယ်"
ရူဒီ ေခါင်းညိမ့်လိုက်တယ်။
....
ဓာတ်လှေကားတွင်။
လူလိမ် ထျန်ဟာ မေးလိုက်တယ်။
"မင်းပြောခဲ့တာတွေက အမှန်တွေလား..။သူ့အနာဂတ်က အဲလို အမှန်တကယ် ပြောင်းလဲ သွားနိုင်တာလား.."
အကြီးအကဲ ကျန်းလည်း အဖြေကို စောင့်ဆိုင်းနေခဲ့တယ်။သူလည်း အမှန်တကယ် သိချင်နေတာပါ။
လင်းဖန် ပြုံးလိုက်ပြီး...
"အတည်ပြုလို့ မရဘူး..။အရမ်းသေချာနေရင် ဘာအကျိုးသက်ရောက်မူမှ ရှိမှာမဟုတ်ဘူး။သူယုံကြည်ရင် တကယ်ဖြစ်လာလိမ့်မယ်..မဟုတ်ရင်တော့ သူ့ကံတရားပဲ.."
"အာ.."
လူလိမ် ထျန် ဆွံ့အသွားခဲ့တယ်..ဒါက ဘာမှသွားမပြောတာနဲ အတူတူပါပဲ။သူ လူတွေကို လိမ်ညာတဲ့ နည်းလမ်းနဲ့တောင် တူနေခဲ့ပါပြီ။ဒီတစ်ခါကတော့ နည်းနည်း အဆင့်မြင့်တဲ့ လိမ်လည်မူပါပဲ။
သို့ပေမယ့် လူလိမ် ထျန် လင်းဖန်ကို ယုံကြည်ပါသေးတယ်။
လင်းဖန် သူ့ရဲ့ ဘဏ်ကဒ်ကို ထုတ်လိုက်တယ်။
"ဒီမှာ ဒေါ်လာ နှစ်သောင်းယူထား..ဒီတစ်ခါ ကူညီမူစားရိတ်ကို နောက်တစ်ခါရမယ့် ခင်ဗျား လစာထဲက ဖြတ်မယ်.."
"အာ..ဘာလို့ ငါ့လစာထဲက ဖြတ်မှာလဲ..."
လူလိမ်ထျန် စိတ်ကြည်နေခဲ့ပေမယ့်လည်း သူ့လစာ အဖြတ်ခံရမှာ ကြားတဲ့ အချိန်မှာ ခေါင်းကိုက်ချင်သလို ဖြစ်သွားခဲ့တယ်။
လင်းဖန် လူလိမ်ထျန်ကို ကြည့်လိုက်ပြီး...
"လူတွေကို ကူညီပြီး ကယ်တင်ရှင် လုပ်ရတာ မလွယ်ကူဘူး ဆိုတာ ခင်ဗျားကို သိစေချင်လို့။ခင်ဗျား လူကောင်းတစ်ယောက် ဖြစ်ချင်ရင် ပြန်ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်။ဒါပေမဲ့ ဒီကိစ္စမှာတော့ ခင်ဗျားလုပ်ရပ်ကောင်းမွန်တယ်လို့ ပြောချင်တယ်။ဆိုင်ပြင်ဆင်ပြီးရင်တော့ ခင်ဗျားကို လစာ ပိုတိုးပေးမယ်..."
လူလိမ် ထျန် ပြုံးလိုက်တယ်။
"ဒီလိုမှပေါ့..တကယ်လို့ မင်းသာ ငါ့လို အသက်ကြီးကြီး လူတစ်ယောက်ကို အနိုင်ကျင့်ရင် နှလုံးသား ကင်းမဲ့ရာ ကျသွားလိမ့်မယ်..."
အပိုင်း ( ၂၅၃ ) ပြီးပါပြီ....❤️