← Chapters

ဒီနေ့ အကန့်သတ်မရှိဘူး

Vol. 17 Ch. 254

ဒီနေ့ အကန့်သတ်မရှိဘူး

Vol. 17 Ch. 254

ဆေးရုံတွင်။

ရူဒီဟာ အချိန်အကြာကြီး တိတ်ဆိတ်စွာ ရှိနေခဲ့တယ်..သူ့ လက်မောင်းအောက်မှာတော့ ဒေါင်ဒေါင်ဟာ ရှိနေလို့ပါ။

"ပါးပါး , ဒေါင်ဒေါင် က အစားအသောက်တွေ မတောင်းတတ်ပေမယ့်..ဒေါင်ဒေါင် သင်ယူနိုင်ပါတယ်.."

သူ့သားလေးကို ကြည့်ပြီး ရူဒီရဲ့ မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်လာခဲ့တယ်။

"အစားအသောက်တောင်း စရာမလိုတော့ဘူး..။အခုကစပြီး သားက စာသင်ရမယ်.."

ဒေါင်ဒေါင် ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။

"ဒေါင်ဒေါင်စာသင်ရတော့မယ်..။ဒေါင်ဒေါင် တရုတ်လို နည်းနည်း ရေးတတ်နေပြီ..."

ရူဒီ ဒါကိုမြင်ပြီး ငိုချင်စိတ်ကို မနည်းတောင့်ခံထားနေရပါတယ်။ မာစတာ လင်းပြောတဲ့ အတိုင်း သူ့ရဲ့ သားလေးအတွက် သူကြိုးစားရမှာပါ။

သူ့ မိန်းမ ကိုပို့ပြီးတာနဲ့ သူ့ရဲ့ အကြွေးတွေ ဆပ်ဖို့ နဲ့ ဒေါင်ဒေါင် ရဲ့ ဘဝကို မြင့်တင်ဖို့ သူ များတွေထက်နှစ်ဆ ကြိုးစားရတော့မှာပါ။

ဆေးရုံအပြင်ဘက်တွင်။

လူလိမ်ထျန်ဟာ ဆေးရုံကို ကြည့်နေရင်းကနေ လင်းဖန်ကို ကြည့်လိုက်တယ်။

"သူ ယုံကြည်လိမ့်မယ် လို့မင်းထင်လား..."

အကြီးအကဲ ကျန်း ဘေးနားကနေ ပြောလိုက်တယ်။

"သူယုံကြည့်မယ်လို့ ငါပြောနိုင်တယ်။သူဌေးလေးက သူ့ကို ရွေးချယ်စရာ နှစ်ခုပေးထားပေမယ့် တကယ်တော့ လေးခုလောက်ဖြစ်သင့်တာ။သူဌေးလေး..ဗေဒင်ပညာက အနာဂတ်ကို တကယ်ပြောနိုင်တယ်လို့ ထင်လား..."

လင်းဖန် သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"ဘယ်သူသိမှာလဲ..."

မတော်တဆ မူတွေ အပြီးမှာ စွယ်စုံကျမ်းရဲ့ အသုံးဝင်ပုံတွေကို သူသိလာခဲ့ရပါတယ်။စွယ်စုံကျမ်းရဲ့ ဘယ်သူမှ စိတ်ထဲ တွေးထင်မထားလောက်အောင် ဆန်းကျယ်တာပါ။

တစ်ခါတစ်လေ ဆိုရှင် စွယ်စုံကျမ်းရဲ့ မစ်ရှင်တွေက အလျင်အမြန်ပြည့်သွားတတ်ပြီး နောက်တစ်ခုဟာ ရောက်လာခဲ့ပါတယ်။ဒါက သူ့ကို လေ့ကျင့်ချိန် လုံလုံလောက်လောက် မရစေပါဘူး။

ဥပမာ အားဖြင့် ကျောင်းဆု ချက်ပြုတ်နည်းပညာက..ပုံမှန်ဆိုရင် ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ကိုယ့်ဟာကို လုပ်စားတာက အကောင်းဆုံး ရွေးချယ်မူပါ။ဒါပေမဲ့ လင်းဖန်ကတော့ သူ့သူငယ်ချင်းကို ဟင်းနှစ်ပွဲ သင်ပေးကာ အကောင်းဆုံးကူညီပြီး မစ်ရှင်ကို ပြည့်စေခဲ့ပါတယ်။

ဗေဒင်ပညာဆိုတာကလည်း တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို တွက်ချက်ပေးရတာပါ။ဘာမှမမေးပဲ တစ်စုံတစ်ယောက်ကို ကြည့်ရုံနဲ့ သူ့ဘဝရဲ့ အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်ပါတယ်။

ဒါပေမဲ့..သူ ဝင်ပါတ်သက်လိုက်ရင်တော့ အဲ့ကံကြမ္မာက ပြောင်းလဲသွားပါပြီ။

အခုလည်း ရူဒီနဲ့ သူ့သားရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်ပေမယ့် လင်းဖန်က ရွေးချယ်စရာ တွေ ပေးခဲ့ပါတယ်။သူ ဘာပဲရွေးချယ် ရွေးချယ် ဒါက သူ့ရွေးချယ်တဲ့ ကံတရား ဖြစ်သွားပါပြီ။

ဒါက သူ့ကံတရားပါပဲ....

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့တယ်။

လူလိမ်ထျန်ဟာ ..ဆေးရုံကို မကြာခန သွားကြည့်ပါတယ်။သူရဲ့ ကိုယ်ပိုင် ပိုက်ဆံ ဒေါ်လာ နှစ်သောင်း နဲ့ လင်းဖန် ပေးတဲ့ ဒေါ်လာ နှစ်သောင်းနဲ့ဆို သူ့လက်ထဲမှာ လောလောဆယ် ဒေါ်လာ လေးသောင်း ရှိနေခဲ့ပါပြီ။

ရူဒီကတော့ သူ့ကို လူလိမ်ထျန် ဒီလောက်အထိ ကူညီလိမ့်မယ် လို့ မထင်ထားခဲ့ပေ။

ဒါပေါ့ ရူဒီ ဒီပိုက်ဆံကို လက်ခံရမှာပါ..ဒါပေမဲ့ လူလိမ် ထျန်ကတော့ ပြန်ဆပ်မယ့် ကိစ္စကို လုံးဝ လက်မခံပါဘူး။

လင်းဖန် လူလိမ် ထျန်ကို နှစ်သောင်းပေးခဲ့တာက ရူဒီကို ကူညီချင်ရင် ကူညီဖို့ပါ..။သူတို့နဲ့ ရူဒီက သူစိမ်းတွေ ဖြစ်ပေမယ့်လည်း ဒေါ်လာ နှစ်သောင်းက မများသေးပါဘူး။

ရူဒီက လောဘကြီးတဲ့ လူမဟုတ်ဘူးဆိုတာကို လင်းဖန် ပြောနိုင်ပါတယ်။တစ်ခါတစ်လေ..ဒုက္ခရောက်နေတဲ့ လူကို ပိုက်ဆံအများကြီးနဲ့ ကူညီတာက မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

လင်းဖန်ကို အံ့သြသွားစေတဲ့ ကိစ္စကတော့..လူလိမ် ထျန်က ဒီနှစ်သောင်း အပြင်ကို သူ့ရဲ့ နာရေးစာရိတ်ထဲက ဒေါ်လာ နှစ်သောင်း ထပ်ထုတ်ပြီး ဒေါ်လာ လေးသောင်း ကူညီခဲ့တာပါ။

တစ်ခါတစ်လေ လူလိမ်ထျန်က သူ့ရဲ့ပိုက်ဆံကိုကပ်စေးနဲပေမယ့်လည်း တစ်ခါတစ်လေကြတော့..လူကြီးလူကောင်း ဆန်နေခဲ့ပါတယ်။ဒီလို နာရေးကြေးထဲက ကူညီတယ်ဆိုတာ လူတွေ အများကြီး လိုက်လုပ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

လင်းဖန် လူလိမ်ထျန်ကို ဘာလို့ ဒီလိုလုပ်လဲ မေးပေမယ့် လူလိမ် ထျန်ကတော့ ပြန်မဖြေခဲ့ပေ။ဆိုပြောတဲ့ စကားလုံးဆိုလို့..'သူတို့ကို ကူညီချင်လို့" လို့ပဲပြောပါတယ်။

အဆုံးမှာတော့..ရူဒီဟာ သူ့ရဲ့ အိုင်ဒီကဒ်နဲ့အတူ IOU အကြွေးစားရွက် ရေးခဲ့တယ်။

အကြွေးစာရွက်ရဲ့ နောက်ဆုံးနေ့ရက်က နောက်အနှစ်နှစ်ဆယ်ပါ။

သူ့အကြွေးရဲ့ နောက်ဆုံးနေ့ရက်ကတော့ နောက်နှစ်နှစ်မှာပါ။

ရူဒီမှာ ပိုက်ဆံ တစ်ပြားမှ မရှိပေမယ့်လည်း လောဘကြီးတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ဒီ ဒေါ်လာ လေးသောင်းက ချေးတာပါ။

လူလိမ်ထျန် အဆုံးမှာတော့ ဘာမှမပြောတောပေ။သူ IOU အကြွေးစာရွက်ကိုသာ တိတ်တဆိတ်လက်ခံလိုက် ပါတယ်။

နောက်တစ်ရက်မှာတော့ ရူဒီရဲ့ မိန်းမဟာ..သေဆုံးသွားခဲ့တယ်။ဒါက နာကျင်တဲ့ သေဆုံးမူတစ်ခု မဖြစ်ခဲ့ပါဘူး။ရူ ဒီရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့..ကျောက်တုံးကြီးက နောက်ဆုံးမှာတော့ လျော့ပါးသွားခဲ့ပါပြီ။

အခုကစပြီး သူ့ရဲ့ ခွန်အားတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒေါင်ဒေါင် အတွက်ပဲ ပေးဆပ်ရတော့မှာပါ။

...

တိမ်ဖြူလမ်း။

လူအုပ်ကြီးဟာ..အသစ်ပြန်လည် ပြင်ဆင်ပြီးတဲ့ ဆိုင်အသစ်ကို ကြည့်ကာ..သဘောတွေကျ နေခဲ့ကြပါတယ်။

"သူဌေးလေးရဲ့ ဆိုင်အပြင်အဆင်က အရမ်းလှတာပဲ..။အရင်အဟောင်းထက်စာရင် အနည်းငယ် ပိုလှတယ်.."

"အနည်းငယ်..? မင်းဘယ်မျက်လုံးနဲ့ ကြည့်လိုက်တာလဲ..။ဒါက ကောင်းကင်နဲ့ မြေကြီးပဲ..."

"အခု ဆိုင်ကလည်း ပြီးသွားပြီ ဆိုတော့ သူဌေးလေး ငါတို့အတွက်..ပန်ကိတ် ပြန်လုပ်ပေးတော့မယ်.."

...

လင်းဖန်ကတော့ မတ်တပ်ရပ်ပြီး စကားအနည်းငယ်ပြောနေခဲ့တယ်။ဆိုင်အပြင်အဆင်က တကယ်ကို မဆိုးပါဘူး။ဒါက တကယ်ကို ခေတ်သစ်တစ်ခုကို ရောက်သွား သလိုပါ။

ကောင်တာတွေ အတွက်လည်း သစ်သားတွေနဲ့ အလှဆင်ထားခဲ့ပါတယ်။

"ကောင်းပြီ ဒီနေ့က ဆိုင်အသစ်စဖွင့်တဲ့နေဆိုတော့..ကျွန်တော်....."

လင်းဖန် လူအုပ်ကြီးကို ကြည့်ပြီး ကြည်နူးစရာ စပရိုက် တိုက်ဖို့ လုပ်နေခဲ့တာပါ..။ဒါပေမဲ့ ရုတ်တရက် ကျယ်လောင်တဲ့ တီးမှုတ်သံတွေ ကို ကြားလိုက်ရတယ်..။

အတီး အမှုတ် အဖွဲ့သားတွေ နဲ့ အတူ ​ခြသေ့်နှစ်ကောင်ဟာ က နေခဲ့ပြီး..ဝမ်မင်ယန်ကတော့ ရှေ့ကနေ ဦးဆောင်လာလို့ပါ။

"ဒီနေ့က ဆိုင်အသစ်ဖွင့်ပွဲ ဆိုတော့..ငါတို့ စည်ကားအောင်လုပ်ဖို့ လိုတယ်လေ.."

ဝမ်မင်ယန်ကပြောလိုက်တာပါ။

လင်းဖန် ဘာပြန်ပြောရမလဲ မသိတော့ပေ။ဝမ်မင်ယန် ရဲ့ အဖွဲ့က အနည်းငယ် ဆူနေပေမယ့် သူလက်ရှိ အချိန်မှာ စိတ်ကြည်နေခဲ့တာပါ။

ဒါကြောင့် သူခေါင်းညိမ့်ပြပြီး..လူအုပ်ကြီးကို လက်ပြကာ.ပြောလိုက်တယ်။

"ဒီနေ့ ပန်ကိတ်အတွက် အကန့်အသတ် မရှိဘူး။ဒါပေမဲ့ ..တစ်ယောက်ကို တစ်ခုစီပဲရမယ်နော်..။ဒီအတောအတွင်း အားပေးခဲ့ကြတဲ့ လူအကုန်လုံးကို ကျေးဇူးတင်ပါတယ်..."

တိတ်ဆိတ်မူ...

အကုန်လုံး တိတ်ဆိတ်သွားခဲ့ပါပြီ။တစ်ချို့လူတွေဟာ..ဆွံ့အနေကြပြီး .ဘယ်သူမှ သူတို့ကြားတာကို မယုံကြည်နိုင်ကြပါဘူး။

လူအုပ်ကြီး ဘာမှ မတုန့်ပြန်တာမြင်တော့လင်းဖန် အနည်းငယ် ရှက်သွားခဲ့တယ်။

လင်းဖန် လူအုပ်ကြီးကို ကြည့်လိုက်ပြီး..

"ခင်ဗျားတို့က အကန့်အသတ်ကို ကျင့်သားရနေကြပြီလား..ဒါဆိုရင်လည်း မကြားလိုက်ဘူးလို့ သဘောထားလိုက်ပါ..ဘယ်လိုလဲ..."

"မဟုတ်ဘူး.."

လူတစ်ယောက်ဟာ အသိစိတ်ပြန်ဝင် လာပြီး အော်လိုက်တာပါ။

လင်းဖန် ပြုံးလိုက်တယ်..။

"ဒါဆိုရင်လည်း နည်းနည်း အားပေးတဲ့ အမူအရာလေးတော့ ရှိသင့်တယ်လေ.."

အဲ့အချိန်မှာတော့ လူအုပ်ကြီးဟာ အသိစိတ်ပြန်ဝင်လာပြီး ကျယ်လောင်စွာ လက်ခုတ်တီးလိုက်ပါတယ်။

"ကောင်းတယ် ကောင်းတယ်..သူဌေးလေးက တကယ် စိတ်ထားကောင်းတယ်။လက်ခုပ်တီးကြ..မြန်မြန် လက်ခုပ်တီးကြ..."

ဒါက လင်းဖန် သူ့ရဲ့ ပရိတ်သတ်တွေကို ပေးတဲ့ လက်ဆောင်ပါ။ဒီ ချစ်လှစွာသော ..မြို့သားတွေက သူ့ကို ထောက်ပံ့နေကြတာ အချိန်အတော်ကြာပါပြီ။

ထပ်ပြောရရင် ဆိုင်စဖွင့်ကတည်း အရွေးချယ် မခံရတဲ့ လူတစ်ချို့ကိုတောင် သူမှတ်မိပါတယ်။သို့ပေမယ့်လည်း..ဒီလူတွေက.အရွေးမခံရသည့်တိုင် နေ့တိုင်း လာတန်းစီကြ စမြဲပါ။

မြို့သားတွေ အကုန်လုံးဟာ ပျော်ရွှင်နေခဲ့ကြတယ်။

"နတ်ဘုရားက နောက်ဆုံးတော့ မျက်စိပွင့်လာပြီ..ဒီနေ့ သူဌေးလေးက စောက်ရမ်းဟသဘောတွေကောင်းနေပါလား.."

"ဘာလို့လဲတော့ မသိဘူး..အခုချိန်မှာ သူဌေးလေးရဲ့ဆိုင်ကို ဖျက်ဆီးသွားတဲ့ လူက ဒီလောက်ကြီးလည်း မဆိုးဘူးလို့ ခံစားနေရတယ်။သူ့ကြောင့်သာ မယုတ်ရင် ဒါတွေဖြစ်လာမှာ မဟုတ်ဘူး.."

"တကယ်ဝမ်းသာစရာပဲ..တစ်သက်လုံး ဒါကို မှတ်သားထားရမယ်.."

"မင်းတို့ ဘာတွေ ရပ်နေတာလဲ..အမြန်ဖုန်းခေါ်လေ.."

"ဟဲလို.မိန်းမရေ..။တိမ်ဖြူလမ်းက မာစတာလင်းဆိုင်ကို အမြန်လာခဲ့ဟေ့။လာတဲ့ လူတိုင်း ပန်ကိတ်ရမှာ..မြန်မြန်.."

"အဖေ ..အမေ..သူဌေးလေးက ဒီနေ့ ပန်ကိတ်ကို မကန့်သတ်ထားဘူး..။လာတဲ့ လူတိုင်းရမှာ..မြန်မြန်လာခဲ့တော့.."

.....

ဒီအချိန်မှာတော့ တိမ်ဖြူလမ်းမှာ ရှိနေတဲ့ လူအုပ်ကြီးဟာ တစ်ဖြည်းဖြည်း များများလာခဲ့ပါပြီ။

တစ်ချို့ နိုင်ငံခြားသားတွေဟာ ရောက်လာခဲ့ပေမယ့် ဘာတွေဖြစ်နေလဲ မသိကြပါဘူး။သူတို့ဟာ ဘေးနားက လူတွေကို မေးနေခဲ့ကြတယ်။

သူတို့ တစ်ခြား ထူးခြားတဲ့ နေရာတွေကို ရောက်ဖူးကြပြီး တန်းစီတာတွေလည်း တွေ့ဖူးပေမယ့် ဒီလောက် အထိတော့ မများပြားပေ။

ဝမ်မင်ယန်ဟာ ကြောင်အနေပြီး ပြောလိုက်တယ်။

"ဟေး ညီအစ်ကို..ငါ့ ခြသေ့်တွေက ဘာဆက်လုပ်ရမှာလဲ..။ဆက်ပြီး ကခိုင်းထားရမှာလား.."

လင်းဖန် ရယ်မောလိုက်တယ်။

"ဒါပေါ့. သူတို့ကရမှာပေါ့..။ဒီနေ့က လူတိုင်းပျော်ရွှင်နေတော့..အသံတွေဘာလေး ထွက်နေသင့်တယ်လေ.."

တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေဟာလည်း သူ့တို့ရဲ့ အလုပ်တွေကို ဆက်မလုပ်ကြတော့ပေ။သူတို့ ဆိုင်တွေကို ပိတ်ထားခဲ့ကြပြီး..လာတန်းစီ ကြပါတယ်။

အရင်တုန်းက သူတို့ ပန်ကိတ်ကို မစားချင်ကြလို့ မဟုတ်ပါဘူး။အရွေးခံရမယ့် အခွင့်အရေးက အရမ်းနည်းလို့ သူတို့..သူတို့ လာပြီး တန်းမစီကြတာပါ။

အခု သူဌေးလေးက အကန့်အသတ်မရှိလို့ ပြောတဲ့ အချိန်မှာတော့..သူတို့ လာပြီးတန်းမစီရင် ရူးသွပ်ရာ ကြသွားတော့မှာပါ။

....

အဲ့ချိန်မှာတော့ လူအုပ်ကြီးဟာ အရမ်းရှည်လွန်းနေပြီး လင်းဖန်ရဲ့ ပါဝင်ပစ္စည်းတွေဟာ မလောက်တော့ပါဘူး။

လင်းဖန် အော်လိုက်တယ်..

"ပါဝင်ပစ္စည်း မလောက်တော့ဘူး။ပန်ကိတ်ရပြီးတဲ့ လူတစ်ယောက်ယောက်...ပါဝင်ပစ္စည်းတွေလာပို့ပေးလို့ ရမလား.."

"စိတ်မပူနဲ့ မာစတာ လင်း..ကျွန်တော် အခုပဲ ပါဝင်ပစ္စည်းတွေ ယူလာခဲ့မယ်။ဘယ်လောက် လိုချင် လိုချင် ကိစ္စမရှိဘူး.."

"အကြီးအကဲ ကျန်းက တကယ်မဆိုးဘူး..။နောက်တစ်ခါ ကြမ်းခင်းဝယ်စရာ ရှိရင် သူ့ဆီကပဲ ဝယ်ကြဟေ့.."

အဲ့အချိန်မှာတော့။

တိမ်ဖြူလမ်းအနီးရှိ လမ်းတစ်ခုတွင်။

သေသပ်စွာ ဝတ်ဆင်ထားသည့် နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဟာ..လှည့်လည်စစ်ဆေးနေခဲ့တယ်။သတင်းထောက်တွေကတော့ သူ့ဘေးနားပတ်ဝန်းကျင်မှာ ဓာတ်ပုံတွေရိုက်နေခဲ့ကြပါတယ်။

ဒီခေါင်းဆောင်က ရှန်ဟိုင်းရဲ့ တိုးတက်မူကို စစ်ဆေးနေခဲ့တာပါ။

သူ့ဘေးနားမှာတော့ တစ်ခုခုဖြစ်လာရင် ကာကွယ်ဖို့ ဘော်ဒီဂတ်တွေ ရှိနေခဲ့တယ်။

ဒါပေါ့ သူတို့တွေက ..ဘေးနားမှ အေးအေးဆေးဆေးပဲ လမ်းလျောက်နေကြတာပါ။ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းရဲ့ အခြေအနေတွေက အေးအေးဆေးဆေး ရှိပါတယ်။

ဘာများ မတော်တဆ ဖြစ်နိုင်ဦးမှာလဲ.....

အပိုင်း ( ၂၅၄ ) ..ပြီးပါပြီ....❤️

All Chapters