← Chapters

အံ့သြစရာ သူဌေးလေး..

Vol. 17 Ch. 255

အံ့သြစရာ သူဌေးလေး..

Vol. 17 Ch. 255

ရှန်ဟိုင်းမြို့ရဲ့ အကြီးအကဲ တစ်ဦးအနေနဲ့..လီရှီခွန်..မြို့ရဲ့ အနေအထားကို လိုက်စစ်ဆေးနေတာဖြစ်ပြီး..စီရင်စု ခေါင်းဆောင် လိုက်လံပြသပေးနေခဲ့ပါတယ်။

ဘေးနားမှာရှိနေတဲ့ ခေါင်းဆောင်တွေရဲ့ ရာထူးက မနိမ့်ကျသလို..မြင့်လည်းမမြင့်ပေမယ့်လည်း..ဒီနှစ်ယောက်ကို တော့ မယှဥ်နိုင်ပါဘူး။

သတင်းထောက်တွေကတော့ သူတို့နောက်ကနေလိုက်ပြီး..သတင်းတွေ ယူနေခဲ့ကြတယ်။ခြူးယွန်ကလည်း သတင်းထောက်တစ်ယောက်ဖြစ်တဲ့ အတွက် ဒီနေ့ သူလည်း သတင်းယူဖို့ လိုက်ပါလာခဲ့ပါတယ်။

"တိမ်ဖြူလမ်းက ရှန်းဟိုင်းရဲ့ စီးပွားရေးတွေရဲ့ ပထမဆုံး စတင်ခဲ့တဲ့ နေရာပဲ.။ဒီ သ​ေက်တအနေနဲ့ သေချာ ထိန်းသိမ်းထားသင့်တယ်။ပြီးတော့ ပြည်သူတွေရဲ့ ကျေနပ်မူ အဆင့်ကို လည်း အစိမ်းရောင် အဆင့်အထိရောက်အောင် စွမ်းဆောင် ရလိမ့်မယ်.."

လီရှိခွန်ဟာ လမ်းလျောက်ရင်း ဘေးနားတွေကို ကြည့်ကာ ညွှန်ကြားနေခဲ့တယ်။တစ်ချိန်တည်းမှာပဲ ကျေနပ်စွာ ခေါင်းညိမ့်နေလို့ပါ။တိမ်ဖြူလမ်းရဲ့ အနေအထားက အရင်ဒီဇိုင်းဟောင်းတွေ ဖြစ်နေပေမယ့်..အရင်တစ်ခါ မြင်ခဲ့တာထက်တော့ ပိုအဆင်ပြေပါသေးတယ်။

စီရင်စုခေါင်းဆောင်ဟာ..ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"စိတ်မပူပါနဲ့ ဆရာ..။ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်..။ဒီမှာက နေရာတိုင်း စီးပွားရေးတွေရှိနေပေမယ့်..ဒီနေရာက လုံခြုံရေးပဲဖြစ်ဖြစ် လူထုအနေအထားပဲဖြစ်ဖြစ် တစ်ခြားနေရာတွေထက်နောက်မကျပါဘူး။

လီရှိခွန် ခေါင်းညိမ့်လိုက်တယ်။ရှန်ဟိုင်း ဆိုတာက မြို့ကြီးတစ်မြို့ပါ။စီးပွားရေးနဲ့ ပတ်သက်ပြီးခြေလှမ်းအကြီးကြီး တွေလှမ်းဖို့ သိပ်ပြီး မသင့်တော်တော့ပါဘူး။ဒါကြောင့် သူတို့ အောက်ပိုင်းကနေ သေချာစစ်ဆေးပြီး..စတင်ရပါတော့မယ်။

သူတို့ အမှား အသေးလေးတွေကို လိုက်ပြင်ဆင်ပြီးရင်တော့ ..အမှားအကြီးကြီးတွေအလှည့်ရောက်လာတော့မှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ တိမ်ဖြူလမ်းက ..သန့်ရှင်းမူရော..ပတ်ဝန်းကျင် အခြေအနေရော တော်တော် အဆင်ပြေပါတယ်။

ဒါက နိုင်ငံခြားသားတွေကို ခံစားမူကောင်းမွန်စေမှာဖြစ်ပြီး..ဆိုင်တစ်ဆိုင်စီတိုင်းကိုလည်း စီးပွားရေးတွေ အဆင်ပြေစေမှာပါ။

...

အဲအချိန်မှာပဲ လီရှိခွန်ဟာ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး..သူ့ရှေ့မှာ တန်းစီနေတဲ့ လူအုပ်ကြီးကို ကြည့်လိုက်တယ်။သူ့မျက်နှာပေါ်မှာ အံ့သြတဲ့ အမူအရာပေါ်လာခဲ့ပြီး...

"စီရင်စု ခေါင်းဆောင် ကျန်း..အဲ့မှာ ဘာတွေဖြစ်နေတာလဲ.."

ကျန်းမင်လည်း သူ့ရှေ့က အခြေအနေကို မြင်ပြီးကြောင်အသွားခဲ့တယ်။သူ့ရဲ့ အမူအရာကိုတောင် မဖုံးကွယ်နိုင်တော့ပဲ နှလုံးခုန်သံကပါ တဒုတ်ဒုတ် ဖြစ်နေခဲ့ပါပြီ။

သူတို့ ပြသနာရှာချင်နေတာတော့ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား...

သူ့မျက်နှာမှာ ကြောက်လန့်တဲ့ အမူအရာပေါ်လာခဲ့ပြီး. ခေါင်းဆောင်ရဲ့ မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ပါဘူး။

ဘောဒီဂတ်တွေလည်း အသင့်အနေအထား ပြင်ဆင်လိုက်ကြတယ်။အစက သူတို့..အေးချမ်းတယ်လို့ ထင်ထားခဲ့ပေမယ့်လည်း..အခုလို လူအုပ်ကြီးက လမ်းကို ပိတ်ထားတာတွေ့ရတော့ ထပ်ပြီး မအေးချမ်းနိုင်တော့မှန်း သိလိုက်ကြပါတယ်။

သူတို့ကို ပိုပြီးစိတ်ပူစေတာက လူအုပ်ကြီးက သူတို့ဘက်ကို ကြည့်ပြီး လက်ညိုးထိုးထိုး နေကြတာပါ။

တန်းစီနေသည့် လူအုပ်ကြီး ကြားထဲတွင်။

"ဟေး ဟိုကို ကြည့်လိုက်ကြ..ဘယ်ကလူတွေလဲ မသိဘူး.."

"မသိဘူးလေ..သတင်းထောက်တွေလည်း ပါလာတာပဲ။ဒီနားမှာ အခမ်းအနားတွေ ရှိနေလို့လား.."

"အဲ့လို အဝတ်အစားနဲ့ အခမ်းအနား မင်းတွေ့ဖူးလို့လား.."

"သူတို့ သူဌေးလေးရဲ့ ပန်ကိတ်ကို ဝယ်ဖို့လာကြတာလား။သူတို့က လူများတယ်နော်..ကြားဖြတ်မခံကြနဲ့..."

"ဒါအမှန်ပဲ.."

....

လီရှိီခွန်ဟာ ကျန်းမင်ကို ကြည့်လိုက်ပြီး ဘာတွေဖြစ်နေလဲ သိချင်နေခဲ့တယ်။

ဒါပေါ့ ကျန်းမင်လည်း ဘာတွေဖြစ်နေလဲ မသိပါဘူး..။ဒါကြောင့် လီရှီခွန်ရဲ့ အကြည့်ကို ရှောင်လိုက်ပြီး သူ့လက်အောက်ငယ်သားတွေကို ကြည့်လိုက်တယ်။

ဂျူနီယာ ခေါင်းဆောင်တွေဟာ မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားခဲ့ပါတယ်။သူတို့လည်း ဘာတွေဖြစ်နေလဲ မသိကြပါဘူး။

ခြူးယွန်လည်း သတင်းထောက်တစ်ယောက်အနေနဲ့ အစတုန်းက မာစတာ လင်းအကြောင်း အနည်းအကျဥ်းပဲ သိထားခဲ့တာပါ။နောက်ပိုင်း မာစတာ လင်း..လူကုန်ကူးမူ အခမ်းအနားတက်ရောက်ပြီးနောက်မှာ သူမာစတာ လင်း အကြောင်းစုံစမ်းခဲ့ပါတယ်။

ခေါင်းဆောင် ကျန်းမင်ရဲ့ မျက်နှာမှာ စိတ်ပူမူတွေ ကြောင့်ရွံ့မူတွေ ကို မြင်လိုက်ရတဲ့အချိန်မှာ သူရှေ့တစ်လှမ်းတက်ကာ ပြောလိုက်တယ်။

"ချစ်လှစွာသော ခေါင်းဆောင်တို့..စိတ်ပူဖို့ မလိုပါဘူး။တိမ်ဖြူလမ်းမှာ မာစတာ လင်းလို့ ခေါ်တဲ့ ဆိုင်တစ်ဆိုင်ရှိတယ်လေ..။အဲ့ဆိုင်က စီးပွားရေး အရမ်းကောင်းတော့ လူတွေက အခုလို တန်းစီနေကြတာ.."

လီရှိခွန် ကြောင်အပြီးမေးလိုက်တယ်..။

"နေ့တိုင်း ဒီလိုပဲလား.."

ခြူးယွန် ခေါင်းညိမ့်လိုက်တယ်။

"ဟုတ်တယ်..နေ့တိုင်းဒီလိုမျိုးပဲ..။ကျွန်တော် သိသလောက်တော့..မာစတာ လင်းဆိုင်စဖွင့်တဲ့အချိန်ကတည်းက..ဘေးနားဝန်းကျင်က ဆိုင်တွေ..ရောင်းအား ၁၀၀-၂၀၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ကြတယ်.."

လီရှီခွန်ဟာ စီးပွားရေး မလုပ်ကိုင်ပေမယ့်လည်း ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်။သူ အစိုးရ အလုပ်လုပ်လာတဲ့ လုပ်ငန်းတစ်လျောက်မှာ စီးပွားရေး လုပ်ပြီး တစ်ခြားလူတွေကို ကူညီတာတွေ့ဖူးပေမယ့် အခုလိုတော့ တစ်လမ်းလုံးကို ကယ်တင်တဲ့ အထိမတွေ့ခဲ့ဖူးပေ။

"မင်း ဘယ်သတင်းဌာနကလဲ.."

ခြူးယွန်ပြန်ဖြေလိုက်တယ်။

"ရှန်ဟိုင်းသတင်းဌာန ကပါ ဆရာ။မာစတာ လင်းက လူကုန်ကူးမူကို ဖော်ထုတ်ပေးခဲ့တဲ့ သူရဲကောင်း အဖြစ်လည်း ထင်ရှားပါသေးတယ်.."

လီရှိီခွန် ဒီအခမ်းအနားကို မတက်ရောက်ဖြစ်တာက..သူ နိူင်ငံခြားမှာ အစည်းအဝေး သွားတက်နေရလို့ပါ။သူ လူကုန်ကူးမူကို ကူညီခဲ့တဲ့ နိုင်ငံသားကောင်းရှိမှန်းသိပေမယ့် တစ်ခါမှတော့ မတွေ့ဖူးပါဘူး။အခု ခြူးယွန်ရဲ့ စကားကို ကြားသွားမှ အံ့သြသွားခဲ့ပါတယ်။

* တီ တီ.*

"ဟေး ရှေ့ကလူတွေ..။မြန်မြန် လမ်းကို ဖယ်ကြ."

အဲ့အချိန်မှာပဲ သုံးဘီးဆိုင်ကယ် တစ်စီးဟာ သူတို့ဆီကို ဦးတည်မောင်းလာခဲ့တယ်။

ဘော်ဒီဂတ်တွေ ရှေ့ကို တက်ပြီး လှုပ်ရှားဖို့ လုပ်လိုက်တဲ့ အချိန်မှာ..လီရှိခွန် တားဆီးလိုက်ပြီး..လမ်းဖယ်ပေးလိုက်တယ်..။

လီရှိခွန် ကျန်းမင်ကို ကြည့်ကာ မေးလိုက်တယ်။

"မင်း ဒီဆိုင် အကြောင်းကို သိလား.."

ကျန်းမင် ကြောင်အသွားခဲ့တယ်။သူ ဒီဆိုင်အကြောင်းကို သိစရာ အကြောင်းမရှိပါဘူး။ဒါကြောင့် ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်ပါတယ်။

လီရှီခွန် ခြူးယွန်ကိုသာ ထပ်မေးလိုက်တယ်။

"ဒီဆိုင်က ဘာရောင်းတာလဲ.."

ဒီလောက်လူအများကြီးကို..ဆွဲဆောင်ဖို့ ဆိုတာက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။

ချူးယွန်ပြန်ဖြေလိုက်တယ်။

"သူတို့က ပန်ကိတ်ရောင်းတာပါ။ဒီက ပန်ကိတ်တွေက အရမ်းအရသာရှိတယ်။ဒီမှာက တစ်နေ့ကို ပန်ကိတ်ဆယ်လုံးပဲရောင်းပြီး..အဲ့ဆယ်လုံးကိုလည်း မဲနှိုက်ပြီး ရွေးချယ်ပေးတာ.။ဒီမှာ လူအများကြီး တန်းစီနေကြပေမယ့် သူတို့အကုန်လုံး ပန်ကိတ် ဝယ်ခွင့်မရကြဘူး။ဒါပေမဲ့ ဒီနေ့ အခြေအနေကို ကြည့်ရတာတော့..လူကအရမ်းများနေတာ.. တစ်ခုခု ထူးခြားလို့ဖြစ်မယ်..။ဒါပေမဲ့ ဘာထူးခြားနေလဲတော့ ကျွန်တော်လဲ မသိဘူး..."

လီရှိီခွန် အံ့သြသွားခဲ့တယ်။ ပန်ကိတ်ရောင်းတဲ့ ဆိုင်က ဒီလောက်အထိ စီးပွားရေးကောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။သူ အခြေအနေ အသေးစိတ်သိရဖို့ အနီးကပ်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့အချိန်မှာတော့ ကျန်းမင်ဟာ..စိတ်သက်သာရာရသွားခဲ့ပါပြီ။သူ အုပ်ချုပ်ရတဲ့ နယ်မြေထဲမှာ ဒီလောက် လူတွေအများကြီး ရှိနေတော့ သူစိတ်ပူသွားခဲ့တာပါ။

သူဒီလူတွေကို စမြင်တုန်းက အဓိကရုဏ်း လူပ်တော့မှာလား လို့တောင် သံသယဖြစ်မိပါသေးတယ်။ဒါပေမဲ့ အခုတော့ အဆင်ပြေတဲ့ ပုံပါပဲ..ပြသနာ တစ်စုံတစ်ရာ မရှိသ၍ အရာရာတိုင်းက လက်ခံလို့ ရပါတယ်။

သူ ချူးယွန်ကို ကျေးဇူးတင်စွာ ခေါင်းညိမ့်ပြလိုက်တယ်။ဒီကောင်လေးက တကယ်မဆိုးပါဘူး..သူဒုက္ခရောက်နေတာကို မြင်နိုင်ခဲ့ပါတယ်။

လီရှိခွန် ကြည့်ဖို့ လျောက်သွားတော့ ကျန်းမင်ပါလိုက်သွားခဲ့တယ်။တစ်ခြား ခေါင်းဆောငိတွေကလည်း သူတို့နောက်ကနေ လိုက်နေခဲ့ကြလို့ပါ။

တစ်ခြားခေါင်းဆောင် တွေဟာ ကျန်းမင်ရဲ့ နောက်ခံ ပံ့ပိုးသူတွေဖြစ်ပြီး..ကျန်းမင် မဖြေနိုင်တဲ့ မေးခွန်းတွေ ရှိရင် သူတို့ဖြေပေးဖို့တာဝန်ရှိကြပါတယ်။သို့ပေမယ့် သူတို့ဟာ ရှက်ရွံ့စွာပဲ ပြန်မဖြေနိုင်ခဲ့ကြပေ။

လင်းဖန်ကတော့ သူ့လှည်းနားမှာ ပန်ကိတ်လုပ်နေခဲ့ပြီး..တန်းစီနေကြတဲ့ လူတွေကလည်း တစ်ဖြည်းဖြည်း များများ ခဲ့တယ်။

သူတို့အတွက်ကတော့ ဒီနေ့က နေ့ထူးနေ့မြတ်ပါပဲ။သူဌေးလေး အရင်လို့ ပြန်မကန့်သတ်ဖို့တောင် ပြန်ဆုတောင်း နေခဲ့ကြပါတယ်။

လင်းဖန် လူအုပ်ကြီးကို ကြည့်လိုက်တဲ့ အချိန်မှာ များပြားလွန်းလို့ နတ်ပြည်ရဲ့ တောင်ဘက်ခြမ်းဂိတ်ကိုတောင် ရောက်ပါတော့မယ်။တကယ်လို့ သူသာ နေ့တိုင်း ဒီလိူမျိုး ပန်ကိတ်လုပ်ရရင် ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ပါဘူး။

လောလောဆယ်တော့ သူဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဖို့ လိုအပ်ပါတယ်။

အဲ့အချိန်မှာပဲ လူအုပ်ထဲက ဆူညံ့သံတွေကြားလိုက်ရတယ်။

"မင်းတို့ ဘာလုပ်တာလဲ..ပန်ကိတ်လိုချင်တယ် ဆိုရင် တန်းစီဖို့လိုတယ်လေ..။ကိုယ်ကျင့်တရားမရှိဘူးလား..."

"အာ..မင်းတို့ ဘယ်ကရောက်လာတာလဲ..မြန်မြန်နောက်ကို သွားတန်းစီ..။မင်းတို့မှာ လူနည်းနည်းများတာနဲ့ ကြောက်မယ် ထင်နေတာလား.."

"မင်း ဘာကိုပြူးပြီးကြည့်နေတာလဲ..။ဟုတ်တယ် မင်းကိုပြောတာ..အဲ့အကြည့်တွေပြင်လိုက်..."

ခြူးယွန်ဟာ အခြေအနေတွေကို မှတ်တမ်းတင်နေတာဖြစ်ပြီး ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်။

စောက်ကျိုးနဲ့..

ဒီမြို့သားတွေက အဆန်းကြီးတွေပဲ...ဒီလူဘယ်သူလဲ ဆိုတာ မသိကြဘူးလား.....

ကျန်းမင်နဲ့ ကျန်တဲ့ လူတွေလည်း ကြောင်အသွားခဲ့ကြတယ်။သူတို့က..ခေါင်းဆောင်တွေဖြစ်ပေမယ့်လည်း မြို့သားတွေက သူတို့ကို ကြားဖြတ်စီတဲ့ လူတွေလို့ စွပ်စွဲနေခဲ့ကြပါတယ်။

လီရှီခွန်ဟာ မြို့သားတွေကို ကြည့်ကာ ပြုံးပြီး ပြန်ပြောလိုက်တယ်။

"အားလုံးပဲ..ကျုပ်တို့က. ကြားဖြတ်စီးတဲ့ လူတွေ မဟုတ်ပါဘူး..။ဒီတိုင်း အခြေအနေလာကြည့်တဲ့ လူတွေပါ"

လူအုပ်ကြီးကတော့..မယုံကြည်ကြပေ။

"ဒီအကွက်တွေ ငါတို့ရိုးနေပြီ..။နောက်ကို အမြန်သွား.."

"ဟုတ်တယ် ပြီးကြ လူကြားထဲကို ခိုးကြောင်ခိုးဝှက်ဝင်ကြဦးမှာပဲ.."

"သူဌေးလေးရဲ့ ပန်ကိတ်တွေက အရမ်းအရသာ ရှိတာနဲ့ပဲ..လူတွေက လိမ်နည်းပေါင်းစုံတတ်လာကြတယ်.."

...

လင်းဖန် လီရှီခွန်ကို မြင်ပြီး အံ့သြသွားခဲ့တယ်။

"အစိုးရ အရာရှိလား.."

လီရှိခွန် ရယ်မောလိုက်တယ်။

"မဆိုးဘူး ကောင်လေး မင်းငါ့ကို မှတ်မိသားပဲ.."

"ဟင့်အင်း"

လင်းဖန် ခေါင်းယမ်းလိုက်တယ်။

"ခင်ဗျားက အစိုးရ အရာရှိနဲ့ တူနေလို့ပါ။ပြီးတော့ ရာထူးလည်း နိမ့်မယ့်ပုံစံ မပေါ်ဘူး.."

လီရှိခွန် ရယ်မောလိုက်တယ်..လင်းဖန်ပြောတာကို သူဂရုမစိုက်ပါဘူး။ ပြီးမှ လင်းဖန် လှည်းကို ကြည့်လိုက်ပြီး..

"မင်းရဲ့ နည်းပညာတွေက တကယ်ကျွမ်းကျင်ူမရှိတာပဲ။ဒီလောက် လူအများကြီး တောင် လာတယ်ဆိုတော့ အတော် အရသာရှိလောက်တယ်.."

လင်းဖန် ပြုံးလိုက်တယ်။

"ယဥ်ကျေးနေပါပြီ..ကျွန်တော်ကို ဝိုင်းအားပေးကြတာ အတော်ကံကောင်းလို့ပါ.."

လီရှိခွန် လင်းဖန်နဲ့ စကားပြောနေတုန်း ကျန်းမင် လူထုကို အသိပေးလိုက်တယ်။

"အားလုံးပဲ ဒါက ခေါင်းဆောင် လီရှိီခွန် ပဲ..။ရှန်ဟိုင်းရဲ့ ဒုတိယ မြို့တော်ဝန်..။သူက တိမ်ဖြူလမ်းကို လာစစ်ဆေးတာ..လာတန်းစီတာ မဟုတ်ဘူး.."

မြို့သားတွေဟာ ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်။

"ခေါင်းဆောင်လား..."

"ချီးပဲ သူက ခေါင်းဆောင်လား..။သတင်းထောက်တွေ ဘာလိုက်လုပ်နေတာလဲလို့ ငါတွေးနေတာ.."

"အံ့သြစရာ သူဌေးလေးပဲ"

အပိုင်း ( ၂၅၅ ) ...ပြီးပါပြီ...❤️

All Chapters