အမိအရ ရိုက်ကူးလိုက်ပြီ..
Vol. 18 Ch. 256
အမှန်တကယ်ပါပဲ..သူ့ရဲ့ ရာထူးကို ဖော်ပြလိုက်တဲ့ အချိန်မှာ မြို့သားတွေဟာ..သူတို့ကို ကြားဖြတ်ဝင်စီမယ့်လူတွေလို့ ပြောနေတာကို ရပ်တန့်လိုက်ကြပါတယ်။သူတို့ ပြောချင်ရင်တောင် မပြောရဲတော့ပေ။
လီရှိီခွန်ဟာ ပြောလိုက်တယ်။
"ငါ သတင်းကြားမိတာတော့..တိမ်ဖြူလမ်းရဲ့ ရောင်းအား ရာခိုင်နှုန်းတွေက..မင်းရဲ့ဆိုင်ကြောင့် ၂၀၀ % အထိ တက်လာခဲ့တယ်ဆို.."
လင်းဖန် ပြုံးလိုက်တယ်။
"ကျွန်တော်ကို မြောက်နေပြန်ပါပြီ.။ကျွန်တော်က အဲလောက် စွမ်းဆောင်နိုင်စွမ်းမရှိပါဘူး.."
လူအုပ်ကြားထဲက ဆိုင်ပိုင်ရှင်တွေဟာ အံ့သြစွာ ရေရွတ်လိုက်ကြပါတယ်။
"ဒါက သူဌေးလေးရဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲ..။သူဌေးလေးကြောင့်သာ မဟုတ်ရင် တိမ်ဖြူလမ်းရဲ့..အနေအထားက ဒီလောက်အထိ စည်ကားလာမှာ မဟုတ်ဘူး.."
"အားလုံး သဘောတူကြတယ်မလား.."
"ဟုတ်တယ်..သူဌေးလေးရဲ့ ကျေးဇူးတွေပဲ.."
"အရင်တုန်းကဆိုရင် ငါတို့..ဆိုင်ကို ဘယ်သူမှ သိပ်လာမဝယ်ကြဘူး..။ဒါပေမဲ့ သူဌေးလေး တိမ်ဖြူလမ်းကို ရောက်လာအပြီးမှာ..အတော်ကွာခြားသွားခဲ့ပြီ.."
"သူဌေးလေးက ငါတို့ တိမ့်ဖြူလမ်းရဲ့ အနာဂတ်ပဲ ..။နောက်ပိုင်း သူဌေးလေး ဘာပဲလုပ်လုပ် ငါတို့ ထောက်ခံမယ် ."
"ဒါအမှန်ပဲ..."
လီရှိီခွန်ဟာ မြို့သားတွေရဲ့..ချီးကျူးမူတွေကိုကြားပြီး ဆွံ့အသွားခဲ့တယ်။ဒီလူတွေ ပြောနေကြတာတွေက ချဲ့ကားနေကြသလိုပါပဲ..။
သူ့ရှေ့ က လူငယ်လေး ဒီလောက်အထိ လူအားပေးမူ များမယ်လို့ မထင်ခဲ့ပေ။သူ ဒါမျိုး လူထောက်ခံမူ များတဲ့ သာမန်လူတစ်ယောက်ကို မမြင်ဘူးပါဘူး။
ယင်းနောက် သူ ပန်ကိတ်ကို ကြည့်လိုက်တယ်။ဒါက ရွှေရောင် အလွှာရှိပြီး..မွှေးကြိုင်တဲ့ ရနံ့လည်း ပျံ့နှံ့နေခဲ့ပါတယ်။
သူက ရာထူး အဆင့်တန်း မြင့်တဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း လူသားတစ်ယောက်ပါပဲ။မွှေးရနံ့ဟာ သူ့ကို ချက်ခြင်း ဆွဲဆောင်သွားခဲ့တယ်။
လီရှိီခွန် လည်ချောင်းရှင်းလိုက်ပြီး..
"သူဌေးလေး..တစ်ခုကို ဘယ်လောက်တုန်း.."
လင်းဖန် ပြုံးလိုက်တယ်..။
"၅၀ "
လီရှိခွန်..ခေါင်းညိမ့်လိုက်ပြီး.ဒေါ်လာ. ၅၀ အိပ်ကပ်ထဲကနေ ထုတ်လိုက်တယ်။
"တစ်ခုလောက် ပေးပါဦး..။ရနံ့က တကယ်ကို မွှေးကြိုင်လွန်းတယ်.."
ဝမ်မင်ယန်ဟာ သူ့လူတွေကို ရပ်ခိုင်းလိုက်ပြီး ဆိုင်ဘက်ကို ပြန်လာတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ လူအုပ်ကြောင့် အံ့သြသွားခဲ့တယ်။
လီရှိီခွန်..ဟာ ဝမ်မင်ယန်ကို ကြည့်ကာ.ပြုံးလိုက်ပြီး ..
"အကြီးအကဲ ဝမ်..ဘာလို့ ဒီမှာရှိနေတာလဲ.."
"ဒီဆိုင်က ကျွန်တော့် ညီအစ်ကိုရဲ့ ဆိုင်လေ..။အခုက ဆိုင်ပြန်လည်ပြင်ဆင်ပြီးတဲ့ အထိန်းအမှတ်ဆိုတော့..အကုန်ပျော်ရွှင်နေကြတာလေ.."
ဝမ်မင်ယန် လည်း လီရှိီခွန် ဒီလမ်းအထိ ရောက်လာလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။
ဝမ်မင်ယန်ဟာ ရှန်ဟိုင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်မဟုတ်ငယ်ပေမယ့်လည်း သူ့ရဲ့ အသက်အရွယ်ဟာ ငယ်ရွယ်လွန်းပြီး..အချမ်းသားဆုံး ငယ်ရွယ်တဲ့ သူဌေး စာရင်းမှာ ဆယ်ယောက်ထဲဝင်တဲ့ လူတစ်ယောက်ပါ။
လီရှိီခွန်ဟာ ခေါင်းဆောင် တစ်ယောက်အနေနဲ့.ဝမ်မင်ယန်ကို အနီးကပ် စောင့်ကြည့်ခိုင်းထားတာပါ။ ဝမ်မင်ယန် ဟာ ငယ်ရွယ်ပေမယ့်လည်း..သူ့အရည်အချင်းနဲ့ သူ ဒီအဆင့်ထိ ရောက်လာတာဖြစ်တဲ့ အတွက်ကြောင့် လီရှိီခွန် အထင်အမြင်ကောင်းတွေ ရှိပါတယ်။
ကျန်းမင်း ရှေ့တက်လာခဲ့တယ်။သူ ဝမ်မင်ယန်ကို မသိပေမယ့်..ခေါင်းဆောင်တောင် ဒီလူကိုမှတ်မိနေတော့ သာမန်လူတစ်ယောက် ဖြစ်မှာ မဟုတ်ပါဘူး။
ကျန်းမင် ပြုံးလိုက်ပြီး .
"အကြီးအကဲ ဝမ် နဲ့ သူငယ်ချင်းကြောင့် တိမ်ဖြူလမ်းက အခုလို စည်ကားနေခဲ့တာပဲ။လူအကုန်လုံးက အတော်ကို ပျော်ရွှင်နေကြတယ် ထင်တယ်.."
ဝမ်မင်ယန် ဂုဏ်ယူစွာ ပြောလိုက်တယ်။
"ဒါပေါ့..ကျွန်တော်ရဲ့ သူငယ်ချင်းက သာမန်ထက် ထူးခြားတဲ့ လူတစ်ယောက်ပဲ.."
လီရှိီခွန် ပြုံးပြီး ပြောလိုက်တယ်။
"သူဌေးလေး.. ဒီမှာ ငါးဆယ်..ပန်ကိတ်တစ်ခုလောက်ပေးပါလား..။အရသာကို တစ်ကယ်မြည်းကြည့်ချင်လို့ပါ.."
ဘေးနားက လူတွေဟာ မြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ကြတယ်။တစ်ကယ်လို့ တစ်ယောက်ယောက်ဆိုရင် သူတို့ကြားဖြတ်ခံမှာ မဟုတ်ပေမယ့် ရှန်ဟိုင်းရဲ့ မြို့တော် ဝန်ဆိုတော့ သူတို့ လွှတ်ပေးလိုက်ဖို့ပဲ တတ်နိုင်ပါတော့တယ်။
သူတို့အထင်ကတော့ သူဌေးလေးလည်း လုံးဝ ငြင်းပယ်မှာမဟုတ်ပါဘူး။ဒါက ခေါင်းဆောင်ရဲ့ အထင်အမြင်ကောင်းကို ရဖို့အတွက်..အကောင်းဆုံး အခွင့်အရေးပါ။
ဒါပေမဲ့..နောက် စက္ကန့်အနည်းငယ် အကြာမှာ ပဲ သူတို့ ဆွံ့အသွားခဲ့တယ်။
လင်းဖန် ပြုံးလိုက်ပြီး..
"တောင်းပန်ပါတယ်..အားလုံးက ဒီနေရာမှာ ညီတူညီမျှပါပဲ။လူတိုင်းတန်းစီဖို့ လိုအပ်ပါတယ်။ထပ်ပြောရရင် ဒီနေ့က ကျွန်တော့်ကို အစဥ်တစိုက် ထောက်ခံခဲ့ကြတဲ့..မြို့သားတွေကို ကျေးဇူးတုန့်ပြန်တာလေ။တကယ်လို့ စည်းမျဥ်းချိုးဖောက်ရင် သူတို့ ..မပျော်မရွှင်ဖြစ်သွားကြမှာပေါ့.."
ကျန်းမင် ကြောင်အသွားခဲ့တယ်။လင်းဖန် ဒီလို ပြောလာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး။
အဆင့်နိမ့် ခေါင်းဆောင်တွေလည်း မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားခဲ့တယ်။ဒါက လူတိုင်းက အသနားခံတောင်းခံရတဲ့ အခွင့်အရေးမျိုးပါ..ဒါတောင် ဒီကောင်လေးက ခေါင်းဆောင်ကို တန်းစီဖို့ ပြောနေပါသေးတယ်။
ဒီကောင် ဘယ်က သတ္တိနဲ့ ဒီစကားပြောတာလဲ..
ဝမ်မင်ယန် လင်းဖန်ကို စိတ်ထဲကနေ ချီးကျူးလိုက်တယ်။
စောက်ဆန်းကြီး...
ဒါမှ..ငါ , ဝမ်မင်ယန်..လေးစားရတဲ့ ညီအစ်ကိုပဲ..
"ကျွန်တော်တောင်းပန်ပါတယ် ခေါင်းဆောင်ကျွန်တော်ရဲ့ ညီအစ်ကိုက ..အကြောင်းပြချက်တွေကို ပဲကြည့်တယ်..လူပုဂ္ဂိုလ်ကို မကြည့်တတ်လို့ပါ.."
ဝမ်မင်ယန် က ပြောလိုက်တာပါ။
လီရှိခွန် ရယ်မောလိုက်တယ်။
"စိတ်မပူပါနဲ့..စိတ်မပူပါနဲ့..ဒါကတကယ်ကို မျှတပါတယ်။ငါ့ကြောင့် စည်းမျဥ်းမပျက်စီး စေရပါဘူး။တန်းစီမယ်..ငါ တန်းစီပါ့မယ်..ဒါပေမဲ့ အလျင်မလိုဘူး ..တစ်ခြားတစ်နေရာကို သွားစစ်ဆေးရဦးမယ်..ပြန်လာမှ.အရသာမြည်းကြည့်တာပေါ့.."
လင်းဖန် ပြုံးလိုက်တယ်။
"နားလည်မူ အတွက်ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..။တန်းစီရတာ တန်လိမ့်မယ် လို့ ကျွန်တော် အာမခံပါတယ်.."
"ကောင်းပြီ.."
လီရှိီခွန် ပြုံးပြီး ကျန်းမင်ကို ပြောလိုက်တယ်။
"ဒီလို ဆိုင်မျိုးတွေကို အနာဂတ်မှာ မျက်ခြေမပြတ် ကြည့်ပေးထားရမှာ..။အနာဂတ်ကျရင် သူတို့မှာ ပြသနာရှိရင် အကောင်းဆုံး ဝင်ဖြေရှင်းပေးလိုက်ပါ..ဟုတ်ပြီလား.."
ကျန်းမင် ခေါင်းညိမ့်လိုက်တယ်။
"သိပါပြီ.. ကျွန်တော်တို့ အမြဲတမ်း လူထုအတွက်ကြည့်ပေးပါ့မယ်။ပြသနာ တစ်ခုခုတွေ့တိုင်း အကောင်းဆုံး ..ကြိုးစားပေးသွားမှာပါ"
လီရှီခွန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်။
"သူဌေးလေးကို ထပ်ပြီး မနှောက်ယှက်ကြရအောင်.."
ခေါင်းဆောင်တွေဟာ ရှေ့ကို ဆက်သွားပြီး စစ်ဆေးဖို့ လုပ်လိုက်ကြတယ်။
ဝမ်မင်ယန် လင်းဖန်ကို ကြည့်လိုက်ပြီး..
"ညီအစ်ကို ငါမင်းကို တကယ်လေးစားသွားပြီ..ဒါက ရှန်ဟိုင်းရဲ့ ဒုတိယမြို့တော်ဝန်ပဲ.."
လင်းဖန် ပြုံးလိုက်တယ်။
"ဒါက ကျုပ်အတွက်တော့ ဘာပြသနာမှ မရှိဘူး။ကျုပ်သူ့ဆီက ဘာမှ မလိုချင်သလို..သူကိုယ်တိုင်လည်း ကျုပ်ဆီက ဘာမှ မလိုချင်ဘူး။ကျုပ်က အကုန်လုံးကို မျှတအောင်လုပ်ပေးတတ်တဲ့ လူပဲ..။အဲလို မထင်ဘူးလား.."
"ဒါအမှန်ပဲ..ငါဘာမှ ငြင်းစရာမရှိဘူး.."
ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တာပါ။
တန်းစီနေကြတဲ့ လူတွေဟာတော့ လင်းဖန် ရဲ့ လုပ်ရပ်ကို အံ့သြနေခဲ့ကြတယ်။
"စောက်ကျိုးနဲ့..သူဌေးလေးက အမေးဇင်းပဲ.."
"စောက်ဆန်းကြီး ကလွဲပြီး ပြောစရာ ဘာမှမရှိတော့ဘူး.."
"သူဌေးလေးကို ငါသဘောကျတယ် အဲတာတွေပါတယ်။သူက လူတိုင်းကို မျှမျှတတ ပဲဆက်ဆံတယ်..ဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူး.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"လုံလောက်ပြီ..ခင်ဗျားတို့ ကျုပ်ကို ဆက်မြောက်နေရင် ကျုပ်နတ်ပြည် ရောက်သွားတော့မယ်။အဲဒါဆို ..ခင်ဗျားတို့ အတွက် ဘယ်သူ ပန်ကိတ်လုပ်ပေးတော့မှာလဲ..."
လူအုပ်ကြီးဟာ ရယ်မောလိုက်တယ်။အရာရာတိုင်းက အေးအေးဆေးဆေး ရှိနေပြီး..သူဌေးလေးကြောင့် သူတို့ ပျော်ရွှင်ကြရပါတယ်။
တန်းစီနေကြတဲ့ လူတွေက သိပ်တော့..အနည်းကြပါဘူး..။တကယ်တော့ ပိုတောင် များများ လာပါသေးတယ်။
ပန်ကိတ်တစ်ခုစီးတိုင်းက မြို့သားတွေ အတွက်ကတော့ ပြန်လာမွေးဖွားလာသလို အရသာတွေပေးစွမ်း နိုင်ပါတယ်။တစ်ယောက်ပြီး တစ်ယောက် ပန်ကိတ်ကို စားလိုက်ကြတဲ့ အချိန်မှာ..ရှက်ရွံ့စရာကောင်းတဲ့ အမူအရာနဲ့ အသံတွေ ထွက်ပေါ်လာခဲ့ကြတယ်။
သို့ပေမယ့် လူအုပ်ကြီးက တော့ လှည့်မကြည့်သလို ဂရုလည်း မစိုက်ကြပါဘူး။ဒီလို အရာမျိူးတွေကို သူတို့ ရိုးနေကြပါပြီ။ပန်ကိတ်ရဲ့ အရသာက တကယ်ကြောက်ဖို့ ကောင်းပါတယ်။
သိပ်မဝေးတဲ့ နေရာတစ်ခုမှာ လီရှိခွန်ဟာ စစ်ဆေးနေခဲ့တယ်။သူ အသံတွေ ကြားတဲ့ အချိန်မှာ ဘာတွေဖြစ်နေတာလဲ လှမ်းကြည့်လိုက်ပါတယ်။
ခြူးယွန် ရှေ့တက်လာခဲ့ပြီး..
"ခေါင်းဆောင် .မာစတာ လင်းရဲ့ ပန်ကိတ်တွေက စားသုံးသူတွေကို တောင့်မခံနိုင်အောင် ဖန်တီးတဲ့ စွမ်းအင်တွေရှိတယ်။ဘယ်သူပဲ စားစား စားပြီးတဲ့ အချိန်မှ မတောင့်ခံနိုင်ကြပဲ ဒီလို အမူအရာတွေဖြစ်ပေါ်လာကြတာ.."
လီရှီခွန် အံ့သြသွားခဲ့တယ်။
"အဲလောက်တောင် ဆန်းကြယ်တယ်လား.."
ကျန်းမင် လည်း အံ့သြသွားခဲ့တယ်။
"ပန်ကိတ်မှာ ပြသနာတစ်ခုခု ရှိနေတာလား.."
လူတစ်ယောက်အနေနဲ့ ဒီလိုတွေးမိဖို့ ဆိုတာက ပုံမှန်ပါပဲ။သာမန် ဆိုရင် လူတွေက ဒီအဖြစ်အပျက်ကို နားမလည်နိုင်ကြပဲ..စိတ်ဝိညာဥ်တွေ သရဲတွေတောင် လျောက်စဥ်းစား တတ်ကြပါတယ်။
ခြူးယွန် လက်ဝေ့ယမ်းလိုက်ပြီး..
"ဘာပြသနာမှ မရှိပါဘူး။ကျန်းမာရေး ဌာနက ပန်ကိတ်ကို စစ်ဆေးပြီးသွားပြီ။ဘာပစ္စည်းမှ ထပ်မထည့်ထားသလို.. စည်းမျဥ်းနဲ့ မကိုက်ညီတာလဲ ဘာပြသနာ မှမရှိဘူး..။ဒါတွေက မာစတာ လင်းရဲ့ နည်းပညာကြောင့် လို့ပဲ ပြောကြတယ်..။သူ့လို ပန်ကိတ်မျိုး ဘယ်သူမှ လိုက်မလုပ်နိုင်ကြဘူး.."
လီရှိီခွန် စိတ်လှုပ်ရှားသွားခဲ့တယ်။
"ငါလည်း ခနနေ ပန်ကိတ်ကို မြည်းကြည့်ရမယ်။ဘယ်လို အရသာရှိလဲ ဆိုတာကို တကယ်သိချင်နေပြီ.."
.....
အချိန်အတော်ကြာ စစ်ဆေးပြီးတဲ့ နောက်မှာ သူတို့ ပြန်လာခဲ့ကြတယ်။သို့ပေမယ့် တန်းစီနေတဲ့ လူတန်းကြီးက တော့ လျော့ကျ မသွားခဲ့ပါဘူး။
သို့ပေမယ့် တစ်ချို့ မြို့သားတွေဟာ..လီရှီခွန်ကို လမ်းဖယ်ပေးလိုက်ကြတယ်။သူတို့ ခေါင်းဆောင်ကို ပန်ကိတ် အရသာ မြည်းကြည့်စေချင်နေကြပါတယ်။
ဒီခေါင်းဆောင်က နေ့တိုင်းလာပြီး တန်းစီ နိုင်မှာမဟုတ်ပေမယ့် .သူတို့ကတော့ မတူညီကြပါဘူး။သူတို့က နေ့တိုင်း တန်းစီချင်တဲ့ အချိန်မှာ တန်းစီလို့ ရတဲ့ သူတွေပါ။
လီရှိခွန် သူ့လက်ထဲက ပန်ကိတ်ကို ကြည့်ပြီး..ရနံ့ရူကြည့်လိုက်တယ်။မွေးရနံ့လှိုင်းဟာ သူ့နှာခေါင်းထဲမှာ ပြည့်နှက်သွားခဲ့ပါပြီ။ယင်းနောက် သူ ထပ်တောင့်မခံနိုင်တော့ပဲ ကိုက်လိုက်တယ်။
*တစ်ကိုက်*
မာစတာ လင်းရဲ့ ပန်ကိတ်ကို စတင်စားတဲ့ အချိန်မှာ သူ မပြင်ဆင်ထားခဲ့ပါဘူး။သူကိုက်လိုက်တဲ့ အချိန်မှာတော့..
အရသာဟာ ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားပြီး အရသာခံ အာရုံတွေဟာ ချက်ချင်း တုန့်ပြန်လာခဲ့တယ်။
ချဲ့ကားတဲ့ အမူအရာတွေကတော့ သူ့မျက်နှာမှာ စတင်ပေါ်လာခဲ့ပါပြီ။
* ချလပ် *
ခြူးယွန် ဒီအမူအရာကို သူ့ကင်မရာနဲ့ အမိအရ ရိုက်ကူလိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်။
ပုံမှန် အမူအရာပါပဲ..တကယ်မဆိုးဘူး..
အပိုင်း ( ၂၅၆ ) ....ပြီးပါပြီ...❤️