ပြဿနာ ရှာချင်နေတာပဲ
Vol. 18 Ch. 257
နောက်တစ်ရက်။
သတင်းတစ်ခုဟာ အင်တာနက်ပေါ်မှာ တက်လာခဲ့တယ်။ဒါက အစိုးရရဲ့ လှည့်ပတ်စစ်ဆေးမူ လုပ်ငန်းစဥ်ဖြစ်ပြီး ပုံမှန်ဆိုရင် ဒီကိစ္စကို စိတ်ဝင်စားတဲ့ လူတွေ နည်းပါတယ်။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သတင်းက ပျံ့နှံ့နေခဲ့ပါပြီ။
"ချီးပဲ..ခေါင်းဆောင်ရဲ့ အမူအရာက ချဲ့ကားလွန်းမနေဘူးလား.."
"ဒီ အမူအရာကို ဘယ်သူက အတိအကျ ရိုက်ကူးထားတာတုန်း..အမေးဇင်းပဲ.."
"ဒီလို ခေါင်းဆောင်မျိုးက လူထုကို ဂရုစိုက်ပေးမယ့်ခေါင်းဆောင် ဆိုတာ ငါခံစားနေရတယ်နော်။ပန်ကိတ်စားပြီး ဒီလို အမူအရာဖြစ်တယ် ဆိုတော့ အတော်အရသာရှိလို့ပဲ ဖြစ်မယ်.."
"မင်းတို့ မသိကြသေးဘူးလား..ဒါက မာစတာ လင်းရဲ့ ပန်ကိတ်လေ..။လီရှီခွန်က တိမ်ဖြူလမ်းကို လာစစ်ဆေးရင်း.ပန်ကိတ် ဝယ်စားသွားတာ။သိသိသာသာပဲ သူပန်ကိတ်ကို အရမ်းကြိုက်သွားလောက်ပြီ..."
"သတင်းခေါင်းစဥ်ကိုကြည့်ဦး..ဒီဆိုင်ကြောင့် တစ်လမ်းလုံးရဲ့ ရောင်းအားက ၂၀၀ ရာခိုင်နှုန်း အထိတက်လာခဲ့တယ်တဲ့..။ကြောက်စရာပဲ"
"ငါ ဆွံ့အနေပြီ ဆိုင်တစ်ဆိုင်က..လမ်းတစ်လမ်းလုံးကို တိုးတက်အောင်လုပ်ဖို့ ဆိုတာ တစ်ကယ် မလွယ်ကူဘူးနော်.."
"ဟီးဟီး..မင်းတို့လို ရှန်ဟိုင်းက စောက်ရူးတွေပဲ ဒီစကားကို ယုံကြည်ကြလိမ့်မယ်..။တစ်ခြားလူတွေကတော့ ဘယ်သူမှ ယုံကြည်မှာ မယုတ်ဘူး.."
"အပေါ်က ခွေးသား..ငါက အဲ့နားမှာတင် နေတာ။မာစတာ လင်းရဲ့ ဆိုင်ကြောင့် လာလည်ပတ်တဲ့ လူတွေမှ အများကြီးပဲ..။ငါ့မျက်လုံးနဲ့ မြင်ထားတာ.."
"မင်းကတော့ မဖြစ်နိုင်ဘူးလို့ တွေးရင်တွေးနေမှာပေါ့..ဒါပေမဲ့ တစ်ခြားလူတွေကတော့ အဲလို လိုက်တွေးမှာ မဟုတ်ဘူး.."
..
အစိုးရ ရုံးခန်းထဲတွင်။
လီရှိီခွန် ဟာ ဒီသတင်းကို မြင်ပြီး ရယ်မောလိုက်တယ်။အထူးသဖြင့် သူပန်ကိတ်စားတုန်း ဖြစ်သွားတဲ့ အမူအရာကြောင့်ပါ။ဒီပုံအတွက်ကတော့ သူဂရုမစိုက်သလို ..စိတ်လည်းမဆိူးပေ။
မသိရင် တော့ သူ့ရဲ့ အမူအရာက သရုပ်ဆောင်နေသလိုပါပဲ..ဒါက တကယ်ကို မထင်မှတ်ထားတာပါ။
တစ်ချို့ လုပ်ဖော်ကိုင်ဘက်တွေက..ဓာတ်ပုံဟာ သိပ်အဆင်မပြေတဲ့ အတွက် ပြန်ဖျက်ခိုင်းဖို့ အကြံပေးခဲ့ကြတယ်။သို့ပေမယ့် သူကတော့ ပြန်ဖျက်ဖို့ လိုအပ်တယ်လို့ မထင်မိပါဘူး။
ဒီဓာတ်ပုံက နွေးထွေးတဲ့ ပုံပေါ်နေပြီး မြို့သူမြို့သားတွေနဲ့ ပိုပြီး ရင်းနှီးစေပါတယ်။
သို့ပေမယ့် တစ်ခုသေချာတာကတော့ ဒီဓာတ်ပုံက သူတမင်တကာ ဟန်ဆောင်ထားတာ မဟုတ်ပါဘူး။
တိမ်ဖြူလမ်း။
ဝူယူလန်ဟာ သူမရဲ့ ဖုန်းကို ကိုင်ထားပြီး မေးလိုက်တယ်။
"ရှင်တော့..နာမည်ကြီးပြန်ပြီ..။ဒီတစ်ကြိမ် ဓာတ်ပုံက ခေါင်းဆောင်ပါပါတယ်နော်..."
လင်းဖန် အံ့သြသွားခဲ့တယ်။သူ ဖုန်းကိုဖွင့်ပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့ မတတ်နိုင်စွာပဲ ရယ်မောလိုက်ပါတယ်။သူ ဘာပြောရမှန်းတောင် မသိတော့ပေ။
တစ်ကြိမ်မှာတော့ သူက ရှန်ဟိုင်းရဲ့ ခေါင်းဆောင်နဲ့ အတူတူတွဲပြီး သတင်းမှာ ပါလာခဲ့တာပါ။
တစ်ချို့မြို့ရဲ့ ခေါင်းဆောင်တွေဟာ ဒီသတင်းကို မြင်တဲ့ အချိန်မှာ .သတင်းအတုလို့ တွေးလိုက်ကြတယ်။ဘာပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင်က..လမ်းတစ်လမ်းလုံးကို စီးပွားဖြစ်အောင် လုပ်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။
ထပ်ပြောရရင် ဒီဆိုင်မှာ..လူတွေ အများကြီး တန်းစီ နေကြတာက ပိုပြီး..အံ့သြဖို့ကောင်းပါတယ်။
ဒီသတင်းမှာ..လီရှိီခွန် ပါနေတဲ့ အတွက်ကြောင့် မယုံကြည်တဲ့ လူတွေလည်း ..နှစ်ခါပြန်စဥ်းစားကြရမှာပါ။သတင်းအမှန် ဖြစ်နိုင်ခြေကတော့ ပိုပြီး မြင့်မားပါတယ်။
တစ်ချို့ ခေါင်းဆောင်တွေဟာ လေးလေးနက်နက် စတင် စဥ်းစားလာခဲ့ကြတယ်။သူတို့လည်းအထူးဆိုင်တစ်ဆိုင်ဖွင်ပြီး..လည်ပတ်သူတွေကို ဆွဲဆောင်ကြဖို့ပါ။
ဒါပေမဲ့ မတူညီတဲ့..အခြေအနေတွေကို ဘက်ပေါင်းစုံကနေ တွေးတောပြီးတဲ့နောက်မှာ ဒါက မဖြစ်နိုင်ဘူးဆိုတာ နားလည်လိုက်ပါတယ်။ဒီကိစ္စက လိုက်ပြီး တုပလို့ရတဲ့ အရာမဟုတ်ပေ။
အဆုံးမှာတော့..သူ တို့လက်လျော့လိုက်ကြတယ်။
သို့ပေမယ့် တစ်ချို့မြို့ရဲ့ ခေါင်းဆောင်တွေကတော့..ဒီအရည်အချင်းရှိတဲ့.လူငယ်ကို သူတို့မြို့ဆီ ဆွဲဆောင်ဖို့ စဥ်းစားနေခဲ့ကြပါတယ်။
တကယ်လို့ သူတို့သာ မာစတာ လင်းကို ဆွဲဆောင်နိုင်ပြီဆိုရင်..ဒီပြသနာက ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။
ဒါပေါ့..ဒီလို ဆွဲဆောင် ဖို့ဆိုတာက ရိုးရှင်တဲ့ ကိစ္စ မဟုတ်ပါဘူး။
ရက်အနည်းငယ် ကြာပြီးနောက်။
ဝူယူလန်ဟာ..လဘက်ရည်ခွက်ကို သယ်ပြီး စားပွဲပေါ်ကို လာချပေးခဲ့တယ်။
"ဒီတစ်လောမှာ..ငါတို့ ဝန်းကျင်ရဲ့ ဆိုင်အခြေအနေက သိပ်တော့ မူမမှန်ဘူးနော်.."
လင်းဖန် သူမကို ကျေးဇူးတင်လိုက်ပြီး ခေါင်းမော့ကာ ပြန်ပြောလိုက်တယ်။
"မူမမှန်ဘူးလား..။ဘယ်လိုဖြစ်နိုင်မှာလဲ..ငါကတော့ ပုံမှန်ပဲ မြင်တယ်..."
လူလိမ် ထျန် လည်း မှားတာမှ မခံစားမိပါဘူး။
ကျောက်ကျန်းယန် ဟာ ဖုန်းကို ကြည့်နေရင်းပနေ ..သဘောတူစွာ ဝင်ပြောလိုက်တယ်။
"ကျွန်တော်တော့ ယူလန် နဲ့ သဘောတူတယ်နော်။တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတယ်။ကျွန်တော် ဒီကို လာနေတုန်းကတောင်..အကြီးအကဲ ရှမ်းက ဆိုင်ထဲမှာ ကျယ်ကျယ် ကျယ်ကျယ် ပြောနေသေးတယ် ..ဘာပြောနေတာလဲ တော့ မသိဘူး..."
"ဘယ်လို ဖြစ်နိုင်မှာတုန်း.."
လင်းဖန် ဖုန်းကို ချပြီး ရေရွတ်လိုက်တာပါ။
* ဘန်း *
အဲ့အချိန်မှာပဲ အပြင်ဘက်က ဆူညံ့တဲ့ အသံကို ကြားလိုက်ရပါတယ်။
အကြီးအကဲ ခွေး နီကိုးလပ်ဟာ သူ့ဟာသူ သာသာယာယာ နေနေတာဖြစ်ပေမယ့်လည်း..ဒီအသံကို ကြားလိုက်ရတဲ့ အတွက်..လန့်ဖြန့်ပြီး ထဟောင်လိုက်တယ်။
လင်းဖန် နဲ့ ကျန်တဲ့ လူတွေ လည်း အပြင်ကို အလျင်အမြန် ထွက်ကြည့်လိုက်ကြပါတယ်။
ကလေးကစားစရာ အရုပ်တွေ ရောင်းတဲ့ အကြီးအကဲ လိန် ဟာ သူ့ဆိုင်ရှေ့က လူတွေကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။
"မင်းတို့ အတော်ကို ဆိုးရွားတဲ့ ကောင်းတွေပဲ..လွန်ခဲ့တဲ့ နှစ်ဝက်ကပဲ..ဆိုင်ငှားရမ်းခကို စျေးတက်ထားတာ ငါဘာမှမပြောဘူး။အခု မင်းက နောက်ထပ် ၁၀၀ ရာခိုင်နှုန်း ထပ်တက်ချင်နေတယ်။အဲ့အစား ဘာလို့ ငါ့ဆီက လာမခိုးတာလဲ.."
အဲ့အချိန်မှာပဲ..ဘေးနားမှာ လူတွေ ဝိုင်းလာခဲ့ကြတယ်။
"မင်းတို့တွေ တကယ်ရိုင်းစိုင်းတဲ့ ကောင်တွေပဲ.။မင်းတို့က အဲလိုမျိုး..ငှားရမ်းခကို တိုးတောင်းတော့ ငါတို့ တစ်နှစ်လောက် လုပ်ကိုင်လာရတဲ့.လုပ်အားခတွေကို မင်းတို့ဆီ ပေးရမှာလား..။ငါတို့ စားဖို့ အတွက်လည်း ရှာကျန်ရဦးမယ် သိတယ် မလား..."
လင်းဖန် ရှေ့တက်ပြီး ချက်ချင်းမေးလိုက်တယ်။
"အကြီးအကဲ လိန် , ဘာဖြစ်နေတာလဲ.."
အကြီးအကဲ လိန် ..လင်းဖန်ကို မြင်တဲ့ အချိန်မှာ ချက်ချင်းလက်ကို ဆွဲပြီး ပြောလိုက်တယ်။
"သူဌေးလေး မင်းပဲ ဆုံးဖြတ်ပေးပါဦး။သူတို့ ငါ့ကို အနိုင်ကျင့်နေတယ်။သူတို့က လွန်ခဲ့တဲ့ နှစ်ဝက်ကမှ ..ငါတို့ကို ငှားရမ်းခ တက်ထားသေးတယ်..အခု နောက်ထပ် ၁၀၀ ရာခိုင်နှုန်း ထပ်တက်ချင်နေပြန်ပြီ။သူတို့ ငါတို့ကို သေတဲ့ အထိ တွန်းအားပေးချင်နေတာပဲ..."
ဆိုင်ပေါက်ဝမှာတော့ အနက်ဝတ်စုံဝတ်ထားတဲ့လူငယ် သုံးယောက်ဟာ..ရပ်နေခဲ့တယ်။
"သူဌေး ကျုပ်တို့ကို အော်ပြောနေလို့လည်း ဘာမှ ထူးမှာမဟုတ်ဘူး။ဒါက အထက်က အမိန့်ပဲ။ကျုပ်က အလုပ်သမားဆိုတော့ ပြောတဲ့ အတိုင်းလုပ်ယုံပဲ တတ်နိုင်လိမ့်မယ်.."
"ဒေါသ မထွက်ပါနဲ့..ဒါက ဘာမှ ထိုက်တန်တာမဟုတ်ဘူး။ ကျုပ်မေးပါရစေဦး.."
လင်းဖန် အကြီးအကဲ လိန်ကို.နှစ်သိမ့်လိုက်ပြီး.လူငယ်သုံးယောက်ကို..ကြည့်လိုက်တယ်။
"ဒီက ငှားရမ်းခ တက်တာကတော့..တစ်ခုခုအကြောင်းရှိလို့ဖြစ်မယ်။ဒါပေမဲ့ တစ်နှစ်အတွင်းမှာ နှစ်ကြိမ် တက်စရာ အကြောင်းတော့ မရှိဘူးနော်..။တစ်ခုခု မှားနေသေးလား..."
လူငယ် သုံးဟောက်ဟာ ခေါင်းခါယမ်းလိုက်တယ်။
"ကျုပ်တို့ဘာမှ မှားစရာ အကြောင်းမရှိဘူး..ညွှန်ကြားတဲ့ အကြောင်းလုပ်ဆောင်ရတာ။ငှားရမ်းခ တက်ရတဲ့အကြောင်းလည်း .. မသိဘူး.."
"အချက်အလက်တွေကိုကြည့် ကျုပ်တို့မှာ ရွေးချယ်စရာ မှ မရှိတာ.."
လင်းဖန် အချက်အလက်တွေကို ကြည့်လိုက်ပြီး သေချာ ဂရုတစိုက်ဖတ်လိုက်တယ်။
ရှင်းယု အိမ်ခြံမြေ စီးပွားရေး ကော်ပိုရေးရှင်း လီမီတက်။
လင်းဖန် အချက်အလက်တွေကို ဖတ်ကြည့်လိုက်တယ်။တိမ်ဖြူလမ်းရဲ့ ဆိုင်တွေ ငှားရမ်းခက ၁၀၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်။
ဖတ်ပြီးတဲ့ နောက်မှာ လင်းဖန် အချက်အလက်တွေကို ပြန်ပေး လိုက်တယ်။
"သဘောတူထားတာက တစ်နှစ်တစ်ကြိမ် မဟုတ်ဘူးလား..။အခုက အချိန်မကျသေးဘူးလေ..ဟုတ်တယ်မလား.."
အကြီးအကဲ လိန်ဟာ ဒေါသထွက်စွာနဲ့ ပြောလိုက်တယ်။
"သူဌေးလေး မင်းတော့ သိမှာမဟုတ်ဘူး..ဒါပေမဲ့ စာချုပ်ထဲမှာက ကုန်စျေးနှုန်းတက်တဲ့ အချိန်တိုင်းမှာ ငှားရမ်းခ ပြောင်းလဲနိုင်တယ် ဆိုတဲ့ အချက်ပါတယ်။ဒါက သူတို့ ကြိုက်တဲ့ အချိန်မှာ..ငှားရမ်းခကို တက်နိုင်တယ် ဆိုတဲ့ သဘောပဲ..။တကယ်လို့ ငါတို့သာ သဘောမတူဘူးဆိုရင် စာချုပ်ရဲ့ လက်ကျန် ကို ငွေပြန်အမ်းမှာ. "
"ဒီ သဘောတူညီချကိကြီးက မဟုတ်သေးဘူးနော်..ဟုတ်တယ်မလား.."
လင်းဖန် အံ့သြသွားခဲ့တယ်။
"ဒီနားဝန်းကျင်က ဆိုင်တွေအကုန်လုံးက ငှားရမ်းခ တက်လာမယ်လို့ ဆိုလိုချင်တာလား.."
တစ်ခြား ဆိုင်ပိုင်ရှင်တွေက ခေါင်းခါယမ်းလိုက်တယ်။
"တစ်ခြားလမ်းတွေက မတက်ဘူး..တိမ်ဖြူလမ်းတစ်ခုပဲ စျေးတက်မှာ.."
လင်းဖန် လူငယ်တွေကို ကြည့်လိုက်ပြီး..
"မေးပါရစေ..တကယ်လို့ စျေးကွက် စျေးနှုန်းတွေ အခြေခံတယ် ဆိုရင် တစ်ခြားဆိုင်တွေ စျေးမတက်ပဲ ဘာလို့ တိမ်ဖြူလမ်းတစ်ခုပဲ စျေးတက်တာလဲ.."
သူတို့ ခေါင်းခါယမ်းလိုက်တယ်။
"စျေးကွက်ထဲက အပြောင်းအလဲကို တွေ့ရှိသွားလို့လေ..။တိမ်ဖြူလမ်းကို လာတဲ့ ဧည့်သည် အရေအတွက်က ..နှစ်ဆနီးပါးလောက်မြင့်တက်နေတာ။ဒါကြောင့် ငှားရမ်းခ စျေးနှုန်းလည်း..မြင့်တက်သင့်တယ်လေ .."
အဲ့အချိန်မှာပဲ လင်းဖန် နားလည် သွားခဲ့တယ်။
ဒါတွေက သူ့ကြောင့် ဖြစ်လာခဲ့တာတွေပါ။သူတို့က တက်လာတဲ့ သတင်းတွေကို သတိထားမိသွားကြတဲ့ ပုံပါပဲ။
ဒါကြောင့် ဆိုင်ငှားရမ်းခ တွေက တက်သွားခဲ့တာပါ။
လင်းဖန် မေးလိုက်တယ်။
"ကျုပ်လည်း ငှားရမ်းထားတာပဲလေ..ဘာကြောင့် အသိပေးစာမရှိတာလဲ.."
လူငယ်လေးဟာ ခေါင်းခါယမ်းလိုက်တယ်။
"ကျုပ်တို့လည်း မသိဘူး..။ကျုပ်တို့ကို ညွှန်ကြားချက် မပေးထားဘူး.."
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ ပြောလိုက်တယ်။
"သူဌေလေး ဒီလို တိမ်ဖြူလမ်း တိုးတက်နေတာက သူဌေးလေးကြောင့်လေ။သူတို့က မင်းရဲ့ ဆိုင်ငှားခကို တိုးရဲမှာ မဟုတ်ဘူး..ဒါကြောင့်..ကျုပ်တို့ရဲ့ ဆိုင်တွေကိုပဲ တိုးတောင်းတာ.."
လင်းဖန် လူအုပ်ကြီးကို ကြည့်လိုက်တယ်။
"ခင်ဗျားတို့ အကုန် ငှားရမ်းခ တက်ကြတာလား.."
လူအုပ်ကြီး ပြန်ပြောလိုက်တယ်။
"ဟုတ်တယ်..ကျုပ်တို့ကို အကြောင်းကြားထားပြီးပြီ.."
လင်းဖန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်မေးလိုက်တယ်။
"အခု ဘာလုပ်ဖို့ စီစဥ်ထားကြလဲ.."
အကြီးအကဲ လိန် ကြည့်လိုက်တယ်။
"ငါတော့ ငှားရမ်းခကို မတတ်နိုင်တော့ဘူး..။ရွေးချယ်စရာ မရှိရင်တော့ နေရာပြောင်းရတော့မှာပဲ.."
"ကြည့်ရတာ ဒါက ဖြေရှင်းဖို့ ခက်ခဲနေတာပဲ။သူဌေးလေး..ကျုပ်တို့ အနာဂတ်မှာ..အိမ်နီးချင်းတွေ မဖြစ်နိုင်တော့ဘူးထင်တယ်.."
လင်းဖန် လက်မြောက်လိုက်ပြီး အားလုံးကို တိတ်ဆိတ်အောင် အချက်ပြလိုက်တယ်။
လူအုပ်ကြီးဟာ သူဌေးလေး ဘာပြောချင်မှန်းမသိပဲ တိတ်ဆိတ်သွားခဲ့ကြတယ်။
သူတို့ ဒီနေရာကနေ မဖယ်ချင်ကြပေမယ့်လည်း..စျေးနှုန်းက မြင့်တော့ မတတ်နိုင်စွာပဲ ဖယ်ပေးကြရမှာပါ။
လူအုပ်ကြီးများတာနဲ့ စျေးတက်တယ်ဆိုတော့..လူနည်းနေတုန်းက..ဘာလို့ စျေးမကျတာလဲ...
"အားလုံးပဲ စိတ်မပူကြပဲ နဲ့ ကျွန်တော် ဒီမှာနေတဲ့ နှစ်လအတော်အတွင်းမှာ..အားလုံးက ကြင်ကြင်နာနာနဲ့..နွေးထွေးစွာ ဆက်ဆံ ပေးခဲ့ကြတယ်။ဒါကြောင့် တစ်ယောက်ယောက် ရွေ့ရင် ကျုပ်တို့ အကုန်ရွေ့ကြမယ်။သူတို့ စျေးတက်ချင်သလောက် တက်ပလေ့စေ..ဂရုမစိုက်ကြနဲ့.."
"ရှန်ဟိုင်းက တစ်ခြားအရာတွေ ရှားပါးချင် ရှားပါလိမ့်မယ် ဒါပေမဲ့ ဆိုင်ဖွင့်ဖို့ နေရာတော့ မရှားပါဘူး။ကျုပ်တို့ ပြောင်းရွေ့ဖို့ နေရာမရှိဘူးလို့တော့ မယုံကြည်ဘူး..။အဆောက်အဦး ပြင်ဆင်ပြီးတာနဲ့ ရွေ့ကြတာပေါ့..သူတို့ကြိုက်သလောက် စျေးတက်ကြစမ်းပါစေ.."
လူအုပ်ကြီး ဟာ ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်။သူဌေးလေးဒီလို ပြောလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။
ဘယ်လောက် ရင်ထဲထိလိုက်လဲ...
တစ်ချို့ ဆိုင်ပိုင်ရှင်တွေဟာ...မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့ပါပြီ။
သူဌေးလေး ဒီလောက်အထိ သူတို့ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ဒါပေမဲ့ လင်းဖန် အတွက်ကတော့ ဘယ်ကိုပဲ သွားသွား အတူတူပါပဲ။ဒီ ငှားရမ်းခက သူ့အတွက် အကျိုးမသက်ရောက်ပေမယ့် လည်း သူဝင်ပြီး ဖြေရှင်းရမှာပါ။
သူ ထွက်ခွာသွားရမယ် ဆိုရင်လည်း ထွက်သွားလိုက်ယုံပါပဲ။
သူတို့ ပြသနာ ရှာချင်တယ် ဆိုရင်တော့ ဘာမှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။
ကာစတန်မာတွေကို ဆွဲဆောင်ဖို့လား...
ဒါက ဘာပြသနာမှ ရှိမှာ မဟုတ်ပါဘူး။
သူနည်းနည်း အားစိုက်ပြီး တစ်နေ့ အခု နှစ်ဆယ် ရောင်းလိုက်ယုံပါပဲ။
ကာစတန် မှာ မရှိဖြစ်မှာကို ငါက ဘာလို့ ကြောက်ရမှာလဲ....
အပိုင်း ( ၂၅၇ ) ....ပြီးပါပြီ.....❤️