← Chapters

စီးပွားရေးကို ဂရုစိုက်တဲ့ ခေါင်းဆောင်...

Vol. 18 Ch. 258

စီးပွားရေးကို ဂရုစိုက်တဲ့ ခေါင်းဆောင်...

Vol. 18 Ch. 258

ဒီလူငယ်သုံးယောက်ဟာ..အလုပ်သမားတွေပါ။သူတို့ရဲ့ အပြုအမူတွေ အရတော့ သူတို့ကဒီကို ငှားရမ်းခတွေ တက်သွားကြောင်း အသိပေးဖို့ သက်သက်လာကြတဲ့ ပုံပါပဲ။

အစကတော့ အရာအားလုံး အဆင်ပြေနေတာပါ။တစ်ချို့ ဆိုင်ပိုင်ရှင်တွေက မပျော်ရွှင်ကြပေမယ့်လည်း...ပြသနာ မရှိပေ။အဲ့လူတွေကို ထွက်သွားခိုင်းလိုက်ယုံပါပဲ။ဆိုင်ပိုင်ရှင်တွေကို ဆိုင်ငှားရမ်းဖို့ အတွက် အတင်းတွန်းအား မပေးပေ။

သူတို့ မာစတာ လင်းရဲ့ ဆိုင်ကိုလည်း သိထာကြပါတယ်.။မာစတာ လင်းက သူ့ဆိုင်ရဲ့ ငှားရမ်းခဘာလို့ စျေးမတက်သလဲ မေးတဲ့အချိန်မှာ သူတို့ အဖြေကို သိပေမယ့်လည်း..ထုတ်မပြောကြပေ။

တိမ်ဖြူလမ်းရဲ့ စီးပွားရေးက အများကြီးနဲ့ စီကားနေတာပါ။သူတို့လာကြည့်တဲ့ အချိန်မှာ အနည်းငယ် မမှတ်မိပေမယ့်လည်း သတင်းထဲမှာ ဆိုင်တွေက ရောင်းအား ၂၀၀ ရာခိုင်နှုန်း တက်တယ်လို့ ပြောကြတဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြပါတယ်။

စောက်ကျိုးနဲ. ရောင်းအားတက်ချက်ကြီး က ​ေ​ကြာက်ဖို့ ကောင်းနေခဲ့တာပါ။

အထက်ပိုင်း လူတွေဟာ ချက်ချင်း အစည်းအဝေးလုပ်ကြပြီး..မာစတာ လင်းရဲ့ ဆိုင်ကလွဲလို့ ဆိုင်အကုန်လုံးကို စျေးနှုန်း နှစ်ဆတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်..။ဘာပဲဖြစ်ဖြစ် မာစတာ လင်း ရဲ့ဆိုင်က တိမ်ဖြူလမ်းရဲ့ အဓိက အကျိုးပြုပေးနေတဲ့ဆိုင်ပါ....။

သူတို့သာ ဦးနှောက်ချွတ်ယွင်းနေတာ မဟုတ်ရင် မာစတာလင်းရဲ့ ဆိုင်ကို စျေးတင်တောင်းမှာ မဟုတ်ပေ။

ဆိုင်သေးသေးလေးက တစ်လမ်းလုံးကို ရောင်းအားမြင့်တင် ပေးတယ်ဆိုတာက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ဒါပေမဲ့ အမှန်တရားက မျက်စိရှေ့မှာ ရှိနေတဲ့ အတွက် သူတို့ ယုံကြည်ရပါတော့မယ်။

ဆိုင်ပိုင် ရှင်တွေ အတွက်ကတော့ သူတို့ သဘောတူကြမှာ မဟုတ်ပါဘူးး..။သို့ပေမယ့် သူတို့ သဘောမတူလည်း ဂရုမစိုက်ပေ...။ဒါက တိမ်ဖြူလမ်းမှာ ဖြစ်နေကြ အကြောင်းအရာပါပဲ။

လင်းဖန် လူငယ်လေးသုံး​ေယာက်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ပြန်သွားပြီး မင်းတို့အထက်အရာရှိ ကိုတင်ပြလိုက်..။သူတို့ကို စာချုပ်နဲ့အတူ လာခဲ့လို့..ငါတို့ အကုနိစာချုပ် ဖျက်သိမ်းပြီး ထွက်သွားပေးမယ်.."

ကောင်းလေး သုံးယောက်ဟာ လင်းဖန်ကို မျက်တောင် ပုတ်ခတ် ပုတ်ခတ်ကြည့်လိုက်ကြတယ်။သူတို့ ဘာပြောရမလဲတောင် မသိတော့ပါဘူး။ယင်းနောက် သူတို့..ချက်ချင်းလှည့်ကာ တိမ်ဖြူလမ်းကနေ ထွက်သွားခဲ့ကြတယ်။

ဒါက သူတို့ထင်ထားတာနဲ့ လုံးဝ မတူပါဘူး.။

သူတို့ မာစတာ လင်းကို ထည့်မတွက် မိတာက အမှားကြီးမှားပါပြီ။သူတို့ထင်ထားတာက မာစတာ လင်းရဲ့ ဆိုင်ကို တိုးမတောင်းရင် သူ့ကို လေးစားမူရှိတယ် ဆိုပြီး မာစတာ လင်းက ​ကျေနပ်နေရမှာပါ...။

မာစတာ လင်းကပါ တစ်ခြား ဆိုင်ပိုင်ရှင်တွေ ဘက်က ပါဝင်ပေးလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပေ။

......

"သူဌေးလေး.."

အကြီးအကဲ ကျောင်း ခံစားနေရတယ်..။သူတစ်ခုခု ပြောချင်ပေမယ့်လည်း ပြောမထွက်ခဲ့ပေ။သူ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

သူဌေးလေး ဒီလို လုပ်ဆောင်မူမျိုး လုပ်လိမ့်မယ် လို့ သူမထင်ထားမိခဲ့ပေ။တစ်ခြား ဆိုင်ပိုင်ရှင်တွေလည်း အံ့ဩနေခဲ့ကြပါတယ်။

အကြီးအကဲ ကျန်း လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။

"မာစတာ လင်းကပြောပြီးပြီ ...ငါတို့ အတူတူရှိနေကြမယ်။ငါတို့ ထွက်သွားမယ်ဆို အကုနိတူတူ ထွက်သွားမယ်...။ငါတို့ဘယ်သူ့ကိုမှ မချန်ထားခဲ့နိုင်ဘူး....ဒါပေမဲ့..ဒီနေရာကို တော့ ချန်ထားခဲ့လို့ရတယ်။လွန်ခဲ့တဲ့ နှစ်ဝက်တုန်းကလည်း သူတို့ ၃၀ ရာခိုင်နှုန်း စျေးတက်ကြပေမယ့် ငါတို့ ဘာမှ မပြောခဲ့ကြဘူး.။ငါတို့ ဘာမှမတတ်နိုင်ခဲ့ဘူး။အခုတစ်ကြိမ် ထပ်ပြီးစျေးတက်တာကတော့ ငါတို့ကို အနိုင်ကျင့်နေတာပဲ.."

အစ်မဟောင် ပြောခိုက်တယ်။

"လင်းဖန် သူတို့မင်းရဲ့ ဆိုင်ငှားခကို မတိုးတောင်းဘူးလေ။မင်းဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ဒါပေမဲ့ တစ်ခြား နေရာကို သွားရင် မင်းရဲ့ စီးပွားရေးက ကောင်းနိုင်မှာ မဟုတ်ဘူး.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြုံးလိုက်တယ်။

"ကျွန်တော် ပိုက်ဆံ အတွက်ဆိုင်ဖွင့်နေတာ မဟုတ်ဘူး။ဒီတိုင်း နွေးထွေးပြီး ဖော်ရွေတဲ့ ပတ်ဝန်းကျင် အတွက်ပဲ..ဖွင့်ထားတာ။အခု ကျွန်တော် အကုန်လုံးနဲ့ ရင်းနှီးနေပြီးပြီ။တကယ်လို့ အကုန်ထွက်သွားရင် ကျွန်တော် တစ်ယောက်ထဲ ကျန်နေခဲ့တော့ မှာလေ။ဒါကြောင့် သွားမယ်ဆိုရင် အကုန်သွားကြရအောင်.."

ဆိုင်ပိုင်ရှင်တွေလည်း သဘောတူစွာ ခေါင်းညိမ့်လိုကိကြတယ်။

တကယ်လို့သူဌေးလေးသာ ပိုက်ဆံလိုတယ် ဆိုရင် သူ့ရဲ့ ပန်ကိတ်တွေကို တစ်နေ့ဆယ်ခု ကန့်သတ်ထားမှာ မဟုတ်ပါဘူး..။သူသာကန့်သတ်မထားရင် ငွေတွေက ရေဝင်သလို ဝင်လာကြမှာပါ။

တစ်နေ့ ဒေါ်လာ တစ်သောင်း..တစ်သိန်း ဆိုရင်တောင် ပြန်ငြင်းစရာ မရှိပေ။

သူသာလောဘကြီးရင် ပန်ကိတ် စျေးနှုန်းကိုလည်း ဒေါ်လာ၁၀၀ အဖြစ်မြင့်လို့ ရပါသေးတယ်။ဒါတောင် တစ်ခြားလူတွေကတော့..စျေးကြီးတယ် လို့မြင်မှာ မဟုတ်ပေ။

ဒါကြောင့် သူဌေးလေးက ပိုက်ဆံအတွက်ဖွင့်ထားတာ မဟုတ်ဘူး ဆိုတဲ့ စကားကို သူတို့ယုံကြည်ပါတယ်။

အစကတော့ တစ်ချို့ဆိုင်ပိုင်ရှင်တွေက အရှုံးပေးဖို့စဥ်းစားနေကြတာပါ။သူတို့ ဘာမှတွေးမနေတော့ပဲ...ရှင်းယု အိမ်ခြံမြေ ကော်ပိုရေးရှငိးကို ငှားရမ်းခနှစ်ဆ ပေးကြတော့မလို့ပါ။သို့ပေမယ့် မာစတာ လင်းရဲ့ စကားတွေ အပြီးမှာ..သူတို့ရဲ့ အကြောက်တရားတွေဟာ..ထွက်ပြေးသွားခဲ့ကြပါပြီ။

အစတုန်းက ဆိုရင် တိမ်ဖြူလမ်းက အသက် မဲ့နေပြီး ကာစတန်မာ အနည်းငယ်သာ ရှိနေခဲ့တာပါ။သို့ပေမယ့် မာစတာလင်း ပြောင်းလာပြီးနောက် မှာ....ပိုပြီး စည်ကားလာခဲ့တယ်။

အရင်တုန်းက စားသောက်ဖို့ ဝင်ငွေရခဲ့တယ် ဆိုရင် မာစတာ လင်းရောက်လာအပြီး မှာတော့ စုမိဆောင်းမိ ဖြစ်နေကြပါပြီ။

ဒီပြောင်းလဲမူကို သူတို့ရဲ့ နှလုံးသားထဲက သိထားကြပါတယ်။

လူလိမ်ထျန် ဘေးနားမှာ ရပ်ပြီး ပြောလိုက်တယ်။

"ငါတို့သာ စောစောသိရင် ဆိုင်ပြင်ဆင်တာတွေဘာတွေ မလုပ်ပါဘူး။ပိုကြီးတဲ့ ဆိုင်ကို ရွေ့လိုက်ရင် ပြီးနေတာပဲကို..."

ဝူတန်ဟီပြုံးပြီး ပြောလိုက်တယ်။

"အရမ်းလည်း စိတ်ဓာတ်ကျမနေကြပါနဲ့...။ရှင်းယုအိမ်ခြံမြေအကျိုးဆောင်က လူတွေက..ဒီပြောင်းလဲ မူတွေက ဘာကြောင့်လဲ ဆိုတာ သူတို့ သိကြတယ်။ဒါကြောင့် မာစတာ လင်းရဲ့ ဆိုင်ကို ငှားရမ်းခ တိုးမတောင်းတာပဲ။အခု မာစတာဟလင်းက ဆိုင်ရှင်တွေ ဘက်ကရပ်တည်ပြတော့..သူတို့ ကျိန်းသေ နောက်တစ်လှမ်းလျောက်ရလိမ့်မယ်.."

အကြီးအကဲ ကျန်း မေးလိုက်တယ်။

"သူတို့ နောက်တစ်လှမ်း မဆုတ်ရင်ရော..."

ဝုတန်ဟီ ပြုံးလိုက်ပြီး...

"ဒါက သူတို့ရဲ့ အထက်ပိုင်းတွေ အသုံးမကျမှ ဖြစ်လာမယ့် အရာပါ"

လူအုပ်ကြီးဟာ ငြိမ်သက်သွားပြီးနောက် တစ်စုံတစ်ယောက်ဟာ သဘောပေါက်စွာ ပြောလိုက်တယ်။

"အကြီးအကဲ ဝူပြောတာ မှန်တယ်။တိမ်ဖြူလမ်းက မာစတာ လင်းကို ဆုံးရှုံးရရင် ပုံမှန် အခြေအနေကိုပြန် ရောက်သွားမှာပဲ...။ဒီနားမှာ ရှိနေတဲ့ ရှောပင်းမောကို လုံးဝ ယှဥ်နိုင်မှာ မဟုတ်ဘူး..."

လင်းဖန်လက်ဝေ့ယမ်း ပြီး ပြောလိုက်တယ်။

"ကောငိးပြီ အားလုံးပဲ စိတ်မပူကြနဲ့တော့...။ကျုပ်တို့က ရပ်တည်ချက်ကို ပြောပြီးသွားပြီ။ဒါတောင် သူတို့ လကိမခံသေးရင် ထွက်သွားကြမယ်။ပြသနာကြီး မဟုတ်ဘူး.."

လင်းဖန် ရဲ့ ထောက်ပံ့မူနဲ့ အတူ ဆိုင်ပိုင်ရှင်တွေဟာ သဘောတူလိုက်ကြတယ်။ယင်းနောက် သူတို့ ကိုယ့်ဆိုင်ကို ပြန်သွားလိုက်ကြပါတယ်။

ဆိုင်ထဲတွင်။

လူလိမ်ထျန် လင်းဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြှီး...

"သူတို့ ငှားရမ်းခ ထပ်တိုးတောင်းနေသေးရင် တကယ် ထွက်သွားမှာလား..."

လင်းဖန် ပြုံးလိုက်တယ်။

"သေချာတာပေါ့...။ဘာလို့ မပြောင်းရမှာလဲ..."

လင်းဖန်ရဲ့ မျက်လုံးထဲမှာတော့ သူက ဒီအရေးမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။သူ တစ်ခြားနေရာကို ပြောင်းရင်လည်း ဒီလို စည်ကားအောင် လုပ်ပေးနိုင်မလား ဆိုတာ သိချငိမိပါတယ်။

သူ့ရဲ့ ပန်ကိတ်တွေကသာ မလုံလောက်ရင် ကျောင်းဆု ဟင်းလျာတွေကို အသုံပြုသင့်လား..

ဒါက အတော် မောပန်းမယ့် အရာပါ။သို့ပေမယ့် အချင်မလိုသေးပေ..။ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှ မသိသေးပါဘူး။

သူတို့သာ တကယ်ပြောင်းရွေ့ဖြစ်ရင် ပန်ကိတ်တစ်နေ့ အခုနှစ်ဆယ် ရောင်းရတော့မှာပါ။ဒါက နည်းနည်း ပိုပင်ပန်းနိုင်ပေမယ့် ကာစတန်မာတွေ ဆွဲဆောင်ဖို့ ဆိုရင်တော့ ထိုက်တန်ပါတယ်။

တစ်ခြား အသိပညာဆိုရင်ကာစတန် မာတွေလာဖို့ မကျိန်းသေ ပေမယ့်လည်း..ပန်ကိတ်ကတော့ သူတကယ် အာမခံနိုင်ပါတယ်။

ဝုတန်ဟီပြုံးလိုက်တယ်။

"ငါခန့်မှန်း ကြည့်မယ်...ငါတို့ ပြောင်းရမှာ မဟုတ်ဘူး. "

"ဝမ်မင်ယန် ကို ဖုန်းဆက်ပြီး ဒီ ရှင်းယုအိမ်ခြံ​မြေ ကော်ပိုရေးရှင်းကို ဘယ်သူပိုင်လဲ မေးကြည့်လိုက်ဦးမယ် "

လင်းဖန် ဖုန်းထုတ်ကာ ဝမ်မင်ယန်ကို ခေါ်လိုက်တယ်။

ဝမ်မင်ယန်ဟာ အစည်းအဝေးလုပ်နေတာဖြစ်ပြီး..ဖုန်းခေါ်တဲ့ လူကိုမြင်တဲ့ အချိန်မှာ..လက်ဝေ့ယမ်းပြီးပြောလိုက်တယ်။

"ခနလေး နားရအောင် ငါဖုန်းကိုင်ဖို့လိုတယ်..."

အခန်းထဲက လူတွေ အကုန်ဆွံ့အသွားခဲ့ကြတယ်။

ဒီလို အ​ေရးကြီးတဲ့ အစည်းအဝေးလုပ်နေတဲ့ အချိန်မှာ ဖုန်းပြောဦးမှာလား...

လင်းဖန် မေးလိုက်တယ်။

"ခင်ဗျား ရှင်းယုအိမ်ခြံမြေ ကော်ပိုရေးရှင်းရဲ့နောက်ခံကို သိလား..."

"ရှင်းယု အိမ်ခြံမြေလား..."

ဝမ်မင်ယန် ခနလောက် ရပ်တန့်သွားပြီးမှ ပြန်ဖြေလိုက်တယ်..။

"ဘာလို့လဲ...ဘာလို့ ရုတ်တရက်ကြီးလာမေးရတာလဲ.."

"ဘာမှမဟုတ်ဘူး..ပြောသာပြောပါ..."

လင်းဖန် ပြန်ပြောလိုက်တာပါ။

ဝမ်မင်ယန်, " ဒါက မိုးကောင်းကင် အုပ်စုမှာ ပါတယ်။အတော် စွမ်းဆောင်နို်င်တဲ့ ကုမွွဏီ တစ်ခုပဲ"

"မိုးကောင်းကင်..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"သိပြီ...ရှင်းယု အိမ်ခြံမြေအကျိုးဆောင် ကော်ပိုရေးရှင်းက တိမ်ဖြူလမ်းရဲ့ ဆိုင်တွေ ငှားရမ်းခကို နှစ်ဆ စျေးတက်ချင်နေတာလေ။ပြောင်းလဲ မူမရှိရင် ကျုပ်တို့ တစ်နေရာရာ ကိုပြောင်းကြတော့မှာ.."

ဝမ်မင်ယန် ဒါကိုကြားပြီး ကြောင်အသွားခဲ့တယ်။

ငှားရမ်းခ ကို တိုတောင်းတာလား...

ပြောင်းတော့မှာလား...

သူသာ လင်းဖန်နဲ့ မသိဘူးဆိုရင် ဒီလို အဖြစ်အပျက် မျိုးကြုံဖူးမှာ မဟုတ်ပါဘူး။ဒါပေမဲ့ လင်းဖန်နဲ့ သိပြီး တဲ့ နောက် မှာ ဒီလို အဖြစ်အပျက်တွေက သိပ်တော့ မထူးဆန်းတော့ပေ။

All Chapters