ဒါက သူနဲ့ ဘာဆိုင်လို့လဲ
Vol. 18 Ch. 259
ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ။
အလုပ်သမားများ အလုပ်လုပ်နေသည့်နေရာတွင်။
အသက်ကြီးကြီး အလုပ်သမား တစ္ယောက်ဟာ ရယ်မောပြီး မေးလိုက်တယ်။
"တိမ်ဖြူလမ်းရဲ့ အခြေအနေက ဘယ်လိုရှိလဲ..။အဲက သူဌေးတွေ လက်ခံလိုက်ပြီလား ..."
သက်လတ်ပိုင်း မိန်းမကြီးဟာ ပြန်ဖြေလိုက်တယ်..။
"ဒီတစ်ခါတော့ ခက်ခဲမယ်ထင်တယ်...အချိန်ပိုလိုအပ်လိမ့်မယ်..။တစ်ခါတည်း စျေးနှုန်း နှစ်ဆ တက်တာက သူတို့ကို စိတ်မပျော်ရွင်ဖြစ်စေတယ်လေ .."
လီချန်း ပြန်ပြောလိုက်တယ်။
"ဘာကို စိတ်မပျော်ရွင်ရတာလဲ...။တိမ်ဖြူလမ်းကို လညိပတ်ဖို့ ရောက်လာတဲ့ လူအရေအတွက်က ၂၀၀ ရာခိုင်နှုန်းအထိတက် လာတာလေ...။တိမ်ဖြူလမ်း မှာနေရာလွတ် ကျန်သေးလားဆိုပြီး ငါတို့ကို ဖုန်းဆက် မေးတဲ့ လူအရေအတွက် ဆိုရင် ဘယ်လောက် မှန်းတောင် မသိတော့ဘူး....။သူတို့က ဘာကို စိတ်မပျော်ရွှင်စ ရာအကြောင်း ရှိလို့လဲ..."
လူသုံးယောက်ဟာ ရေအနည်းငယ်သောက်ရင်း ဆက်ပြောနေခဲ့ကြတယ်..။
"ဒါက အဆင်မပြေခဲ့ဘူး...သူတို့ အများစုက သဘောမတူခဲ့ကြဘူး..."
လူငယ်တစ်ယောက်ဟာ ပြောလိုက်တာပါ။
ဒီတစ်ခါမှာ အတော်ခက်ခဲနေပြီး...သူဌေးတွေကို လိုလိုလားလားနဲ့ ငှားရမ်းခ တိုးပေးစေဖို့ ဆိုတာက မလွယ်ကူခဲ့ပေ..။
ထပ်ပြောရရင် မာစတာ လင်းရဲ့ ပါဝင်ပတ်သက် မူကြောင့်ပိုပြီး ခက်ခဲနေတယ် လို့ပြောလို့ရပါတယ်...။
လီချန်း ရယ်မောလိုက်တယ်။
"လွန်ခဲ့တဲ့ နှစ်ဝက်တုန်းကလည်း သူတို့ ကို ငှားရမ်းခ တိုးတောင်းတော့ လက် မခံနိုင်ကြပဲ.တိုက်ခိုက်တော့ မလိုတောင် ဖြစ်သေးတယ်လေ ...ဒါပေမဲ့ အဆုံးးမှာတော့ သူတို့ တိုးပေးခဲ့ကြရတာပဲ..."
သက်လတ်ပိုင်း မိန်းမကြီးဟာ သံသယဖြစ်စွာမေးလိုက်တယ်။
"ဒီမာစတာ လင်း ရဲ့ဆိုင်က အတော်အံ့ဩဖို့ကောင်းတယ်...တိမ်ဖြူလမ်းအခုလို အခြေအနေ ဖြစ်နေတာက သူ့ ရဲ့ဆိုင်ကြောင့်နော်..။ဒီကိစ္စကိုသာ ငါတို့ ကောင်းကောင်း ဖြေရှင်းနိုင်ရင် နှစ်ကုန်ရင် ရမဲ့ ဘောနပ်က သေးမှာ မဟုတ်ဘူး..."
"ငါတို့က ဒီပရောဂျတ်ကို တာဝန်ယူထားရပေမယ့်လည်း ...နည်းနည်းတော့ လက်ဝင်မယ့် ပုံပဲ..။သိပ်မကြာခင်တော့ အဆင်ပြေသွားမှာပါ..။ငါ တိမ်ဖြူလမ်းကို အရင်တစ်ခေါက်သွားကြည့်တုန်းက...သူတို့ လုပ်နေတဲ့ တရားမဝင် နည်းလမ်းတစ်ချို့ကို တွေခဲ့သေးတယ်..။ဒါက ပြောင်းလဲ သင့်တဲ့ အရာပဲ..."
ယင်းနောက် သက်လတ်ပိုင်း လူကြီတစ်ယောက်ဟာ ရုံးခန်း အပြင်ကို ထွက်လာခဲ့တယ်..။သူဟာ ပုံမှန် ရုပ်ရည်ရှိပေမယ့်လည်း နည်းငယ် ခက်ထန် နေခဲ့ပါတယ်။
ကောင်းမွန်စွာ ဆွေးနွေးနေကြတဲ့ အလုပ်သမားတွေဟာ ...သူထွက်လာတာ မြင်တာနဲ့... ခေါင်းတွေကို ငုံ့ပြီး အလုပ်ဆက်လုပ်လိုက်ကြတယ်..။
ဒီ ခက်ထန်တဲ့ လူကြီးသာ သူတို့ အလုပ်ချိန်မှာ..စကားပြောနေတာ တွေ့သွားလို့ရှိရင်...လစာဖြတ်မှာ ကျိန်းသေပါတယ်..။
"ဘယ်လို ဖြစ်သွားပြီလဲ...။ဆိုင်ပိုင်ရှင်တွေနဲ့ သဘောတူ စာချုပ် လက် မှတ်ထိုးပြီးပြီလား ..."
အခုချိန်က နွေရာသီးဖြစ်ပြီး ပူလောင်နေတော့...ဒီအလုပ်သမား အသစ်လေးတွေကို..အပြင်လျောက်သွားခိုင်းပြီး...နေပူထဲမှာ ပညာပေးတာက အကြံဥာဏ်ကောင်း တစ်ခုပါပဲ။
အလုပ်သမား တစ်ယောက် ပြန်ဖြေလိုက်တယ်..။
"ဒါရိုက်တာ ကျွန်တော်တို့ သဘောတူညီ မူမရသေးဘူး...သူတို့က ကျွန်တော်တို့ကို စည်းကျော်နေပြီ လိုပြောနေကြတဟ်"
လီဂေါင်ချင်း ခေါင်းညိမ့်လိုက်တယ်..။
"သဘော မတူတာက ဘယ်နှစ်ယောက်လောက် ရှိလဲ. "
အလုပ်သမားက ပြန်ဖြေလို်က်တယ်။
"အစကတော့..ဆိုင်ပိုင်ရှင် တစ်ချို့က သဘောတူကြသေးတယ်..ဒါပေမဲ့...သူတို့က နောက်ပိုင်းမှာ စိတ်ပြောင်းသွားကြတယ်။သူတို့ပြောတာက ငှားရမ်းခ ထပ်တိုးမယ် ဆိုရင် သူတို့ မငှားနိုင်တော့ဘူးတဲ့..."
လီဂေါင်ချန်း ရယ်မောလိုက်တယ်...သူရယ်မောတဲ့ ပုံစံက အနည်းငယ်..ဝမ်းနည်းနေတဲ့ ပုံနဲ့ တူနေပါတယ်...။
"ဒီဆိုင်ပိုင် ရှင်တွေက အတော်ကို လောဘကြီးကြတာပဲ...။တိမ်ဖြူ လမ်းကို လည်ပတ်တဲ့ လူတွေ ဒီလောက်တောင် များလာတာကို...ဘယ်လိုဖြစ်ပြီး..အရင်လစာ အတိုင်းပဲ ပေးချေနေချင်ကြတာလဲ...။သူတို့ မငှားချင်ဘူးဆိုလည်း ရတယ်လေ ...တိမ်ဖြူလမ်း ဆိုရင် ငှားရမ်းချင်တဲ့ လူတွေများ ပေါလွန်းလို့..။ကောင်းပြီ မနက်ဖြန်ပြန်သွားပြီး သဘောမတူတဲ့ လူတိုင်းကို စာရင်းမှတ်ခဲ့...။သူတို့ကို ငွေပြန်အမ်းပေးလိုက်ပြီး...ငါးရက်အတွင်း နေရာဖယ်ခိုင်းရမယ် .."
ယင်းနောက် သူ ကြောငြာ ဌာန ဘက်ကို လှည့်လိုက်ပြီး...
"မင်းတို့တွေက...အလားအလာရှ်ိတဲ့ ဆိုင်တစ်ချို့ကို ဆက်သွယ်ပြီး တိမ်ဖြူလမ်းမှာ နေရာလွတ်တွေ ရနေပြီ ဆိုတဲ့ အကြောင်း အကြောင်းကြားလိုက်...။သူတို့ စိတ်ဝင်စားတယ်ဆိုရင်...ဒီကို လာပြီး ဆွေးနွေးကြလိမ့်မယ်..."
ကြော်ငြာဌာန က လူတိုင်းဟာ သဘောတူစွာခေါင်းညိမ့်လိုက်ကြတယ်...။
"ကောင်းပါပြီ ဒါရိုက်တာ..."
အလုပ်သမား သုံးယောက်ထဲက တစ်ယောက်ဟာ ပြောလိုက်တယ်။
"ဒါရိုက်တာလီ...တစ်ခုတော့ ရှိသေးတယ်.."
လီဂေါင်ချန်း ပြန်ကြည့်ပြီး မေးလိုက်တယ်...။
"ဘာတုန်း..."
အခုချိန်မှာ တိမ်ဖြူလမ်းက အတော် အောင်မြင်နေလို့ သူလည်း ပျော်ရွင်ရပါတယ်...။တစ်ခြားနေရာက ငှားရမ်းထားတဲ့ နေရာများဟာ ဒီလောက်ထိ အဆင်မပြေကြပေ...။
တိမ်ဖြူးလမ်းက လက်ရှိ စီးပွားရေး လုပ်ဖို့အကောင်းဆုံးနေရာ ဖြစ်နေတော့ သူအတော် ဂုဏ်ယူနေခဲ့တာပါ။
အလုပ်သမားဟာ ပြန်ဖြေလိုက်တယ်..။
"တိမ်ဖြူလမ်းရဲ့ မာစတာ လင်းက ငှားရမ်းခတွေတိုးတောင်း တယ်ဆိုတာ သိသွားတဲ့ အချိန်မှာ...သူက တစ်ခြား ဆိုင်ပိုင်ရှင်တွေ နဲ့ အတူ တစ်ခြားနေရာကို ပြောင်းဖို့ လုပ်ချင်နေတယ် .."
လီဂေါင်ချန်း...သံသယဖြစ်စွာ မေးလိုက်တယ်။
"မင်းက သူ့ရဲ့ ဆိုင်ငှားရမ်းခကိုပါ တိုးပေးရမယ်လို့ သွားပြောလိုက်တာလား..."
အလုပ် သမားဟာ အလျင်အမြန်ပြန်ဖြေလိုပ်တယ်။
"မဟုတ်ဘူး...ဒါရိုက်တာ မတိုးတောင်းခဲ့ပါဘူး... ။မာစတာ လင်းရဲ့ ဆိုင်ကိုတောင် မသွားခဲ့ဘူး..။သူက တစ်ခြားလူတွေ ငှားရမ်းခ တိုးလာတာကို တွေ့ပြီး အတူတူ ထွက်သွားချင်နေတာ .."
တစ်ခြား အလုပ်သမားတွေဟာ တိတ်ဆိတ်ပြီးသာနေလိုက်ကြတယ်..။အခြေအနေက ရှုပ်ထွေးလာပြီဆိုတာ သူတို့ သိနေကြပြီး သားပါ ။
တိမ်ဖြူလမ်းရဲ့ အောင်မြင်မူတွေ အကုန်လုံးက မာစတာ လင်းကြောင့်ပါပဲ...။
"အင်ဟင်...ငါသိပြီ..."
လီဂေါင်ချန်း မျက်နှာလေးနက်သွားပြီး ပြန်ဖြေလိုက်တယ်...။ယင်းနောက် သူရုံးခနး်ထဲ ပြန်ဝင်သွားပြီး ဖုန်းအနည်းငယ် ခေါ်လိုက်ပါတယ်...။သူ..အစည်းအဝေးလုပ်ရတော့မှာပါ။
သူ တိမ်ဖြူလမ်းရဲ့ မာစတာ လင်းကိစ္စကို အကုန်လုံးနဲ့ ဆွေးနွေးနေချင်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ခေါင်းဆောင်တွေဟာ ရောက်လာကြပြီး အစည်းအဝေးကို စတင်လိုက်ကြတယ်...။
လီဂေါင်းချန်း သူတို့ အကုန်လုံးကို ကြည့်လိုက်ပြီး...
"လက်ရှိ အခြေအနေကတော့ အဲလိုပဲ...။ငါတို့က ငှားရမ်းခကို တိုးတောင်းပေမယ့်..မာစတာ လင်းနဲ့ တစ်ခြ ား ဆိုင်ပိုင်ရှင် တွေက လက် မခံကြဘူး... ။ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ..."
ခပ်ဝဝ လူကြီး တစ်ယောက်ဟာ ပြန်ဖြေလိုက်တယ်။
"ဒါက နည်းနည်းတော့ ရှုပ်ထွေးတယ်။ဘာပဲဖြစ်ဖြစ် တိမ်ဖြူလမ်း အခုလို...စည်ကားလာတာက မာစတာလင်း ကြောင့်လေ..။မာစတာ လင်းသာ ရွေ့ပြောင်းသွားရင် ငါတို့ အတွက် ကပ်ဆိုး တစ်ခုလို..ဖြစ်သွားလိမ့်မယ်.."
ဘေးးနားမှာထိုင်နေတဲ့ အမျိုးသမီးကြီးဟာ ခနလောက် တွေဝေနေပြီးမှ ဝင်ပြောလိုက်တယ်..။
"အဲတာက မဖြစ်နိုင်ဘူး...။တိမ်ဖြူလမ်းကို လာတဲ့ လူတွေများတာက မာစတာ လင်းရဲ့ ဆိုင်ကြောင့်ဖြစ်ပေမယ့်လည်း..အခုနောက်ပိုင်းတော့ အဲလိုမဟုတ်တော့ဘူးလေ..။ငါ နောက်ဆုံး သိထားရတဲ့ အချပ်အလက်တွေ ရှိတယ်...ဒီမှာ ကြည့်ကြည့်လိုက်.."
သိပ်မကြာခင်မှာပဲ သူမ အချက်အလက်တွေကို ဝေပေးလိုက်တယ်...။
"မင်းပြောချင်တာက...ဒီလို လူတွေများလာတာက..လာလည်ပတ်တဲ့ ဧည့်သည်တွေများလာလို့ဖြစ်ပြီး...အဲ့အချိန်မှာပဲ မာစတာ လင်းက ဆိုင်စဖွင့်မိသွားတာ လို့ပြောချင်တာလား..."
လီဂေါင်းချန်း .စာရွက်ကို ကြည့်ပြီး...ယုံကြည်တဲ့ အမူအရာနဲ့ မေးလိုက်တာပါ။
မိန်းမကြီးဟာ ယုံကြည်မူရှိစွာ ခေါင်းညိမ့်လိုက်တယ်...။
"အဲလိုပြောလို့ရတယ်..မာစတာ လင်းရဲ့ဆိုင်က 10 မီတာ ပတ်လည်လောက်ပဲ ရှိတာလေ...။စုံစမ်းကြည့်ရသလောက်တော့ သူက..ပန်ကိတ်ရောင်းပြီး ဗေဒင်ဟောတယ်လို့ကြားတယ်..။ဒီလိုဆိုင်သေးသေးလေးကြောင့် လည်ပတ်တဲ့ လူတွေများလာတာ ဖြစ်နိုင်ပါ့မလား..."
"တကယ်လို့ ..အခုလို စည်ကားလာတာ သူ့ကြောင့် ဆိုရင်တောင်...။ငါတို့ကို လွမ်းမိုးလာတဲ့ အထိတေည့ လွှတ်မထားသင့်ဘူးလေ...။ငါတို့ အခုဒီတိုင်းလွှတ်ထားပေးပြီး...နောက် မှ တိုးတောင်းရင်လည်း သူက ကာကွယ်ပြန်ဦးမှာပဲ...။တကယ်လို့ ငါတို့ တိုးတောင်းလို့ သူ ထွက်သွားမယ်ဆိုရင်တောင်..လူတစ်ယောက် လွမ်းမိုးခံရတာထက်တော့ သာသေးတယ် ဟုတ်တယ်မလား.."
တစ်ခြားလူတွေကတော့....ငြိမ်နေကြပြီး..အမျိုးသမီးကြီး ပြောတာ အဓိပ္ပါယ် ရှိမှန်း လက်ခံနေကြပါတယ်။
"အခြေအနေက အဲလို တစ်ဖက်တည်းကြည့်လို့လည်း မရပြန်ဘူး...။လွန်ခဲ့တဲ့ သုံးလတုန်းက ကိုပဲကြည့် ဆိုင်တွေ အကုန်လုံးက အကန့်အသတ်ကို ရောက်နေပြီး..ဘာဧည့်သည်မှမရှိကြဘူးလေ.ဒါက မာစတာလင်း မရှိလို့ပဲ...။ဒါကြောင့် ပခုလို စည်ကားမူတွေက မာစတာ လင်းကြောင့် ဆိုတာ ထင်ရှားတယ်... ။ငါတစ်ခါသွားကြည့်သေးတယ် ...တစ်နေ့တစ်နေ့ကို သူ့ဆိုင်ရှေ့မှာ ရှိတဲ့ ကာစတန်မာ က ရာချီပြီးရှိတယ်...။တစ်ခါတစ်လေ ဆိုရင် ထောင်ချီပြီးတောင် ရှိတာနော်..။ဒီ အရေအတွက်နဲ့တင် တိမ်ဖြူလမ်းကို အမြဲတမ်း စည်ကားနေဖို့ လုံလောက်နေပြီ..။ငါထင်တာကတော့..ဒီကိစ္စက သေချာ စဥ်းစားဖို့ လိုပြီး..နောင်တရစရာတွေ မလုပ်မိချင်ဘူး..."
သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ...သေချာ ဆင်ခြင်ပြီး ပြောလိုက်တာပါ။
အမျိုးသမီးကြီးဟာ ဒါကိုကြားပြီး မျက် မှောင်ကျုတ်လိုက်တယ်..။
"အကြီးအကဲ ဝမ်..ရှင်တွေးနေတာ တွေက မဟုတ်သေးဘူးနော်...။အဲလိုဆိုရင်တောင်..ကျွန်မတို့ကို သူ့ဆိုင်က ထိန်းချုပ်နေတာ မဖြစ်သင့်ဘူးလေ...ဟုတ်တယ်မလား..."
အကြီးအကဲ ဝမ် ခေါင်းခါယမ်းလိုက်တယ်။
"ငါ အဲလို မဆိုလို မိပါဘူး..."
အမျိုးသမီးကြီးဟာ နှာခေါင်းရှုတ်လိုက်ပြီး...
"ဒီမာစတာ လင်းက အေးအေးဆေးဆေး မနေတတ်တဲ့ လူမျိုးပဲ...။ကျွန်မတို့က အကုန်လုံးကို ငှားရမ်းခ တိုးခဲ့ပေမယ့် သူ့ဆိုင်ကို မတိုးခဲ့ဘူးလေ။ဒါတောင် ကျေးဇူးမတင်တဲ့ အပြင်..တစ်ခြားလူတွေကို ကာကွယ် ချင်နေသေးတယ်။ကျွန်မတို့ ရှင်းယု အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ က ဒီထက်ကြီးမားတဲ့ အရာတွေတောင် လုပ်လာတာ...ဒီလို အရှုပ်ထုတ်မျိုးတော့ မရှိခဲ့ဖူးဘူး...ဟုတ်တယ်မလား..."
"ငါကတော့ မင်းမှန် တယ်လို့ထင်တယ်...ငါတို့ ဒီအခြေအနေကို အရင်က မကြုံတွေ့ဖူးဘူး။ဒါကြောင့် ဒီပြသနာကို အဖြစ်မခံပဲ အမြစ်ကနေ ဖြေရှင်းရမယ် ...။လည်ပတ်သူတွေ များပြားလာတာက အနားဝန်းကျင်မှာ ..အိမ်ခြေတွေ စိတ်လာလို့ပဲ ဖြစ်ရမယ်..."
လီဂေါင်ချန်းကတော့ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါတယ်။ဒီ ကိစ္စက ဆုံးဖြတ်ဖို့က အတော်ကို ခဲယဥ်းတာပါ။
ကြည့်ရတာ သူ မာစတာ လင်းနဲ့ ဆွေးနွေးရမယ့် ပုံပါပဲ...။
"ကောင်းပြီ ဒီနေ့အစည်းအဝေးက တော့ ဒီလောက်ပဲ...နောက်နေ့မှ ငါမာစတာ လင်းနဲ့ သွားဆွေးနွေး ကြည့်လိုက်ဦးမယ်..."
လီဂေါင်းချန်းဟာ တိမ်ဖြူလမ်း ဒီလို တိုးတက် လာတာ မာစတာ လင်းကြောင့်ဆိုတာ အမြဲတမ်း ယုံကြည်ခဲ့တဲ့ လူတစ်ယောက်ပါ...။
အဲလိုမှ မဟုတ်ရင် ငှားရမ်းခ တိုးတောင်းတဲ့ ဆိုင်တွေထဲမှာ.. မာစတာ လင်းရဲ့ ဆိုင်ကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး...။ဒါကလည်း မာစတာ လင်း တစ်ခြားလူတွေကို ကာကွယ်ပြီး ဆိုင်ပြောင်းသွား မှာကြောက်လို့ပါ...။
အခု အရာရာတိုင်းက အမှန်တကယ် ဖြစ်လာပြီဆိုတော့ သူတစ်ခုခု လုပ်မှ ရပါတော့မယ်။
ကြည့်ရတာ မာစတာလင်းရဲ့ အတွေးတွေက သာမန် လူတွေနဲ့ အတူတဲ့ ပုံပါပဲ။
တစ်ကယ်လို့သာ တစ်ခြားတစ်ယောက်ယောက်ဆိုရင်..ကျေးဇူးတွေတင်ပြီး ပျော်ရွှင်နေခဲ့မှာပါ...။
လူတိုင်းရဲ့..ငှားရမ်းခ တက်ပေမယ့် သူ့ရဲ့ ငှားရမ်းခ မတက်ဘူးလေ...
ဘယ်လောက် ပျော်စရာ ကောင်းလိုက်လဲ......