ငါမင်းအတွက် ခက်ခဲအောင် မလုပ်တော့ဘူး...
Vol. 18 Ch. 260
တိမ်ဖြူလမ်း..။
လင်းဖန်ဟာ ဇိမ်ကျကျနဲ့ လှဲလျောင်းနေခဲ့တယ်..။ဆိုင်ငှားရမ်းခ တွေ ထိုးတက်လာတဲ့ ကိစ္စကိုတော့ သူလုံးဝ ဂရုမစိုက်ပါဘူး..
သူဟာ အရူးတစ်ယောက် မဟုတ်ပေ။
ဒီတစ်ခါ တိုးတောင်းတဲ့ ပမာဏက အတော်များတဲ့ အတွက်ကြောင့်...သူတို့ ကုမ္ပဏီကို ပြန်ပြီး ထိခိုက်နိင်တယ် ဆိုတာ မသိတဲ့ ပုံပါပဲ။သူတို့ ဒီအကြောင်းကို သေချာ စဥ်းစားကြရမှာပါ...။
သူတို့သာ ဒီကိစ္စကို နောက်တစ်လှမ်းဆုတ်မပေးဘူး ဆိုရင်...သူတို့ ကုမ္ပဏီကို ဆိုးကျိုးတွေ တိတ်တဆိတ်ရောက် လာနိုင်ပါတယ်...။
ဆိုင်ပိုင်ရှင်တွေ အတွက်ကတော့ ရွှေ့ပြောင်းစရာ နေရာ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး...။
ယင်းနောက် သူ ဝိုက်ဘိုပေါ်မှာ ပို့စ်တင်လိုက်တယ်။
"တိမ်ဖြူလမ်းရဲ့..ဆိုင်ငှားရမ်းခ တွေက နှစ်ဆ တက်သွားခဲ့ပြီ..။ဒါက ခိုးယူမူ တစ်ခုလိုပဲ..။ကျွန်တော် အခု ဆိုင်ပိုင်ရှင်တွေ အတွက် ..နေရာ အသစ်ရှာပေးဖို့ လုပ်နေတာ..။အားလုံးပဲ စီးပွားရေး လုပ်လို့ကောင်းမဲ့ နေရာကောင်းလေး ဘာလေး တွေမိကြသေးလား....။ကျွန်တော်တို့ တစ်လမ်းလုံး ပြောင်းရွေ့ချင်နေကြတာ."
ဒီ ဝိုက်ဘို ပို့စ် တက်သွားတဲ့ နောက် မှာ..ဆွေးနွေးမူတွေ..အံ့ဩမူတွေ ချက်ချင်းပျံ့နှံ့သွားခဲ့တယ်...။
"ချီးပဲ...မာစတာ လင်းက ဆိုင်နေရာ ပြောင်းဖို့ လုပ်နေတာလား.."
"ငှားရမ်းခကို နှစ်ဆ အထိတောင် တက်တယ် ဆိုတော့ အတော်လူမဆန်တဲ့ ကောင်တွေပဲ။မာစတာ လင်းပြောင်းတာကို ကျွန်တော် ထောက်ခံတယ်...။မာစတာ လင်းသာ ရှန်းဒေါင် ကိုပြောင်းလာရင် ကျွန်တော်တို့ ကြိုဆို မိမှာပဲ..."
"အပေါ်က ကောင်းလေးရေ နေလိုက်ပါတော့ကွာ...။မာစတာ လင်း ပြောင်းမယ် ဆိုရင် ငါတို့ အန်းဟူက အကောင်းဆုံးပဲ..."
"အပိုတွေ ပြောမနေကြနဲ့တော့..မာစတာ လင်းက ငါတို့ လန်ကျုံး ကိုပဲ ပြောင်းလာမှာ သေချာတယ်..."
..
အဲ့အချိန်မှာတော့ ကောင်းလေး တစ်ယောက်ဟာ အိမ်မှာ ထိုင်ပြီး ဝိုက်ဘို သုံးနေခဲ့တယ်...။သူတိမ်ဖြူလမ်းမှာ နေနေတာ နှစ်ဝက်လောက် ရှိနေပါပြီ။အစတုန်းကသူဒီနေရာကို သိပ်မကြိုက်ပေမဲ့လည်း မာစတာ လင်းရဲ့ ဆိုင်ဖွင့်အပြီးမှာ...မြေနေရာတွေကို စျေးတက်လာခဲ့ပြီး...ပျော်စရာလည်း ကောင်းလာခဲ့ပါတယ်။
သူ ဒီနေရာကနေ မရွေ့ပြောင်းခဲ့ချင်တော့ပေ။
သူမနက်တိုင်း အစောကြီးထပြီး ..မာစတာ လင်းရဲ့ ဆိုင်မှာ ပန်ကိတ်ဝယ်ဖို့ တန်းစီ ခဲ့ပါသေးတယ်။
တစ်ခါတစ်လေ..သူပန်ကိတ် မရတာအတော်ကြာတာတောင် တန်းစိ တာကို မရပ်တန့်ချင်ခဲ့ပါဘူး..။ဒါက သူ့ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်နေခဲ့ပါပြီ...။သူ တစ်ရက် တန်းမစီရရင် စိတ်ထဲမှာ သက်တောင့်သက်သာ မရှိပေ..။
.
ထပ်ပြောရရင် သူ့အလုပ်မှာ..အဆင်မပြေမူ တွေကြုံတိုင်း..မာစတာ လင်းရဲ့ ဆိုင်ကို သွားပြီး ဗေဒင်မေးလေ့ ရှိပါသေးတယ်. ။မာစတာလင်း ရဲ့ လင်းညွှန် မူတွေ အောက် မှာ သူ့ဘဝက လမ်းကြောင်းမှန်းပေါ်မှာ ရောက်နေပြီး...အကုန်အဆင်ပြေနေသလိုမျိုး ခံစားရတာပါ။
ရုတ်တရက် ဒီလူငယ်လေးဟာ ..ဝိုက်ဘိုပေါ်က ပို့စ်ကို တွေ့ပြီး အံ့ဩ သွားခဲ့တယ်...။
"ချီးပဲ...မာစတာ လင်းက တကယ် တခြားတစ်နေရာရာ ကို ရွေ့ချင်နတာလား.."
ဝိုက်ဘို ပေါ်မှာ တွေ့လိုက်တဲ့ သတင်းက သူ့ကို ကြောင်အစေခဲ့ပါတယ်..။သူ အလျင်အမြန်အဝတ်စားလဲပြီး တိမ်ဖြူလမ်းကို ဦးတည်ကာ ..ထွက်သွားလိုက်တယ်။
ဓာတ်လှေကားတွင်။
"လီဝု...ဘာတွေ အလျင်လိုနေတာတုန်း.."
သက်လတ်ပိုင်း အဒေါ်ကြီး တစ်ယောက်က မေးလိုက်တာပါ...။
လီဝု အလျင်အမြန်ပဲ ပြန်ဖြေလိုက်တယ်...။
"အခြေအနေက သိပ်မကောင်းတော့ဘူး...။
သက်လတ်ပိုင်း အမျိုးသမီးကြီးဟာ.ဒါကိုကြားပြီး အံ့ဩသွားခဲ့တယ်..။
"တကယ်ကြီးလား."
လီဝု ဓာတ်လှေကားထဲဝင်လိုက်ပြီး...ဝီချပ် ဆော့ဝဲကို အလျင်အမြန် ဖွင့်လိုက်ပါတယ်။
ဝီချပ် ဂရုမှာတော့...တစ်ယောက်ယောက်က ဒီသတင်းကြီး အကြောင်းကို...ပေါက်ကွဲနေခဲ့ပြီးပါပြီ..။
"မာစတာ လင်းက တိမ်ဖြူလမ်းက ထွက်သွားတော့မယ် ဆိုတာ အမှန်ပဲလား..."
"ငါလည်း မသိဘူးလေ..အခုက အလုပ်ထဲမှာ မသေး...အလုပ်က ပြန်ရင်တော့ အဲ့ကို တန်းသွားပြီး တစ်ချက်ကြည့်ရဦးမယ်..."
လီဝု အလျင်အမြန်ပဲ စာရိုက်ပြီး ပြောလိုက်တယ်။
"ငါ အခုတိမ်ဖြူလမ်းကို သွားကြည့်မလို့...။ဒါသာအမှန်ဆိုရင် ငါတို့တော့ ...သေပြီပဲ..။နောက်ပိုင်း ပန်ကိတ်စားချင်ရင် ဘယ်က သွားဝယ်ရတော့မှာလဲ.."
"အမြန်သွားကြည်ပါဦး ...ပြီးရင် ဘာတွေ ဖြစ်နေတာလဲ ငါတို့ကို ပြန်ပြောဦး..."
...
အဲ့အချိန်မှာတော့ မာစတာ လင်းရဲ့ ဆိုင်မှာ မဖိတ်ထားတဲ့ ဧည့်သည်တစ်ယောက်ဟာ ရောက်နေခဲ့ပါတယ်။
လီဂေါင်ချန်းဟာ ပြုံးပြီး ဆိုင်ထဲကို ဝင်လိုက်တယ်..။
"ဟိုင်း မာစတာ လင်း, ကျွန်တော်က ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီရဲ့...ဒီနယ်မြေကို ကိုင်တွယ်ရတဲ့ အကြီးအကဲ..လီဂေါင်ချန်း ပါ...။ငှားရမ်းခ တွေ တိုးလာတဲပ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် မာစတာ လင်းနဲ့ နည်းနည်း ဆွေးနွေးချင်လို့..."
လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာ သူ့ကို ဝိုင်းကြည့်နေခဲ့ကြတယ်...။ဝူယူလန် အစကတော့...ဧည့်သည် အတွက်..လဖက်ရည် ပြင်ဖို့ လုပ်နေပေမယ့်လည်း ဒီစကား ကို ကြားလိုက်တဲ့ အချိန်မှာ ခွက်တွေကို ပြန်ချပြီး ဖုန်းသုံးနေခဲ့ပါတယ်။
ဒီလူက လဖက်ရည်တစ်ခွက် နဲ့တောင် မထိုက်တန်ပါဘူး..။
."
လင်းဖန် ဖုန်းကို ချလိုက်တယ်...။ဒီလူက ဒီမှာရောက်နေပြီ ဆိုမှတော့...သူလည်း စကားကောင်းကောင်း ပြောပေးရမှာပါ...။
"ဒါရိုက်တာ လီ...ခင်ဗျားရဲ့ ငှားရမ်းခ တိုးတောင်းတဲ့ နည်းလမ်းတွေက သိပ်တော့ အဆင်ပြေမနေဘူးနော် .."
လီဂေါင်ချန်ဟာ မာစတာ လင်းကို ဆန့်ကျင်ဖို့ အကောင်း ဆုံးနည်းလမ်းကို အစောကြီး ကတည်းက တွေးလာပြီးသားပါ...။သူ ရယ်မောလိုက်ပြီး...
"မာစတာ လင်း...ခင်ဗျား ကျွန်တော် တို့ကို အထင်လွှဲနေပြီ ထင်တယ်..။ကျွန်တော်တို့က ငှားရမ်းခကို စိတ်ကြိုက် မြင့်တင်နေတာ မဟုတ်ပါဘူး..။ကျွန်တော်တို့မှာ လက်ရှိ အခြေအနေတွေကို လေ့လာ သုံးသပ်ပြီး...စျေးကွက်ကို လေ့လာနေတဲ့ အဖွဲ့အစည်းဆိုတာ ရှိပြီးသားပါ...။ဒါက နေ့ဘက်ကြီး ဓားပြတိုက်တာတွေ...အနိုင်ကျင့် ရက်စက်တာတွေ တစ်ခုမှ မဟုတ်ပါဘူး.."
လင်းဖန် လှောင်ရယ်လိုက်တယ်..။
"ခင်ဗျားပြောချင်တာက ငှားရမ်းခကို တစ်နှစ်အတွင်းမှာ နှစ်ကြိမ်တိုးတောင်းတာက အကြောင်းအကျိုး ဆီလျော်တယ်လို့ ပြောချင်တာလား...။ငှာရမ်းခ စားရိတ်က အဆမတန် မြင့်တက်လာခဲ့တာ...။ပြီးတော့ ခင်ဗျား နောက်ဆုံး အကြိမ်တိုးတောင်းခဲ့တာကလည်း နှစ်ဝက်ပဲ ရှိသေးတယ်...။ကျွန်တော်လို ဆိုင်သေးသေးလေး ကတောင် ငှားရမ်းခက တစ်နှစ်ကို ဒေါ်လာ သိန်းချီပြီး ရှိတယ်..။ခင်ဗျားသာ နှစ်ဆတက်လိုက်ရင် တစ်နှစ်ကို ဒေါ်လာ သုံသိန်းနီးပါးပဲ..။ငှားရမ်းခ ပေးဖို့အတွက် ကျုပ်က ဘာတေွ ရောင်းချရဦးမှာလဲ..."
"ဒါက မဟုတ်သေးဘူးနော်...။ကျွန်တော်က တစ်ရက် ကို ပန်ကိတ် ဆယ်လုံးပဲ ရောင်းတာ...။တစ်ရက်ကို ဝင်ငွေက ဒေါ်လာ ငါးရာပဲရှိပြီး...တစ်လကို ဒေါ်လာ တစ်သောင်းခွဲပဲ ဝင်တာ..။ကြည့်ရတာ ကျုပ်ဒီနှစ်အတွက် လစာကို မပေးနိုင်တော့ ဘူးနဲ့တူတယ်..။ကျုပ်က စီးပွားရေးကို အရံှုးခံပြီး လုပ်နေရတာ နဲ့ တူနေပြီ.."
လီဂေါင်ချန်း ရယ်မောပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"မာစတာ လင်း..ခင်ဗျားဒီလို တွေးလို့လည်း မရဘူးလေ..။ကျုပ်တို့မှ ခင်ဗျားရဲ့ ဆိုင် ငှားရမ်းခကို မမြင့်တင်ခဲ့တာ...။ကျုပ်တို့ရဲ့ ဆွေးနွေးမူတွေ အပြီးမှာ...ခင်ဗျားရဲ့ဆိုင်ငှားရမ်းခကို လျော့ချပေးဖို့တောင် ဆုံးဖြတ်ခဲ့ကြသေးတယ်...။ခင်ဗျားသာ တိမ်ဖြူ လမ်းမှာ ရှိနေသ၍ ကျန်တဲ့ အ ရာတွေက ဆွေးနွေးလို့ရပါတယ်..."
လင်းဖန် ရယ်မောလိုက်ပြီး...
"ဒါပေါ့ ဆွေးနွေးလို့ ရတာပေါ့..။ကျုပ်ခင်ဗျား အတွက် ခက်ခဲအောင် မလုပ်ပါဘူး...။ခင်ဗျားတို့ ပိုက်ဆံ လိုချင်တယ် ဆိုတာကတော့ ပုံမှန်ပါပဲ...။ဒါပေမဲ့ တိုးတဲ့ ပမာဏ ကြီးက အရမ်းကို များလွန်းနေတယ်..။ခင်ဗျားတို့ ၁ ရာခိုင်နှုန်းလောက်ပဲ တိုးယူမယ် ဆိုရင်ရော ဘယ်လိုလဲ...။ဒါက အကြောင်းအကျိူးဆီလျော် တယ်လေ...ခင်ဗျား အတွက်လဲ ခက်ခဲအောင် မလုပ်တော့ပါဘူး..."
လင်းဖန် အတွက်ကတော့...အကန့်အသတ်ကို သာပယ်ဖျက်လိုက်ရင်..ငှားရမ်းခအတွက် ပူစရာ မလိုပေမယ့် တစ်ခြား ဆိုင်တွေ အတွက်ကတော့ ဆုံးရှုံးမူကြီးပါပဲ...။
သူတို့ ဒီငွေတွေကို ပေးနိုင်ဖို့ ဆိုရင် တစ်နေ့ အမြတ်က လယ်လောက်တောင် ရှိရမှာလဲ...
လီဂေါင်ချန်းဟာ ဒီကိစ္စက ဆွေးနွေးမှ ဖြစ်မယ် ဆိုတာ သိတဲ့ အတွက် အများကြီး စိတ်မပူပေ။
"မာစတာ လင်း ၁၀ ရာခိုင်နှုန်းပဲ တိုးတောင်းဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးနော်..။ငှာရမ်းခက ကျွန်တော်တို့ ဆုံးဖြတ်တာ မဟုတ်ဘူး...အထက်ပိုင်းတွေက ဆုံးဖြတ်ထားတာ...။ကြည့် တိမ်ဖြူလမ်းကို လာလည်ပတ်နေကြတဲ့ လူတွေက များပြီး အကုန်လုံးကလည်း စီးပွားရေးကောင်းမွန်းနေကြတာ ..ငှားရမ်းခ တက်တယ် ဆိုတာက ပုံမှန်ပါပဲ...။ကျေးဇူးပြုပြီး ကျွန်တော် တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့...။ကျွန်တော်ကိုယ်တိုင်လည်း အလုပ်သမား ဆိုတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးလို့ မရဘူးဖြစ်နေတယ်..."
.
ဘယ်လို လိမ်ညာမူမျိုးလဲ....တကယ့်အလိမ်အညာပဲ...
တကယ်လို့ လင်းဖန် သာသူပြောတာကို ယုံကြည်လိုက်ရင် သူ့ရဲ့ ဗေဒင်ပညာက အလကားဖြစ်သွားမှာပါ. ။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး...
"ကောင်းပြီလေ..ကျွန်တော် ခင်ဗျားကို ထပ်ပြီး အခက်တွေ့အောင် မလုပ်တော့ပါဘူး..."
လီဂေါင်ချန်း ဒီစကားကို ကြားတဲ့ အချိန်မှာ...အတော်ကျေနပ် သွားခဲ့တယ်..။ယောက်ျားတွေက တစ်ကိုယ်ကောင်း ဆန်တတ်တယ် ဆိုတာ အမှန်ပါပဲ..။အခုတော့ သူ့ရဲ့ ငှားရမ်းခတွေကို ..အများကြီး လျော့ချ ပေးမယ် ဆိုတာနဲ့..စိတ်ပြောင်းသွာခဲ့ပါပြီ..။
မာစတာ လင်းက သူ့အတွက် အကျိုးကျေးဇူး ရှိတာနဲ့ ချက်ချင်း သဘောတူမယ် ဆိုတာ သူသိထားပြီးသားပါ ...။
လည်ပတ်သူတွေ အများကြီး လာတာဟာ...မာစတာ လင်းကြောင့်ပဲ ဖြစ်ဖြစ်..အိမ်ခြေစိတ်လာလို့ ပဲဖြစ်ဖြစ် ..မာစတာ လင်း အပြောင်းဘူးဆိုရင် စိတ်ပူစရာ မရှိတော့ပေ။
.
လီဂေါင်ချန်း...ပျော်ပျော်ကြီး တွေးနေတုန်းမှာပဲ..မာစတာ လင်းရဲ့ စကားတွေကြောင့် သူ အံ့ဩသွားပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့တယ်...
..
"စာချုပ်ထဲက အချက်အလက်တွေ အတိုင်း ကျုပ်ရဲ့ ငှားရမ်းခ စားရိတ်တွေကို ပြန်ထုတ်ပေးတော့..။ကျုပ် ဒီ ဆိုင်ကို ထပ်ပြီး မငှားတော့ဘူး...။ခင်ဗျား ငှားရမ်းခတွေကို တိုးတောင်းတာ မတောင်းတာ ကတော့ ကျုပ်နဲ့ မဆိုင်တော့ ဘူး.."
လီဂေါင်ချန်း အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ်...။
"မာစတာ လင်း ကျုပ်တို့ နောက် မှ ထပ်ပြီးဆွေးနွေးလို့ ရပါသေးတယ်...။ညှိနှိုင်းလို့ မရတဲ့ ကိစ္စဆိုတာ မရှိဘူးလေ...။ခင်ဗျားက ဒီလို လည်ပတ်သူတွေ များပြားလာမှာ..ကြီးကြီးမားမား ပတ်သက်နေတယ် ဆိုတာ ကျုပ်သိပါတယ် .။ဒါပေမဲ့ ငှားရမ်းခ တိုးတာက ကုမ္ပဏီက ဆုံးကဖြတ်ထားတာလေ..။ဘာလို့ ကျွန်တော်ကို ဒုက္ခပေးဖို့ လုပ်နေတာလဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်...။
"ဒါက ထပ်ပြီး ဆွေးနွေးလို့ မရနိင်တော့ဘူး...။ကျုပ်လည်း ဒီငှားရမ်းခ တွေနဲ့ ပတ်သက်ပြီး ထပ်ဂရုမစိုက်တော့ဘူး..။ခင်ဗျားကို အခက် မတွေ့ စေချင်ဘူးလေ..ကျုပ်ဆက် မငှားတော့တာပဲ ကောင်းမယ်...။ဒါက ပိုကောင်းတဲ့ အဖြေဖြစ်မှာပါ...ဟုတ်တယ်မလား..."
ယင်းနောက် လင်းဖန်ဟာ အပြင်ဘက် မှာ ဆယ်ကျော်သက် လူငယ် တစ်စု ရောက်နေကြတာ သတိထားမိလိုက်ပေမယ့်လည်း ဒါရိုက်တာ လီနဲ့..စကားပြောနေတဲ့ အတွက် သိပ်ဂရုမစိုက် တော့ပေ..။
သို့ပေမယ့် ဆွေးနွေးမူတွေကတော့ လမ်းဆုံးကို ရောက်နေခဲ့ပါပြီ..။
သူ့ အိမ်နဲ့ ဆိုင်ကို ရွေ့ဖို့က အနည်းငယ် ပြသနာ ရှိပေမယ့်လည်း...သူ ပြောပြီးတဲ့ နောက် မှာတော့ စကားကို ပြန်ရုတ်သိမ်းလို့ မရပေ..။
သူ ရွေ့ပြောင်းဖို့သာ တတ်နိင်တော့မှာဖြစ်ပြီး ဒါကလည်း ပြသနာ အကြီးကြီး မဟုတ်ပေ..။