ပြသနာ တစ်ခု ရှိနေတယ်...
Vol. 18 Ch. 261
အဆုံးမှာတော့...ဖြစ်ပျက်လာတာတွေက သိပ်ပြီး ကျေနပ်စရာ မကောင်းပါဘူး...။
လီဂေါင်ချန်း ဟာ ထွက်ခွာသွားခဲ့တယ်...။သူ ထွက်သွားတဲ့ အချိန်မှာ ယဥ်ကျေးသလို သရုပ်ဆောင် နေပေမယ့်လည်း ...သူ့စိတ်ထဲမှာတော့ လင်းဖန် ရဲ့ အမေကို ကျိန်ဆဲ နေခဲ့တာပါ။
လင်းဖန်ကတော့...ဒီငနဲ သူ့ကို ဘယ်လို ကျိန်ဆဲမလဲ ဆိုတာ ကို ခန့်မှန်းနေခဲ့တယ်...။
ခွေးအိုကြီးလား....
မဟုတ်ဘူး ငါက ငယ်ငယ်လေးပဲရှိသေးတာ...သူ ငါ့ကို ကျိန်းသေ ခွေးသားလေး လို့ ကျိန်ဆဲမှာပဲ..။
ဒါက ပိုပြီး အဓိပါယ်ရှိတယ်..။
ဆိုင်ရှေ့မှာ ရပ်နေတဲ့ လီဝုဟာ စတင်ပြီး စကားပြောလာခဲ့တယ်...။
"မာစတာ လင်း...တကယ်ပဲ ရွေ့ပြောင်းတော့ မှာလား..."
လင်းဖန် လီဝု ရဲ့ အမူအရာကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်တယ်...။
"ဖြစ်သင့်ပါတယ်...ငါက တိမ်ဖြူလမ်းကနေ ထွက်ခွာတော့မှာ..."
"အာ..."
လီဝု ဟာ မယုံကြည်နိုင်စွာနဲ့ ပါးစပ်ကြီး ကျယ်သွားခဲ့တယ်..။လင်းဖန် ထွက်သွားမှာကို သူတကယ် ကြောက်ရွံ့မိပါတယ်...။
သူက ဘာလို့ ထွက်သွားမှာလဲ...
"ဘယ်နေရာကို ပြောင်းဖို့ စဥ်းစားထားလဲ..."
သူ ရှင်းရှင်းလင်းလင်း မေးဖို့ လိုအပ်ပါတယ်...။သူ့အလုပ်နေရာနဲ့ အတော်ဝေးလား ဆိုတာ သူသိထားမှ ရမှာပါ...။တကယ်လို့ သိပ်မဝေးဘူးဆိုရင် သူပါ..အဲ့နေရာကို လိုက်ပြီး ရွေ့ပြောင်းရမှာပါ..။ဘာပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေး စနစ်တွေက ကောင်းနေပြီ ဖြစ်ပြီး အမြန်ရထားနဲ့ ဆို အလုပ်နောက် မကျနိုင်ပါဘူး...။
လင်းဖန် ရယ်မောလိုက်တယ်...။
"ငါလည်း မသိသေးဘူးလေ...။အခုထိ နေရာ မရွေး သေးဘူး .."
လီဝု အများကြီး ထပ်မမေးတော့ပေ...။သူ့ကြည့်ရတာ လင်းဖန် ထွက်သွားမှာ မကြောက်တော့တဲ့ အတိုင်းပါပဲ...။ယင်းနောက် သူ ဝီချပ် ဂရုထဲမှာ ဒီအကြောင်းတွေကို ပြန်ပြောလိုက်တယ်...။
ဂရု ထဲက လူတွေ အကုန်လုံး အံ့ဩသင့်သွားခဲ့ကြတယ်...။
"ချီးပဲ...အတော်ဆိုးရွားတယ်...။၁၀၀ ရာခိုင်နှုန်းတောင် ငှားရမ်းခ တက်လာတာလား...။ဒါက.ဆိုင်တိုင်း ကို ဖယ်ရှားပစ်ချင်နေတာ နဲ့အတူတူ ပဲလေ.."
"ငါတော့ ဒီအကြောင်းကို မပြောချင်တော့ဘူး...သူဌေးလေးက တော်တော်ကို အံ့ဩ ဖို့ကောင်းတာပဲ..။သူ ဘယ်ကိုပဲ ပြောင်းပြောင်း ငါလိုက်ပြီး ထောက်ပံ့ပေးမယ်ကွာ....။အရမ်းဝေးသွားတယ် ဆိုရင်တောင် အချိန်ရတိုင်း သွာမယ်.."
"သူဌေးလေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။လူကြီးက သူဌေးလေးရဲ့ ငှားရမ်းခကို တစ်ဆင့်တောင် တိုးမတောင်းဘူးလို့ပြောနေတယ်လေ...။သူက ဘာလို ထွက်သွားချင်နေသေးတာလဲ..."
"အဲလို မဟုတ်ဘူးလေ..။သူဌေးလေး ဘယ်လို လူမျိုးလဲ ဆိုတာကို မင်းသိသင့်တယ်...။သူ ဒီလို လုပ်နေတာက တစ်ခြားတစ်ဖက်က စည်းကျော်နေလို့ပဲ..."
"အရင်တုန်းက ဆိုရင် တိမ်ဖြူလမ်းက ဒီလောက် မစည်ကားဘူးလေ...။အခြေအနေတွေက သူဌေးလေး လာပြီး မှပြောင်းလဲ သွားခဲ့တာ...။အခုတော့ ငှားရမ်းခတွေကို အဆမတန် မြင့်တင်လိုက်တော့...တော်တော် ရုပ်ပျက်တာပေါ့..."
"ဟုတ်တယ်...သူဌေးလေးကြောင့်သာ မဟုတ်ရင်..တိမ်ဖြူလမ်းကို သွားစရာ ဘာစောက်ကြောင်းမှ မရှိဘူး...။လွန်ခဲ့တဲ့ နှစ်လကဆိုရင် ငါတိမ်ဖြူလမ်းကို သွားခဲ့တာ တစ်ရက်တောင် မပျက်ခဲ့ဘူး..။တစ်ခြား ဆိုင်ပိုင်ရှင်တွေ နဲ့တောင် အတော်ရင်းနီးနေပြီ...။အခု ငှားရမ်းခ အရှုပ်အထွေးတွေ ဖြစ်လာတော့ သူတို့ဖက်ကနေပဲ ရပ်တည်ပေးရမှာပဲ..."
...
လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်လိုက်တယ်...။
"ခုနက လာတဲ့ လူက မင်းကို ဆက်ပြီး ရှိနေစေချင်တာ သိသာတယ်နော်...။သူတို့ ငှားရမ်းခ နှစဆ တိုးတာ က ပိုက်ဆံလိုချင်လို့ပဲ..."
လင်းဖန် လှောင်ရယ် လိုက်တယ်...။
"ကျုပ်က သူဖြစ်စေချင်တဲ့ အတိုင်းလိုက်လုပ်ရမှာလား...။ကောင်းပြီ...အဲ့ကိစ္စကတော့ ကျုပ်ရူးနေမှ ပဲရမယ်..."
တစ်ခြား ဆိုင်ပိုင်ရှင် တွေဟာလည်း စုဝေးလာခဲ့ကြတယ်...။သူဌေးလေးကသာသူတို့ အတွက် မျှော်လင့်ချက် ပါ..။သူတို့သာ တွန်းအားပေးပြီး နှင်ထုတ်မခံရဘူးဆိုရင် ဒီနေရာကနေ ထွက်သွားဖို့ကို စဥ်းစားကြမှာ မဟုတ်ပေ...။
တိုးတောင်းတဲ့ ပမာဏ ဟာ အရမ်းများလွန်းပြီး..သူတို့ အသားယူ ခံရတဲ့ အတိုင်းပါပဲ...။
.
သူတို့ ငှားရမ်းခကို မကြေနပ်ရင် ထွက်သွားဖို့ သာတတ်နိုင်ပြီး..ဘယ်သူမှ စောဒက တက်နိုင်မှာ မဟုတ်ပေ...။
လင်းဖန် အတွက်ကတော့...သူ့ရဲ့ ငှားရမ်း ခတွေကို လျော့ချ ပေးရင်တောင် ဒီမှာ ထပ်မနေချင်တော့ပါဘူး...။
ဒီအခြေအနေက လုံးဝ ရှက်စရာ မဟုတ်ပေ...။
လင်းဖန် လူတိုင်းကို ကြည့်လိုက်ပြီး...
"အားလုံးပဲ စိတ်မပူကြနဲ့...ကျုပ်ခင်ဗျားတို့ အတွက် ကျိန်းသေ တိုက်ခိုက်ပေးပါ့မယ်..။ဒီ စောက်ကျိုးနဲ ရှင်းယု ကုမ္ပဏီက ကျုပ်တို့ကို အသားယူနေတာကို ဘယ်လိုလုပ် သည်းခံရမှာလဲ...။သူက ကျုပ်ဆိုင်ရဲ့ ငှားရမ်းခကို လျော့ပေးမယ် လို့ လာကမ်းလှမ်းပေမယ့် ကျုပ်ငြင်းပယ်လိုက်တယ်...။သူ ဘယ်လို တွေးပြီး လာညှိနှိုင်းတာလဲ နားမလည်နိုင်တော့ဘူး..။ငါပြောနိုင်တာ တစ်ခုကတော့..ဒါက လုံးဝ အေးဆေးပြီးသွားမှာ မဟုတ်ဘူးဆိုတာပဲ..."
တစ်ခြား ဆိုင်ပိုင်ရှင်တွေဟာ တိတ်တဆိတ်သာ နေကြပြီး...သူဌေးလေးကို ကြည့်နေခဲ့ကြတယ်..။
သူတို့ ခံစားသွားခဲ့ကြရပါပြီ...။
တစ်ချိန်တည်းမှာပဲ သူတို့ ဒီကမ္ဘာပေါ်မှာ သူဌေးလေးလို လူမျိုး တည်ရှိနေမူ အပေါ်မှာ အံ့ဩသင့်နေခဲ့ကြတယ်...။
ဒီလို အဖြစ်အပျက်က သူတို့အရင်တုန်းက တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး...။
.
စီးပွားရေး လုပ်ငန်းရှင် အားလုံးက လည်ဝယ်ကြပါတယ်..။တစ်ချို့ ဆိုင်ပိုင်ရှင်တွေက အပြင်ပန်းမှာ..ရင်းနှီးချင်ယောင် ဆောင်နေကြပေမယ့်လည်း..နောက်ကျောဘက် မှာတော့...အချင်းချင်း ပြိုင်ဆိုင် မူတွေ ရှိနေခဲ့ကြတယ်..။
ဒါပေမဲ့ သူတို့ အကုန်လုံးကတော့ သူဌေးလေးကို လေးစားကြပါတယ်...။
တကယ်လို့ တစ်ခြားလူတစ်ယောက်ယောက် ကို သူ့ရဲ့ ငှားရမ်းခ မတိုးတဲ့ အပြင်သက်သာခွင့် ပါပေးဦးမယ် ဆိုရင် ငြင်းပယ်ဖို့ အတော်ခက်ခဲမှာပါ...။
အခုတော့ မာစတာ လင်းက သူတို့ ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်...။
အကြီးအကဲ လိန် ဟာ ပြောလိုက်တယ်..။
"သူဌေးလေး...ကျုပ် အရင်တုန်းက ဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးဘူး..။မင်းက ငါ လေးစားရတဲ့ တစ်ယောက်ထဲသော သူပဲ..။ငါတို့ ဒီကိစ္စကို မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်..."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"တကယ်လို့ ငါတို့ ဒီနေရာက နေရွေ့ပြောင်းရရင် တစ်လ..နှစ်လလောက်တော့ နားသင့်တယ်..။ဒါက ငါတို့ အတွက်သိပ်မသိသာပေမယ့် ပိုကောင်းမယ့် နေရာကို သေချာရှာဖွေနိုင်တယ်လေ..."
လင်းဖန် ရယ်မောလိုက်တယ်...။
"အားလုံးပဲ ဒီကိစ္စကို အဆိုးဘက်ကကြီးပဲ မကြည့်ပါနဲ့..။အရာရာတိုင်းက စက္ကန့်တိုင်းမှာ ပြန်ပြောင်းလဲ သွားနိုင်တယ်လေ..."
...
ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတွင်..။
.
လီဂေါင်ချန်း သုန်မှုန်စွာနဲ့ ပြန်လာခဲ့တယ်..။တစ်ခြား အလုပ်သမားတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ပြီး..ညှိနှိုင်းမူ အဆင်မပြေ ခဲ့ဘူးဆိုတာ သိလိုက်ကြပါတယ်..။တကယ်လို အောင်မြင်ခဲ့တယ် ဆိုရင် သူ့ရဲ့မျက်နှာက ဒီလောက်အထိ ဆိုးရွားနေလိမ့်မှာ မဟုတ်ပါဘူး...။
ကျို့ရူချင်း ပြောလိုက်တယ်..။
"ဘယ်လို ဖြစ်သွားပြီလဲ...။မာစတာ လင်း သဘောတူခဲ့လား..."
လီဂေါင်ချန်း အချက်အလက်တွေကို...စားပွဲပေါ်ကို ပစ်တင်လိုက်ပြီး..
"မင်းကြီးတော် နဲ့သာ သွားသဘောတူခိုင်းလိုက်ပါလား...။သူမရှိရင် တိမ်ဖြူလမ်းက ဆက်ပြီး မရှင်သန်နိုင်ဘူးလို့ တကယ်ထင်နေတာပဲ...။ငါက သူ့ဆိုင်ငှားရမ်းခကို တိုးမတောင်းပဲ လျော့ချပေးဖို့..ကမ်းလှမ်းတာတောင် ချက်ချင်း ငြင်းပယ်ပြီး...၁၀ ရာခိုင်နှုန်း တိုးတောင်းဖို့ အကြံပေးနေတယ်..။သူက အိမ်မက်မက် နေတာပဲဖြစ်မယ်..။၁၀၀ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း ဘယ်လောက်ကွာလဲ သူမတွက်တတ်ဘူလား..."
."
ကျို့ရူချင်း နှာခေါင်းရှုတ်လိုက်ပြီး..
"သူတို့ သဘောအတိုင်း လိုက်လျောလို့ မရဘူးလို့ ကျွန်မပြောပါတယ်...။ကျွန်မတို့ သူတို့ကို သင်ခန်းစာ ပေးရမယ်..။ကျွန်မတို့ ကုမ္ပဏိက ဟာသတစ်ခုမဟုတ်ဘူး။တိမ်ဖြူလမ်းရဲ့ ငှာရမ်းခတွေ တိုးလာတာ နဲ့ အမျှ လည်ပတ်သူတွေကလည်း တိုးလာလိမ့်မယ်..။စျေးကွက်ဆိုတာ ဒီလို အလုပ်လုပ်တာပဲ.."
"ဟုတ်တယ်..."
လီဂေါင်ချန်း ခေါင်းညိမ့်လိုက်တယ်..။
"မင်းပြောတာကို ငါသဘောတူတယ်..။သူတို့ သဘောအတိုင်း ပေးလုပ်လို့ မဖြစ်ဘူး..။အဲလိုသာ ဆိုရင်..ရိုးသွားကြပြီး..ဂရုမစိုက်ပဲ နေကြတော့မှာ..။ဒါဆို အနာဂတ်မှာ ပိုခက်ခဲသွားလိမ့်မယ်"
ကျို့ရူချင်း ပြန်ပြောလိုက်တယ်.။
"ကျွန်မတို့ ဒါမျိုးကို အရင်က မကြုံဖူးတာလည်း မဟုတ်ပါဘူး..။ဒီလို တိုးတောင်းတယ် ဆိုတာကလည်း စျေးကွက်လိုအပ်ချက် အရပဲလေ...။ကျွန်မတို့ တရားမဝင် လုပ်နေတာ မဟုတ်သလို...ဘယ်လောက်တိုးတာင်း ရမယ် ဆိုတာလဲ ကျွန်မတို့ကို လာသတ်မှတ်ပေး စရာ မလိုဘူး..။သူတို့ တိုက်ခိုက်လို့ မရသလို..အပြစ်တင် လို့လည်း မရဘူး..။တကယ်လို့ သူတို့သဘောမတူဘူး ဆိုရင် ဒီတိုင်း ထွက်သွားခိုင်းလိုက်..။ကျွန်မတို့ သူတို့ကို အတင်းမနေခိုင်းဘူး...မာစတာ လင်းရဲ့ ဆိုင်ကိုရော ဘယ်လို လုပ်မှာလဲ.."
လီဂေါင်ချန်း စက္ကန့် သုံးဆယ်လောက် ရပ်ပြီးမှ ပြောလိုက်တယ်..။
"ငါတို့ အကုန်လုံးကို အညီအမျှပဲ ဆက်ဆံရမယ်..သူ့ရဲ့ ငှားရမ်းခကလည်း..နှစ်ဆ တိုးတောင်းရမှာပဲ။သူ မပေးချင်ဘူးဆိုရင် သူ့ကိုလည်း ထွက်သွားခိုင်းရမယ်..။ပရိုမိုးရှင်း ဌာနကရော အခြေအနေ ဘယ်လိုလဲ.."
ကျို့ရူချင် ပြုံးလိုက်တယ်...။
"အဆင်ပြေနေတယ်..။ကျွန်မတို့ကို လာဆက်သွယ်တဲ့ ကုမ္ပဏိတွေက တစ်ရာနီးပါးလောက်ရှိကြတယ်..။အချက်အလက် အသေးစိတ်ကတော့ မကြာခင်ထွက်လာလိမ့်မယ်..."
"ဒင် ဒေါင်."
"အချက်အလက်တွေ ရောက်လာပြီပဲ ဘယ်လိုနေလဲ ကြည့်ကြရအောင်..."
ပရိုမိုးရှင်း ဌာနက အလုပ်သမားလေးဟာ အချက်အလက်တွေနဲ့ ရောက်လာခဲ့တယ်...။
"ဒါရိုက်တာ လီ..ဒါရိုက်တာ ကျို့..အချက်အလက်တွေ ထွက်လာပါပြီ..။ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးပါဦး.."
.
"မဆိူးဘူး.."
လီဂေါင်ချန်း အချက်အလက်တွေကိုကြည့်ပြီး ခေါင်းညိမ့် လိုက်တယ်...။
"ဒါက တကယ်သိပ်မဆိုးဘူး..။စိတ်ဝင်စားနေတဲ့ အဖွဲ့အစည်းက ၁၀၃ ခုလောက်ရှိတယ်..။တိမ်ဖြူလမ်းတစ်ခုလုံးရွေ့ပြောင်းသွားရင်တောင် အလုပ်တွေ ရပ်ဆိုင်းမူက အလွန်ဆုံး တစ်လပဲ ရှိလိမ့်မယ်.."
ကျို့ရူချင်း ရယ်မောလိုက်တယ်..။
"စိတ်ဝင်စားနေတဲ့ အဖွဲ့အစည်းတွေက လိုတာထက်တောင် ပိုနေပါတယ်လို့ ကျွန်မပြောသားပဲ."
ယင်းနောက် လီဂေါင်ချန်း ပရိုမိုးရှင်း ဌာနက အလုပ်သမား လေးကို ကြည့်လိုက်တယ်...။
"ဘာဖြစ်လို့လဲ...တစ်ခုခုပြောစရာ ရှိရင် ပြောလေ..။တွန့်ဆုတ် တွန့်ဆုတ် လုပ်မနေနဲ့.."
အလုပ်သမား လေးဟာ ပြန်ပြောလိုက်တယ်..။
"ဆျာ,သူတို့အကုန်လုံးက ဖုန်းခေါ်တဲ့ အချိန်မှာ တူညီတဲ့ မေးခွန်း တစ်ခုတည်းပဲ မေနေကြတယ်.."
"ဘာမေးတာလဲ.."
လီဂေါင်ချန်း..သံသယဖြစ်စွာ မေးလိုက်တယ်..။
"အကုန်လုံးကို တိတိကျကျ ပြော..အချက်အလက်တွေကို မထိန်ချန်ထားနဲ့.."
အလုပ်သမားလေးက ပြန်ဖြေလိုက်တယ်။
"သူတို့ရဲ့ ဆိုင်နေရာကို မာစတာ လင်းရဲ့ ဆိုင်ဘေနားမှာ ရနိုင်မလားတဲ့..."
ရုတ်တရက် လီဂေါင်ချန်း နဲ့ ကျိုးရူချင်း ဟာ အံ့ဩသင့်သွားခဲ့ကြတယ်..။
လီဂေါင်ချန်း သံသယဖြစ်စွာ မေးလိုက်တယ်။
"လူတိုင်းက အဲလိုပြောတာလား..."
အလုပ်သမား.. :: ဟုတ်
ယင်းနောက် လီဂေါင်ချန်းဟာ ကျို့ရူချင်း ကို ကြည့်လိုက်ပါတယ်...။အခြေအနေတော့ ကောင်းမယ့် ပုံစံ မရှိပါဘူး..။
*ကလင် ကလင်*
."
အလုပ်သမားလေးဟာ ဖုနး်နံပါတ်ကို ကြည့်ပြီး ရေရွတ်လိုက်တယ်...။
"ဒါ ခုနက ပြောထားတဲ့ ကာစတန်မာပဲ.."
ကျို့ရူချင်း ပြောလိုက်တယ်။
"ပြန်ဖြေပြီး..မာစတာ လင်းလည်း တိမ်ဖြူလမး်က ရွေ့တော့မှာလို့ ပြောလိုက် သူ့အမူအရာကို ကြည့်ရအောင်.."
သူဖုန်းဖြေလိုက်တယ်...။
အလုပ်သမား ဟာပြန်ဖြေလိုက်တယ်..။
"စိတ်မပူပါနဲ့.အကုန်အဆင်သင့်ဖြစ်ရင် ဖုနး်းပြန်ဆက်လိုက်ပါ့မယ်..။မာစတာ လင်းရဲ့ ဆိုင်ကတော့..နောက်ဆုံးအချက်အလက်တွေ အရ သူပါတိမ်ဖြူလမ်းက..ထွက်သွားမယ်ထင်တယ်.."
"အာ..."
…
ဖုန်းချပြီးနောက် အလုပ်သမားလေးဟာ ပြောလိုက်တယ်..။
"ကာစတန်မာပြောတာကတော့ မာစတာ လင်းပြောင်းသွားမယ် ဆိုရင်တော့ သူမ ဆက် မငှားတာ့ဘူးတဲ့.."
လီဂေါင်ချန်း နဲ့ ကျို့ရူချင်း တို့ နှစ်ယောက်လုံး ကြောင်အသွားခဲ့ကြတယ်..။သူတို့ တကယ် မယုံကြွနိုင်ကြပါဘူး...။
ကြည့်ရတာ စောက်ပြသနာ အကြီးကြီးတော့ တက်တော့မှာပါ..