← Chapters

အခြေအနေက ပိုဆိုးလာပြီ

Vol. 18 Ch. 262

အခြေအနေက ပိုဆိုးလာပြီ

Vol. 18 Ch. 262

ရုံးခန်း တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်..။

ကျို့ရူချင်း ဟာမယုံကြည်နိုင်ပဲ..

"သူတို့ တစ်ခြားတစ်ခုခု ကိုပြောချငိတာ မဟုတ်ဘူးလား..."

သူတို့ အစောတုန်းက သေချာဆွေးနွေးနေခဲ့ပေမယ့် ..ဒီလိုမျိုး ဖုန်းခေါ်ဆိုမူ အပြီးမှာတော့ မမျှော်လင့် ထားတာ နဲ့ ကြုံတွေ့ခဲ့ရပါတယ်...။

လီဂေါင်ချန်း..တိတ်ဆိတ်နေခဲ့တယ်..။ယင်နောက် သူ အလုပ်သမားကို ထွက်သွားခိုင်းလိုက်ပြီး..ကျို့ရူချင်းကို ကြည့်လိုက်ကာ...

"မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ..."

ကျို့ရူချင် မျက်​ေမှာင်ကျုပ်လိုက်တယ်...။

"ကျွန်မတို့ ဒီကိစ္စကို သေချာ ပြန်ဆွေးနွေးမှ ဖြစ်တော့မယ် ထင်တယ်။တစ်ချိန်တည်းမှာပဲ ပရိုမိုးရှင်း ဌာနကို ညွှန်ကြားပြီး..နေရာငှားချင်းတဲ့ လူတွေကို တိမ်ဖြူလမ်းရဲ့ စည်ကားမူက မာစတာ လင်းနဲ့ မဆိုင်ဘူး ဆိုတာ ရှငိးပြခိုင်းမှ ရမယ်။ဒါက လူနေထူထပ်လာတဲ့ အတွက်ကြောင့်ပဲ..."

"အဲတာက အလုပ်ဖြစ်ပါ့မလား..."

လီဂေါင်ချန်း အနည်းငယ် သံသယ ဖြစ်နေခဲ့တယ်။

ဒါက တကယ်ပဲ မာစတာ လင်းနဲ့ ဆက်နွယ်နေတာလား....။အခြေအနေကို မျှမျှတတ တွေးရင်တော့ မာစတာ လင်းနဲ့ မဆက်နွယ်ဘူး လို့ပြောဖို့ ခက်ခဲပါတယ်..။

ကျို့ရူချင် ရယ်မောလိုက်တယ်..။

"တကယ်လို့ ကျွန်မတို့ မကြိုးစားရင်..ဒါအလုပ်ဖြစ်မဖြစ် ဘယ်လိုလုပ် သိနိုင်မှာလဲ...။ဒါက အလုပ်မဖြစ်ဘူး ဆိုရင်တောင် ကြိုးစားကြည့်မှ ရမယ်လေ..။တကယ်လို့ အထက်လူကြီးတွေသာ..ငှားရမ်းခတိုးတောင်းဖို့ ဆိုင်သေးသေးလေးရဲ့ ခွင့်ပြုချက်ယူရတယ် ဆိုတာ သိသွားခဲ့ရင်..ကျွန်မတို့ နှစ်ယောက်စလုံး အလုပ်ဖြုတ်ခံရမှာ ကြောက်ရွံ့မိတယ်..."

လီဂေါင်ချန်း ခေါင်းညိတ်လိုက်တယ်..။ယင်းနောက် သူဟာ ကြည့်လိုက်ပြီး..

"ငါ အဲ့ကောင်လေးနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ဆွေးနွေးကြည့်ပါဦးမယ်..။တကယ်လို့ မဖြစ်နိုင်တော့ဘူး ဆိုရင် ငါတို့ ခြေတစ်လှမ်း နောက်ဆုတ်ပြီး..၈၀ ရာခိုင်နှုန်းလောက်ပဲ တိုးတောင်းကြမယ်.."

"ဒါတောင် သူသဘောမတူသေးရင်ရော..."

ကျို့ရူချင်း မေးလိုက်တာပါ။

"ဒါဆိုရင်တော့ မေ့လိုက်တော့ပေါ့.."

လီဂေါင်ချန်း တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။သူတို့ ဒီလောက် အထိလိုက်လျောပေးနေတာက လင်းဖန်ကြောင့်ပါ။ဒီအဆင့်က သူတို့ လိုက်လျောပေးနိုင်တဲ့ နောက်ဆုံး အတိုင်းအတာ ပါပဲ။သူသာထပ်ပြီး လက်မခံသေးရင် ထွက်သွားလို့ ပြောလိုက်ယုံပဲ တတ်နိုင်တော့မှာပါ...။ဆိုင်သေးသေးလေ တစ်ဆိုင်ကြောင့် တိမ်ဖြူလမ်း တစ်ခုလုံးရဲ့ ငှားရမ်းခတွေ တိုးမတောင်း ရဘူး ဆိုတာကတော့ မဟုတ်သေးပါဘူး..။

သူတိမ်ဖြူလမ်းရဲ့ ပြောင်းလဲမူတွေကို မြင်ထာပြီး..လည်ပတ်သူတွေ ့ဘယ်လောက် တောင်များလာလဲ ဆိုတာကိုပါ သိထားပါတယ်..။ဒါက တကယ်ကို မယုံနိင်စရာ တိုးတက်လာခဲ့တာပါ။သူတို့ ကုမ္ပဏီရဲ့ စုံစမ်းမူတွေအရ..လည်ပတ်သူတွေရဲ့ ဝယ်ယူမူနှုန်းက 90 ရာခိုင်နှုန်း အထိ ထိုးတက်လာတာ တွေ့ခဲ့ရပါတယ်..။

ဒါက လူဆယ်ယောက် မှာ ကိုးယောက် က တစ်ခုခုကို ဝယ်ယူကြတယ်လို့ ဆိုလိုတာပါ..။

ဒါကြောင့်..ငှားရမ်းခတွေ တက်လာတယ် ဆိုတာက ကြောင်းကျိုး ဆီလျော်ပါတယ်..။ငှားရမ်းခ နှစ်ဆတက်တယ် ဆိုတာကလည်း သေချာ တွက်ချက်ပေးထားတာ ဖြစ်ပြီး လုံးဝ စည်းမကျော်ခဲ့ပေ။

ကျို့ရူချင်း ခေါင်းညိမ့်လိုက်တယ်...။

"ဒါက တို့လိုချင် နေတာပဲလေ..။ဆိုင်ပိုင်ရှင်တွေ နဲ့ ဆက်ဆံတဲ့ အခါမှာ ကျွန်မတို့ နူးညံ့မနေသင့်ဘူး..မဟုတ်ရင် ကျွန်မတို့ပဲ ခံစားရလိမ့်မယ်...။ကျွန်မတို့ ၈၀ ရာခိုင်နှုန်း အထိပဲ လျော့ပေးနိုင်မယ်လို့ အဲ့ကောင်လေးကို ပြောကြည့်ပေါ့..။ကျွန်မတော့က စီးပွားရေးလုပ်နေတာလေ...အလှူလုပ်နေတာ မှမဟုတ်တာ..."

ဆိုင်ပိုင်ရှင်တွေကတော့ ငှားရမ်းခတွေကို တိုးမပေးချင်တာ ပုံမှန်ပါပဲ..။သို့ပေမယ့် လည်ပတ်သူတွေရဲ့ အချက်အလက်တွေကို ကြည့်ပြီး ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ငှားရမ်းခတွေကို တက်ချင်နေခဲ့တာပါ...။

နောက်တစ်ရက်။

သတင်း တစ်ခုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့တယ်..။

"တိမ်ဖြူလမ်းကို လည်ပတ်တဲ့ လူတွေဟာ ၂၀၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ကြတယ်..။

ဒီသတင်း ဟာ အင်တာနက် ပေါ်တက်လာတာနဲ့ လူအများကြီးကို ဆွဲဆောငိ သွားနိုင်ခဲ့ပါတယ်..။

လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်မှာ ပရိသတ်တွေ သန်းချီပြီး ရှိပါတယ်..။လူအများစုက ဖုန်းကွယ်ပြီး နေနေကြပေမယ့်လည်း သူ့ရဲ့ ပရိတ်သတ် အများစုလည်း ရှိနေကြပါသေးတယ်..။

"ငှားရမ်းခ တိုးတောင်းတာကြီးက ကြောက်စရာ ကောင်းလိုက်တာ...။ငါလည်း ဆိုင်ပိုင်ရှင် တစ်ယောက်ပဲ။ ငါတို့လမ်းကို လည်ပတ်တဲ့ နှုန်းက တိမ်ဖြူလမ်း နီးပါးတော့ ရှိပါတယ်..။ဒါပေမဲ့ ငါတို့က ၅ ရာခိုင်နှုန်းပဲ တက်တာ..."

"မာစတာ လင်းက မနေ့က ဝိုက်ဘိုမှာ ပို့စ်တင်ထားပြီးသွားပြီလေ..။သူ တိမ်ဖြူလမ်းကနေ ပြောင်းတော့မလို့ သင့်တော်တဲ့ နေရာကို ရှာနေပြီတဲ့...။ကြည့်ရတာ သူနဲ့အတူ တစ်ခြားလူတွေကို လည်း ခေါ်သွားချင်နေတယ် ထင်တယ်.."

.

"တိမ်ဖြူလမ်းရဲ့ မြေကွက်တွေက ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီက ပိုင်ဆိုင်တာလေ..။သူတို့က အတော် ရိုင်းစိုင်းကြတယ်..။ငှားရမ်းခ တိုးတောင်းတာကတော့ တိမ်ဖြူလမ်း တစ်ခုတည်း မဟုတ်ဘူး ..တစ်ခြားနေရာတွေရော တိုးတယ်..။ဒါပေမဲ့ တစ်ခြားနေရာက ဆိုင်ပိုင်ရှင်တွေ အများစုကတော့ သဘောတူကြတာပ​ဲ.."

"တိမ်ဖြူလမ်း နဲ့ တစ်ခြားနေရာတွေကိုတော့လဘယ်လိုနှိုင်းယှဥ်လို့ရမှာလဲ..။တစ်ခြားနေရာတွေကအမြဲတမ်း ပေါ်ပြူလာ ဖြစ်နေတာလေ..။သူတို့ဘထပ်မငှားချင်ရင်တောင် ငှားချင်တဲ့ လူတွေက ပေါနေတာ.."

"ဒါကတော့ အမှန်ပဲ..။ဒါက ရှန်ဟိုင်းပဲလေ..ပေါ်ပြူလာ ဖြစ်နေသ၍တော့ စီးပွားရေးကဘအဆင်ပြေနေတာပဲ..."

"ငါထင်တာကတော့ ဒါက သတင်းတွေရဲ့ ထုတ်ပြန်ချက်ကြောင့်ပဲ ဖြစ်ရမယ်..။အရင်တုန်းက ဆိုရင် တိမ်ဖြူလမ်းက ခြောက်ကပ်နေတာပဲလေ..။သတင်းတွေ တက်လာပြီးကာမှ ရှင်းယု ကုမ္ပဏီက ငှားရမ်းခတွေ တိုးတောင်း ဖို့ကိုဆုံးဖြတ်ခဲ့တာလေ.."

ယင်းနောက် "လေးစားရတဲ့ သတ်ဖြတ်သူ" ဆိုတဲ့ နာမည်နဲ့ ပေ့ချ် တစ်ခုဟာ..သတင်းတစ်ခုကို တင်လာခဲ့တယ်..။

"ငါသိထားရတ​ဲ့ သတင်းအချက်အလက်တွေ အရတော့ မာစတာ လင်းရဲ့ ဆိုင်ငှားရမ်းခတွေက မတက်ဘူးလို့ကြားတယ်။ဒါကိုကြည့်ရင်..ရှင်းယု ကုမ္ပဏီက ဒီိလို လည်ပတ်သူတွေ များလာတာ မာစတာ လင်းကြောင့်ဆိုတာ သိမှာပဲ..။ဒါပေမဲ့ မာစတာလင်းက တစ်ခြားဆိုင်တွေ ငှားရမ်းခ နှစိဆတိုးပေးရမှာကို မကြည့်ရက်ဘူး..။သူ့ရဲ့ လုပ်ရပ်က တကယ်လေးစားဖို့ ကောင်းတယ်..။ဒါပေမဲ့ ရှင်းယု ကုမ္ပဏီက အလျော့မပေးပဲ ခေါင်းမာနေမှာပဲ ကြောက်ရတယ်။နောက်ဆုံး မာစတာ လင်းသာ တစ်ခြားလူတွေ နဲ့ အတူ ထွက်သွားခဲ့ရင် တိမ်ဖြူလမ်းကတော့ နဂိုအတိုင်း ပြန်ခြောက်ကပ်ပြီး သေဆုံးတော့မယ်.."

"ညီအစ်ကို မင်းမှားနေပြီ ထင်တယ်နော်..။ဆိုင်သေးသေးလေးက ..ဒီလောက်အထိ ..အပြောင်အလဲတွေ ဘယ်လို ဖြစ်စေနိုင်မှာလဲ..။မဖြစ်နိုင်ဘူးထင်တယ်နော်..."

"မဖြစ်နိုင်စရာ ဘာမှမရှိဘူး..။ဒါက အမှန်တရားပဲ..စျေးဝယ်သူတွေ တိမ်ဖြူလမ်းကို သွားရတဲ့ အကြောင်းက မာစတာ လင်းကြောင့်ပဲ..။သူ့ကြောင့်သာ မဟုတ်ရင် တိမ်ဖြူလမ်းကို ဘယ်သူမှ ခြေဦးလှည့်မှာမဟုတ်ဘူး...ဒီထက်စျေးဝယ်လို့ ကောင်းတဲ့ နေရာတွေ မှ အများကြီးပဲ...။ဘာလို့ တိမ်ဖြူလမ်းလို နေရာမျိုးကို သွားရမှာလဲ..."

"ခွဲခြမ်းပြသွားတာကတော့ ပြည့်စုံပါတယ်.. ။ဆက်ပြီး စောင့်ကြည့်ကြတာပေါ့.."

"အရင်က ပြောခဲ့တဲ့ အတိုင်းပဲ..။မာစတာ လင်းကို အန်းဟူကနေ ကြိုဆိုနေတယ်နော်..."

"ဘေဂျင်းကလည်း မာစတာ လင်းကို..ကြိုဆိုပါတယ်.."

"လျန်ကျုံးကလည်း မာစတာ လင်းကို ထပ်ပြီး ကြိုဆိုတယ်ဗျာ.."

ဒီသတင်းကို အင်တာနက် ဆယ်လီတွေဟာ ပြန်တင်ခဲ့ကြတယ်။မာစတာ လင်းဆိုတာက ဝိုက်ဘိုမှာ ကျော်ကြားတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်..။ကြယ်အလင်းကျောင်း မတော်တဆ မူပြီးကတည်းက မာစတာ လင်းကို ဆယ်လီ တော်တော်များများက မှတ်မိနေပြီးသားပါ...။

ကျော်ကြားတဲ့ စီးပွားရေး ပညာရှင်. ::: တိမ်ဖြူလမ်းရဲ့ ငှားရမ်းခတွေ နှစ်ဆတက်တယ် ဆိုတာက ပုံမှန်ပါပဲ..။ဒါက စျေးကွက်ရဲ့ သွားလာမူအရပဲ လေ..။တစ်ခြား ဆိုင်ပိုင်ရှင်တွေ ရှုပ်ထွေးနေကြရတာက သူတို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေလို့ပဲ..။ဆိုင်သေးသေးက ဒီလောက်အထိ အကျိူးသက်ရောက်တယ် ဆိုတာက အတော်ကို ရှားပါးတာပါ..။မာစတာ လင်းရဲ့ ဆိုင်ကြောင့်ချည်းပဲ ဒီလောက်အထိ တိုးတက်သွားတယ် လို့တော့ ပြောလို့ မရပြန်ဘူးလေ..။တစ်ခြား အကြောင်းအရာတွေ ကြောင့်လဲ ဖြစ်နိုင်တာပဲ..။ဒါက သူ့ရဲ့ဆိုင်နဲ့ ဘာမှ မပတ်သက်လောက်ဘူး.."

သိပ်မကြာခင်မှာပဲ မြို့သားတွေဟာ...သူ့ကို ဝိုင်းပြီး အပြစ်တင်လာခဲ့ကြတယ်...။

"မအိမ်လုံး မင်းက ဘယ်လောက် များသိနေလို့လဲ.."

"ခင်ဗျား တိမ်ဖြူလမ်းကို ရောက်ဖူးလို့လား..။တိမ်ဖြူလမ်း ကအကြောင်းအရာတွေကိုရော အစုံသိလို့လား..။မသိရင် ...အများကြီးတွေ လျောက်ပြီး ပြောမနေပါနဲ့..."

"ဒီစောက်ရူးကို ငါဘာပြောချင်နေလဲ သိလား..။နေ့တိုင်းနေ့တိုင်း တိမ်ဖြူလမ်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက မာစတာ လင်းရဲ့ဆိုင်ပဲ။လူတိုင်းက သူ့ဆိုင်နဲ့ သူ့အကြောင်းကို သိကြတယ်..။ဒါက လူတိုင်းအတွက် ဘာကို ဆိုလိုတာလဲ ဆိုတာ ခင်ဗျားသိရဲ့လား..။သူ့ဆိုင်အတွက် တန်းစီနေကြတဲ့ လူတွေကတင် ဘယ်နှစ်ယောက်လဲ ဆိုတာ သိရဲ့လာ..."

...

စီးပွားရေးပညာရှင်ဟာ ဒီ မှတ်ချက်တွေကို ဖတ်ရင်း ဆွံ့အနေခဲ့တယ် ။အချိန်ကြာလာတာနဲ့ အမျှဒေါသထွက်လာခဲ့ပြီး သူတင်ထားတဲ့ ပိုစ့်ကို ပြန်ဖျက်လိုက်ပါတော့တယ်။

အဲ့အချိန်။

တိမ်ဖြူလမ်း။

မာစတာ လင်းရဲ့ ဆိုင်ကို ...မြို့သားတွေဟာ ဝန်းရံ နေခဲ့ကြပါပြီ။

All Chapters