အရမ်းရိုင်းစိုင်းလွန်းတယ်..
Vol. 18 Ch. 263
မြို့သားတွေဟာ မာစတာ လင်း သူတို့နဲ့ ဆွေးနွေးချင်တယ် ဆိုတာကို သိတဲ့အချိန်မှာ စုဝေးလာခဲ့ကြတယ်..။
.
မာစတာ လင်းသာ ထွက်ခွာသွားခဲ့ရင် သူတို့ ဘယ်လိုလုပ်ကြမလဲ..။သူတို့ ဒီမှာ တန်းစီတာကို ကျင့်သားဘရနေကြပါပြီ..။သူတို့ ကံကောင်းတဲ့ နေ့ဆိုရင် ပန်ကိတ်တောင်..စားရနိုင်ပါတယ်။သူတို့ ဟာ..အရွေးမခံရတာ များပေမယ့်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ရှိပါသေးတယ်...။
ဒါပေမဲ့..မာစတာ လင်းသာ ထွက်ခွာသွားရင် သူတို့မှာ ဒီလိုမျှော်လင့်ချက်တောင် ရှိတော့မှာ မဟုတ်ပေ..။
"သူဌေးလေး..ဆက်ပြီး နေပေးလို့မရဘူးလား..။အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြပြီလေ.."
"ဟုတ်တယ်..မင်းသာ ထွက်သွားရင် ငါတို့ကဘယ်လိုလုပ်ကြရတော့မှာလဲ.."
"ဟုတိတယ် သူဌေးလေးရဲ့ ပန်ကိတ်မရှိတော့ရင် ဘဝက ဘယ်လိုနေမလဲ မသိတော့ဘူး ..။အတော်ကို ပျင်းစရာ ကောင်းသွားတော့မှာ.."
ဝူယူလန် ပြောလိုက်တယ်.။
"လူတိုင်းက ရှင့်ကို မထွက်သွားစေချင်ကြဘူး..."
လူလိမ်ထျန်ထပ်ပေါင်း ပြောလိုက်တယ်..။
"သူတို့က ငါတို့ကို တကယ် မထွက်သွားစေချင်ကြတာ ."
သူတို့ ဆိုင်ရဲ့ ငှားရမ်းခဟာ မတက် ပေမယ့်လည်း မာစတာ လင်းက ..ဆိုင်ပိုင်ရှင်တွေရဲ့ ဘက်မှာ ရပ်တည်ပေးခဲ့တာပါ။ရွေးပြောင်းရတဲ့ ဒုက္ခဟာ အတော်ကို မလွယ်ကူပဲ..ရင်းနှီးပြီးသားနေရာ ကိုထားခဲ့ရတာက ပိုပြီးခက်ခဲတဲ့ အရာပါ..။သို့ပေမဲ့ တစ်ခါတစ်လေ ဒီလို ကိစ္စတွေက ရှိတတ်ပါတယ်..။
ဆိုင်ပိုင်ရှင် တွေဟာလည်း စုဝေးလာခဲ့ကြတယ်.။
"သူဌေးလေး..လူတိုင်းက မင်းကို မထွက်သွားစေချင်ကြဘူးလေ...။သူတို့က မင်းရဲ့ ဆိုင်ငှားရမ်းခကို တိုးမတောင်းဘူး ဆိုမှတော့ ဘာလို့ ဒီမှာပဲ ဆက်မနေတာလဲ ..."
"ဟုတ်တယ်.."
"တကယ်လို့ ...၃၀ ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းလောက် တက်ရင် တောင် ငါတို့ စဥ်းစားပေးလို့ရသေးတယ်..။ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း ကြီး ဆိုတာ ကတော့ အရမ်း များနေတယ်.."
လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။
"ဒီကိစ္စကို ထပ်မပြောနဲ့တော့..။ဒီကိစ္စက ခင်ဗျားတို့ ပြသနာတင် မဟုတ်ပဲ ကျုပ်ရဲ့ ပြသနာ လို့လဲ ပြောလို့ရတယ်လေ.."
မြို့သားတွေဟာ ဒေါသ ထွက်လာခဲ့ကြတယ်။
"ဒီ ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီက အတော်ကို တရားလွန်တာပဲ..။ငှားရမ်းခ တွေကို ဒီလောက် အထိတောင် တိုးတောင်းရဲတယ်..."
"ငါလည်း ဒီသတင်းကို ဖတ်ပြီးသွားပြီ..။ဒါက အနိုင်ကျင့်နေသလိုပဲ..."
"သူဌေးလေး.ဘယ်ကို ပြောင်းမယ် ဆိုတာရောဆုံးဖြတ်ပြီးပြီလား..။ဖြစ်နိုင်မယ် ဆိုရင်...ငါလည်း လိုက်ပြီး ပြောင်းချင်တယ်..."
."
"ကြည့်ရတာ...ငါတော့ မင်းတို့ အိမ်ငှားသမားတွေကို မနာလို ဖြစ်လာမိပြီ..။ငါက အိမ်ကို ဝယ်ပြီးသွားပြီ ဆိုတော့..ရွေ့ချင်တဲ့ အချိန်မှာ ထပြီးရွေ့လို့ မရပြန်ဘူး."
အိမ်ငှားသမား တွေဟာ တိတ်ဆိတ်သွားခဲ့ကြတယ်..။တန်းစီနေကြတဲ့ လူတွေထဲမှာ..အိမ်ဝယ် နိုင်ကြတဲ့ လူတွေပါရှိနေပြီ..ဒါက သူတို့ အမြဲမက် နေခဲ့ရတဲ့ အိပ်မက်ပါ..။ဒါပေမဲ့ ဒီလူတွေက အိမ်ဝယ်ပြီးတာတောင် သူတို့ကို မနာလို ဖြစ်နေကြရပါပြီ...။
အဲ့အချိန်မှာပဲ လီဂေါင်ချန်းဟာ တိမ်ဖြူလမ်းမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။
"အဲတာ သူပဲ...သူက ရှင်းယု အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီရဲ့..ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ အပြင်..ဒီငှားရမ်းခ တိုးတောင်း မူတွေမှာလည်း တာဝန်ရှိတဲ့လူ..."
လူတိုင်းဟာ...ဒီအသံကို ကြားပြီး လှည့်ကြည့်လိုက်ကြတယ်..။
လီဂေါင်ချန်းဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ လူတွေ အများကြီးကို မြင်ပြီး ဆွံ့အသွားခဲ့ပါတယ်။
ယင်းနောက် လူအုပ်ကြီးဟာ စတင်အော်ဟစ် လိုက်ကြတယ်။
"ရှင်းယု အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏိက ဘာလို့ ဒီလောက်တောင်...စည်းကျော်ရတာလဲ.။ငှားရမ်းခတွေကို ဖြည်းဖြည်းချင်း တက်ရမှာလေကွာ..။အခု လို ၁၀၀ ရာခိုင်နှုန်း တန်းပြီး တက်သွားလို့ရလား..။မင်းတို့ ပိုက်ဆံ အဲလောက်တောင် ရှားနေကြတာလား..."
"ဟုတ်တယ်..အစက တိမ်ဖြူလမ်းမှာ လူတွေ အဲလောက်အများကြီး မရှိဘူး...။အခုဆို နည်းနည်းလေး ကျော်ကြားလာတာနဲ့ မင်းတို့က အဆမတန် တိုးတောင်း တော့တာပဲ..။အလုပ်အကိုင်တွေ မကောင်းတုန်းက မင်းတို့ ဘာလို့ လစာလျော့မပေး
တာလဲ ."
"မင်းတို့က လူစည်ကားနေလို့ ငှားရမ်းခတွေကို တိုးတောင်းတာမလား..။မင်းတို့ သိထားဖို့က..သူဌေးလေး ထွက်သွားပြီးရင်..ဒီနေရာက လုံးဝ စည်ကားတော့မှာ မဟုတ်ဘူးဆိုတာပဲ..."
"ဟုတ်တယ်...ချီးမလို့ ငါက ဒီနေရာကို ထပ်လာရမှာလား..။ဒီနားမှာ ..စီးပွားရေး လုပ်နေကြတဲ့ နေရာတွေများ ပေါလွန်းလို့..။တိမ်ဖြူလမ်းမှာသာ မာစတာ လင်း မရှိရင်..ဘယ်သူမှ စောက်ဂရုစိုက်ပြီး လာမှာ မဟုတ်ဘူး..."
...
.
လီဂေါင်ချန်းဟာ မတ်တတ်ရပ်နေပြီး..လာမှမပြောခဲ့ပေ..။ဒီပြသနာမျိုးက တစ်ကယ်ကို ရှားပါးတာပါ..။ဆိုင်ပိုင်ရှင်တွေ ...ငှားရမ်းခ တက်လို့ မြို့သားတွေက စိတ်တိုနေကြတာ တစ်ခါမှ မတွေ့ဖူးသေးပေ..။
.
"မာစတာ လင်း..ကျွန်တော် တို့ ပြန်ဆွေးနွေးလို့ ရပါတယ်.."
လီဂေါင်ချန်း ဆိုင်ထဲကို လျောက်ဝင်သွားပြီး ပြောလိုက်တာပါ။သူ ဘေးနားက လူတွေရဲ့ ဒေါသထွက်နေတဲ့ အကြည့်တွေကို ခံစားနေမိခဲ့တယ်...။
ဒါပေမဲ့ ..သူတို့ရဲ့ အစီစဥ်ကို ဆိုင်သေးသေးလေးကြောင့် မပြောင်းလဲ နိုင်ပါဘူး..။ဒါက အနာဂတ် ကျရင် ပြသနာ တက်နိုင်တဲ့ အရာပါ..။
.
ကျို့ရူချင် ပြောတာ မှန်ပါတယ်..။တကယ်လို့ မာစတာ လင်း ဆန္ဒရှိတယ် ဆိုရင် အနည်းငယ် ညှိနှိုင်းပေးလို့ ရပြီး..မဟုတ်ရင်တော့ အစီစဥ် အတိုင်း ဆက်လုပ်ရတော့မှာပါ ...။မြို့သားတွေရဲ့ အကြည့်တွေကို ခံစားရအပြီးမှာ လီဂေါင်ချန်း သေချာ ညှိနှိုင်းသင့်တယ် လို့ ခံစားလိုက်ရတယ်...။
လင်းဖန် လီဂေါင်ချန်း ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။
"ကောင်းပြီလေ...အဲ့အကြောင်း စကားပြောကြတာပေါ့..."
.
သူ အိမ်ပြောင်းရမယ့် ကိစ္စကို လုံးဝ ဂရုမစိုက်ပါဘူး..။တကယ်လို့ သူတို့ ဆွေးနွေးတာ အဆငိပြေပြီး လက်ခံနိုင်တဲ့ စျေးနှုန်းရရင်တော့ ဒါကအကောင်းဆုံးပါ..။ဘာပဲဖြစ်ဖြစ် တစ်ခြားဆိုင်ပိုင်ရှင်တွေက သူနဲ့ တူတာ မဟုတ်ပါဘူး..။ငှားရမ်းခ တစ်လ နှစ်လ ပြန်ထုတ်ရတာက သူ့အတွက်တော့ ဘာမှ အဟုတ်ပေမယ့်...တစ်ခြားဆိုင်ပိုင်ရှင်တွေ အတွက်ကတော့ ဆုံးရှုံးမူ ကြီးဖြစ်စေမှာပါ..။
ထပ်ပြောရရင် သူ့နာမည်ကလည်း တိမ်ဖြူလမ်းနဲ့တသားတည်း ဖြစ်နေပြီး...။တကယ်လို့ သူသာ အခုချိန်ထွက်သွားခဲ့ရင် အရာရာတိုင်းကို အစက ပြန်တည်ဆောက်ရမှာပါ...။
"ဒါရိုက်တာ..ကျွန်တော် ပြောပါရစေ.။တိမ်ဖြူလမ်းမှာ လည်ပတ်သူတွေ အများကြီး ရှိတာနဲ့ပဲ..ခင်ဗျား ဆိုင်ပိုင်ရှင် တွေကို အနိုင်ကျင့်လို့ ရတယ်လို့ မတွေးနဲ့နော်..။ကျုပ်တို့ အားလုံးက သစ္စာရှိတဲ့ လူတွေဖြစ်ပြီး ဒီနေရာကို လည်း..သူဌေးလေး အတွက် လာခဲ့တာ...။သူဌေးလေးသာ ထွက်သွားရင် တိမ် ဖြူလ်းက နဂို အတိုင်းပြန်ဖြစ်သွားမှာပဲ..."
"ဟုတိတယ်..ငါ အင်တာနက်ပေါ်မှာ သတင်းတွေကို ဖတ်ပြီးသွားပြီ..။ဒါတွေက သူဌေးလေးကြောင့် မဟုတ်ဘူး လို့တော့ မတွေးလိုက်နဲ့နော်...။ငါ့တို့ အကုန်လုံး ဒီနေ့ လာခဲ့တာက သူဌေးလေး ဒီမှာ ဆက်နေနိုင်ဖို့ အတွက်ပဲ..."
"လူထုရဲ့ အင်အားက အသွားနှစ်ဖက် ဓားလိုပဲနော်..။ကာစတန်မာ တွေများရတဲ့ အကြောင်းအရင်းက ငါတိုကြောင့်ပဲ။တကယ်လို့ ငါတို့သာ မလာချင်ဘူးဆိုရင်..ဘယ်သူမှ..တိမ် ဖြူလမ်းရဲ့ ဆိုင်တွေကို ငှားကြမှာ မဟုတ်ဘူး.."
လီဂေါင်ချန်း အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့တယ်။မြို့သားတွေက သူ့ကို စာလာသင်နေလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး..။သို့ပေမယ့် သူစိတ်ထဲမှာပဲ ထားပြီး တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်..။
"အားလုံးပဲ..စိတ်မပူ ကြပါနဲ့..။ဒီနေ့ သူဌေးလေး နဲ့ ဆွေးနွေးရအောင် လာခဲ့တာပါ။ကျုပ်လည်း အကုန်လုံးကို မထွက်သွားစေချင် ပါဘူး..။တကယ်လို့ တစ်ခုခု အဆင်မပြေတာ ရှိရင် အေးအေးဆေးဆေး ဆွေးနွေးလို့ ရတယ်လေ..ဟုတ်တယ် မလား..."
မြို့သားတွေဟာ ခေါင်းညိမ့် လိုက်ကြတယ်။
"ဒါဆို ကောင်းတယ်..."
လင်းဖနိ အလျင်အမြန် ဝင်ပြောလိုက်တယ်။
"ဒါရိုက်တာ လီ..စျေးနှုန်းကို ပြောကြည့်လေ..ခင်ဗျားတို့က ဘယ်လောက်ကို မျှော်မှန်းထားလဲ..။ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်..။အစကတော့ ခင်ဗျားက စျေးတိုးတောင်းချင်နေတာ ဆိုတော့ ကျုပ်တို့ ဘာမှမတတ်နိုင်ခဲ့ကြဘူးလေ..။အခုတော့ ခငိဗျားက ညှိနှိုင်းချင်နေတယ် ဆိုတော့ အဆင်ပြေပြေ လေး အဆုံးသတ်လိုက်ကြရအောင်.."
လီဂေါင်ချန်း ဂေါင်းညိမ့်လိုက်တယ်။
"မာစတာ လင်း..တိမ်ဖြူလမ်း စည်းကားလာတာက ခင်ဗျားကြောင့် ဆိုတာ ကျုပ်ဝန်ခံပါတယ်။ကျုပ်တို့ နှစ်ဖက်လုံး မပျော်ရွင်တာကို မဖြစ်စေချင်ပါဘူး။ငှားရမ်းခ နှစ်ဆတက်တယ် ဆိုတာက အထက်က ညွှန်ကြားထားလို့ပဲ..။ဒီမှာ ဆိုင်ပိုင်ရှင်တွေလည်း ရှိနေကြတယ် ဆိုတော့ ရိုးရိုးသားသားဖြေကြည့်ပါဦး ..ငှားရမ်းခ နှစ်ဆ တက်တာက ခင်ဗျားတို့ရဲ့ အကျိုးအမြတ်ကို မယှဥ္နိုင်ဘူးမလား..."
အကြီးအကဲ လိန် ပြန်ဖြေလိုက်တယ်။
"ဟားးဟား.ငှးရမ်းခ နှစ်ဆ တိုးတောင်းပြီး အကျိုးအမြတ် အကြောင်းကို လာပြောနေသေးတယ်။အကျိုးအမြတ်ရနေတာက မင်းတို့တွေလေ..ငါတို့က အနည်းအကျင်းလောက် ပဲ ရကြတာ။ငါတို့ တစ်နှစ်လုံး ပင်ပင်ပန်းပန်းရှာထားရသမျှ မင်းတို့ဆီပဲ ရောက်တာပဲ..."
အကြီးအကဲ ကျန်း ဝင်ပြောလိုက်တယ်။
"ဟုတ်တယ် ၁၀၀ ရာခိုင်နှုန်း တက်ပြီဆိုတာနဲ့..ငါတို့ တစ်နေ့ကို ဒေါ်လာ တစ်ထောင် ရှာမှ ရတော့မှာ...။ဒါက ငါတို့ကို ဘယ်လောက်အထိ ဖိအားများစေလဲ ဆိုတာ သိရဲ့လား.."
လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး
"ဒါရိုက်တာလီ..လုံလောက်ပြီ။ခင်ဗျားတို့ ဘယ်လောက်ကို စဥ်းစားထားလဲ..."
လီဂေါင်ချန်း လင်းဖန်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး..
"၈၀ ရာခိုင်နှုန်း...ဒါက ငါတို့ အတတ်နိုင်ဆုံး လုပ်ပေးထားတာပဲ.."
လင်းဖန် အကူညီ မဲ့သွားခဲ့တယ်။
"ကောင်းပြီ.ဒါရိုက်တာလီ ခင်ဗျား ပြန်လို့ရပြီ...။ဘာမှ ထပ်ပြီး ညှိနှိုင်းနေစရာ မလိုတော့ဘူး...။မနေ့က ခင်ဗျား ၉၀ ရာခိုင်နှုန်းပြောတယ်..အခု ၈၀ ရာခိုင်နှုန်းပြောတယ်။ကျုပ်တို့ကတော့ ခင်ဗျား သင့်တော်တဲ့ ပမာဏ အထိလျော့ချဖို့ စောင့်နေပါ့မယ်"
လီဂေါင်ချန်း မျက်မှောင်ကျုတ်သွားခဲ့တယ်။
"မာစတာ လင် ဘာလို့ ခင်ဗျားရဲ့ ပမာဏကို မပြောတာလဲ..။ငါတို့ ညှိနှိုင်းလို့ ရတာပေါ့..."
"အများဆုံး ၃၀ ရာခိုင်နှုန်းပဲ..."
လင်းဖန် အချိန်အတော်ကြာ တွေးပြီး ပြန်ဖြေလိုက်တယ်။ငှားရမ်းခတွေကို မူရင်း အတိုင်းပေးဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။၃၀ ရာခိုင်နှုန်း ဆိုတာက သင့်တော်တဲ့ စျေးနှုန်းပါပဲ..။
လီဂေါင်ချန်း ကြောင်အသွားခဲ့တယ်။သူတစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ တစ်စုံတစ်ယောက်ဟာ သူ့မြင်ကွင်းထဲမှာ ပေါ်လာခဲ့ပါတယ်။
"မင်းအိပ်မက်မက် နေတာပဲ ဖြစ်ရမယ်.."
ကျို့ရူချင်ဟာ .ပရိုမိုးရှင်း ဌာနက အလုပ်သမားတွေ နဲ့ အတူရောက်လာခဲ့တာပါ။
"ငါတို့ရဲ့ နောက်ဆုံး ပမာဏက ၈၀ ရာခိုင်နှုနး်ပဲ..၃၀ ရာခိုင်နှုန်းဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး..။ရှင်းယု အိမ်ခြံမြေ ကုမ္ပဏိက ဘယ်တော့မှ နောက်ပြန်မလှည့်တတ်ဘူး..။နင်တို့ သဘောတူတယ် ဆိုရင် စာချုပ်မှာ လက်မှတ်ထိုးလိုက်..သဘောမတူဘူးဆိုရင် ငါးရက်အတွင်း ထွက်သွားကြတော့..."
လီဂေါင်ချန်း..မျက်မှောင်ကျုတ်လိုက်တယ်။ဒါက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေတာနဲ့ တူနေပါပြီ...။