← Chapters

ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလိုက်

Vol. 18 Ch. 265

ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလိုက်

Vol. 18 Ch. 265

ဖုန်းထဲကနေ အသံထွက်လာခဲ့ပေမယ့်လည်း..လူအုပ်ကြီးဟာ ဘာတွေဖြစ်နေလဲ မသိသေးပါဘူး..။သူဌေးလေးက စိတ်ဝင်စားစရာပဲ လို ပြောတဲ့ အချိန်မှာ...ဘာတွေ ဖြစ်နေလဲ သူမသိပေ..။

သို့ပေမယ့် မကြာခင်မှာပဲ သူတို့ နားလည်သွားခဲ့တယ် ..။

"မာစတာ လင်း..ကျွန်တော် ဝိုက်ဘိုပေါ်မှာ အဖြစ်အပျက် တွေကိုတွေ့လိုက်တယ်...။ခင်ဗျား လုပ်ခဲ့တဲ့ ထူးခြားမူတွေကို လည်း လူတွေ အများကြီးက ပြောနေတာကို ကြားရသေးတယ်..။ကျွန်တော်တို့ရဲ့ ထျန်ဟောင် စီးပွားရေး လမ်က အခုမှ ပြင်ဆင်ပြီး သွားတာ..။ကျွန်တော်တို့က အခုချိန်မှာ ဆိုင်ပိုင်ရှင်တွေကို လိုနေတာ ဆိုတော့ တစ်ခြား လူတွေကို ငှားတာ ထပ်စာရင် မာစတာ လင်းတို့ကိ​ြ ငှားရမ်းတာက ပိုပြီး ကောင်မွန်တယ်လေ..."

ဟောင်ဘင်က ပြောလိုက်တာပါ..။

သူတို့ ထျန်ဟောင် စီးပွားရေး လမ်းကို တည်ဆောက်ပြီး ကတည်းက..ဆိုင်ပိုင်ရှင်တွေကို ငှားရမ်းဖို့..အလုပ်ရှုပ်နေခဲ့တာပါ..။သူမာစတာ လင်းရဲ့ ဝိုက်ဘို ပို့စ်ကို တွေးပြီးကတည်းက စိတ်ဝင်စားသွားခဲ့ပြီး..သူက..အတော်ဆုံး ဗေဒင်ဆရာ ဟုတ်သလို..ပန်ကိတ်ရောင်းတာလည်း အရမ်းကျော်ကြားတာပါ..။ဒါအပြင် ကြယ်အလင်းကျောင်း ကိစ္စမှာ တုန်းကလည်း ..သူအတော်ကို စိတ်ဝင်စားခဲ့ရပါသေးတယ်..။အဲ့ကတည်းက မာစတာ လင်းကို ထူးခြား တဲ့လူတစ်ယောက် အဖြစ်သတ်မှတ်ပြီး..စောင့်ကြည့်နေခဲ့တာပါ..။

တစ်ချိန်တည်းမှာပဲ..သူ မာစတာလင်း ငှားရမ်းခတွေတက်လို့..ရွေ့ပြောင်းမှာကို..တွေ့လိုက်ရတယ်..။ဒါကြောင့် သူ မာစတာ လင်းကို ဆက်သွယ်ခဲ့တာ ဖြစ်ပြီး အောင်မြင်မယ်ဆိုရင်တော့..စျေးကွက် ကိစ္စကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ..။

ထပ်ပြောရရင်..ဆိုင်အသေးလေက တစ်လမ်းလုံးကို ပေါ်ပြုလာ ဖြစ်အောင် လုပ်တာကိုတော့ အနည်းငယ် သံသယဖြစ်မိပါတယ်..။ဒါကြောင့်လည်း..သူ အနီးကပ် စောင့်ကြည့်ပြီး ဘာတွေဆက်ဖြစ်မလဲ ကြည့်ချင်မိတာပါ..။

လင်းဖန် ရယ်မောလိုက်တယ်..။

"အကြီးအကဲ ဟောင်, အရမ်းယဥ်ကျေးနေပြန်ပြီ..။ထျန်ဟောင် စီးပွားရေးလမ်းမှာ ငှားရမ်းခက ဘယ်လောက်လောက် ရှိနိုင်မလဲ..။အရမ်းစျေးကြီးရင်တော့ ကျွန်တော်တို့ မတတ်နိုင်ဘူးနော်..."

ယင်းနောက်..ဆိုင်အပြင်ဘက်နားမှာ ရှိနေတဲ့ ဆိုင်ပိုင်ရှင်တွေဟာ ဒါကိုကြားပြီး အသက်ရူမြန်လာခဲ့ကြတယ်..။သူတို့အတွက်ကတော့ ..ဒီဖုန်းက လုံးဝကို မရိုးရှင်းပါဘူး..။ကြည့်ရတာ တစ်ယောက်ယောက်က သူတို့ကို ပြောင်းရွေ့ဖို့ ဖိတ်ခေါ်နေတဲ့ ပုံပါပ​ဲ..။

လီဂေါင်ချန်း..မျက်မှောင်ကျုတ်လိုက်တယ်..။သူ ထျန်ဟောင် စီးပွားရေး လမ်းကို သိထားပြီး အဲတာက ..ဒီနေရာနဲ့. စီရင်စု နှစ်ခုလောက်ပဲ ဝေးတာပါ..။ထပ်ပြောရရင် အဲ့နေရာက နေရာကောင်းတစ်ခုဖြစ်ပြှီး ..အနီးအနားမှာလညိး လူတွေ အများကြီး နေကြပါတယ်..။

ဟောင်ဘင် ပြန်ပြောလိုက်တယ်..။

"ဒီအတွက်တော့ စိတ်မပူပါနဲ့ မာစတာ လင်း..။ကျွန်တော်တို့က ရှင်းယု ကုမ္ပဏီလို မဟုတ်ပါဘူး..။သူတို့က ငှားရမ်းခတွေကို အတင်းတိုးတောင်းတာ..ကျွန်တော်တို့က စည်းမျဥ်းစည်းကမ်းတွေရှိပြီး..စျေးကွက် အခြေအနေအရပဲ တက်တာ.."

လင်းဖန် ရယ်မောလိုက်တယ်..။

"အကြီးအကဲ ဟောင်..ရှင်းယု ကုမ္ပဏီရဲ့ အကြီးအကဲ တွေက အခု ကျွန်တော်ဆိုင်မှာ ရောက်နေတာလေ..။ကျွန်တော်တို့ အဲ့အ​ကြောင်းကို မပြောသင့်သေးဘူး ထင်တယ်.."

ဟောင်ဘင် တောင်းပန်စွာနဲ့ ရယ်မောလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ...ကျွန်တော်က အချက်အလကတွေ အကြောင်းကိုပဲ ပြောပြတာပါ...။ကျွန်တော်တို့က တစ်နှစ်လုံးနေမှ ၅ ရာခိုင်နှုန်း လောက်ပဲ တက်မှာ..။အကုန်လုံးက စျေးကွက်ရဲ့ အနိမ့်ဆုံး နှုန်းထားနဲ့ သတ်မှတ်ထားပြီး..စာချုပ်ထဲမှာလည်း ထည့်ရေးပေးထားမှာ.။စာချုပ်ကို သေချာ ပြင်ဆင်ထားရင် ကျွန်တော်တို့လမ်းကို လည်ပတ်သူတွေ များလည်း စျေးတက်စရာ အကြောင်းမရှိဘူး..။ကျွန်တော်တို့က သဘောတူညီမူတွေနဲ့..ဆိုင်ပိုင်ရှင်တွေရဲ့ သဘာထားကို လိုက်နာပြီး ဆောငိရွက်မယ်..."

တစ်နှစ်ကိုမှ..၅ ရာခိုင်နှုန်း တက်မယ် ဆိုတာက လက်တွေ့ဆန်ပြီး..အကြောင်းအကျိုး ဆီလျော်ပါတယ်..။

ဟောင်ဘင် အလျင်အမြန် ထပ်ပေါင်းပြောလိုက်တယ်။

"ရေရှည်အတွက် နေရာရှာနေတဲ့ ဆိုင်ပိုင်ရှင်တွေ အတွက် ကျွန်တော်တို့မှာ နှစ်ရှည်စာချုပ်တွေ လည်းရှိတယ်နော်..။အဲ့စာချုပ်အတွက်က နှစ်စဥ် ငှားရမ်းခ တက်နှုန်းက ပိုနည်းတယ်..။ဘယ်လို ထင်လဲ..."

လင်းဖန် ဒါကို ကြားပြီး ကြောင်တောင်တောင်ဖြစ်သွားခဲ့တယ် ..။အရင်တစ်ခါ..ကမ်းလှမ်းမုကတင် သူ့အတွက် ​ေတာ်တော် ကောင်းမွန်နေပါပြီ။

တစ်ခြား ဆိုင်ပိုင်ရှင် တွေလည်း ဒါကိုကြားပြီး အံ့ဩနေခဲ့ကြတယ်..။

"သူဌေးလေး..ထျန်ဟောင်က မဆိုးဘူးနော်..။စျေးနှုန်းတွေကလည်း အတော်ကို သင့်တော်တယ်.."

"ဟုတ်တယ် ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းမှာပဲလေ..။သူလည်း ကျော်ကြားတဲ့ အထဲမှာတော့ ပါတာပဲ..။ဒီလိုမျိုး ပထမဆုံးနှစ်ကို သက်သာခွင့်ပေးတဲ့..နေရာတွေဆိုတာက သိပ်ပြီး ရှိတာမဟုတ်ဘူး.။တကယ်လို့ ထျန်ဟောင် စီးပွားရေး လမ်းသာ ကျွန်တော်တို့ကို ပထမဆုံးနှစ် သက်သာခွင့်ပေးရင် ကျွန်တော်တို့တော့ ကံကောင်းတာပဲ..."

"တိုးတောငိးတဲ့ ပမာဏကလည်း အတော်သင့်တော်တယ် လို့ ပြောလို့ရတယ်..။သူတို့ အများဆံူးတိုးမှ ၁၀ - ၁၅ ရာခိုင်နှုန်း လောက်ပဲ..။ဒီထျန်ဟောင် စီးပွားရေး လမ်းကို စီစဥ်တဲ့ လူတွေက အတော်ကို အကြင်နာ တရားရှိတဲ့ လူတွေ.."

ဆိုင်ပိုင်ရှင် တွေ အကုန်လုံး စိတ်လှုပ်ရှား နေခဲ့ကြတယ်..။

အစကတော့ သူတို့ဟာ...အနာဂတ် အတွက် စိတ်ပူနေခဲ့ကြပေမယ့်...အခုတော့ သူတို့ ထပ်ပြီး မစိုးရိမ်တော့ပါဘူး..။

လီဂေါင်ချန်းလည်း အခြေအနေတွေ ဒီလိုမျိူး အဆုံးသတ်သွားလိမ့်မယ် လို့ မထင်ထားမိခဲ့ပေ..။ဒီ ထျန်ဟောင် စီးပွားရေးလမ်းက အတော်လေးကို ကောင်းကောင်းမွန်မွန် ကမ်းလှမ်းထားတာပါ..။စီစဥ်တဲ့ လူတွေဟာ..နှလုံးသား ကြင်နာပေမယ့်လည်း စီးပွားရေးကို ကောင်းကောင်းမွန်မွန် လုပ်နေဆဲပါ။

ဒီလိုမျိူး စီးပွားရေးတွေက စာချုပ်ရဲ့ အစပိုင်းမှာ အမြတိတွေ အများကြီး ရမှာမဟုတ်ပါဘူး ။

သို့ပေမယ့် အချိန် အကြာကြီးသာ စာချုပ်ချုပ်ထားနိုင်ရင်...ရှန်ဟိုင်းရဲ့ တိုးတက်မူ နှုန်းနဲ့ သူတို့ ကျိန်းသေ အောင်မြင်လာမှာပါ။

ငှားမယ့်လူမရှိတဲ့ နေရာမှာ စီးပွားရေးလမ်း တည်ဆောက်ရတဲ့ အထိ ဘယ်ကုမ္ပဏီမှ ဥာဏ်မတိမ်ပါဘူး။

ကျို့ရူချငိလည်း အံ့ဩနေခဲ့တယ်။သူမရဲ့ ယုံကြည်မူတွေကတော့ အဆုံးသတ်သွားခဲ့့ရပါပြီ..။

.

အစကတော့ သူမနောက် မှာ ကျောထောက်နောက်ခံ ရှိတဲ့ အတွက် ဒီကိစ္စကို အားကြိုးမာန်တက် လုပ်နေခဲ့တာပါ..။ထပ်ပြောရရင် ဒီလူတွေ သူမကို အရှုံးပေးမယ် လို့ပဲ ယုံကြည်ထားခဲ့တာပါ...။

ဘယ်စီးပွားရေးလမ်း မှ ဆိုင် တစ်ရာကျော် အတွက် .နေရာ မပေးနိုင်ပါဘူး...။သို့ပေမယ့် ထျန်ဟောင် စီးပွားရေး လမ်းက ဒီလို လာပြီး ဆက်သွယ်လာမယ် လို့ သူမ မထင်ထားခဲ့ပေ..။

ကျို့ရူချငိဟာ လုံးဝ မယုံကြည်နိုင်ပေ..။ယင်းနောက် သူမမေးလိုက်တယ်..။

"ထျန်ဟောင် စီးပွားရေး လမ်းကို ဘယ်ကုမ္ပဏီက ဆောက်လုပ်ထားတာလဲ..။ဒါက တကယ် မဖြစ်နိုင်တာပဲ..သူတို့ ဒီလို အလုပ်လုပ်ပြီး အမြတ်ကော ရှိသေးရဲ့လား.."

ဟောင်ဘင် ရယ်မောလိုက်တယ်..။

"ကျုပ်တို့က ချီမင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကပါ..။ကျွန်တော်တို့က အချိန်အတော်ကြာအောငိ လက်တွဲလုပိမယ့် လူတွေကို ရှာနေတာ..။ရှင်းယု ကုမ္ပဏီနဲ့ မတူဘူး..။မင်းတို့သာ ဆိုင်ပိုင်ရှင် တွေကို ဒီလို ဆက်ဆံနေရင် သူတို့မှာ အမြတ်ဆိုတာတောင် ရှိတော့မှာ မဟုတ်ဘူး..။ငါတို့ကတော့ နှစ်ဖက်စလုံး အနိုင်ရမယ့် အခြေအနေတစ်ခုပဲ..။ဆိုင်ပိုင်ရှင် တွေသာ ဒီမှာ အကြာကြီး ရှိနေရင် ကျုပ်တို့လည်း ဝင်ငွေ ရှာနိုင်မှာပဲ.."

ယင်းနောက်လူတွေဟာ စတင်လက်ခုပ် တီလိုက်ကြတယ်။

လင်းဖန်လည်းလက်ခုပ်တီး လိုက်ပြီး..

"အကြအကဲ ဟောင် ခင်ဗျားရဲ့ ကုမ္ပဏီက တကယ်ကို အဆင်ပြေတာပဲ ..။

ကျို့ရူချင်ရဲ့ မျက်နှာကတော့...မဲနက် နေခဲ့ပါပြီ...။သူမဟာ မတ်တတ်သာ ရပ်နေခဲ့ပြ ဘာမှ ဝင်မပြောပေ။

ရှန်ဟိုင်း ရှိ ဗီလာ တစ်ခုတွင်။

လုလီဟာ သူ့ရဲ့ ပစ္စည်းတွေကို ယူပြီး ကုမ္ပဏိကို သွားဖို့ ပြင်ဆင်နေခဲ့တယ်။သူအပေါ်ကနေ အောက်ဘက်ကို လျောက်ဆင်းသွားတဲ့ အချိန်မှာ သူ့အဖေရဲ့ ခေါ်သံကို ကြားလိုက်ရပါတယ်..။

လုကျုံးမင် ပြောလိုက်တယ်။

"ဒီကို ခနလာပါဦး..."

လုလီ ဟာ သူ့အဖေ ဘာလိုချင်မှန်းမသိပေ..။သူ့အဖေ ဆီကို လျောက်သွားလိုက်တယ်။

"အဖေ..ဘာဖြစ်လို့လ​ဲ..."

လုကျုံးမင် မျက်မှန်ကို တပ်လိုက်ပြီး..

"ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီက ငါတို့ကို အကြွေးတင်ထားလို့လား.."

"ဟုတ်တယ်..စီးပွားရေးလမ်းတွေက အတော်စိီးပွားရေး ဖြစ်မယ် ဆိုတာကို ကျွန်တော်သိတယ်။ဒါကြောင့် ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏိနဲ့ စီးပွားရေး လမ်းတွေ အတွက် စာချုပ်ချုပ်ထားခဲ့တာ.."

လုလီ ပြန်ဖြေလိုက်တာပါ။

သူ ရှင်းယု ကုမ္ပဏီကို သိပ်ပြီး ဂရုမစိုက်ပေမယ့်လည်း အဲ့ကုမ္ပဏီက နှစ်တိုင်း.အကျိုးအမြတ်တွေ အများကြီး ရပါတယ်..။

လုကျုံးမင် ခေါင်းညိမ့်လိုက်တယ်..။

"တိမ်ဖြူလမ်းက ဘယ်အချိန်မှာ တည်ဆောက်ခဲ့တာလ​ဲသိလား.."

လုလီ သူ့အဖေဘာလို့ ဒီမေးခွနိး မေးလဲ စဥ်းစားလို့မရပေ..။ဘာပဲဖြစ်ဖြစ် သူ့အဖေ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်မပါတာ ရှစ်နှစ်လောက်ရှိပါပြီ..။

"အဲတာက ၂၀၁၂ မှာ တည်ဆောက်ခဲ့တာ ။အခုဆိုရင် ငါးနှစ်လောက်တော့ ရှိပြီ..."

"ဒီသတင်းခေါင်းစဥိကို ကြည့်လိုက်.."

လုကျုံးမင် ပြောပြီး သူ့သားကို ဖုန်းကမ်းပေးလိုက်တယ်။ယင်းနောက် သူဟာထိုင်မြဲ အတိုင်း ထိုင်နေပြီး ဘာမှ ထပ်မပြောတော့ပါဘူး..။

လုလီဖုန်းကို ယူပြီး.ဖတ်ကြည့်လိုက်တယ်။ခနအကြာမှာ သူမျက်မှောင် ကျုတ်လိုက်ပြီး..

"အဖေ ..ဒါက.."

သူ ရှင်းဟု ကုမ္ပဏီ အကြောင်းကို တကယ်စိတ်မဝင်စားပါဘူး ။သိုပေမယ့် သတင်းဖတ်ပြီးတဲ့ အချိန်မှာ သူအံ့ဩသွားခဲ့တယ်..။ငှားရမ်းခ ၁၀၀ ရာခိုင်နှုန်းအထိတက်တာက ပြသနာ တစ်ရပ်ဖြစ်နေတဲ့ ပုံပါပဲ။

ဒါပေမဲ့ ဒီကိစ္စကို သူကိုယ်တိုင်ဝင်ပါဖို့ မသင့်တော်လှပါဘူး..ဒါက အရမ်း သေးငယ်လွန်းလှပါတယ်။လက်ရှိအချိန်မှာ သူက ဒေါ်လာ ဘီလီယံ..ထရီလီယံ နဲ့ ချီပြီး ရင်းနှီးမြုပ်နှံမူတွေ လုပ်နေတဲ့ လူတစ်ယောက်ပါ..။ဒီကိစ္စက သူ့အတွက်တော့ ဘာမှ မရေးမပါပါဘူး။

"တစ်ခါလှမ်းရင် တစ်လှမ်းပဲလှမ်း..။မင်းသာ ခြေလှမ်း အကျယ်ကြီး တွေလှမ်းနေရင်..မင်းရဲ့ စမ်းသပ်မူတွေက မျက်ရည်တွေ ဖြစ်လာလိမ့်မယ်.."

လုကျုံးမင် ပြောလိုက်တာပါ..။

လုလီ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့တယ်။သူက ကြင်နာတတ်တဲ့ လူတစ်ဟောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ စကားတွေက အကျိုးအကြောင်း ဆီလျော်ပါတယ်..။

"သေးငယ်တဲ့ ပြသနာလေးကလည်း အနာဂတ်မှာ ကြီးမားတဲ့ အနှောက်မယှက်ဖြစ်လာနိုင်တယ်။မင်းရဲ့ ကုမ္ပဏီ တိုးတက်ဖို့ အတွက် မင်းအမြဲတမ်း ဂရုစိုက်နေရမယ်..။မင်းရဲ့ လုပ်ငန်းသာ ကျရှုံးခဲ့ရင် ပြန်ကြိုးစားလို့ရသေးတယ် .။ဒါပေမဲ့ မင်းရဲ့..ဂုဏ်သိက္ခာကိုသာ ထိခိုက်သွားရင် ပြန်ရှေ့ဆက်ဖို့က မဖြစ်နိုင်တော့ဘူး .။အားတဲ့ အချိန်မှာ သတင်းတွေလည်း ဖတ်...အလုပ်ကြီးပဲ ဖိလုပ်မနေနဲ့...။မင်းရင်းနှီးထားတဲ့ ကုမ္ပဏီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုပါ သိဖို့လိုတယ် .. ။အဖေပြောတာ နားလည်ရဲ့လား.."

လုလီခေါင်းညိမ့်လိုက်တယ်။

"အဖေ ..သားသိပါပြီ.."

"ကောင်းပြီ တစ်ချက်ကြည့်ပြီး သေချာစီစဥ်လိုက်.."

လုလီ ကြောင်အသွားခဲ့တယ်။

"အဖေ သားက အ​​ရေးကြီးတဲ့ အစည်းအဝေးကို တက်ရဦးမှာ..သားရဲ့ လက်ထောက်ကိုပဲ..."

"မင်း အစည်းအဝေးက နေ့တိုင်းရှိနေတာလေ..ဘာမှ စိတ်မရှည်ဖြစ်စရာ မလိုဘူး..။ဒီလို သေးသေးလေးကို မကိုင်တွယ်နိုင်ရင် အကြီးကြီးတွေ မကိုင်သင့်သေးဘူး။မင်း ကုမ္ပဏီကို လွှဲယူပြီး ကတည်းက အရမ်းမြန်မြန် ရှေ့ဆက်ချင်နေတယ်။ဒီကိစ္စကို သွ​ားဖြေရှင်းလိုက်..။ပြသနာ တစ်ခုခု ရှိနေရင် ရင်းနှီးလိုက်..။သူတို့ကို သူတို့ရာထူး အကြီးဆုံးလို့ ဘယ်တော့မှ မထင်ခိုင်းမိစေနဲ့..။ဒါမှ အဆင်မပြေသေးရင် ..အကုန်လုံးကို အလုပ်ထုပ်ပြီး အသစ်ပြန်ဖွဲ့စည်းလိုက်.."

လုကျုံးမင် ပြောလိုက်တာပါ..။

လုလီခေါင်းညိမ့်လိုက်တယ်။

"ကောင်းပါပြီ အဖေ..။သားကတော့ ကုမ္ပဏီမှာ ပြသနာ မရှိသင့်ဘူးလို့ ထင်တယ်.."

လုကျုံးမင် သူ့သားကို ကြည့်ပြီး သတိပေးလိုက်တယ်။

"ပြသနာ မရှိသင့်ဘူးဆိုရင် ဒီလို အခြေအနေလည်း ရှိမနေသင့်ဘူးလေ..။ဒီည ပြန်ရောက် ရင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းလဲ ငါ့ကို ပြန်ပြောရမယ်."

.

လုလီ သူ့အဖေရဲ့ စကားလုံးတွေကို ခေါင်းညိမ့်ဖို့ပဲ တတ်နိုင်ပါတော့တယ်။သူ့အဖေရဲ့ အောင်မြင်မူတွေကို မှီဖို့ သူမိုင်တွေ အများကြီး ဝေးကွာနေသေးတယ် ဆိုတာ သူသိထားပါတယ်။သူအဖေဆီက မသင်ရသေးတဲ့ အရာတွေကလည်း အမျာကြီးပါ..။

All Chapters