အပိုင်း ( ၂၆၆ ) သောက်ကျိုးနဲ ခလောက်ဆန်တဲ့သူ
Vol. 18 Ch. 266
တိမ်ဖြူလမ်း။
မြင်ကွင်းက အနည်းငယ် ဆူညံ့ပြီး..ရှုပ်ထွေးနေခဲ့ပါတယ်။ဆိုင်ပိုင်ရှင် များဟာ.ဆွေးနွေးနေခဲ့ကြတယ်။အားလုံး အတွက်ကတော့ လက်ရှိအခြေအနေဟာ သံသယ ဖြစ်စရာ မရှိအောင် ဝမ်းသာစရာ သတင်းပါ..။ထျန်ဟောင် စီးပွားရေးလမ်းက ရှန်ဟိုင်းမှာ ရှိနေတဲ့ နေရာဟောင်းတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိနေရာထက် လုံးဝ နောက် မကျနိုင်ပါဘူး..။
.
အဲ့အချိန်မှာပဲ လူအုပ်ကြီးဟာ သူဌေးလေးကို ကြည့်နေကြပြီးဘ ဘာပြောလာမလဲ ဆိုတာကို နားထောင်နေခဲ့ကြတယ်။သူတို့ဟာ တိမ်ဖြူလမ်းမှာ အလုပ်လုပ်လာကြတာ ..ကြာပြီဖြစ်ပြီး နိမ့်ကျတဲ့ အချိန်ရော အောင်မြင်နေတဲ့ အချိန်ရော ဖြတ်ကျော်လာခဲ့့ကြပြီးပါပြီ။သူတို့ နောက်ဆုံးမှာ အောင်မြင်ခဲ့တဲ့ အချိန်တွေကို ပြန်ရရှိအောင် ကြိုးစားနိုင်ခဲ့ကြပြီးမှ ရှင်းယု ကုမ္ပဏီကြောင့် မျှော်လင့်ချက်တွေ ပျက်စီးရမယ် လို့ မထင်ထားခဲ့ပေ..။
အရင်တုန်းက ဆိုရင် ငှားရမ်းခတွေက တစ်နှစ်လောက်မှ တစ်ခါတက်တာ ဖြစ်ပြီး..အများကြီးလည်း တိုးမတောင်းခဲ့ပေ။အဲ့တုန်းက တိမ်ဖြူလမ်းကို လည်ပတ်သူ သိပ်မရှိလို့ လည်း ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့ အခု..လည်ပတ်သူ တွေများလာတာနဲ့ ငှားရမ်းခတွေကို ထိုးတက်ဖို့ ကြိုးစားတော့တာပါ။ဆိုင်ပိုင်ရှင် တွေအတွက်ကတော့..ဒါက လက်ခံဖို့ ခဲယဥ်းနေခဲ့ပါပြီ..။
လီဂေါင်ချန်း ဘာပြောရမှန်း မသိပဲ သူဌေးလေးကို ကြည့်လိုက်တယ်..။ဒါပေမဲ့ သူတစ်ခုခုတော့ ပြောရမယ်ဆိုတာ သိထားပါတယ်။
"မာစတာ လင်း..ဒီကိစ္စကို ဆွေးနွေးကြရအောင်..။ချီမင် ကုမ္ပဏီက ဂုဏ်သတင်းတွေ ရှိတာတော့ ဟုတ်ပါတယ်..။ဒါပေမဲ့..အကုန်လုံး သာ ပြောင်းရွေ့သွားမယ် ဆိုရင်..ဆိုးကျိုးတွေ ရှိလာနိုင်တယ်နော်..။ဘာပဲဖြစ်ဖြစ် သူတို့က ဒီမှာ ရှိနေတာ ကြာပြီလေ..။သူတို့ ပြောင်းရွေ့ရမယ် ဆိုရင် ကျိန်းသေ စိတ်မကောင်းဖြစ်ကြမှာပဲ.."
လီဂေါင်ချန်း ရဲ့ စကားကို ကြားပြီး နောက်မှာ...ဆိုင်ပိုင်ရှင် တွေဟာ ဝမ်းနည်းသလို ခံစားလိုက်ကြရတယ်။သူတို့ ဒီမှာ ငှားရမ်း နေထိုင်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး အခုတော့ ရုတ်တရက် ကြီး ထွက်ခွာရတော့မှာပါ..။ဒါက လက်ခံဖို့ ခက်ခဲလွန်းလှပါတယ်..။
သို့ပေမယ့်..ဒါက သူတို့ မငှားရမ်းချင်လို့ မဟုတ်ပဲ..ငှားရမ်းခက အရမ်းကို စျေးကြီးလွန်းလို့ပါ..။ဒီတိုင်းဆိုရင် ...သူတို့ အတွက် အမြတ်အစွန်းတောင် ကျန်မှာ မဟုတ်တော့ ပါဘူး..။
ကျို့ရူချင်..ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။ဒီလို ရုတ်တရက် ရိုက်ချက်ကြီးမှာ..တစ်ခြားတစ်ဖက်ကနေ ကောင်းမွန်တဲ့ ကမ်းလှမ်းမူကြီးရခဲ့တယ်။သူမသာ ..ဆိုင်ပိုင်ရှင်တွေ နေရာမှာ ဆိုရင်..ကျိန်းသေ ပြောင်းရွေ့ဖို့ကိုပဲ ရွေးချယ်မှာပါ..။
လင်းဖန် လီဂေါင်ချန်းကို ကြည့်ပြီး ပြောလိုက်တယ်..။
"ဒါရိုက်တာ လီ..ခင်ဗျားမှာလည်း..ငှားရမ်းခတွေ တိုးတောင်းဖို့ အကြောင်းပြချက် တွေရှိတာပဲ..။ဒါကို ကျွန်တော်တို့ နားလည်ပါတယ်..ဒါပေမဲ့ ခင်ဗျားတောင်း တဲ့ ပမာဏ က များလွန်းနေတယ်..ကျုပ်တို့ မတတ်နိုင်ဘူး..။ပြီးတော့ ထျန်ဟောင် စီးပွားရေးလမ်းက ကျွန်တော်တို့ ရဲ့ အကျိုးအမြတ်ကို ဦးစာပေးပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ကို လုပ်လာတယ် ဆိုတော့..ကျုပ်တို့မှာ ငြင်းပယ်ဖို့ အကြောင်းပြချကိ မရှိဘူးလေ..."
"ဒါက အမှန်ပဲ..ဒါပေမဲ့ မာစတာလင်း ခင်ဗျား ဆုံးဖြတ်ချက် မချရသေးဘူးလေ..။ဟုတ်တယ် မလား..ညှိနှိုင်းဖို့ အခွင့်အရေးတွေ ရှိနေသေးတာပဲ..."
အေးဆေးပေါ..သင့်တော်တဲ့ ညှိနှိုင်းမူက ကျိန်းသေ ရှိလာမှာပါ..။
သို့ပေမယ့် မာစတာ လင်း ထပ်ပြီး ဆွေးနွေးချင်စိတ် ရှိသေးလား ဆိုတာ သူမသိတော့ပါဘူး..။
လင်းဖန်အတွက်ကတော့...သူ စီးပွားရေး ဘယ်လို လုပ်ရမယ်ဆိုတာ သာ မသိရင် မသိမယ် ..စောက်ရူးတစ်ယောက်တော့ မဟုတ်ပါဘူး..။ရွေ့ရပြောင်းရတာက အစပိုင်းမှာ အနည်းငယ် ပြသနာ ရှိနိုင်ပေမယ့် နောက်ပိုင်းမှာ ပိုပြီး အဆင်ပြေဖို့ပဲ ရှိပါတယ်။
အဲ့အချိန်မှာပဲ လင်းဖန် လီဂေါင်ချန်းကို ကြည့်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီ ဒါဆိုရင် လည်း ခင်ဗျား ဘယ်လောက် တိုးတောင်း မလဲ ဆိုတာကိုပဲ ပြောတော့.."
လီဂေါင်ချန်း ကြောင်အသွားခဲ့တယ်..သူ့မှာ လောလောဆယ် အဖြေမရှိသေးပါဘူး..။
၁၀၀ ရာခိုင်နှုန်းလား ..၈၀ လား..၇၀ လား...
သူသာ ဒီနံပါတ်တွေကို ထပ်ပြောရင်..သူ့ သိက္ခာကတော့ လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး..။ယင်းနောက် သူဟာ အားပျော့တဲ့ အသံနဲ့ ယုံကြည်မူ မရှိစွာ ပြောလိုက်တယ်..။
"သုံးဆယ် ရာခိုင်နှုန်း.."
"မဟုတ်ဘူး..နှစ်ဆယ် ရာခိုင်နှုန်း.."
"ရှင်ရူးနေလား..."
ကျို့ရူချင် အံ့ဩသင့်စွာ အော်ဟစ်လိုက်တယ်..။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်။
"ဒါရိုက်တာလီ ဒါက အစားအသောက် စျေးနှုန်း ပြောင်းလဲ နေတာ မဟုတ်ဘူးနော်..။အစကတော့ ၁၀၀ ရာခိုင်နှုန်း..နောက်တော့ ၈၀ ..။အခုတော့ ၃၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဖြစ်သွားပြန်ပြီ...ခင်ဗျားက ဘာကို..အခြေခံပြီး စျေးနှုန်း ပြောင်းနေတာလဲ..ကျုပ်တော့ နားမလည်နိုင်တော့ဘူး"
ယင်းနောက် သူ ဘာတစ်ခွန်းမှ ထပ်မပြောပဲ မတ်တတ်ထရပ် လိုက်တယ်..။သူ ကျန်တဲ့ လူတွေရဲ့ သဘောထားကို မေးရပါဦးမယ်..။
"ခငိဗျားတို့ အားလုံးလဲ အခြေအနေကို သိတာပဲ..ဒါရိုက်တာ လီ က ၂၀ ရာခိုင်နှုန်းလို့ ပြောနေပြီ ခင်ဗျားတို့ ဘယ်လိုထင်လဲ..."
သူ ငှားရမ်းခ တက်တာကို စိတ်မရှိပေမယ့် လည်း သူတို့ ငှားရမ်းခ တိုးတောင်းတဲ့ ပမာဏက အတော်ကို ဆိုးရွားလှတာပါ..။
တိမ်ဖြူလမ်းရဲ့ လည်ပတ်သူ ဦးရေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာပြီး..ဒါက လူတိုင်းသိနိုင်ပါတယ်။
သူတို့ ထျန်ဟောင် စီးပွားရေး လမ်းကို ရွေ့ပြောင်းနိုင်မယ့် အခွင့်အရေးကလည်း..တစ်ခုထဲရှိတာပါ..။သူတို့ သာ လွှဲချော်သွားပြီး နောက်တစ်ခါမှ ပြောင်းချင်တယ် ဆိုရင် ဒီလောက် အထိအဆင်ပြေတော့မှာ မဟုတ်ပေ..။.
ဆိုင်ပိုင်ရှင် တွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်တယ်။
သူဌေးလေးက သူတို့ရဲ့ သဘောထားကို မေးနေတယ် ဆိုတာ သူတို့ သဘောပေါက်ကြပါတယ်။
ဒီ ကိစ္စကသူဌေးလေး အတွက် အများကြီး မထိခိုက်ပဲ သူတစ်ချိန်လုံး ..တိုက်ခိုက်နေတယ် ဆိုတာက သူတို့ အတွက်ပါ..။
သူတို့ ခံစားသွားကြရတယ်။
"သူဌေးလေး ကျုပ်တို့ ပြောင်းရင် လိုက်ပြောင်းမှာလား ."
အကြီးအကဲ လိန် မေးလိုက်တာပါ..။
လူအုပ်ကြီးဟာ လည်း လင်းဖန်ကို ကြည့်နေခဲ့့ကြတယ်။သူေဌးလေး ပြောင်းသွားတဲ့ နေရာကို သူတို့လိုက်ပြီး အားပေးကြရမှာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"နေရာပြောင်းတဲ့ ကိစ္စကလည အဆိုးကြီးတော့ မဟုတ်ပါဘူး..။အနည်းဆုံးတော့ ဒီလို ပြသနာမျိူး နောက်ထပ် မဖြစ်နိုင်တော့ဘူးလေ.."
သူဌေးလေး ရဲ့စကားကိုကြားပြီး တဲ့နောက် မှာ ဆိုင်ပိုင်ရှင် တွေဟာ စတင်ပြီး..ဆွေးနွေးလိုက်ကြတယ်..။
"ထျန်ဟောင် စီးပွားရေး လမ်းက တစ်နှစ်သက်သာ ခွင့်နဲ့..နောက်ပိုင်းကိုလည်း ငှားရမ်းခ ဖြည်းဖြည်းချင်းတက်မယ် ဆိုတာက တကယ်ကောင်းမွန်တဲ့ ကမ်းလှမ်းမူပဲ.."
"ငါ ဒီမှာ ဆိုင်ဖွင့်လာတာ သုံးနှစ်ရှိပြီ ...ငှားရမ်းခ တွေတက်လို့ သုံးရတဲ့ ငွေကတင် ဒေါ်လာ ခုနှစ်ထောင် ရှစ်ထောင်လောက် ရှိတော့မယ်..။အခုချိန်မှာ ငါတို့ နောက်တစ်နေရာကို ပြောင်းရင် ဆိုင်ပုံစံကိုလည်း သေချာ ပြင်ဆင်လို့ ရတယ်နော်..."
"ရှင်းယု ကုမ္ပဏီက ငှားရမ်းခတက်တာ အရမ်းဆိူးရွားတယ်။ဒီတစ်ခါက သူတို့ လျော့ပေးရင် လျော့ပေးလိမ့်မယ် ဒါပေမဲ့ နောက်တစ်ခါ သူတို့ စောက်တလွဲထပ်လုပ်လာရင် ငါတို့တော့ သွားပြီပဲ.."
"ဒါက ဆုံးဖြတ်ဖို့ အတော်ခက်ခဲတယ်..."
ဆိုင်ပိုင်ရှင်တွေဟာ ဆုံးဖြတ်ဖို့ ခက်ခဲနေကြပေမယ့် လည်း ဆိုင်ပိုင်ရှင် အများစု ဆုံးဖြတ်တာကတော့..ရွေ့ပြောင်းဖို့ပါပဲ..။
ဘေးနားက လူအုပ်ကြီးဟာ အခြေအနေ မူမမှန်တော့မှန်း သတိထားမိလိုက်တယ်။သူဌေးလေး ထွက်ခွာသွားမှာကို သူတို့ ရပ်ကြည့်မနေနိုင်ပါဘူး..။ဒါကြောင့် သူတို့ စတင်ပြီး ဆွဲဆောင်ဖို့ လုပ်လိုက်တယ်။
"ထွက်မသွားကြပါနဲ့..ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက်သိလာတာ ကြာပြီလေ..."
"ဟုတ်တယ် ခင်ဗျားတို့ အကုန်ထွက်သွားရင် ကျုပ်တို့ ့ဘယ်မှာ ဝယ်ရတော့မှာလဲ.."
"ဟေး ဒါရိုက်တာ လီ နည်းနည်းထပ်လျော့လိုက်ပါလား..။နောက်တစ်ခါတွေလည်း ဖြည်းဖြည်းချင်းပဲ တက်တော့လေ.."
လီဂေါင်ချန်း ကြောင်အသွားခဲ့တယ်။အစကတော့ မာစတာ လင်းက ၃၀ ရာခိုင်နှုန်းလို့ ပြောခဲ့ပေမယ့် သူသဘော မတူနိုင်ခဲ့ပါဘူး..။
အခြေအနေတွေသာ ဒီလိုဖြစ်လာမှန်း သိရင် သူအစောကြီး ကတည်းက သဘောတူခဲ့မှာပါ..။ဒါဆိုရင် ဒီလို အခြေအနေ ဖြစ်လာစရာ အကြောင်းမရှိပေ..။
"မာစတာ လင်း..ကျွန်တော်တို့ ထပ်ဆွေးနွေးလို့ ရဦးမလား..."
လီဂေါင်ချန်း ပြောလိုက်တာပါ..။
လင်းဖန် ပြန်မဖြေနိုင်ခင်မှာပဲ ကျို့ရူချင်ဟာ ပြောလာခဲ့တယ်။
"ဒါရိုက်တာလီ ကျွန်မပြောပြီးသွားပြီလေ..။ရှင်းယုကုမ္ပဏီက ဘယ်သူ့ကိုမှ အောက်ကျခံပြီး မဆွေးနွေးဘူး..။အခာ ထျန်ဟောင် စီးပွားရေး လမ်းကကမ်းလှမ်းလာတယ် မလား ..။သူတို့ သွားချင်ရင် သွားကြပါစေ..။အဲ့က လည်ပတ်သူ အရည်အတွက်က တိမ်ဖြူလမ်းရဲ့ ထက်ဝက်ပဲရှိတယ်..။ကျွန်မ ပြောနိုင်တာ ဒါအကုန်ပဲ ..ပြီးမှ ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တ မရကြနဲ့..."
လီဂေါင်ချန်း ကျို့ရူချင်ကို ကြည့်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။
ဒီမိန်းမရူးနေတာလား...။သူမက စောက်ကျိူးနဲ ခလောက်ဆန်နေတာပဲ...လက်ရှိအခြေအနေကို တကယ် နားမလည်သေးတာလား....
ထျန်ဟောင် လမ်းက သူတို့ တိမ်ဖြူလမ်းလောက် လည်ပတ်သူ မရှိဘူးဆိုတာ သူလက်ခံပေမယ့်လည်း..တိမ်ဖြူလမ်း သေဆုံးနေရာကနေ ပြန်ရှင်သန်လာတာက ...မာစတာ လင်းကြောင့် ဆိုတာ သူလုံးဝယုံကြည်သွားခဲ့ပါပြီ..။
သူ ထျန်ဟောင် လမ်းကို သွားရင်ရော အဲ့မှာ လူတွေစည်ကားလာမှာ မဟုတ်ဘူးလား..။
လင်းဖန် လက်ခုပ်တီးလိုက်တယ်..။
"ကောင်းပြီလေ..ဒါဆိုရင် လည်း စာချုပ်ဖျက်သိမ်းကြမယ်..။အားလုံးပဲ နောက်ငါးရက် အတွင်း ရွေ့ပြောင်းကြတာပေါ့..။စိတ်မပူပါနဲ့ ဒါရိုက်တာ လီ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အချိန်ကို မကြန့်ကြာစေရပါဘူး.."
ကျို့ရူချင် လှောင်ရယ်လိုက်တယ်။
"ရှင် ကြန့်ကြာ ချင်ရင်တောင် ..မရပါဘူး.."
လီဂေါင်ချန်း တကယ်ဒေါသထွက်သွားခဲ့တယ်..။
"ဒါရိုက်တာ ကျို့..မင်း စကားထပ်ပြောစရာ မလိုတော့ဘူး..။ဒီအခြေအနေတွေက မင်းကြောင့်ဖြစ်လာရတာပဲ..။ဘာတွေ ဖြစ်နေလဲ နဲနဲလောက် စဥ်းစားလို့ မရဘူးလား..."
ကျို့ရူချင် မျက်ခုံးပင့်လိုက်တယ်။
"လီဂေါင်ချန်း ရှင်ဘာပြောချင်တာလဲ.. ။ကျွန်မကအခုကုမ္ပဏီရဲ့ စည်းမျဥ်းစည်းကမ်းတွေ အတိုင်း လုပ်နေတာ.။ရှင့်မှာ ပြသနာ ရှိလို့လား..."
"ငါ..."
လီဂေါင်ချန်း ဘာမှ မပြောနိုင်တော့ပေ..။
အဲ့အချိန်မှာပဲ လင်းဖန် ဖုန်းခေါ်လိုက်တယ်။
"အကြီးအကဲ ဟောင်..ကျုပ်တို့ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို သဘောတူတယ်..။ဖြစ်နိုင်ရင် မနက်ဖြန် စာချုပ်လိုက်ကြရအောင်..."
အကြီးအကဲ ဟောင် ပျော်ရွင်စွာ ပြန်ဖြေလိုက်တယ္။
"အိုကေ..အိုကေ..။စိတ်မပူပါနဲ့ မာစတာ လင်း..ကျုပ်တို့ ဒိီကိစ္စကို လှလှပပ ကိုင်တွယ် ပေးပါ့မယ်..။တိမ်ဖြူလမ်းရဲ့ ပိုင်ရှင်ကို ပြောပေးပါဦး..ကျုပိတို့ ထျန်ဟောင် စီးပွားရေးလမ်းက အကူန်လုံးကို ကောင်းကောင်းမွန်မွန် ကြိုဆို လိုက်ပါ့မယ်လို့..."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဟုတ်ပါပြီ ဟုတ်ပါပြှီ.."
ဖုန်းချပြီးနောက်။
"ဒါရိက်တာ လီ..ကျွန်တော် တို့ကို ခွင့်ပြုပါဦး.."
လင်းဂေါက်ချန်းကတော့ ဆက်လက်ပြီး ပြောချင်နေတုနး်ပါ..။
"မာစတာ လင်း.. ကျွန်တော်တို့မှာ ထပ်ပြီး ဆွေးနွေးစရာ မရှိတော့ဘူးလား..."
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။
"ကျုပ် ဟိုဘက်က လူကို ဖုန်းဆက်ပြီး အကြောင်းကြားပြီးပြီလေ..။ကျုပ်သာ ပြန်ရုတ်သိမ်းလိုက်ရင် သူ့ကို ကစားနေသလို ဖြစ်သွားမှာပေါ..."