သူ့လူကိုယ့်ဘက်သား သူဌေးလေး...
Vol. 18 Ch. 267
ရှင်းယု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ၏ ဝင်ပေါက်ဝ တွင်။
ဒါရိုက်ဘာ ဟာ မေးလိုက်တယ်။
"အကြီးအကဲ လု.ကျွန်တော်ပါ အပေါ်ကို လိုက်ခဲ့သင့်လား.."
လုလီပြန်ဖြေလိုက်တယ်..။
"နိုး..."
သူ ခေါင်းကိုမော့လိုက်ပြီး...ကုမ္ပဏီ အဆောက်အဦးကို ကြည့်လိုက်တယ်။လုလီ နှလုံးသားထဲကနေ ဂုဏ်ယူသွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ဒါက သူနိုင်ငံခြားက ပြန်လာပြီးကတည်းက ပထမဆုံး ရင်းနှီးမြုပ်နှံ့ထား တဲ့ ကုမ္ပဏိီပါ...။
.
ဒါက ကုမ္ပဏီ အသေးလေး ဖြစ်ပြီး..စီစဥ်မူ အဖွဲ့နဲ့ ဒါရိုက်တာ တွေကိုပဲ အပ်ထားခဲ့တာပါ..။
.
ဧည့်ကြို ကောင်တာမှာ ရှိနေတဲ့ မိန်းကလေး အလုပ်သမားဟာ..ခေါင်းကို ငုံ့ပြီး..ဖုန်းနဲ့ပဲ ကစားနေခဲ့တယ်..။သူမ တစ်ယောက်ဟောက် ဝင်လာတဲ့ တွေ့ပေမယ့် ဒီလူကို မမှတ်မိသလို့..စိတ်လည်း မဝင်စားပေ..။
လုလီ မျက်ခုံးပင့်လိုက်ပေမယ့် လည်း..ဘာမှ ထပ်မပြောပေ..။သူ အဆောက်အဦး အထဲကိုပဲ ဝင်သွားခဲ့တယ်..။
"ဘယ်သူ့ကို ရှာနေတာလဲ မသိဘူး.။ဒီနေရာက လူတိုင်း ဝင်လို့ မရလို့ပါ..."
ဧည့်ကြိုကောင်တာ မှာရှိနေတဲ့ မိန်းကလေးဟာ..အလျင်အမြန်ပြောလိုက်တာပါ..။
လုလီဟာ မျကိတောင် တစ်ချက်ခတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။
"ကိုယ့်ဟာကိုပဲ ဖုန်းသုံးနေ ...။ငါ အခုအပေါ်ကို တက်သွားမလို့..မင်းအလုပ်ဘာမှ မရှိဘူး..."
ဧည့်ကြို့ကောင်တာက မိန်းကလေးဟာ တစ်ခုခု ပြောလိုက်ချင်ပေမယ့်လည်း..ဘာမှ မပြောနိုင်ခင်မှာပဲ...ဓာတ်လှေကား တံကားဟာ ပွင့်သွားပြီး..လုလီ အထဲကို ဝင်သွားခဲ့တယ်။သူ ခလုတ်ကို နိုပ်လိုက်ပါတယ် ..။
ဧည့်ကြို မိန်းကလေးဟာ ကြောင်အသွားခဲ့တယ်။သူမ မယုံကြည်နိုင်ခဲ့ပေ..။သူမ အချိန်အတော်ကြာ စဥ်းစားပြီး နောက် မှာ ဂရုစိုက်မနေတော့ပဲ ဖုန်းကို သာ ပြန်သုံးနေလိုက်တယ်။
ရုံးခန်း နေရာတွင်..။
လုလီ စိတ်ပျက်သွားခဲ့တယ်..။သူ ဒီ ဧရိယာကို..အံ့ဩစွာ ကြည့်နေခဲ့ပါတယ်..။ဒီမှာ စကားပြောနေကြတဲ့ အလုပ်သမားတွေ ရှိပေမယ့် တစ်စုံတစ်ယောက် ဝငိလာတာ တွေ့တဲ့အချိန်မှာ ချက်ချငိး တိတ်ဆိတ်သွားခဲ့တာပါ..။သို့ပေမယ့် သူတို့ ရဲ့ အထက်လူကြီး မဟုတ်တာ မြင်မှ စိတ်သက်သာရာ ရသွားခဲ့ကြတယ်။
ဝန်ထမ်းဟောင်း တစ်ယောက်ဖြစ်တဲ့ အစ်ကို ဝမ်ဟာ မျက်ခုံးပင့်ပြီး မေးလိုက်တယ်..။
"ဘယ်သူ့ကို ရှာနေတာလဲ မသိဘူးခင်ဗျ..."
လုလီ ဒီကို အလည်လာယုံ ဝင်လာခဲ့တာပါ..။သို့ပေမဲ့ ဝင်ဝင်လာခဲ့ ဧည့်ကြိုကောင်တာမှာ တွေ့ခဲ့တဲ့ မိန်းကလေးကတင် သူ့ကို စိတ်ပျက်စေခဲ့ပါတယ်..။ဒါကြောင့် သူ အထဲအထိအသေးစိတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ..။
.
"ငါဒီကို တိမ်ဖြူလမ်းကို တာဝန်ယူထားရတဲ့ လူနဲ့ လာတွေ့တာ..."
လုလီ တိမ်ဖြူလမ်းမှာ ဘာတွေဖြစ်နေလဲ တကယ်မသိပါဘူး..။
အစ်ကို ဝမ်ဟာ စိတ်ဆုံးဖြတ်လိုက်ပြီး..သူ့ကိုသူ လောလောဆယ် ခေါင်းဆောငိ တစ်ယောက် အဖြစ်သတ်မှတ်လိုက်တယ်။
"ခင်ဗျားက ဒီကို နေရာငှားဖို့အတွက် ရောက်လာတာလား..."
လုလီ မငြင်းတော့ပေ။သူ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တယ်..။
"ဟုတ်တယ် ...ကျုပ် တိမ်ဖြူလမ်းကို..နေရာငှားဖို့ အတွက်လာခဲ့တာ..."
သူတို့ဘာတွေ ပြောမလဲ ဆိုတာ သိရဖို့ ဆက်ပြီး ကစားပေးရဦးမှာပါ.. ။
"ေကျးဇူးပြုပြီး လာထိုင်ပါဦး..."
အစ်ကို ဝမ် ယဥ်ကျေးစွာပြောလိုက်တယ်..။သူ ဘေးနားက ထိုင်ခုံကို ညွှန်ပြလိုက်ပြီး..
"ခင်ဗျားက ငှားရမ်းဖို့ အတွက် လာပြောတဲ့ ပထမဆုံး လူတစ်ယောက်ပဲ. ."
လုလီ ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"တိမ်ဖြူလမ်းကို ဦးဆောငိပြီး လုပ်နေတာ အခုဘယ်သူလဲ..."
အစ်ကို ဝမ်ဟာ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
"လီဂေါင်ချန်း နဲ့ ကျို့ရူချင် တို့က လက်ရှိ ခေါင်းဆောင် နေတဲ့ လူတွေပဲ..."
"အို့.."
လုလီ ဒီနာမည်တွေကို အရင်တုန်းက မကြာဖူးပါဘူး။သူ ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်တယ်။
"ဒါဆို သူတို့ ဒီမှာ ရှိတာလား..."
"သူတို့က အခု ရုံးခန်းမှာ မရှိသေးဘူး..။သူတို့ တိမ်ဖြူလမ်းမှာ ကိစ္စတစ်ချို့ ဖြေရှင်းဖို့ ထွက်သွားခဲ့ကြတယ်..။ကျုပ်တို့ တိမ်ဖြူလမ်းက ငှားရမ်းခတွေကို အရင်ပြောကြတာပေါ့ .."
ယင်းနောက် သူ အချက်အလက် တစ်ချို့ကို ယူပြီး ဖွငိ့လိုက်တယ် ။
"ဒါက တိမ်ဖြူလမိးရဲ့ ဆိုင်တွေရဲ့ ပုံစံပဲ..။ဒီထဲက တစ်ချို့ကို ကြည့်ပြီး သဘောကျတယ် ဆိုရင် ငှားရမ်းခ ကိုပြောလို့ရပြီ..."
လုလီ ခေါင်းညိမ့်လိုက်ပေမယ့်လည်း သိပ်တော့ ဂရုမစိုက်ပေ..။
"ကျုပ်ကြားတာကတော့...ငှားရမ်းခတွေက နှစ်ဆဆို..."
"ဟုတ်တယ်...တက်သွားပြီ.."
အကြီးအကဲ ဝမ် ခေါင်းညိမ့်လိုက်တယ်..။
"ဒါက နည်းနည်း စျေးကြီးတယ်နော်..."
လုလီ ခံစားချက် မဲ့စွာပြောလိုက်တာပါ..။
အစ်ကို ဝမ် ဒါကိုကြားပြီး အံ့ဩသွားခဲ့တယ်..။ဒီ ငနဲ ဘာလိုချင်တာလည်း သူမသိပေမယ့်..သူစိတ်ရှည်စွာ ရှင်းပြနေဆဲပါ..။
ကျွန်တော်တို့က စျေးကွက်အချက်အလက် တွေအတိုင်း သတ်မှတ်ပေးထားတာလေ..။လတ်တလော အနေအထားမှာ တိမိဖြူလမ်းကို လည်ပတ်သူတွေက နှစ်ဆလောက် အထိမြင့်တက်သွားတယ်..။ဒီ စျေးနှုန်းက သင့်တင့်မျှတပါတယ်။ခင်ဗျားတော့ သိမှာ မဟုတ်ဘူး ဒါပေမဲ့ ကျုပိတို့ တိမ်ဖြူလမ်းအတွက် နေရာလာမေးမူပေါင်း ၁၀၀ ကျော်ကို လက်ခံရရှိထားတယ်..။ဒီနေရာက အတော်ကျော်ကြားတာ...တကယ်လို့ စောစောသာ မဆုံးဖြတ်ရင် နေရာတောင် ရတော့မှာ မဟုတ်ဘူး.."
အစ်ကို ဝမ် ပြောလိုက်တာပါ။ဒီစျေးနှုန်းက များမှန်း သူသိပေမယ့်လည်း သူ့မှာ ရွေးချယ်စရာ မရှိပဲ ဂျင်းထည့်ဖို့သာ တတ်နိုင်ပါတော့တယ်...။သူက ဒီတိုင်း..အလုပ်သမားလေး သာဖြစ်ပြီး..ဒီစျေးနှုန်း အတိုးအလျော့ တွေက သူဆုံးဖြတ်လို့ မရပေ..။
လုလီ အချက်အလက်တွေကို လှန်လော ကြည့်လိုက်ပြီး စားပွဲပေါ် ပြန်ထားလိုက်တယ်။
"တကယ်လို့ ငါညှိနှိုင်းချင်တယ် ဆိုရင် ခေါင်းဆောင် နှစ်ယောက် နဲ့ တွေ့ဖို့ လိုတာလား.."
အစ်ကို ဝမ် ကြောင်အသွားခဲ့တယ်။ဒီ ငနဲ က အတော်ကို တိုက်ရိုက် ဆန်လွနိးတာပါ။သူ တစ်ချက်ကြည့်လိုက်ပြီး ညှင်သာစွာ ပြန်ပြောလိုက်တယ်..။
"တကယ်လို့ ခင်ဗျား ညှိနှိုင်းချင်တယ် ဆိုရင် ဒါရိုက်တာ လီဂေါင်ချန်းနဲ့ တွေ့မှ ရမှာ..."
လုလီ ခေါင်းညိတ်လိုက်တယ်။
"တစ်ခြား ဒါရိုက်တာ ကျို့ရူချင် ကရော..."
အစ်ကို ဝမ် ရယ်မောလိုက်တယ်...။
"ကျွန်တော် ကတော့..ဒါရိုက်တာ လီဂေါင်ချန်း ကိုတွေ့ဖို့ပဲ အကြံဥာဏ် ပေးချင်တယ်..။ဒါရိုက်တာ..ကျို့ကို ..တွေ့ဖို့ကတော့ မေ့လိုက်သင့်တယ်.."
* ကလင် ကလင်*
အစ်ကို ဝမ် ရဲ့ ဖုန်း အသံမြည်လာခဲ့တယ်..။
သူ ဖုန်းကို ဖြေလိုက်တယ်..။ဒါက ရင်းနှီးမြုပ်နှံ မူဌာနက သူ့ရဲ့ ဘော်ဒါပါ။
"အစ်ကို ဝမ်..တိမ်ဖြူလမ်းက ညှိနှိုင်းမူတွေက အဆုံးသတ်သွားပြီ..။သူတို့ အကုန်လုံး ရွေ့ပြောင်းကြတော့မှာ..။ကျုပ်တို့လည်း တကယ် အလုပ်ရှုပ်တော့မယ်."
အစ်ကို ဝမ် ..စကားလမ်းကြောင်းလွှဲဖို့ လုံးဝ မကြိုးစားပါဘူး..။
"ဒါမဖြစ်နိုင်တာ ..အကုန်လုံး ရွှေ့ပြောင်းကြမှာလား..။မာစတာ လင်းရော ရွှေ့ပြောင်းမှာလား..."
"အင်း..အကုန်လုံး ရွေ့ပြောင်းကြမှာ..။အစကတော့ ဒါရိုက်တာ လီက မာစတာလင်း နဲ့ ညှိနှိုင်းနေတာ..နောက်တော့ ထျန်ဟောင် စီးပွားရေး လမ်းက ဝင်လာတော့ အကုန်လုံး တိုင်ပတ်ကုန်တာပဲ...။ကြည့်ရတာ အဲ့မှာ ပြသနာ တစ်ခုခု ဖြစ်နေပြီထင်တယ်။
အစ်ကို ဝမ် ကြောင်အသွားခဲ့တယ်။
"မဖြစ်နိုင်တာ .. ။အဲ့အကြောင်း အများကြီး မပြောပဲ နေရအောင်..။ငါအခုဒီမှာ...ကာစတန်မာ နဲ့ တွေ့နေတယ်။မင်းတို့ ဘယ်အချိန် ပြန်လာမှာလဲ..."
"မသေချာ သေးဘူး..။ဒါရိုက်တာ လီ နဲ့ ဒါရိုက်တာ ကျို့က ရန်ဖြစ်နေကြတယ်။ဘာပဲဖြစ်ဖြစ် အခြေအနေကတော့ အတော်ကို ရှုပ်ထွေးနေပြီ...။ဒါဆိုရင် ဒါပဲလေ..နောက် မှဖုန်းဆက်လိုက်မယ်.."
ဖုန်း စပီကာကို ...မဖွင့်ထားပေမယ့်လည်း လုလီ အကုန်လုံးကို ကြားနေရပါတယ် ...။
အဲ့အချိန်မှာတော့ ..အလုပ်သမား တစ်ယောက်ဟာ..စက္ကူပုံး တစ်ခုကို ကိုင်ပြီး..ဝမ်းနည်းနေခဲ့တယ်..။
ဒီ လုပ်ဖော်ကိုင်ဘက်... အလုပ်ထုတ်ခံရတာကို ကြည့်ပြီး တစ်ခြားလူတွေလည်း..ဝမ်းနည်းစွာ နှုတ်ဆက်နေခဲ့ကြတယ်။
လုလီ လက်ညိုးထိုးပြလိုက်ပြီး...
"ဘာတွေ ဖြစ်နေတာလဲ..."
အစ်ကို ဝမ် တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်တယ် ။
"သူ အလုပ်ထုတ်ခံရတာ..."
"ဘာဖြစ်လို့တုန်း သူတစ်ခုခု အမှားလုပ်ထားလို့လား..."
လုလီ မေးလိုက်တာပါ...။
"သူက ဘာအမှားမှ မလုပ်ထားဘူး.."
အစ်ကိုဝမ် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။ယင်းနောက် သူ..ကာစတန်မာနဲ့ စကားပြောနေတယ် ဆိုတာကို ပြန်သတိထားမိပြီး ..ပြနိအာရုံစိုက်လိုက်ပါတယ် ..။
"ဆိုင်ငှားရမ်းတဲ့ ကိစ္စကိုပဲ ပြန်သွားလိုက်ကြရအောင်..."
လုလီ အစ်ကို ဝမ်ကို လျစ်လျူရူလိုက်ပါတယ်။ယင်းနောက် သူ လက်ဖျောက် တစ်ချက်တီးလိုက်ပြီး .
"ကောင်လေး..ဒီကို လာစမ်းပါဦး..."
ဂူဂျန် ဟာ နဂိုကတည်းက အလုပ်ထုတ်ခံရလို့ စိတ်မကြည် ဖြစ်နေခဲ့တာပါ..။တစ်စုံတစ်ယောက် ..က သူ့ကို ဒီလို ခေါ်တာကြားတဲ့ အချိန်မှာ ချက်ချင်းလျောက်သွားလိုက်တယ်။
လုလီ..အပေါ်ကနေ အောက်ကို သေချာကြည့်လိုက်ပြီး.
"မင်းနာမည် ဘယ်လိုခေါ်လဲ..."
ဂူဂျန်...ဒီလူ ဘာလိုချင်နေလဲ တကယ် နားမလည်ပါဘူး...။ဒါပေမဲ့ ဒီလူဝတ်ထားတဲ့ အဝတ်အစားနဲ့ ပုံသဏ္ဌာန် အရ ပုံမှန်လူ မဟုတ်ဘူး ဆိုတာကိုတော့နားလည်လိုက်ပါတယ်။ဒီလူရဲ့ ခံစားချက် မဲ့တဲ့ အမူအရာက ဒီလူအတွက်တော့...ခေါင်းဆောင် တစ်ယောက်နဲ့ စကားပြောနေရသလိုပါပဲ..။
"ဂူဂျန်..."
လုလီမေးလိုက်တယ်။
"မင်းဘာလို့ အလုပ်ဖြုတ်ခံရတာတုန်း..."
"ကျွန်တော့်ရဲ့ အထက်အရာရှိနဲ့ အဆင်မပြေလို့ ..အလုပ်ဖြုတ်ခံရတာ.."
ဘေးနားက လုပ်ဖော်ကိုင်ဘက်တွေက ဂူဂျန်ကို ပွင့်ပွင့်လင်းလင်းကြီး မပြောဖို့ အချက်ပြနေကြပေမယ့်လည်း.ဂူဂျန်ကတော့ လုံးဝ မကြောက်ပေ..။
"ငါ့ကို ဘာမှ တားမနေနဲ့တော့..။ငါက အလုပ်တောင် ဖြုတ်ခံရပြီးပြီလေ..။သူမကို ဘာလို့ ကြောက်နေရဦးမှာလဲ..."
လုလီမျက်ခုံးပင့်လိုက်ကာ...
"နည်းနည်း ထပ်ပြောပါဦး..."
ဂူဂျန် စက္ကူပုံးကို ချကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး..
"ကျုပ်အလုပ် ဖြုတ်ခံရပြီးမှတော့ ကြောက်မနေတော့ဘူး..။ကျွန်တော်ရဲ့ အထက်အရာရှိက ကျို့ရူချင်..။သူမရဲ့ သည်းခံနိုင်စွမ်းတွေက အတော်ကို နိမ့်ကျတယ်။ကျွန်တော် အလုပ်ဖြုတ်ခံရတာက အခုလို ငှားရမ်းခ ၁၀၀ ရာခိုင်နှုန်း တိုးတောင်းတာက အကျိုးအကြောင်း မဆီလျော်ဖူးလို့ ပြောမိလို့ပဲ...။ဒီစကားပြောတာနဲ့ အလုပ်ထုတ်ခံလိုက်ရတယ်လေ.."
"ကျွန်တော်တို့ ဆီမှာ သူမက စာရွက်ထဲမှာသာ ဒုတိယ အကြီးဆုံးဖြစ်နေတာ..။အမှန်တကယ်တော့ ဒီမှာ သူမက အကြီးဆုံးပဲ..။သူမ ဒီနေရာကို ရောက်လာတာက သူမက ဒုတိယ သဘာပတိနဲ့ ဆွေမျိုးတော်လို့ပဲ။တစ်ယောက်ယောက်ကသာ သူမမကြိုက်တာကို ပြောမိရင် သူမက ချက်ချင်း အလုပ်တန်းဖြုတ်ပစ်တာ..။အထုတ်ခံရတဲ့လူက ဘာမှတောင် ပြန်ချေပပိုင်ခွင့် မရှိဘူး..."
ဂူဂျန်ဟာ သူ့နှလုံးသားထဲမှာ မီးတောက်လောင်နေခဲ့တာပါ..။အခု သူအလုပ်ထုတ်ခံရပြီးပြီ ဆိုတော့ မေကြာက်တော့ပေ..။သူ ပြောချင်တာတွေ အကုန်ပြောလို့ ရသွားပါပြီ..။
လုလီ မျကိမှောက်ကျုတ်လိုက်တယ်..။
"ဒီလို ခေါင်းဆောင်မျိုး ရှိနေတာလား.."
ဂူဂျန်ဟာ ရယ်မောလိုက်ပြီး...
"ဒါက ဘာမှမဟုတ်သေးဘူး...။ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် လီချန် အလုပ်ထုတ်ခံရတာက သူမအတွက် ရေခပ်ပေးဖို့ကို မေ့ကျန်ခဲ့လို့တဲ့...။ဒီလို ခေါင်းဆောင်ကို တကယ်ဟာသ လို့ မထင်ဘူးလား.."
လုလီ ခေါင်းညိမ့်လိုက်တယ်..။
"သူမက တကယ်ဟာသပဲ.."
"အကြီးအကဲ လီ.."
အဲ့အချိန်မှာပဲ အလုပ်သမားတွေဟာ...သူတို့ ခေါင်းဆောင်ပြန်လာတာကို တွေ့လိုက်ကြရပါတယ်။
"ကောင်လေး ဂျန်..တော်လောက်ပြီ..။အကြအကဲ လီပြန်လာပြီ.."
အကြအကဲ လီပြောလိုက်တယ်။
"မင်းတို့ အကုန်လုံးဘာတွေ လုပ်နေကြတာလဲ..။ဘာလို့ ဒီနားမှာ စုဝေးနေကြပြီး..အလုပ်မလုပ်ကြတာလဲ.."
အဲ့အချိန်မှာပဲ လူအုပ်ကြီးဟာ သူ့နေရာသူ ပြန်သွားလိုက်ကြတယ်။
အကြအကဲ လီဟာ ခေါင်းညိမ့်လိုက်ပြီး..သူ့ရုံးခန်သူ ပြန်သွားဖို့ လုပ်လိုက်တယ်။သို့ပေမယ့် သူ ထိုင်နေတဲ့ လူကို မြင်လိုက်တဲ့ အချိန်မှာ သရဲတစ်ယောက်ကို မြင်လိုက်သလို အမူအရာ ပြောင်းသွားခဲ့ပါတယ်။
အစ်ကို ဝမ်ဟာ ..အမြန်လာပြီး ..ဒီလူက ကာစတန်မာဆိုတာကို ရှင်းပြဖို့ လုပ်လိုက်ပေမယ့်လည် အကြီးအကဲ လီက ရိုရိုသေသေ ဦးညွတ်နေတာကို တွေ့လိုက်ရပါတယ်။
"အကြီးအကဲ လု.ဘာလို ဒီမှာရောက်နေတာလဲ.."
အကြီးအကဲ လီ...ဆွံ့အနေခဲ့တယ်..။အမြဲတမ်း အလုပ် ရှုပ်နေတဲ့..အကြီးအကဲ လု လိုလူက..ဒီနေရာမှာ ပေါ်လာမယ် လို့ မထင်ထားခဲ့ပါဘူး..။သူသာ မျက်လုံးနဲ့ မြင်တွေ့ရတာ မဟုတ်ဘူး ဆိုရင် ယုံကြည်နိုင်မှာတောင် မဟုတ်ပေ..။
ဒီ အလုပ်သမားတွေ အကြီးအကဲ လုကို ဘာတွေ ပြောထားသေးတာလဲ....
သူ တို့က အကြီးအကဲ လုရဲ့..နောက်ခံကို သိကြမှာ မဟုတိဘူး...မပြောသင့်တာတွေ ပြောကြမှာတော့ မဟုတ်ပါဘူးနော်....
.
လုလီ မတ်တတ်ရပ်ပြီး ဂူဂျန်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
"မင်းထွက်သွားဖို့ မလိုဘူး...။ကုမ္ပဏီရဲ့ အကျိုးစီးပွားကို မထိခိုက်သ၍ အလုပ်ဆက်လုပ်လို့ ရတယ်..ဘယ်သူမှ မင်းကို အလုက်ဖြုတ်မှာ မဟုတ်ဘူး.."
ယင်းနောက် သူ အကြီးအကဲ လီကို တည့်တည့်ကြည့်လိုက်တယ်။
"ကျုပ်နဲ့ အတူ တိမ်ဖြူလမ်းကို လိုက်ခဲ့ပေးပါ.."
အကြီးအကဲ လီ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ် သိပါပြီ..."
အဲ့အချိန်မှာတော့ ဘေးနားမှာ ရှိနေတဲ့ အလုပ်သမားတွေ အကုန်လုံး ကြောင်အနေခဲ့ပါပြီ..။
ချီးပဲ....
သူတို့ အကြီးအကဲ လီ ခေါ်နေတဲ့ အကြီးအကဲ လုဆိုတာ ဘယ်သူမှန်း အခုထိ မသိသေးပါဘူး...။ဒါပေမဲ့ အခြေအနေကြည့်ရသလောက်တော့ ဒီလူရဲ့ ရာထူးက ပေါ့သေးသေး မဖြစ်နိုင်ပေ။