နောက်ဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ကြခြင်း..
Vol. 18 Ch. 268
တိမ်ဖြူလမ်း...။
လင်းဖန်ကတော့ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပြီး.မြို့သားတွေကတော့ သူ့ကိုဒီနေရာကနေ မပြောင်းရွေ့ချင်ကြပေ..။
သူဌေးလေး ထွက်သွားရင် သူတို့ ပန်ကိတ်ကို ဘယ်နားမှာ သွားစားရတော့မှာလဲ.....
ထပ်ပြောရရင် သူတို့ နေ့တိုင်း တန်းစီတာကို ကျင့်သားရနေကြပါပြီ။တကယ်လို့ သူတို့သာ နောက်ထပ်တန်းစီစရာ မလိုတော့ဘူးဆိုရင်..ဒါက သူတို့ဘဝက အရေးကြီးတဲ့ အရာတစ်ခုခု ဆုံးရှုံးသွားရသလိုပါပဲ..။
"သူဌေးလေး.."
တစ်ချို့ မြို့သားတွေဟာ ငိုချင်နေကြပေမယ့် လည်း မျကိရည်ထွက် မလာကြပေ..။သူတို့ တစ်ခုခု ပြောဖို့ လုပ်ပေမယ့်လည်း တစ်ဝက်တပျက် မှာပဲရပ်တန့်သွားကြပါတယ်။သူတို့ ဘာပြောရမယ်မှန်း တောင်မသိကြတော့ပေ..။သူတို့ သူဌေးလေးကို နေဖို့အတွက် တောင်းပန်ရင်တောင် နောက်ကျသွားခဲ့ပါပြီ..အကုန်လုံးက ကံစီမံရာ အတိုင်းပါပဲ..။
အဲ့အချိန်မှာပဲ မြို့သားတွေဟာ လီဂေါင်ချန်းနဲ့ သူလူတွေကို ကြည့်လိုက်တယ်။ဒီလူတွေက အတော်ကို ဆိုးရွားတဲ့ လူတွေပါ..။တကယ်လို့..ဒီလူတွေမှာသာ ဆိုးယုတ်တဲ့ နှလုံးသား မရှိရင် ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိပေ..။
သူတို့က ငှားရမ်းခကို ကြိုက်သလို တိူးတောင်းနေကြတာပါ..။ငြင်းပယ်တဲ့ လူ မရှိရင်တောင် သူတို့ ဒီလောက် ရက်ရက်စက်စက် တိုးမတောင်းသင့်ပေ။ဒါက အတော်ကို ဆိုးရွားလှပါတယ်။
ကျို့ရူချင်ဟာ ဘေးနားမှာ ရပ်နေခဲ့တယ်။ဒီကိစ္စက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ..။တိမ်ဖြူလမ်းရဲ့ ဆို်င်ပိုင်ရှင်တွေ အကုန်လုံးလဲ ထွက်သွားကြတော့မှာပါ...။
လီဂေါင်ချန်း ဘာလုပ်ချင်နေတာလဲ ဆိုတာကိုတော့ သူမအခုထိ နားမလည်သေးပေ။
တိမ်ဖြူလမ်းကြီး တိုးတက်လာတာ ဒီငနဲ ကြောင့်ဆိုတာ တကယ်ယုံကြည်နေတာလား....
တကယ်လို့ သူခေါင်းလေး နည်းနည်းသုံးရင်တောင် ဒါက မဖြစ်နိုင်တဲ့ အရာမှန်း စဥ်းစားမိမှာပါ..။
တိမ်ဖြူလမ်းကို လည်ပတ်သူတွေ ဘယ်လောက်တောင်ရှိလဲ ဆိုတာက မျက်လုံးပါတဲ့ လူတိုင်းတွေ့နိူင်တဲ့ အရာပါ..။ဒီလူတွေ အကုန်လုံး ပြောင်းသွားရင်တောင် ဘာမှ ကြီးကြီးမားမား ထိခိုက် မှာမဟုတ်ပေ..။ဒါပေါ့..ဒါတွေ အကုန်လုံးက သူမ အတွေးထဲမှာ ရှိနေတဲ့ အရာတွေပါ..။
ပြီးတော့ လီဂေါင်ချန်းက တိမ်ဖြူလမ်းကြီး တိုးတက်နေတာ မာစတာ လင်းကြောင့်ဆိုပြီး ဘာလို့ ယုံကြည်နေမှန်း သူမနားမလည်တော့ ပါဘူး...။
ကျောက်ကျန်းယန်ဟာ တစ်ချိန်လုံး တိုက်ရိုက် ထုတ်လွင့်နေခဲ့တယ်..။
"အားလံူးပဲ..ကျုပ်တို့တော့ ထျန်ဟောင် စီးပွားရေးလမ်းကို ပြောင်းရွေ့ကြတော့မယ်..။အဲဒီနားမှာ နေတဲ့ သူငယ်ချင်းတွေတော့ အတော်ကို ကံကောင်းတာပဲ.."
"6666...ငါက ဟောင်ထျန် စီရင်စုမှာနေတာ...။နောက်ဆိုရင် အစ်ကိုယန်ကိုအပြင်မှာ တွေ့ဖို့ အခွင့်အရေး ရတော့မယ်.."
"ဟောင်ထျန် စီရင်စုရဲ့ အိမ်ယာမှာနေတဲ့ လူတစ်ယောက်အနေနဲ့...ငါတော့ ရှင်းယု ကုမ္ပဏီရဲ့ လုပ်ရပ်တွေကို တကယ် လက် မခံနိုင်ဘူး..။ဒါပေမဲ့ ကျေးဇူးတော့တင်မိတယ်...သူတို့ကြောင့် မာစတာ လင်းက ငါတို့ဆီကို ပြောင်းရွေ့လာတော့မှာလေ.."
"ထျန်ဟောင် စီးပွားရေး လမ်းကပါ မာစတာ လင်းကို မောင်းထုတ်ရင် ဘယ်လို လုပ်မလဲ...။အဲလိုဆိုရင်တော့ ငါ မာစတာလင်း ကို အန်းဟူဆီ ဖိတ်ခေါ်ရလိမ့်မယ်..."
"ချီးပဲ..အဲ့ကို လာမယ့်အစား ဒေါင်ရှန်းကိုပဲ လာမှာပေါ့ဟ..."
ကျောက်ကျန်းယန် လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါသထွက် မိပေမယ့်...မာစတာ လင်းလည်း ဘာမှမလုပ်နိုင်ဘူးဆိုတာ နားလည်ပါတယ်။မာစတာ လင်းက သူ အမှားလုပ်ထားတာ မဟုတ်ရင် လုံးဝကို စိတ်မပူတတ်တဲ့ လူစားမျိုးပါ..။ဒီလောက် အချိန်ကြာ နေပြီးတဲ့ နောက် မှာ သူနဲ့ မာစတာ လင်းက ဆက်ဆံရေး ကောင်းတွေ ရှိနေခဲ့ပါပြီ..။
ပြီးတော့ မာစတာ လင်းက လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်တယ် ဆိုတာကိုလညိး သူပြောနိုင်ပါတယ်..။တကယ်လို့ မင်းသာ သူ့အနားမှာ ရှိနေမယ် ဆိုရင်..မင်းဆိုးရွားတဲ့ လမ်းတွေ လျောက်ရမယ် ဆိုရင်တောင် သူလိုက်လာခဲ့မှာပါ..။
လူလိမ်ထျန်ဟာ ဆေးလိပ်သောက်နေရင်းက နေပြောလိုက်တယ်..။
"မင်းနောင်တရနေလား.."
လူလိမ်ထျန် ဒီကိစ္စမှာ ဘာမှမပြောပဲ တိတ်ဆိတ်နေတာက...သူမပြောချင်လို့ မဟုတ်ပဲ..ဒီအခြေအနေတစ်ခုလုံးကို လင်းဖန် ဆီမှာ အပ်ထားလို့ပါ...။အခု သူအခွင့်အရေးရပြီ ဆိုတော့ သူ့ရဲ့ စိတ်မကောင်းဖြစ်မူကို ဖော်ပြဖို့ နည်းနည်းတော့ ပြောရပါတော့မယ်..။
သူ လင်းဖန်ရဲ့ နောက်ကို ပထမဆုံး စလိုက်ခဲ့တာ ဖြစ်ပြီး ဒီကောင်လေးရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကိုလဲ ကောင်းကောင်းသိပါတယ်။ဒီကောင်လေး ဘယ်နေရာကိုပဲ သွားသွားအောင်မြင်မယ် ဆိုတာကိုတော့ သူယုံကြည်မူ ရှိရှိ ပြောနိုင်ပါတယ်..။
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ စာချုပ်ဖျက်သိမ်းမူမှာလက် မှတ်ထိုးပြီး ပြောင်းရွေ့ဖို့ ပြင်ဆင်နေခဲ့့ကြတယ်..။
လင်းဖန် မတ်တပ်ရပ်နေရင်းကနေ..မြို့သားတွေဆီကို..လေးစားစား ဦးညွှတ်ကာ ပြောလိုက်တယ်..။
"အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်..။ဒီတစ်လောမှ အားပေးခဲ့ကြတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်မိပါတယ်။တကယ်လို့ အနာဂတ်မှာသာ အခွငိ့အရေးရှိရင် ထျန်ဟောင် စီးပွားရေး လမ်းကို လာလည်ဖို့ ဖိတ်ခေါ်ပါရစေ.."
သူ့ရဲ့ သစ္စာရှိ အားပေးတွေက တော့ သူထွက်သွားမှာကို မကြည့်နိုင်ကြပါဘူး...။
"သူဌေးလေး..ဒါက...ထားလိုက်ပါတော့လေ..။ငါတို့လည်း ဒီအခြေအနေကို ဘာလုပ်ပေးရမလဲ မသိတော့ဘူး..။စိတ်မပူပါနဲ့ အနာဂတ်မှာ အခွင့်အရေးရှိရင် မင်းဆီကို လာလည်ပါ့မယ်..။ဒါပေမဲ့ ငါတို့ကို တော့ တန်းမစီ ခိုင်းရဘူးနော်.."
"ဟုတ်တယ်..ငါတို့ အဝေးကြီးက လာရပြီး ရောက်တဲ့ အချိန်ကြမှ..တန်းစီရဦးမယ် ဆိုရင်..အတော် ဝမ်းနည်းမိလိမ့်မယ်.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဒီတော့ ခင်ဗျားတို့က ကျုပ်ရဲ့ ပန်ကိတ်တွေကိုပဲ သတိရကြမှာပေါ့..။ကျုပ်က ခင်ဗျားတို့ ကျုပ်ကို သတိရနေမယ်လို့ ထင်ထားတာ..."
မြို့သား တစ်ယောက်ဟာ ပြန်ပြောလိုက်တယ်..။
"သူဌေးလေး ငါတို့ မင်းကို သတိရနေမှာပါ..။ဒီ ပန်ကိတ်တွေကတော့ အပိုဆုလာဒ်တွေပေါ့..။အနာဂတ်မှာ ပြသနာတစ်ခုခုရှိရင်လည်း...ဗေဒင်မေးဖို့ မင်းဆီကို လာခဲ့မယ်.."
"ဟုတ်တယ် ဟုတ်တယ်..အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာဦးမှာပါ.."
လီဂေါင်ချန်းဟာ..မာစတာ လင်း မြို့သားတွေနဲ့ ဒီလောက်အထိ ရင်းနှီးနေတာကို ကြည့်ပြီး အနည်းငယ် စိတ်ပူသွားခဲ့တယ်..။ကြည့်ရတာ သူ့ဆုံးဖြတ်ချက် မှားသွာပြီ ထင်ပါတယ်။
တစ်ချိန်ထဲမှာပဲ သူနောင်တရနေခဲ့တယ်..။၃၀ ရာခိုင်နှုန်း ဆိုကတည်းက သူ လက်ခံခဲ့သင့်တာပါ..။အဲဒါဆိုရင် လက်ရှိအခြေအနေမျိူး ဖြစ်လာစရာ အကြောင်းမရှိပေ..။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ အရာရာနောက်ကျသွားပါပြီ..။
ကျို့ရူချင်ဟာ မှန်တာတွေ သာ မလုပ်ပဲနေရင်နေမယ်..စောက်တလွှဲတွေ ဆိုရင် တော့ ထိပ်ဆံူးကနေလုပ်တဲ့ မိန်းမပါ..။သို့ပေမယ့် လီဂေါင်ချန်းမှာ ရွေးချယ်စရာ မရှိပေ..။သူမရဲ့ အဆက်အသွယ်က ကြီးမားလှပါတယ်..။
ကုမ္ပဏီမှာ ရှိတဲ့ လူတိုင်း သူမကို မလှန်ရဲကြပေ..။
ဆိုင်ပိုင်ရှင်တွေဟာ စာချုပ်မှာ လက်မှတ်ထိုးနေကြပေမယ့်လည်း...ဝမ်းနည်းတဲ့ အမူအရာ တစ်ခုမှ မပြကြပေ..။တစ်ချို့ လူတွေဆိုရင် ဒေါသတောင် ထွက်နေကြပါသေးတယ်..။
"ငါတို့က နေရာအသစ်ကို သွားကြရတော့မှာပဲ..နည်းနည်းတော့ ကြောက်မိတယ်.."
"ဟီးဟီး..ငါတို့နဲ့ အတူ သူဌေးလေး ရှိနေတာပဲ..ဘာမှသိပ်ပြီး စိတ်ပူစရာ မရှိပါဘူး..."
"ဟုတ်တယ်..သူဌေးလေးနဲ့ နီးကပ်တဲ့ ဆိုင်ကို ရဖို့ကတော့ ငါတို့ မျှမျှတတ ယှဥ်ပြိုင်သင့်တယ်နော်.."
အကြီးအကဲ ကျန်း ပြောလိုက်တယ်။
"စိတ်တောင် မကူးကြနဲ့ . ငါဘဝ တစ်လျောက်လုံး သူဌေးလေးရဲ့ အိမ်နီးချင်း အဖြစ်နေလာတာ။ဘယ်နေရာပဲ ရောက်ရောက် အဲ့နေရာကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး.."
"အကြီးအကဲ ကျန်း..ဒါက အကြောင်းအကျိူး မဆီလျော်ဘူးနော်..။ခင်ဗျားက ဒီမှာ သူဌေးလေးရဲ့ အိမ်နီးချင်း အဖြစ် အတော်ကြာအောင် နေပြီးပြီလေ..။နေရာသစ်ရောက်ရင် ကျုပ်တို့ကိုလည်း အခွင့်အရေး ပေးသင့်တယ်.."
"ငါမပေးနိုင်ဘူး..။မင်းတို့ အကုန်လုံး သူဌေးလေးနဲ့ အိမ်နီးချင်းဖြစ်ရတဲ့ အဓိပ္ပါယ်ကို နားမလည်သေးပါဘူး.."
"အဲလို မလုပ်ပါနဲ့..အကုန်လံူးက ရင်းနှီးပြီးသား တွေပဲ..။ကျုပ် ညစာလိုက်ကျွေးမယ်.."
…
လင်းဖန်ကတော့ မတ်တတ်ရပ်ပြီး ပြုံးနေခဲ့တယ်။ဒီလူတွေ သူ့အိမ်နီချင်း ဖြစ်ရဖို့အတွက် တိုက်ခိုက်ကြလိမ့်မယ် လို့မထင်ထာခဲ့ပါဘူး..။
ငါ စောက်ရမ်းတွေ ရုပ်ချော နေလို့များလား....
အရမ်း ခင်ဖို့ကောင်းလိုလား...
သူဘာမှ ဝင်မပြောပဲ ကြည့်သာကြည့်နေခဲ့တယ်..။ပေါ်ပြူလာ ဖြစ်ရတဲ့ လူတစ်ယောက်ဖြစ်ရတာ သိပ်တော့ အဆင်မပြေလှပါဘူး..။
"လမ်းဖယ်ကြပါဥိီး."
အဲ့အချိန်မှာပဲ ဆူညံသံတွေ ထွပ်ပေါ်လာခဲ့တယ်။
"အကြီးအကဲ လီ.."
"အကြီးအကဲ လီ ဘာလို့ ဒီကို ရောက်နေတာလဲ.."
"ဒါရိုက်တာ လီ..ဒါရိုက်တာ ကျို့...အကြီးအကဲ လီ ဒီကို ရောက်နေတယ်.."
လီဂေါင်ချန်း နဲ့ ကျို့ရူချင် တို့ဟာ လူအုပ်ကြားထဲမှာ ရပ်နေတာဖြစ်ပြီး...အကြီးအကဲ လီ ရောက်နေတယ် ဆိုတဲ့ အသံကြားတာနဲ့ရှေ့ကို အမြန်တက်သွားပြီး နှုတ်ဆက်လိုက်ကြတယ်..။
"အကြီးအကဲ လီ.."
သို့ပေမယ့် အဲအချိန်မှာတော့ အကြီးအကဲ လီဟာ မျက်နှာ မဲနက်နေပြီး..သူ့ဘေနားမှာ လူတစ်ယောက်လဲ ရှိနေလို့ပါ..။
လီဂေါင်ချန်း နဲ့ ကျို့ရူချင် တို့ဟာ အကြီးအကဲ လီဘေးနားက လူကို ကြည့်လိုက်တယ်..။သူတို့ ဒီလာ ဘယ်သူလဲ မသိပေမယ့် အကြီးအကဲ လီရဲ့ မျက်လုံးကို ခန့်မှန်းကြည့်ရသလောက်တော့ ဒီလူက အကောင်ကြီးကြီး ဖြစ်လောက်ပါတယ်..။
အကြီးအကဲ လီ စတင်ပြောလာခဲ့တယ်။
"ဒါက မိုးကောင်းကင်..ကုမ္ပဏီရဲ့ဘုတ် ဒါရိုက်တာတွေ အကုန်လုံးရဲ့..သဘာပတိ.အကြီးအကံ လု..လုလီပဲ..။မင်းတို့ နှစ်ယောက် တိမ်ဖြူလမ်းရဲ့ အခြေအနေတွေကို ဘယ်လို ကိုင်တွယ်နေတာလဲ.."
လုလီ ဒီနှစ်ယောက်ကို တစ်ချက်ခြုံကြည့်လိုက်ပြီး..လင်းဖန်ကို ကြည့်လိုက်တယ်..။အပြုံးတစ်ခုဟာ သူ့ရဲ့ မျက်နှာမှာ ပေါ်လာပြီး..လင်းဖန်ဆီကို လျောက်သွားလိုက်ပါတယ်။
"ညီအစ်ကို ငယ်လေး...ငါတို့ ထပ်တွေ့ကြပြန်ပြီနော်.."
လင်းဖန် တစ်စုံတစ်ယောက် ရောက်လာတာ မြင်တဲ့ အချိန်မှာ ခနကြောင်အသွားခဲ့တယ်။ယင်းနောက် ပြုံးလိုက်ပြီး .
"အကြီးအကဲ လု..ကျုပ်တို့ တကယ်ပဲ ထပ်တွေ့ပြန်ပြီနော်.."
လုလီ ပြောလိုက်တယ်။
"ကျုပ် တိမ်ဖြူလမ်းရဲ့ အခြေအနေကို ကြားပြီးပါပြီ..။ဒါက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့ လူတွေက အသုံးမကျလို့လေ..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်ဒီကိစ္စကို ညီအစ်ကို နဲ့ ထပ်ဆွေးနွေးလို့ ရနိုင်မလား.."
.
လင်းဖန် လုလီ ရဲ့ နာမည်ကတ်ကို ရခဲ့ကတည်းက အတော် စွမ်းဆောင်ရည်ရှိတဲ့ လူမှန်းသိထားခဲ့ပါတယ်။သူ နာမည်ကတ်မပေးရင်တောင် သူ့ရဲ့ ကိုယ်ခန္ဓာကနေ ဂုဏ်သိက္ခာရှိတဲ့ အငွေ့အသက်တွေ ခံစားလို့ ရနေခဲ့တာပါ..။ဒီလူက ချမ်းသာပြီး လေးစားရတဲ့ လူတစ်ယောက်ဖြစ်ပြီး..ရုပ်ပေါက်တဲ့ လူတစ်ယောက် မဟုတ်ပေ..။
"အရမ်းယဥ်ကျေးနေတာပဲ..အကြီးအကဲ လု..။ခင်ဗျားက အရေးကြီးတဲ့ လူတစ်ယောက်ပါ..ဒီလို ကိစ္စသေးသေးလေး တွေကို စိုးရိမ်မနေ သင့်ဘူးလေ..။အခုက အရာရာဖြေရှင်းပြီးသွားပြီး အဆင်လည်း ပြေနေပါပြီ.."
လုလီခေါင်းခါယမ်း လိုက်တယ်။
"ဒါက မဟုတ်သေးဘူး...လုံးဝမဟုတ်သေးဘူး။မိုးကောင်းကင် အဖွဲ့အစည်းရဲ့ ဆောင်ပုဒ္က ကာစတန်မာ စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရတာပဲ..။ကျုပ်တို့ အဖွဲ့အစည်းထဲမှာ တောင် အလုပ်သမားတွေကို ညီတူညီမျှပဲ ဆက်ဆံတယ်။ကျုပ်တို့ ရဲ့ ဝန်ထမ်းတွေကို ဘယ်တော့မှစိတ်ဆငိးရဲပြီး အလုပ်မထွက်စေဘူး..။ပျော်ပျော်ရွင်ရွင် နဲ့ အလုပ်ကြိုးစားအောင် ထားထားတယ်။အဖွဲ့ အစည်း အပြင်ဘက်က ဆကိဆံရေးကိုတော့..တစ်ခြားလူတွေ ဘာပြောပြော အမြဲတမ်းလက် မ ထောင်ပြနိုင်အောင် ကြိုးစားတယ်.."
"တိမ်ဖြူလမ်းက ကျုပ်တို့ အဖွဲ့အစည်းရဲ့ လက်အောက် မှာရှိနေပြီး..ခင်ဗျားတို့တွေကလည်း ဆိုင်ပိုင်ရှင်တွေပဲလေ..။ကျုပ်တို့ ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်လိမ့်မယ် လို့ မျှော်လင့်တယ်။တကယ်လို့ ကျုပ်တို့ ဘက်က လွန်နေတာ ရှိရင် အကုန်လုံးကို တောင်းပန်ဖို့ လိုလားပါတယ်.."
လင်းဖန် ခေါငိးညိမ့်လိုက်တယ်။
"မဆိုးပါဘူး..။ဒီစကားတွေက တစ်စုံတစ်ယောက် ပြောတာ နဲ့တော့ တော်တော်ကို ကွာခြားတယ်.."
လုလီ : .............