← Chapters

ငါတို့ မင်းပြောတဲ့အတိုင်း လုပ်မယ်..

Vol. 18 Ch. 269

ငါတို့ မင်းပြောတဲ့အတိုင်း လုပ်မယ်..

Vol. 18 Ch. 269

လီဂေါင်ချန်းနဲ့ ကျို့ရူချင် တို့ နှစ်ယောက်စလုံး ကြောင်အနေခဲ့ကြတယ်..။ဒီအခြေအနေလေးက တကယ် ဆရာကြီးကိုတောင် ဒီကိုရောက်လာတဲ့ အဆင့်အထိ ဖြစ်စေမယ် လို့ မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ကို ကြောက်ဖို့ကောင်းတာပါ..။

ရှင်းယု ကုမ္ပဏီ ဆိုတာက မိုးကောင်းကင် အဖွဲ့အစည်းရဲ့ အကိုင်းအခွဲ သေးသေးလေးပါ..။ရှင်းယု ကုမ္ပဏီရဲ့ အကြီးဆုံးလူတောင်...အကြီးအကဲ လု ရဲ့ရှေ့မှာ ပုရွတ်ဆိတ်သာသာ ပါပဲ..။

အကြီးအကဲ လီဟာ စကားတစ်ခွန်းမှ မပြောပဲ နောက် မှာသာ ရပ်နေခဲ့တယ်...။သူ ဒီကိ္စ္စရဲ့ အကျိုးဆက်တွေကို..စိတ်မဝင်စား သလို..ဂရုလည်း မစိုက်ပါဘူး..။ဒီကိစ္စက သူနဲ့လုံး ဝ မသက်ဆိုင်ပေ..။အခု အကြီးအကဲ လုကပါ ရောက်လာပြီ ဆိုတော့ အခြေအနေက ပိုပြီး ထိလွယ် ရှလွယ်ဖြစ်လာပါပြီ..။

အကြီးအကဲ လီဟာ ဒီကိစ္စကို ဂရုထဲ စာပို့လိုက်တယ်။

တစ်ခြား ခေါင်းဆောင်တွေဟာ ဒီအကြောင်းကြားပြီး ကြောက်ရွံ့ကာ ငြိမ်သက်သွားခဲ့ကြပါတယ်။

တကယ်လို့ လုလီ ပြန်သွားပြီ ဆိုရင် ကုမ္ပဏီက လူတိုင်း အလုပ်ကြိုးစားမှ ရတော့မှာပါ..။

မြို့သားတွေဟာ လည်း ဘေးနားမှ တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြတယ်..။ဒါက အဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် တစ်ယောက်ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ သူတို့ တီးတိုးစတင်ဆွေးနွေး လာခဲ့ကြပါပြီ..။

သူတို့ သူဌေးလေးကို တကယ် မထွက်သွား စေချက်ပါဘူး..။

သူတို့ တီးတိုး ပြောနေကြတဲ့ စကားတွေက ရှင်းယု ကုမ္ပဏီဟာ အတော် ဆိုးရွားတဲ့ ကုမ္ပဏီ တစ်ခုအဖြစ်သက်ရောက်နေခဲ့ပါတယ်..။

နောက်ဘက်မှာ ရပ်နေတဲ့ အကြီးအကဲ လီဟာ စတင်ပြီး ကြောက်ရွံ့လာခဲ့တယ်။

သူတို့ ပြောနေကြတာက မလွန်လွနိး ဘူးလား....

ကျို့ရူချငိ ပြောလိုက်ပါတယ်။

"အကြီးအကဲ လု..သူတို့ပြောတာတွေကို နားမထောင်နဲ့..။ကျွန်မတို့က...."

သူမ ပြောလို့ မဆုံးသေးခင်မှာပဲ လုလီဟာ နောက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်..။

"အကြီးအကဲ လီ...ဒီလိုလူက ကုမ္ပဏီထဲကို ဘယ်လိုရောက်လာတာလဲ..."

အကြီးအကဲ လီဟာ ချွေးတွေ အဆက်မပြတ်ထွက်နေခဲ့တယ်။သူ အမှန်တရားကို ဖုန်းကွယ်မနေတော့ပါဘူး..။

"အကြီးအကဲ လု..သူမက အကြီးအကဲ ရှမ်းရဲ့ ဆွမျိုးလေ..ကျွန်တော်..."

ဒီကိစ္စက သူသဘောတူညီ ချင်လို့ မဟုတ်ပါဘူး...အကြီးအကဲ ရှမ်းကို သူမငြင်းပယ်ရဲလို့ပါ..။အခု အခြေအနေက ဒီလိုတွေဖြစ်လာပြီ ဆိုတော့ သူနဲ့ လုံးဝ မသက်ဆိုင်တော့ပေ..။

လုလီ ခေါင်းညိမ့်လိုက်တယ်..။

"အိုကေ..အခုကစပြီး သူမအလုပ်ပြုတ်သွားပြီ..။ကျုပ်တို့ နောက်တစ်ခု စစ်ဆေးပေ..သူမ အလုပ်လုပ်နေစဥ် ကာလအတွငိးမှာ လူဘယ်နှစ်ယောက်ကို အလုပ်ဖြုတ်ခဲ့လဲ ဆိုတာ..။ကုမ္ပဏီက အ ရာကို သူမကိုယ်ကျိုး အတွက် တစ်ခုခုသုံးခဲ့သေးလား..။တကယ်လို့ သူမ လုပ်ခဲ့တယ်ဆိုရင် ဘာဆက်လုပ်ရမယ် ဆိုတာတော့ ထပ်ပြောစရာ မလိုလောက်တော့ပါဘူးနော်.."

အကြီးအကဲ လီ ချက်ချင်းခေါင်းညိမ့်လိုက်တယ်..။

"ဟုတ် ကျွန်တော် သေချာ စစ်ဆေးလိုက်ပါ့မယ်.."

လုလီ ဆက်ပြောလိုက်တယ်..။

"အပြစ်မရှိပဲ ထုတ်ခံလိုက်ရတဲ့ လူတွေကို ဖုန်းပြန်ခေါ်လိုက်ပါ .။သူတို့ အလုပ်မ သေးဘူးဆိုရင် ချက်ချင်းပြန်ခေါ်လိုက်..။သူတို့ အလုပ်ရပြီးပြီးဆိုရင်လည်း သုံးလစာ ပေးပြီး ..သူတို့ကို သေချာ တောငိးပန်လိုက်.."

အကြီးအကဲ လီဟာ နှာဖူးကနေ ခြေမအထိ ချွေးတွေ ထွက်နေခဲ့တယ်..။

"ဟုတ် ကျွန်တော် နားလည်ပါပြီ.."

ကျို့ရူချင် ကြောင်အနေခဲ့တယ်။အခြေအနေက ရုတ်တရက် ဒီလိုပြောင်းလဲ သွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။သူမ တစ်ခုခုပြောလိုက်ချင်ပေမယ့်လည်း စကားလုံးတွေက ထွက်မလားခဲ့ပေ..။

လူလိမ်ထျန်ဟာ လင်းဖန်ရဲ့ ဘေးနားကို သွားလိုက်ပြီး တီးတိုး ပြောလိုက်တယ်..။

"ဒီငနဲက သိပ်တော့ မရိုးရှင်းဘူးနော်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

ဒီလူက သရုပ်ဆောင်နေစရာတောင် မလိုပေ..။သူပြောတဲ့ စကားတွေ လုပ်တဲ့ လုပ်ရပ်တွေ အကုန်လုံးက..ခန့်ညားတဲ့ အရှိန်အဝါတွေနဲ့ပါ..။

အဲ့အချိန်မှာပဲ လုလီဟာ လီဂေါင်ချန်းကို ကြည့်လိုက်တယ်..။

"ခင်ဗျား..."

လင်းဖန် နောက်ဆုံးတော့ ဝင်ပြောလိုက်ပါတယ်..။

"ဒီလူက ဆိုးတော့ မဆိုးပါဘူး.."

လုလီ သူစကားကို ဆက်မပြောတော့ပေ..။သူ လီဂေါင်ချန်းကို လွှတ်ပေးလိုက်တာ ထင်ရှားပါတယ်..။

လီဂေါင်ချန်းရဲ့ နှလုံးသားဟာ အကြီးအကဲ လီ သူ့ကို လက်ညိုးထိုးလိုက်တဲ့ အချိန်မှာ ပေါက်ကွဲ ထွက်လုနီးပါးပါပဲ..။သူ ကြောက်ရွံ့လွန်းလို့ မြေကြီပေါ်တောင် လဲကျပါတော့မယ်။သို့ပေမယ့်..မာစတာလင်းက သူ့အတွက် ဝင်ပြောပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

ဒါက စကားလုံး အနည်းငယ်ပဲ ဆိုပေမယ့်လည်း လင်းဖန်က သူ့အတွကိတော့ ကယ်တင်ရှင် တစ်ယောက်လိုပါပဲ..။

နောင်တ..သူလုပ်ခဲ့တဲ့ အရာတွေကို နောင်တရနေခဲ့ပါပြီ..။

သူသာ စောစောသိခဲ့ရင် မာစတာ လင်းအတွက် ခြေတစ်လှမ်း ဆုတ်ပေးခဲ့့မှာပါ..။

အခု အခြေအနေက ဒီလို ဖြစ်လာပြီ ဆိုတော့ သူဘာပြောပြော အသုံးမဝင်တော့ပေ..။သင့်တော်တဲ့..အဖြေတစ်ခုကိုသာ..မျှော်လင့်ရတော့မှာပါ။

လင်းဖန် လုလီကို ကြည့်ပြီး ပြောလိုက်တယ်။

"ကျွန်တော်ကတော့ ဘာမှထပ်ပြီး ဆွေးနွေးစရာ သိပ်မရှိတော့ ဘူးလို့ ခံစားနေရတယ်နော်..။ကျုပ် ထျန်ဟောင် စီးပွားရေးလမ်းက အကြီးအကဲ ဟောင်နဲ့ စကားပြောပြီး ပြောင်းရွေ့ဖို့ သဘောတူညီ ပြီးသွားပြီ..။ထပ်ပြောရရင် လူတိုင်းနီးပါးကလည်း စာချုပ်မှာ လက်မှတ်ထိုးပြီး ကြပြီးပြီ.."

လုလီဟာ လက်ဟန်ပြလိုက်ပြီး..အကျိူးအမြတ် ဌာနက အလုပ်သမားတွေကို အနားလာဖို့ ပြောလိုက်တယ်။သူတို့ဟာ အနားကို ရိုရိုသေသေလာပြီး စာချုပ်ကို ကမ်းပေးလိုက်ကြပါတယ်။

သူ တစ်ချက်သာ ကြည့်လိုက်ပြီး..သူ အကြီးအကဲ လီဆီကို ပြန်ကမ်းပေးလိုက်တယ်..။

"ဖြဲပစ်လိုက်.."

အကြီးအကဲ လီဟာ လက်နှစ်ဖက်နဲ့ယူပြီး စာချုပ်ကို ဖြဲပစ်လိုက်ပါတယ်။

လုလီဟာ ပြောလိုက်တယ်...။

"ငါ အခြေအနေတွေကို နားလည်ပြီးသွားပြီ..။ငါတို့က တော်တော် ဆိုးဆိုးရွားရွား ကိုင်တွယ်ခဲ့တာပဲ..။စျေးကွက်ကြောင့် ငှားရမ်းခ နှစ်ဆတက်တာက မဖြစ်သင့်ဘူးလေ..ငါ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်.."

လင်းဖန် ပြုံးလိုက်တယ်..။

"အကြီးအကဲ လု..ဒီအတွက်ဆိုရင်တော့ မလိုတော့ပါဘူး..။ကျုပ်တို့ အကုန်ဆွေးနွေးပြီးသွားပြီ...တိမ်ဖြူလမ်းက ခြောက်ကပ်တဲ့ နေရာမဟုတ်ပါဘူး..။ကျုပ်တို့ မရှိရင်တောင် အများကြီး ထိခိုက်စေမှာ မဟုတ်ဘူး.."

သို့ပေမယ့် မြို့သားတွေက လင်းဖန်ကို ဒီစကားပြောဖို့ အခွင့်အရေး မပေးပေ..။

"ဘာကို ​မခြောက်ကပ်ဘူးလဲ..။သူဌေးလေး ထွက်ခွာသွားတာနဲ့ ဒီနေရာမှာ သရဲ​ခြောက်ခံ ရမှာ သိသာနေတာပဲ..။အရင်ကလို စည်ကားတော့မှာ မဟုတ်ဘူး.."

"ဒါအမှန်ပဲ...သူဌေးလေး မရှိရင် တိမ်ဖြူလမိးက ဘာမှမဟုတ်ဘူးဆိုတာ ငါတကယ်ယုံကြည်တယ်.."

"ချစ်လှစွာသော အကြီးအကဲ လု..သူဌေးလေးကို ဒီမှာနေအောင် လုပ်ရမယ်နော်..။တကယ်လို့ သူသာ မရှိရင် တိမ်ဖြူလမ်းဆိုတာက အမှိုက်တစ်ခုလိုပဲ ရှိနေမှာ.."

…

လင်းဖန် မြို့သားတွေကို ကြည့်လိုက်တယ်.။

ကျေးဇူးပြုပြီး အရမ်းကြီး မမြောက်ပင့်လို့ မရဘူးလားကွာ...ဒါက သူ့အတွက် အတော်ကို ရှက်ဖို့ ကောင်းနေမှာပေါ့..

ဒါပေမဲ့ အကြီးအကဲ လု လုံဝ ရှက်ရွံ့မနေဘူးဆိုတာကို သူ ကျိန်းသေ သိပါတယ်..။ဒီလောက် လမ်းသေးသေးလေး ကိုသူက ဂရုစိုက်နေမှာ မဟုတ်ပါဘူး..။သို့ပေမယ့် ဒီအကြီးအကဲ လုက ပြတ်သားတဲ့ စိတ်ဓာတ်တော့ ရှိပါတယ်..။သူ စိတ်ဆုံးဖြတ်ပြီးသွားပြီ ဆိုရင်...သဘောတူညီမူ မရမချင်းနောက်မဆုတ်တော့ပါဘူး..။

ချမ်းသာတဲ့ လူတွေ အကုန် ဒီလို စိတ်သဘောထား ရှိနေတာ ဖြစ်နိုင်မလား ...

သူတို့ လုပ်ချင်တဲ့ အရာဖြစ်မလာဘူးဆိုရင် သူတို့ စိတ်ထဲမှာ သက်တောင့် သက်သာ မရှိတော့ပါဘူး...

လင်းဖန် ပြောလိုက်တယ်...။

"အကြီးအကဲ လီ..ကျွန်တော် တိုက်ရိုက်ပဲ ပြောတော့မယ် ။တိမ်ဖြူလမ်း စတည်ဆောက်တုန်းက..လူတွေ လည်ပတ်မူ အရမ်းများလို့ ငှားရမ်းခတွေ စျေးတက်တာက ပုံမှန်ပဲ..။ဒါပေမဲ့ နောက်ပိုင်းမှာ..တစ်ခြား စီးပွားရေးလမ်းတွေ ပေါ်လာလို့ ခြောက်ကပ်သွားပေမယ့်လည်း...ငှားရမ်းခက လျော့ကျမသွားဘူး..။အခု လည်ပတ်သူ ပြန်များလာတဲ့ အချိန်ကျမှ တိုးတောငိးမယ် လာလုပ်လို့တော့ မရဘူးလေ..။ထပ်ပြောရရင် ကျုပ်တို့က..ထျန်ဟောင် စီးပွားရေး လမ်းက အကြီးအကဲ ဟောင်နဲ့..ဆွေးနွေးပြီးသွားပြီ..။ကျုပ်သူ့ကို မစောင့်ခိုင်းထားနိုင်ဘူလေ..."

အဖွဲ့အစည်းကြီး တစ်ခုရဲ့ အောင်မြင်တဲ့ ခေါင်းဆောငိ တစ်ယောက် အနေနဲ့...လုလီ.ဆိုင်ပိုင်ရှင်တွေကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဒီကိစ္စက စီမံ ခန့်ခွဲမူပိုင်း ညံ့ဖျင်းလို့ ဖြစ်လာရတဲ့ကိစ္စပဲ..။ဒီအတွက်..ကျွန်တော်, လုလီ က အားလုံးကို တောင်းပန်ပါရစေ..။ဒီလို အမှားအယွင်းတွေကြောင့် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်ရပါတယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော် အကုန်လုံးကို သင့်တော်တဲ့ နားလည်မူရအောင် လုပ်ပေးမှာပါ။ကျုပ် မိုးကောင်းကင် အဖွဲ့အစည်းရဲ့နာမည်ကို ကျိန်ပြီး ပြောရရင် အနာဂတ်မှာ ဒီလို အ​ေကြာင်းကျိုး မဆီလျော်တဲ့ ငှားရမ်းခ တိုးတောငိမူ တွေ ရှိလာမှာ မဟုတ်တော့ဘူး..။တကယ်လို့ ဒီလိုသာ ဖြစ်လာရင်..ကျွန်တော် လုလီက ဒီဆိုင်တွေ အကုန်လုံးကို ...နားလည်မူ အဖြစ် အပိုင်ပေးလိုက်ပါ့မယ်.."

ဆိုင်ပိုင်ရှင် တွေ အကုန်လုံး ဒါကို ကြားပြီး ဆွံ့အသွားခဲ့ကြတယ်..။

သူတို့ ဒီလိုမျိုး ကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲ ကိုအမြင်ဖူးကြပါဘူး..။

ဒီစကားတွေက တကယ်မယုံကြည်နိုင်ဖို့ ကောင်းပါတယ်။

လေးနက်တဲ့ အသံနဲ့ လုလီဟာ ပြောလိုက်တယ်..။

"ကျွန်တော် ကျိန်တော့ မကျိန်တော့ဘူး..။ဒါပေမဲ့ ဒါမျိူးထပ်ဖြစ်လာရင်..အခုပြောခဲ့တဲ့ စကားတွေကိုပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး.."

ဆိုင်ပိုင်ရှင် တွေဟာ ပြောလိုက်တယ်..။

"ကျုပ်တို့ မာစတာ လင်းပြောတဲ့ အတိုင်း နားထောင်ပါ့မယ်.."

လင်းဖန် ကြောင်အသွားခဲ့တယ်။

ငါပြောတဲ့ အတိုင်းနားထောင် မယ် ဆိုတာက ဘာသဘောလဲ...

သို့ပေမယ့် ပြသနာကို သူ့ခေါင်းပေါ်တင်ပြီ ဆိုကတည်က သူ​တစ်ခုခု ပြောမှ ဖြစ်ပါတော့မယ်..။

"ကျုပ်ကတော့ တစ်စုံတစ်ယောက်ကို သစ္စာဖောက်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး..."

သူ စကားက ရှင်းလင်းပါတယ်..။သူ အကြီးအကဲ ဟောင်ကို ကတိပေးပြီးပြီဆိုမှတော့..စကားတွေကိုဗလောငိးဗလဲ ပြောလို့ မဖြစ်ပါဘူး..။

လုလီ အကြီးအကဲ လီကို ကြည့်လိုက်ပြီး

"ဟောင်ထျန် စီးပွားရေးလမ်းက အကြီးအကဲဟောင်ရဲ့ ဖုန်းနံပါတ် ကိုသိလား.."

"သိပါတယ် သိပါတယ်.."

အကြီးအကဲ လီ ခေါင်းအလျင်အမြန်ညိမ့်လိုက်တယ်။ယင်းနောက် သူ့ဖုန်းကို အမြန်ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်ပါတယ်။

.

ပြန်ပြန်ဖြေလာခဲ့တယ်။

လုလီဟာ ပြောလိုက်ပါတယ်။

"ဟဲလို..အကြီးအကဲဟောင် ကျွန်တော်က မိုးကောင်းကင် အဖွဲ့အစည်း ဘုတ်ဒါရိုက်တာ တွေရဲ့..သဘာပတိ လုလီပါ..။ကျုပ်တို့ စီမံမူ ညံ့ဖျင်းလို့ တိမ်ဖြူလမ်းမှာ အခက်အခဲ လေးတွေ ရှိခဲ့ရတယ်။မာစတာ လင်းနဲ့ ခင်ဗျား ဆွေးနွေးထားတာလေးကို ကျွန်တော်တို့ မျက်နှာထောက်ပြီး ပယ်ဖျက်ပေးလို့ ရနိုင်မလား.."

လင်းဖန် လှောင်ရယ်လိုက်တယ်။ဒီ မအိမ်လုံးက ဖုန်းတိုက်ရိုက်ခေါ်ပြီး..အကုန်လုံးကို ဆက်နေဖို့ တွန်းအား ပေးချင်နေတာပါ။

သိပ်မကြာခင်မှာပဲ ဖုန်းချလိုက်တယ်။

အကြီးအကဲ ဟောင် သဘောတူလိုက်ပြီ ဆိုတာ လင်းဖန် သိလိုက်ပါတယ်။

လုလီပြောလိုက်တယ်။

"မာစတာ လင်း..ဒါက ကျွန်တော်တို့ အမှားပါ..။ဒီျတာ့ နားလည်မူအဖြစ် တိမ်ဖြူလမ်းအတွက် ငှားရမ်းခကို နှစ်နှစ် အခမဲ့ပေးမယ်။ပြီးရင်..ငှားရမ်းခမြင့်တက် မူကို တစ်နှစ်စီတိုင်းမှ အလွန်ဆုံး..ငါးရာခိုင်နှုန်း ပဲတက် မယ်။ဘယ်လိုထင်လဲ..."

လင်းဖန် ဘာမှ ပြန်မဖြေပဲ ဆိုင်ပိုင်ရှင်တွေကို ကြည့်လိုက်ပါတယ်။

"ခင်ဗျားတို့ ဘယ်လိုထင်လဲ..."

သူတို့ ပြန်ဖြေလိုက်ကြတယ်။

"မင်းပဲ ဆုံးဖြတ်လိုက်ပါ သူဌေးလေး..."

ဒါဆိုလည်းကောင်းပြီလေ..

သူတို့ကို မေးနေလို့လည်း အပိုပါပဲ...

"ငါတို့ ဘာတတ်နိုင်ဦးမှာလဲ..။အကြီးအကဲ လုက ဒီလောက်တောင် နားလည်မူပေးထားမှတော့ ဆက်နေကြတာပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။

တကယ်လို့ လုလီသာ..ကျို့ရူချင်ကို အလုပ်မထုတ်ဘူးဆိုရင် သူပိုကောင်းတဲ့ အခြေအနေ နဲ့ ကမ်းလှမ်းရင်တောင် သူနေမှာ မဟုတ်ပါဘူး...။

ဆိုင်ပိုင်ရှင်တွေဟာ ပြန်ဖြေလိုက်ကြတယ်။

"ငါတို့ သူဌေးလေး ပြောတဲ့ အတိုင်းပဲ လုပ်ကြမယ်"

လင်းဖန် : "........"

[လီဂေါင်ချန်း နဲ့ အကြီးအကဲလီ က နှစ်ယောက်ဖြစ်နေပါတယ်..။စာရေးဆရာ မှားရေးတာလား မသိ]

All Chapters