← Chapters

အစာကျွေးဖို့ အချိန်ပဲ..

Vol. 18 Ch. 270

အစာကျွေးဖို့ အချိန်ပဲ..

Vol. 18 Ch. 270

[ ဒီအပိုင်းလည်း သည်းခံဖတ်ကြပါ..။မာစတာ လင်းက တိမ်ဖြူလမ်းမှာ မနေပြန်တော့ဘူးတဲ့..]

လုလီဟာ အစက လင်းဖန် ပုံစံကို ကြည့်ပြီး ဆက်နေမယ် လို့ထင်ခဲ့ပေမယ့် လင်းဖန်ရဲ့ စဥ်းစားနေတဲ့ အမူအရာကို မြင်လိုက်ရပြီး အံ့ဩစွာမေးလိုက်တယ်..။

"မင်းက စဥ်းစားနေသေးတာလား.."

လင်းဖန်ပြုံးလိုက်တယ် .။

"စဥ်းစားစရာ မလိုတော့ပါဘူး.."

လုလီဟာ လက် မလျော့ချင်ပေ..။

"နှစ်နှစ် အခမဲ့ ပေးနေမယ်.."

"အမ်.."

"အနာဂတ်မှာလည်း ငှားရမ်းခ ထပ်တက် မှာမဟုတ်တော့ဘူး.."

လုလီ ထပ်ပေါင်း ပြောလိုက်တာပါ..။

တူညီတဲ့ အပြုံးနဲ့ပဲ လင်းဖန် မတူညီစွာ ခေါင်းညိမ့်လိုက်တယ်။

တိတ်ဆိတ်မူ...

လီဂေါင်ချန်းနဲ့ ကျန်တဲ့ လူတွေဟာ ဘာပြောရမှန်း မသိတော့ပါဘူး..။သူတို့ အခြေအနေကို နားလည်နိုင်ကြတော့ပေ..။အကြီးအကဲ လုက ဒီလောက်အထိ ကောင်းမွန်တဲ့..ကမ်းလှမ်းမူတွေ လုပ်နေပေမယ့် အငြင်းခံနေရပါသေးတယ်..။

ပြီးတော့ ဆိုင်ပိုင်ရှင် တွေကလည်း ဘာမှ နားမလည်တဲ့ ငတုံးတွေ အတိုင်းပါပဲ..။

သူတို့ဟာ သူတို့ စဥ်းစားဖို့ ဥိးနှောက် မရှိကြတော့ဘူးလား...

သူတို့က ဘာလို့ မာစတာ လင်းသွားတဲ့ နေရာကို လိုက်ဖို့လိုနေတာလဲ...

ဒါပေါ့..ဆိုင်ပိုင်ရှငိတွေ သူဌေးလေးအပေါ်မှာ ဘယ်လောက်တောင် ယုံကြည်ကြလဲ ဆိုတာတော့..လီဂေါင်ချန်း မသိထားပါဘူး.။ဆိုင်ပိုင်ရှင်တွေ အတွက်ကတော့..တောင်ဘက်ပဲပြောင်းပြောင်း မြောက်ဘက်ကိုပဲ ပြောင်းပြောင်း..မာစတာ လင်းနောက်ကို လိုက်နသ၍ ဘာမှခံစားကြရမှာ မဟုတ်ပါဘူး..။

ဒါက လည်း မာစတာ လင်း စွမ်းဆောင်ပြခဲ့တဲ့ အရည်အချင်း တွေကြောင့်ပါ..။

လုလီ ဟာ..ပထမဆုံး အကြိမ်အကူညီ မဲ့သလို ခံစားလိုက်ရတယ်..။ဒါက သူမျှော်မှန်းထားတဲ့ အတိုင်း လုံးဝ မတူပါဘူး..။

လင်းဖန် ပြောလိုက်ပါတယ်။

"ခုနက စာချုပ်ကို ဖြဲမပစ်သင့်ဘူး..။အခု အသစ်တစ်ခု ပြန်လုပ်ရတော့မယ်..ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်လဲ..."

လင်းဖန် သူ့အကြည့်တွေကို လူအုပ်ကြီးဆီကို လွှဲလိုက်ပြီး...

"အားလုံးပဲ..အထုတ်တွေ သိမ်းလိုက်ကြတော့လေ..။ကျုပ်တို့ မကြာခင်ပြောင်းရွေ့ကြတော့မှာ..။ဆိုင်အသစ်ပြင်ဆင် ဖို့ကလည်း အချိန်လိုအပ်သေးတယ်။အရမ်း ကြံ့ကြာနေလို့ မကောင်းဘူး.."

ဆိုင်ပိုင်ရှင် တွေဟာ ခေါင်းညိမ့်လိုက်တယ်။

"စိတ်မပူပါနဲ့ သူဌေးလေး..။ကျုပ်တို့ ဘာပြသနာမှ မရှိအောင် လုပ်ထားလိုက်ပါ့မယ်.."

လင်းဖန် ခေါင်းညိမ့်ပြီး လုလီကို ပြောလိုက်တယ်။

"ကျွန်တော် တောင်းပန်ပါတယ်..အကြီးအကဲလု..ဒါပေမဲ့..ကျွန်တော်ဆုံးဖြတ်ပြီးသား ဖြစ်နေလို့ပါ..။အနာဂတ်မှာ အခွင့်အရေးရှိမှ ပူးပေါင်းကြရအောင်.."

လုလီဟာ လင်းဖန်ကို ကြည့်နေခဲ့တယ်။သူ့စိတ်ထဲမှာတော့ တကယ်လက် မလျော့ချင်ပါဘူး..။သူကိုယ်တိုင်ရောက်လာတာတောင် မဖြေရှင်းနိုင်ဖြစ်ရမယ်လို့ မထင်ထားခဲ့ပေ။ဒီကောင်လေးရဲ့ အတွေအခေါ်တွေက အတော်ကို ထူးဆန်းလှတာပါ..။ဒါက သူတွေဖူးတဲ့ လူတွေနဲ့ တခြားစီပါပဲ.။

"မင်း တကယ် ပြန်မစဥ်စားချင်တော့ဘူးလား..."

လုလီ..နောက်တစ်ကြိမ်ထပ်မေးလိုက်တယ်။

"တကယ်.."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တာပါ..။ဒီကိစ္စက အဆုံးသတ်ပြီ ဆိုမှတော့..ဘာမှ ပြန်စဥ်းစားဖို့ မလိုတော့ပါဘူး..။

လုလီဟာ အလွန်ပြင်းထန်တဲ့ လက်သီးနဲ့ ဝါဂွမ်းစကိုထိုးနေသလို အသုံးမဝင်ခံစားလိုက်ရတယ်။ဒါက သူပြသနာကို မ​ဖြေရှင်းနိုင်သလို..ဖြစ်ရတဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံသားရတာပါ..။

ဒါမျိူး အရင်တုန်းက မဖြစ်ဖူးခဲ့ပေ..။

အရမ်းတောင်းဆိုမူတွေများ တဲ့ ကာစတန်မာတွေ ဆိုရင်​ေတာင် သူငြင်းပယ်လို့ မရတဲ့..အကျိုးအမြတ်တွေနဲ့ ကမ်းလှမ်းလို့ရပါသေးတယ်။

ပိုက်ဆံကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာတွေ အကုန်လုံးက တကယ်တော့ ပြသနာ မဟုတ်ပါဘူး..။တကယ်လို့ မဖြေရှင်းနိုင်ဘူး ဆိုရင်တောင် ဒါက ပိုက်ဆံ လုံလုံလောက်လောက် မရှိလို့ပါပဲ..။

သို့ပေမဲ့ အခုတော့ သူလက်လျော့ရပါတော့မယ်။ဒီပြသနာက ပိုက်ဆံကြောင့် ဖြစ်ပေါ်ပေမယ့်လည်း..သူမဖြေရှင်းနိုင်တော့ပေ။

လုလီ လင်းဖန်ကို စိုက်ကြည့်နေခဲ့ပေမယ့် အဆုံးမှာ​ေတာ့ ဘာမှမပြောတော့ပေ..။ပြီးမှ ..သူ့လက်အောက်ငယ်သားတွေကို စာချုပ်ကို အဆုံးသတ်ဖို့နဲ့ ငှားရမ်းခကို..တစ်နှစ်စာ ပြန်ထုတ်ပေးလိုက်ဖို့ မှာကြားလိုက်ပါတယ်။

လင်းဖန် သူ့စိတ်အတိုင်းသာဆိုရင် ပြန်အမ်းငွေကို လက် မခံချင်ပေမယ့်လည်း..တစ်ခြားဆိုင်ပိုင်ရှင် တွေ အတွက်စဥ်းစားပြီး ဘာမှမပြောတော့ပဲ..။ဘာပဲဖြစ်ဖြစ် ဆိုင်အသစ်ပြင်ဆင်ဖို့က ငွေကုန်ကြရဦးမှာပါ..။

လုလီ လက်လျော့ကာ ပြောလိုက်တယ်။

"ကောင်းပြီ အနာဂတ်မှာ အခွင့်အရေးရှိတဲ့ အချိန်ကြမှ ပူးပေါင်းကြတာပေါ့..။ဒီတစ်ခါမှာတော့ မိုးကောင်းကင် အဖွဲ့အစည်းရဲ့ စီမံမူ ညံ့ဖျင်းတာကြောင့် ပြသနာ ဖြစ်ရပြီ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။

"ဒါပေါ့..မိုးကောင်းကင်..အဖွဲ့အစည်းမှာ ခင်ဗျားလို ခေါင်းဆောင်မျိူး ရှိနေမှတော့ အနာဂတ်မှာ ဒီလိုပြသနာ မျိူး ရှိမှာ မဟုတ်ဘူဆိုတာ ကျွန်တော် ယုံကြည်ပါတယ်.."

ရှင်းယု ကုမ္ပဏီထွက်ခွာသွားပြီးနောက်..။

လင်းဖန် နဲ့ မြို့သားတွေပဲ ကျန်ခဲ့ကြပါတော့တယ်။

"သူဌေးလေး တကယ်ထွက်သွားတော့မှာလား..။ငါတို့ တကယ်ဝမ် နည်းနေပြီနော်.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဟုတ်တယ် .ကျုပ်ထွက်သွားတော့မယ်။ဒါပေမဲ့ အရမ်းလည်း ဝမ်းမနည်းကြပါနဲ့..ကျုပ်နိုင်ငံခြား ကိုသွားတာမှ မဟုတ်တာ..။ကျွန်တော် ရှန်ဟိုင်းမှာပဲ ရှိနေဦးမှာပဲ..။အခွင့်အရေးရမယ် ဆိုရင် လာလည်ကြပေါ့..။အမြဲတမ်း ကြိုဆိုနေမှာပါ..။

မြို့သားတွေဟာ ပြောလိုက်တယ်..။

"သူဌေးလေး ဒါက မင်းရဲ့ ဆုံးဖြတ်ချက် ဆိုတော့ ငါတို့ မင်းကို မလေးမစား မလုပ်တော့ပါဘူး...။ဒါပေမဲ့ ဒီနေ့အတွက် အကန့်အသတ်ကို ပယ်ဖျက်ပေးလို့ရမလား..ငါတို့ နောက်ဆုံး အကြိမ်ပန်ကိတ်စားရအောင်.."

လင်းဖန် လူအုပ်ကြီးကို ကြည့်ကာ ရယ်မောလိုက်တယ်..။

"ကောင်းပြီလေ..ပြသနာ မရှိဘူး..။ဒီနေ့ အကုန်လုံး စားခွင့်ရစေရမယ်..။ကျုပ်အကုန်လုံးကို သတိရနေမှာပါ.."

မြို့သားတွေဟာ ပြန်ဖြေလိုက်တယ်။

"ငါတို့လည်း လွမ်းနေမှာပါ သူဌေးလေး..။တကယ်လို့ အချိန်ရှိတယ် ဆိုရင် ...ထျန်ဟောင် လမ်းကို ကျိန်းသေ လာတွေ့ပါ့မယ်.."

ကျောက်ကျန်းယန်ဟာ သူ့ဖုန်းကို ကိုင်ထားပြီး ပြောလိုက်တယ် ...။

"အားလုံးပဲ နောက်ဆံူး အဖြေကို တွေ့ကြပြီ မလား..။ကျုပ်တို့ နေရာအသစ်ကို ပြောင်းရွေ့ကြတော့မှာ..။ဟောင်ထျန် စီရင်စုက ပရိတ်သတ်တွေတော့..ဝမ်းသာကြရတော့မယ်။တစ်ကယ်လို့ အစ်ကို ယန်ကို တွေ့ချင်တယ် ဆိုရင် လာခဲ့ကြနော်..။အစ်ကိုယန် မင်းတို့ကို စောင့်နေပါ့မယ်.."

တိုက်ရိုက်ထုတ်လွင့်မူထဲက တစ်ချို့လူတွေဟာ ပျော်ရွှင်နေခဲ့ကြပါတယ်။

"ဟားဟား..မာစတာ လင်းက နောက်ဆုံးတော့ ရောက်လာပြီ.."

"ဟောင်ထျန် စီရင်စုက နောက်ဆိုရင် ပိုပြီး စည်ကားလာတော့မှာ..။ဒါပေမဲ့ ငါတို့ မာစတာ လင်းရဲ့ ပန်ကိတ်ကို စွဲလမ်းသွားရင် ဘယ်လိုလုပ်ကြမလဲ.."

…

လူလိမ် ထျန် ဆိုင်ကို ပြန်ကြည့်လိုက်တယ်။

"နေရာအသစ်ကို ရောက်ရင်တော့..ငါတို့ ဆိုင်ကြီးကြီး ဆောက် မှဖြစ်မယ်.."

ဝူယူလန် ခေါင်းညိမ့်သဘောတူလိုက်တယ်...။

"ဟုတ်တယ်..အဲဒါမှ ပိုပြီး အဆင်ပြေမှာ..."

ဝူတန်ဟီကတော့ ဘာမှမပြောပေ..သူမရဲ့ သမီးကိုသာ ကြည့်ပြီး ပြုံးနေခဲ့ပါတယ်..။သူ လက်ရှိဘဝကို အသားကျနေပြီဖြစ်ပြီ..သူမသမီးရဲ့ အနာဂတ်ကို ပြောင်းလဲ နိုင်တာကတော့ အတိုင်းထက်အလွန်ပါပဲ..။လက်ရှိအချိန်မှာ..သူဟာ လွတ်လပ်ပြီး စိတ်ချမ်းသာတဲ့ ဘဝမှာ ရှိနေခဲ့ပါပြီ။

မာစတာ လင်းနဲ့ အတူတူ အရာရာကို ရင်ဆိုင်ကျော်ဖြတ်နေရတာက..သူ့ရဲ့ ငယ်ရွယ်ပြီး အောင်မြင်တဲ့ ဘဝကို ပြန်ရောက်သွားသလို ခံစားရပြီး..ဗေဒင်ပြန်တွက်နေရသလိုပါပဲ..။

အဲ့အချိန်မှာပဲ အပြင်ဘက်ကနေ မြေကြီးတောင် တုန်ခါတဲ့ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တယ်။

"ချီးပဲကွာ..မာစတာ လင်းက ဒီနေရာမှာ ထပ်မရှိတော့ဘူး ဆိုတော့..ငါ့ အသဲနှလုံးတွေတော့ ကွဲပါပြီ.."

"ဒီနေ့ရဲ့ ပန်ကိတ်တွေကတော့ အရင်နေ့တွေကထက် ပိုပြီးအရသာ ရှိနေတော့မှာပဲ.."

"ငါ ဟောင်ထျန် စီရင်စုကို ပြောင်းပြီးတော့ အလုပ်ရှာတော့မယ်..။အဲတာမှ မာစတာ လင်းနဲ့ အိမ်နီးချင်းတွေ ဖြစ်လာမှာ.."

"အလုပ်က ရှာရတာလွယ်တယ်..ဒါပေမဲ့ ဒီလောက်အရသာရှိတဲ့ ပန်ကိတ်တွေက ရှာရတာ တကယ်မလွယ်ကူဘူး..။ဒီလို အရသာရှိတဲ့ ပန်ကိတ်တွေ အတွက် ငါ..အလုပ်ပြောင်းပြီး..နေရာပါရွေ့ဖို့ ဆံူးဖြတ်လိုက်ပြီ.."

လင်းဖန် အကူညီမဲ့နေခဲ့တယ်..။အဆုံးမှာတောင်..သူတို့က သူ့ကို ချစ်ကြတာမဟုတ်ပဲ..သူ့ရဲ့ ပန်ကိတ်တွေကိုပဲ ချစ်ကြတာပါ..။အမှန်တရားက သူ့နှလုံးသားကို နာကျင်စေရပါတယ်။

သူ ခြောက်နာရီ အထိ ပန်ကိတ်တွေ မရပ်မနား လုပ်နေခဲ့တယ်..။

ပါဝင်ပစ္စည်းတွေ ကုန်သွားတဲ့ အချိန်ကြမှ သူလည်း အနားရပါတော့တယ်။သူ့ရဲ့ အံ့ဆွဲထဲမှာ ပြည့်နေတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး သူ ပန်ကိတ်ဘယ်လောက်တောင် လုပ်ခဲ့လဲဆိုတာ ပြန်တောင် မစဥ်းစားနိုင်တော့ပေ။

ပိုက်ဆံရတာက အရမ်းမြန်ပေမယ့်လည်း..အတော်ပင်ပန်းရတာပါ..။

ဒါ​ေကြာင့် နေရာသစ်ကို ရောက်ရင်လည်း တစ်နေ့ပန်ကိတ် ဆယ်လုံးပဲ ရောင်းတာက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်မှာပါ..။တစ်နေ့ အလုံး နှစ်ဆယ် ဆိုတာကလည်း ဆိုးတော့မဆိုးပါဘူး..။ဒါက အနည်ငယ် ပင်ပန်းပေမယ့် ဝင်ငွေတော့ နည်းနည်းပိုရပါတယ်။

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ ဆိုင်ရှေ့မှာ ပေါ်လာခဲ့တယ်။

"မင်းတကယ် ပြောင်းရွေ့တော့မှာလား.."

ဝမ်မင်ယန် ဝိုက်ဘို ပေါ်က ပို့စ်ကို ဖတ်လိုက် မှသိခဲ့ရတာပါ..။သူ့ ညီအစ်ကို က တကယ်ရွေ့ပြောင်းပါတော့မယ်။သို့ပေမယ့်..ရှန်ဟိုင်းမှာ ရှိနေသ၍ ဘယ်နေရာပြောင်းပြောင်း မထူးခြားပါဘူး..။

လင်းဖန် ပြုံးလိုက်နယ်။

"ဟုတ်တယ် နေရာအသစ်ကိုပြောင်းတော့မှာ..။လူသစ်တွေနဲ့ တွေ့မယ်..ပန်ကိတ်တွေကို ရောင်းမယ်လေ.."

ဝမ်မင်ယန် ပုခုံးတွန့်လိုက်တယ်။

"ဒါကတော့ မင်းသဘာပဲလေ..။ဒါပေမဲ့..နောက်တစ်ခါ..နေရာပြောင်းရင် သေချာ စဥ်းစားသင့်တယ်နော်..။တကယ်လို့ ရှန်ဟိုင်းတစ်ခုလုံးက လူတွေသာ မင်းရဲ့ ပန်ကိတ်ကို စွဲလမ်းသွားခဲ့ရင် မယုံကြည်နိုင်စရာတွေ ဖြစ်လာလိမ့်မယ်.."

လင်းဖန် ရယ်မောလိုက်တယ်။

"ခင်ဗျားက ကျုပ်ကို..မောပန်းပြီး သေစေချင်နေတာလား..။တကယ်လို့ အဲလိုဖြစ်တယ် ဆိုရင်တောင်..ရှန်ဟိုင်း တစ်ခုလုံးက လူတွေ ကျုပ်ဆိုင်ရှေ့မှာ ပန်ကိတ်အတွက် လာတန်းစီဖို့ လိုအပ်လိမ့်မယ်.."

ကျောက်ကျန်းယန် လည်း ဝင်ပြောလာခဲ့တယ်။

"ရှန်ဟိုင်း တစ်ခုလုံးက လူတွေကို ပန်ကိတ်တွေနဲ့ ထိန်းချုပ်ဖို့ ဆိုတာက အတော်ကို စိတ်ဝင်စားဖို့ ကောင်းတယ်နော်..။တွေးမိယုံနဲ့တင် အတော်စိတ်ဝင်စားနေပြီ.."

"အာ.."

လင်းဖန် ကြည့်လိုက်တယ်။

"မင်းက အိပ်မက်မက် နေတာပဲ..။ငါတို့ ဒီည ဘယ်မှာ သွာစားကြမလဲ.."

"နေရာဟောင်းကိုပဲပေါ့.."

ဝမ်မင်ယန် ပြန်ဖြေလိုက်တာပါ..။

"အိုကေ.."

လင်းဖန် မတ်တတ်ထရပ်ပြီး ပြောလိုက်တယ်။

"ကျုပ်တို့ ဆိုင်ပိတ်ပြီး..နေရာဟောင်းမှာ သွားစားသောက်ကြရအောင်.."

လူလိမ် ထျန်အော်လိုက်တယ်.။

"အစားအသောက်ကောင်းလေးတွေ စားရမယ့် အချိန်ပဲ ဟေ့..."

ကျောက်ကျန်ယန်လည်း ရယ်မောနေခဲ့ပါတယ်။ဒီကိစ္စက သူ့အပေါ်မှာ ဘာအကျိုးသက်ရောက် မူမှမရှိပါဘူး..။ဒါက ရက်အနည်းငယ်လောက် အနားယူလို့တောင် ရပါသေးတယ်။

ဒီတောက်ပပြီး..ဇိမ်ရှိတဲ့ နေ့ရက်တွေက အခုက စပြီး စတင်ပါပြီ..။

All Chapters