ဒါက ဗရမ်းဗတာ စျေးမဟုတ်ဘူး
Vol. 18 Ch. 264
ဒီခွေးမ က စောက်ချိုး မပြေတဲ့ လေသံနဲ့ ပြောလာခဲ့တာပါ...။
လင်းဖန် သူမကို တစ်ချက်သာကြည့်လိုက်ပြီး ထပ်ဂရုမစိုက်တော့ပေ။ယင်းနောက်..သူ လီဂေါင်ချန်း ကို ကြည့်လိုက်ပြီး..
"ဒါရိုက်တာ လီ..ဒါက ကျွန်တော် တို့တိုးပေးနိုင်တဲ့ အကောင်းဆုံး ပမာဏပဲ..။မဟုတ်ရင်တော့ ဘာမှ ဆက်ပြောစရာ အကြောင်းမရှိတော့ဘူး..။ခင်ဗျား သွားလို့ရပြီ.."
မြို့သားတွေဟာ စတင်ပြီး စကားပြောလာခဲ့ကြတယ်...။
"သူဌေးလေးက အကောင်းဆုံး လုပ်ပေးထားတာ နော် ...။၃၀ ရာခိုင်နှုန်း ဆိုတာက နည်းတာ မဟုတ်ဘူး.."
"ဟုတ်တယ်...၃၀ ရာခိုင်နှုန်းက ငါတို့ ပေးနိုင်တဲ့ အလွန်ဆုံး စျေးပဲ..။ထပ်ပြောရရင်.သူဌေးလေး တိမ်ဖြူလမ်းမှာ မရှိတော့ ရင်လည်း တိမ်ဖြူလမ်းက နဂိုအတိုင်း ပြန်ဖြစ်သွားမှာပဲ.။အဲ့အချိန်ကျရင်...မင်းတို့ စိတ်ပျက်ပြီး အကူအညီမဲ့နေလိမ့်မယ်.."
"ဒါရိုက်တာ လီ..ကျွန်တော် တို့အကုန်လုံးက ဒီအနားမှာ နေကြတာ..။ခင်ဗျားသာ သူဌေးလေးကို မောင်းထုတ်လိုက်ရင် ကျုပ်တို့ ဒီကိုဘယ်တော့မှ ထပ်လာမှာ မဟုတ်တော့ဘူး..။တိမ်ဖြူလမ်းထက် စျေးဝယ်လို့ကောင်းပြီး စည်ကားတဲ့ နေရာတွေမှ အများကြီးပဲ...သူဌေးလေးသာ မရှိရင် တိမ်ဖြူလမ်းက ဘာမှ မဟုတ်ဘူး.."
လီဂေါင်ချန်းဟာ ဘေးကြပ်နံကြပ် ဖြစ်နေခဲ့တယ်။သူတို့ ပြောနေကြတာက အဓိပါယ်ရှိပါတယ်..။သူကိုယ်တိုင်လည်း ဒီကို လာပြီး မြို့သားတွေကို မြင်တဲ့ အချိန်ကျမှ အခြေအနေကို သိရတာပါ။လက်ရှိ အခြေအနေက သူမျှော်မှန်း ထားတာ နဲ့ လုံးဝကို မတူပေ..။
တကယ်တော့ စီးပွားရေး နေရာတစ်ခုတိုတာက..နေ ရာကောင်းတစ်ခုမှာ မရှိရင်တောင်...အိမ်ယာ နားတွေမှာ ရှိနေသင့်တာပါ။
တစ်ချိန်တုန်းက တိမ်ဖြူလမ်းဟာ စည်ကားခဲ့ပြီး..ေနာက်ပိုင်းမှာ ပိုကောင်းမွန်တဲ့ အပြိုင်အဆိုင်တွေ ပေါ်လာခဲ့လို့..ခြောက်ကပ်သွားခဲ့တာပါ။ဒီလို ပေါ်ပြူလာ ဖြစ်ဖို့က အတော်ခက်ခဲပြီး တိမ်ဖြူလမ်းကို..အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားစေဖို့ သူကိုယ်တိုင်လည်း မလိုလားပေ..။
၃၀ ရာခိုင်နှုန်း..။
ဒါက မာစတာ လင်း ပေးနိုင်တဲ့ နောက်ဆုံးစျေးဆိုတာ လီဂေါင်ချန်း သိထားပါတယ်။အကုန်လုံးက သူ့အပေါ်မှာပဲ မူတည်နေပြီး..သူကိုယ်တိုင်လည်း ဒီအကြောင်းကို တွေးနေတာပါ။
ကျို့ရူချင်..ဟာ သူတို့ ဘေးနားမှာ ရပ်ပြီး ဒေါသ ထွက်နေခဲ့တယ်။ဒီငနဲ က သူမကို လျစ်လျူရူ နေခဲ့တာပါ..။
* ဘန်း *
အချက်အလက် တွေကို စားပွဲပေါ် ပစ်တင်လိုက်တယ်။
ယင်းနောက် သူမဟာ..မောက်မာတဲ့ လေသံနဲ့..
"၃၀ ရာခိုင်နှုန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး..ဒါရိုက်တာ လီ ..သေချာတွေးကြည်ပါဦး...။တကယ်လို့ တစ်ခြားနေ ရာတွေကပါ..သူ့လိုလိုက်လုပ်နေရင် ကျွန်မတို့ ကုမ္ပဏီက ဟာသတစ်ခုလို ဖြစ်လာတော့မှာ.."
"ခင်ဗျားက.."
လင်းဖန် မေးလိုက်တာပါ။
ကျိုု့ရူချင် လင်းဖန်ကို ကြည့်လိုက်တယ်..။
ဒီတော့ ဒါက ကျော်ကြားနေတဲ့ မာစတာ လင်း လား..။သူမ မပျော်မရွှင်ဖြစ်သွားခဲ့တယ်..။ဒီကိစ္စတွေက ဒီကောင်လေး အပေါ်မှာ မူတည်နေတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး..။
"ရှင်းယု ကုမ္ပဏီက ဒါရိုက်တာ ကျို့ပဲ..."
ကျို့ရူချင် ပြန်ဖြေလိုက်တယ် ..။
"ငါပြောလိုက်မယ်..။တိမ်ဖြူလမ်းရဲ့ငှားရမ်းခ စျေးနှုန်းတွေကို လူတစ်ယောက်ကြောင့် မပြောင်းလဲ ပေးနိုင်ဘူး..။ဒါရိုက်တာ လီက အကုန်လုံးကို နေစေချင်လို့ ၈၀ ရာခိုင်နှုနး်နဲ့ ညှိနှိုင်းပေးတာကပဲ..လွန်ရာကျနေပြီ ..၃၀ ရာခိုင်နှုန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး.."
မြို့သားတွေဟာ စိတ်မကောင်း ဖြစ်သွားခဲ့ကြတယ်..။
"မင်းက ဘာလို့ ခေါင်းမာနေရတာလဲ..။၃၀ ရာခိုင်နှုန်း ဆိုတဲ့ ပမာဏ ကတောင် အတော်များနေပြီ..။မင်းတို့က ကိုယ့်လောဘကို မထိန်းနို်င်ဘူးပဲ..."
"အရင်က တိမ်ဖြူလမ်း ဘာလို့ မစည်ကားလဲ ဆိုတာ ငါနားလည်လိုက်ပြီ..။ဒါက ဒီလို အသုံးမကျတဲ့ ဒါရိုက်တာ တွေကြောင့်ပဲ ."
ကျို့ရူချငိဟာ ဒီစကားတွေကို ကြားပြီး ဒေါသထွက်သွားခဲ့တယ်။
"ဒီလို စကားပြောကို ပြောလို့ရလား..။အသုံးမကျတဲ့ ဒါရိုက်တာတွေ ဆိုတာ နင်ဘာကို ပြောချင်တာလဲ..."
မြို့သာတွေဟာလည်း ဒေါသထွက်လာခဲ့တယ်..။
"ဘာဖြစ်လဲ ငါတို့က အမှန်တရားကို ပြောနေတာ..။တစ်ခြား နေရာတွေကို ကြည့်လိုက်ဦး..သူတို့ ငှားရမ်းခကို ဒီလောက်အထိ တိုးတောင်းလားဆိုတာ.."
ကျို့ရူချင် နှာခေါင်းရှုတ်လိုက်တယ်..။
"ငှားရမ်းခတွေ တိုးတောင်းဖို့ ဆုံးဖြတ်တာက ငါတို့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ပဲ .။ငါပြောရင်တောင် နင်တို့ နားလည်မှာ မဟုတ်ဘူး..။ဒီလို ၈၀ ရာခိုင်နှုန်း တိုးတယ် ဆိုတာက မျှတတယ်..။နင်တို့ သဘောတူရင် လက်မှတ် ထိုးလိုက် မဟုတ်ရင် ငွေပြန်အမ်းပေးမယ် လစ်လိုက်တော့..."
"ရှင်းယု အိမ်ခြံမြေ ကုမ္ပဏိက ဘယ်သူ့ကိုမှ လည်း မလိမ်ညာသလို ဖိအားလည်း မပေးဘူး..။တစ်စုံတစ်ယောက်ကြောင့် ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူး..။မင်းတို့ ထိုက်တန်တာထက် ...တစ်ဆင့်တောင် လျော့ပေးမှာလဲ မဟုတ်ဘူး..."
ကျို့ရူချင် ရဲ့ စကားကို ကြားပြီး လူတိုင်း စိတ်မကြည်မလင် ဖြစ်သွားခဲ့တယ်။
"နင်က အတော် အကြောင်းကျိုး မဆီလျော်တဲ့ မိန်းမပဲ..။သူဌေးလေးနဲ့ ကျန်တဲ့ လူတွေ ထွက်သွားပြီးသွားရင် ငါတော့ ဒီလမ်းကို ခြေဦးတောင် လှည့်တော့မှာမဟုတ်ဘူး..။ဒါက ဘာမှ ပေါ်ပြူလာဖြစ်မှာ မဟုတ်ဘူး.."
မြို့သားတစ်ယောက်ဟာ ဒေါသထွက်စွာ ပြောလိုက်တာပါ..။
ကျို့ရူချင် လက်ကို ဝေ့ယမ်းလိုက်တယ်..။
"လူစည်းကားတာ နဲ့ ပတ်သက်ပြီး နင်တို့ ဘာမှပြောစရာ အကြောင်းမရှိဘူး..ရှင်းယု ကုမ္ပဏီကလည်း ဘာအမှားမှ မလုပ်ထားဘူး.. ။ငါတို့ တိုးတောင်းတဲ့ ပမာဏက သင့်တော်ပြီးသား..။တိမ်ဖြူလမ်း မစည်ကားလို့လည်း ဘာမှမဖြစ်ဘူး..ငါတို့ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို လွမ်းမိုးဖို့ လာ မကြိုးစားနဲ့..."
လီဂေါင်ချန်း မျက်မှောင်ကျုတ်လိုက်တယ်..။
"ဒါရိုက်တာ ကျို့ မပြောနဲ့တော့ ...။ပြီးတော့ စာရင်းသွင်းတဲ့ စာအုပ်တွေကိုလည်း ဘာလို့ ယူလာတာလဲ..။အခုထိ အခြေအနေ တစ်ခုလုံးကို အဖြေမထုတ်ရသေးဘူးလေ...။ကျေးဇူးပြုပြီး ရုံးခန်းကို ပြန်နှင့်ပါ.."
ကျို့ရူချင် လက်ဝေ့ယမ်းလိုက်တယ်။
"နင်တို့ အကုန်ဒီမှာပဲနေ..။ဒီနေ့ ဒီကိစ္စကို အပြတ်ဖြတ်မှ ရမယ်..."
အလုပ်သမားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာလုပ်ရမလဲ မသိဖြစ်နေခဲ့တယ်..။
ဒါက ငါတို့ကို ခက်ခဲအောင် လုပ်နေကြတာ မဟုတ်ဘူးလား...
လင်းဖန် လီဂေါင်ချန်းကို ကြည့်လိုက်တယ်..။
"ဒါရိုက်တာလီ ဘယ်လိုဖြစ်ချင်လဲ ဆိုတာကို ပြောကြည့်ပါ..။ခင်ဗျား ကျုပ်တို့ ကမ်းလှမ်းချက်ကို လက်ခံနိုင်မလား..။မဟုတ်ရင် ကျုပ်တို့ စာချုပ်ဖျက်သိမ်းပြီး ငါးရက်အတွင်း ထွက်သွားပေးပါ့မယ်..။ဒီနေရာမှာ ထပ်နေမှာ မဟုတ်တော့ဘူး..."
"ဒါက ..."
လီဂေါင်ချန်...ဘေးကြပ်နံကြပ် ဖြစ်နေခဲ့တယ်..။
"မာစတာ လင်း ..ကျွန်တော်တို့ နောက် မှ ထပ်ဆွေးနွေးတာပေါ့..။ကျွန်တော်တို့မှာ ဆွေးနွေးစရာလေးတွေ ရှိသေးတယ်..."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီလေ..ဒါက ကောင်းပါတယ်.."
ဆွေးနွေးလို့ ရနေတဲ့ အခြေအနေမှာ ကောင်းကောင်းမွန်မွန် ဆွေးနွေးသင့်ပြီး..ဖိအားမပေးသင့်ပါဘူး...။
ယင်းနောက်..ကျို့ရူချင်ဟာ ဝင်ပြောလာခဲ့တယ် ..။
"ဒါရိုက်တာ လီ ..ကျွန်မတို့ ဆွေးနွေးစရာ မလိုတော့ဘူး..။၈၀ ရာခိုင်နှုန်း ဆိုတာက နောက်ဆုံးပဲ..."
လီဂေါင်ချန်း မျက်မှောင်ကျုတ်ပြီး သူမကို ဘေးဘက်ကို ဆွဲခေါ်သွားလိုက်တယ်..။
"ဒါရိုက်တာ ကျို့...။ဒါက ခင်ဗျား တွေးထားသလောက် မရိုးရှင်းဘူနော်..။ဒီလူတွေက ဒီနားမှာ နေတာ မာစတာ လင်းသာ ထွက်သွားရင် တိမ်ဖြူလမ်းတော့ သွားပြီပဲ..."
လီဂေါင်ချန်း ပြောလိုက်တာပါ။
ကျို့ရူချင် လှောင်ရယ်လိုက်တယ်...။
"ရှင်က အတော်စိတ်ပူနေတာပဲ..။ဒါက မြို့သားလေးတွေပဲလေ..။သူတို့က တိမ်ဖြူလမ်းရဲ့ အဓိက ဖောက်သည်တွေလို့ ရှင်ထင်နေတာလား..။ကျွန်မ ၈၀ ရာခိုင်နှုန်းလို့ ရုံခန်းမှာတုန်းက ပြောထားပြီးပြီလေ..ရှင်လည်း သဘောတူခဲ့တာပဲ..။ဒါက ကျွန်မတို့ လက်ခံနိုင်တဲ့ နောက်ဆုံးသတ်မှတ်ချက်ပဲ.."
လီဂေါင်ချန်း လည်း သူမသဘောအတိုင်း လိုက်လုပ်ချင်ခဲ့ပေမယ့် အခြေအနေက ပုံမှန်မဟုတ်ပါဘူး..။
ကျို့ရူချင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ပါ..။တကယ်လို့ ကျို့ရူချင်ကသာ သူ့ရဲ့ အထက်က ဆိုရင် ..သူ ခေါင်းညိမ့်လိုက်ရုံပါပဲ..။ထပ်ပြောရရင် ကျို့ရူချင်ဟာ ဒုတိယ ဥက္ကဌရဲ့ ဆွေမျိုးဖြစ်ပြီး ကုမ္ပဏီမှာ သူမ ဒေါသထွက်အောင် ဘယ်သူမှ မလုပ်ရဲကြပေ...။
သူမကို ဒေါသထွက်အောင် လုပ်တဲ့ လူတွေက အဆုံးမှာ အလုပ်ဖြုတ်ခံရတာနဲ့ပဲ ကြုံခဲ့ကြရတာပါ..။ရွေးချယ်စရာတောင် မရှိကြပေ..။
လင်းဖန်ဟာ ထိုင်ခုံမှာ ထိုင်နေပြီး ဆိုင်ပိုင်ရှင်တွေဟာ သူ့အနားကို ရောက်လာခဲ့ကြတယ်..။
"သူဌေးလေး ဆွေးနွေးမူကဘယ်လို ဖြစ်သွားပြီလဲ.."
.
"မသိဘူး..။ကျွန်တော် ထင်တာတော့ အခြေနေမကောင်းတော့ဘူးထင်တယ်"
လင်းဖန် ပြန်ဖြေလိုက်တာပါ..။
အကြီးအကဲ လိန်ဟာ ပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် အဆိုးဆုံးက တော့ ဒီနေရာကနေ ထွက်သွားလိုက်ယုံပဲ..။ဒါက ပြသနာကြီး မဟုတ်ဘူး.."
သိပ်အကြာခင် မှာပဲ နှစ်ယောက်သားဟာ ပြန်ရောက်လာခဲ့တယ်။
လီဂေါင်ချန်းဟာ ကြည့်လိုက်ပြီး..
"မာစတာ လင်း ၆၀ ရာခိုင်နှုန်း..။ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး လျော့ချထားမူပဲ..."
အချိန်အကြာကြီး စကားပြောပြီးတဲ့ နောက် မှာ..သူ ကျို့ရူချင်ကို သေချာနားချနိုင်ခဲ့တယ်..။သူ မာစတာ လင်းကို တိမ်ဖြူလမ်းက မထွက်သွားစေချင်တော့ ၆၀ ရာခိုင်နှုန်း အထိလျော့ချပေးဖို့ ဆုံးဖြတ်ခဲ့တာပါ..။
လင်းဖန် အကူညီမဲ့စွာ ရယ်မောလိုက်တယ်။
"ဒါရိုက်တာ လီ ..ဒါက ဗရမ်းဗတာ စျေးမဟုတ်ဘူးနော်.."
ကျို့ရူချင်ဟာ ထပ်ပေါင်းပြောလိုက်တယ်..။
"60 ရာခိုင်နှုန်းဆိုတာက နောက်ဆုံးပဲ..။သဘောတူရင် လက်မှတ်ထိုး မတူဘူး ဆိုရင် လစ်လိုက်တော့..။ဒါပေမဲ့ တစ်ခုတော့ သိထား ...။ရှင်တို့အကုန်ထွက်သွားရင်တောင်...နေရာကောင်းတွေမှာ ရနိုင်မှာ မဟုတ်တော့ဘူး...။ရခဲ့ရင်တောင် စျေးနှုန်းတွေကတော့ တိမ်ဖြူလမ်းထက် နည်းမှာ မဟုတ်ဘူး.."
လင်းဖန် ပြန်ဖြေဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ဖုန်းမြည်လာခဲ့တယ်..။
ဒါက သူ မသိတဲ့ နံပါတ်စိမ်း တစ်ခုပါ..။
သူ ဖုန်းကိုင်လိုက်တယ်.။
"ဟိုင်း မာစတာ လင်းလား.."
"ဟုတ်ပါတယ်..ကျွန်တော်ပါ..."
ဟိုင်းမာစတာ လင်း.ကျွန်တော်က ထျန်ဟောင် အိမ်ခြံမြေ ကုမ္ပဏိကပါ..။ကျွန်တော်တို့ နေရာအသစ် ဖန်တီးထားပြီး ဆိုင်တွေ အများကြီးလည်း လိုအပ်နေတယ်..။ကျွန်တော်က ဝိုက်ဘိုပေါ်မှာ မာစတာ လင်းရဲ့ ပရိတ်သတ်ပါ..မာစတာ လင်းနေရာရှာနေတာ ကို ကျွန်တော်သိတယ်..။ဒါကြောင့် မာစတာ လင်း စိတ်ဝင်စားလား ဆိုတာကို ကျွန်တော် သိချင်နေတာ "
လင်းဖန် ဒါကိုကြားပြီး ရယ်မောလိုက်တယ်..။ယင်းနောက် သူတို့ ပြောနေတာ လူတိုင်းကြားအောင် ဖုန်း စပီကာကို ဖွင့်လိုက်ပါတယ်...။
"ဟုတ် စိတ်ဝင်စားပါတယ်.."
လင်းဖန် ပြန်ဖြေလိုက်တာပါ။
ကြည့်ရတာ သူတို့ ခေါင်းစားနေတဲ့ ပြသနာက နောက်ဆုံးတော့ အိုကေ တော့မယ့် ပုံပါပဲ..။