အခန်း (၂၁၁)
Vol. 15 Ch. 211
“ကျွန်တော်ကချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်ပါ...”
ယခင်ကဖှေးထိုကဲ့သို့ပြောသည့်အချိန်တိုင်းတွင် သူအလွန်စိုးမိုးနိုင်သကဲ့သို့ ဂုဏ်ယူစွာဖြင့်ခံစားရသည်။ အနည်းငယ်ချဲ့ကားပြောပါက သူ့ပတ်၀န်းကျဥ်တစ်၀ိုက်တွင်
အရှိန်၀ါများတောက်ပသွားသကဲ့သို့ပင်ခံစားရသည်။ သို့သော် ယခုအချိန်တွင်ပြောသည့်အချိန်တွင်မူ သူရှေ့တွင်ရှိသည့်လူနှစ်ယောက်ကိုသာကြည့်နိုင်တော့သည်။
သို့သော် အဖိုးကြီးဇိုလာရစ်မှာ ချက်ချင်းပင်ကြက်သေသေသွားသည်။
သူ၏မျက်နှာပေါ်တွင်ရှိသည့် အမူရာမှာ မျှော်လင့်ချက်ကင်းမဲ့နေရာမှ အံ့ဩသည့်ဟန်သို့ပြောင်းလဲသွားသည်။ ပျော်ရွှင်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ ဖော်ပြ၍မရ
နိုင်သောစိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နှက်သွားသည်။ အနိုင်ကျင့်ခံနေရသောကလေးငယ်တစ်ယောက်သည် နောက်ဆုံးတွင်သူ၏ မိဘများကိုမြင်တွေ့လိုက်ရသကဲ့သို့ပင်
ဖှေး၏ပေါင်ကိုဖက်တွယ်ကာ ငိုကြွေးတော့သည်။
သူရုတ်တရက်ပင် ယခင်ကထိန်းချုပ်ထားခဲ့သည့် ခံစားချက်များကို ဖောက်ချလိုက်တော့သည်။
အဘိုးကြီး၏အသံမှာ သူ၏လျှာပြန်လည်မပေါက်လာသေးသကဲ့သို့ပင် ခြောက်ကပ်ကာကွဲအက်အက်ဖြစ်နေ၏။ သူ၏လည်ပင်းမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အ
သံဖြစ်သည်။ သေခါနီးသားရဲတစ်ကောင်၏ အော်ဟစ်ငိုကြွေးသံကဲ့သို့ပင်။ ဖှေးငိုကြွေးသည့် ယောက်ျားများကို ယခင်ကသဘောမကျသော်လည်းယခုအချိန်တွင်မူ
သူ၏မျက်လုံးများပင် အနည်းငယ်မျက်ရည်များဖြင့် စိုစွတ်လာ၏။
ပိန်ကပ်နေသည့် လူငယ်လူကာမှာ အဘိုးကြီး၏ဘေးတွင် လုံး၀ကျက်သေသေနေတော့သည်။
“သူက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်လား...”
“သူက သူတော်စဥ်ဥပဒေတွေကိုချမှတ်ခဲ့တဲ့ သူတော်စဥ်ဘုရင်လား....”
“သူက ဦးလေးဇိုလာရစ်ပြောပြောနေတဲ့တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ကိုအနိုင်ယူခဲ့တဲ့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်လား...”
“ဟုတ်တယ်..” မိုဒါရစ်ပိုပြီးတွေးလေလေ သူပို၍နားလည်လာလေလေဖြစ်သည်။ “သူပဲဖြစ်ရမယ်..ငါတို့ရဲ့ချမ်းဘော့ဒ်ဘုရင်ကလွဲပြီး ဘယ်သူက ငါ့ကိုသာမ
န်လူငယ်လေးတစ်ယောက်အတွက်နဲ့ စွမ်းအားကြီးစစ်သည်တွေနဲ့အတူရောက်လာပြီး မကောင်းဆိုး၀ါးတွေကို သတ်ခဲ့မှာလဲ...ဘယ်သူကရော သေခါနီးဖြစ်နေတဲ့အ
န်ကယ်ဇိုလာရစ်ကို နတ်ဘုရားတစ်ပါးလိုကုသပေးနိုင်မှာလဲ...”
“သူကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး...”
ပိတ်ကပ်နေသောကောင်လေး၏ခန္ဓာကိုယ်တွင် ကြီးမားသည်စိတ်ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
“အရှင်မင်းကြီး...အရှင်..အရှင်နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့...” ဤသည်မှာ အဖိုးကြီးဖှေးကို ပထမဆုံးပြောသည့် စကားဖြစ်သည်။ ဇိုလာရစ်မှာ
အတွေ့ကြုံများစွာရှိသည့် ဉာဏ်ပညာမြင့်မားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ အချိန်ခနခန့်ကြာပြီးသည့်နောက်တွင် သူ၏တည်ငြိမ်မှုများမှာ ပြန်လည်ကာရောက်
ရှိလာပြီဖြစ်သည်။ သူ၏ရှုံ့တွနေသာမျက်နှာပေါ်တွင် မျက်ရည်များစီးကျလာလျှက်ကျဥ်းထဲတွင် စုပုံနေသည့် အလောင်းများကိုညွှန်ပြလိုက်သည်။ ထို့နောက်တွင်
သူ၏မျက်လုံးများထဲတွင် ဒေါသများ၊ အမုန်းတရားများဖြင့် ပြည့်နက်လာကာပြောလိုက်သည်။ “ဒါတွေအကုန်လုံးက ကျွန်တော်တို့ချမ်းဘော့ဒ်က လူတွေပါ...”
“ဘာ...” ဖှေးထိတ်လန့်အံ့သြသွားသည်။ သူနားကြားမှားလိုက်သကဲ့သို့ပင် ခံစားလိုက်ရသည်။ “အကုန်...သူတို့တွေအကုန်လုံးလား...”
ကျဥ်းထဲတွင် အလောင်းများမှာ ထောင်ချီကာရှိနေကြသည်။ ဒဏ်ရာများကို ကြည့်ရှုခြင်းအားဖြင့် သူတို့အားလုံးအားသေတဲ့အထိနှိပ်စက်ထားခြင်းဖြစ်သည်မှာ ထ
င်ရှားသည်။ ခြေလက်များအစုံလင်ပါရှိသည့် အလောင်းဟူ၍မရှိပေ။ မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။ ဖှေးဤကျင်းကို မိုင်းတွင်းထဲတွင် မောပန်လွန်း၍သော်
လည်းကောင်း၊ နှိပ်စက်ခံရ၍သော်လည်းကောင်းသေဆုံးသွားကြသည့် လူများကိုစွန့်ပစ်သည့်နေရာဟုထင်နေခဲ့သည်။ သို့သော် ထိုသေဆုံးနေကြသည့်အလောင်းများ
အကုန်မှာ ချမ်းဘော့ဒ်တိုင်းပြည်မှ လူများပင်။ မည်သည့်အချိန်ကတည်းက ချမ်းဘော့ဒ်မှ လူပေါင်းများစွာသည် ဤနေရာတွင် ကျွန်ပြုခံနေရသည်ကို မသိချေ။
“လွန်ခဲ့တဲ့နှစ်တွေအကုန်လုံးမှာ မဟူရာတိုင်းပြည်က ဒီကိစ္စတွေနောက်ကွယ်က တာ၀န်ခံပါ...အနည်းဆုံးချမ်းဘော့ဒ်တိုင်းပြည်က လူ၃၀၀၀ လေးထောင်လော
က်ကို ကျွန်ကုန်ကူးကြတဲ့ကြေးစားစစ်သည်အဖွဲ့တွေက ဖမ်းဆီးပြီးတော့ မဟူရာတိုင်းပြည်ကို ရောင်းစားခဲ့ကြတာ။ သူတို့တွေအကုန်လုံးကို ဒီနေရာက မိုင်းတွင်း
တွေထဲမှာ အလုပ်လုပ်ဖို့ခေါ်လာကြတယ်...လွန်ခဲ့တဲ့သုံးနှစ်လောက်က ဒီကိုခေါ်လာခံရတဲ့လူတွေအကုန်လုံးလဲ သေကုန်ကြပြီလေ...ဘယ်သူမှ အေးစက်နေတဲ့
မိုင်းတွင်းထဲမှာ အစာငတ်၊ ရေငတ်နဲ့ စစ်သည်တွေရိုက်နှက်တဲ့ဒဏ်ကို မခံနိုင်ကြဘူး...နောက်ပြီး ချမ်းဘော့ဒ်တိုင်းပြည်နဲ့ မဟူရာတိုင်းပြည်က ရန်ညိုးရှိတဲ့တိုင်း
ပြည်တွေဆိုတော့....ချမ်းဘော့ဒ်တိုင်းပြည်က ကျေးကျွန်တွေကတစ်ခြားကျေးကျွန်တွေထက်ပိုပြီး ခံစားရတာပေါ့....သံကြိုးနဲ့တုတ်ပြီးရိုက်ခံရလို့သေတဲ့ချ
မ်းဘော့ဒ်က ကျေးကျွန်တွေကနေ့တိုင်းလိုလိုရှိတယ်...လွန်ခဲ့တဲ့တစ်လလောက်က အရှင်မင်းကြီးရဲ့တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ကို အနိုင်ယူလိုက်တဲ့ သတင်းတွေ
ပြန့်လာတော့ မဟူရာတိုင်းပြည်ဘုရင်ကို ချိမ်းခြောက်ခံရသလိုဖြစ်သွားတယ်...သူ့ရဲ့မခံချင်ဖြစ်တာနဲ့၊ အမုန်းစိတ်တွေရဲ့အောက်မှာ ချမ်းဘော့ဒ်တိုင်းပြည်သားတွေ
ကိုနှိပ်စက်တာတွေကလဲ ပိုပြီးတော့ဆိုးလာတော့တာပါပဲ...လွန်ခဲ့တဲ့ တစ်လအတွင်းမှာတောင် ဒီမကောင်းဆိုး၀ါးတွေက ချမ်းဘော့ဒ်ကလူတစ်ထောင်ကျော်လော
က်ကို အကြောင်းမရှိအကြောင်းရှာပြီးတော့နှိပ်စက်သတ်ဖြတ်ခဲ့ကြတယ်...”
အဖိုးကြီးဇိုလာရစ်၏အတွေးများမှာ ရှင်းလင်းသည်ထက်ရှင်းလင်းလာသည်။ သူမိုင်းတွင်းထဲမှ ချမ်းဘော့ဒ်တိုင်းပြည်မှလူများ၏ဖြစ်ရပ်ဆိုးကို အရိုးရှင်းဆုံးစကား
လုံးများကို အသုံးပြုကာရှင်းပြလိုက်သည်။ ဖှေးကျဥ်းထဲမှ အလောင်းတစ်ခုခြင်းစီကို အသေချာလိုက်ကြည့်လိုက်သည်။ သူ၏မြို့သားတစ်ယောက်ခြင်းစီတိုင်းသည်
ဆိုး၀ါးစွာနှိပ်စက်ခံရပြီးမှာ သေဆုံးသွားကြရသည်မှာထင်ရှားသည်။ ကျဥ်းပေါ်တွင်၀ှေ့၀ိုက်နေကြသည့် ၀ိညင်များကိုပင် မြင်တွေ့နိုင်လုနီးနီးပင်။ သူတို့အားလုံးခံစားနေ
ရစဥ်က ချမ်းဘော့ဒ်ဘုရင်မှာ ဘယ်နေရာသို့ရောက်လဲဟု မေးနေသကဲ့သို့ပင်ဖှေးအပစ်မကင်းသကဲ့သို့ ခံစားနေရသည်။
ခါးသီးသည့်ခံစားချက်သည် ကောင်းကင်သို့ပျံသန်းသွားပြီး မဟူရာခံတပ်မှ စစ်သည်များအားလုံးခံစားလိုက်ရ၏။