← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

ကောင်းကင်မှာ တောက်ပနေသည်။ သို့သော် လေမှာရုတ်တရက်တိုက်ခတ်လာ၏။ ထို့နောက်တွင် ကောင်းကင်တစ်ဖက်ခြမ်းမှ မှောင်မဲနေသည့် တိမ်တိုက်များမှာ စတင်၍ထွက်ပေါ်လာတော့သည်။ မကြာမှီတွင်တိမ်တိုက်များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အရာအားလုံးကိုမှောင်မဲကာသွားစေရန်အတွက် ဖန်တီးလိုက်သည်။ လူတိုင်းကြောက်စရာကောင်းသည် မုန်တိုင်းတစ်ခုချည်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။

“ဘယ်သူတွေအသက်ရှန်သေးလဲ..” ဖှေးမေးလိုက်သည်။ “သူတို့ကရောဘယ်မှာလဲ...”

“လွန်ခဲ့တဲ့လေးရက်လောက်က ချမ်းဘော့ဒ်တိုင်းပြည်က ကျေးကျွန်တွေထဲမှာ အသက်ရှင်ကျန်နေသေးတဲ့ လူတွေအကုန်လုံးကိုစုပြီး မဟူရာခံတပ်ထဲက မြေအောက်ခန်းထဲမှာ ထားထားတယ်...မဟူရာတိုင်းပြည်ဘုရင်က ဒေါသပေါက်ကွဲပြီးသူတို့တွေအကုန်လုံးကိုသတ်ပြီး စိတ်ဖြေမယ်လို့ကျွန်တော်မျိုးကြားထားပါတယ်..” ဇိုလာရစ်၏မျက်နှာပေါ်တွင် ပြောရင်းဖြင့်စိုးရိမ်သည့် အမူရာတစ်ခုပေါ်ပေါက်လာသည်။

ဖှေး သူ၏လက်သီးကိုတင်းကြပ်စွာ ဆုပ်လိုက်သည်။

သူတောင်စွန်းအောက်တွင် စနစ်တကျရှိနေသည့် မဟူရာခံတပ်ကိုကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အမူရာတစ်ခုပေါ်ပေါက်လာသည်။ သူ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်သည်။ “မဟူရာဘုရင် ခင်ဗျားဒီကိစ္စကို သွေးနဲ့ပြန်လည်ပေးဆပ်ရလိမ့်မယ်...မဟူရာတိုင်းပြည်တစ်ခုလုံးကိုငါရှင်းလင်းပစ်မယ်လို့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်တစ်ပါးအနေနဲ့ ကျိမ်ဆိုတယ်...”

“သွားကြစို့...”

ဖှေး လူကာနှင့်ဇိုလာရစ်တို့ကို ကိုင်တွယ်ကာ မီတာတစ်ရာခန့်မြင့်မားသော တောင်စွန်းမှ ငှက်တစ်ကောင်ကဲ့သို့အောက်သို့ ခုန်ချသွားတော့သည်။ သူတို့မြေပြင်နှင့် မီတာ၂၀ခန့်နီးကပ်လာသည့် အချိန်တွင် ဒရူးဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ငှက်ကြီးကိုဆင့်ခေါ်လိုက်သည်။ သူဤကြီးမားသည့် ကျီးကန်းပေါ်သို့ခုန်ဆင်းလောက်ပြီး ကျန်လူနှစ်ယောက်ကို မြေပြင်ပေါ်သို့လုံခြုံစွာဖြင့် ချပေးလိုက်သည်။

ဖှေး၏စွမ်းအားများကို မြင်ဖူးထားသည့် လူကာမှာ အသားကျနေပြီဖြစ်သည်။ သို့သော် အဖိုးကြီးဇိုလာရစ်မှာမူ ဤမျှအစွမ်းထက်သည့် ပုဂ္ဂိုလ်ကိုပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ သူထိတ်လန့်အံ့သြသွားသည်။ ထို့နောက်တွင် ဤလူငယ်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏၂၅ယောက်မြောက်ဘုရင်ဖြစ်ကြောင်းကို ပြန်လည်ကာသတိရလာသည့်အတွက် ထက်မံ၍စိတ်လှုပ်ရှားလာတော့သည်။ “ကောလဟာလတွေကအမှန်တွေပဲကိုး...ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်က မယုံနိုင်စရာကောင်းတဲ့စွမ်းအားတွေရှိပါပေတယ်...” သူတွေးလိုက်မိသည်။

အချက်ပေါင်းအနည်းငယ် ခုန်ပျံပြီးသည့်နောက်တွင် သူထိုကျောက်ရင်ပြင်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။

ဤအခိုက်တန့်တွင် အခြေအနေမှာပြောင်းလဲသွားပြီဖြစ်သည်။

မဟူရာတိုင်းပြည်မှ စစ်သည်များမှာ အဖွဲ့များဖွဲ့စည်းပြီး လမ်းကြားများထဲမှ ထွက်ပေါ်လာကာ ချမ်းဘော့ဒ်တပ်ဖွဲ့ထံသို့ အဆက်မပြတ်ချီတပ်တိုက်ခိုက်လျှက်ရှိသည်။ သူတို့မကြာမှီမှာပင် ချမ်းဘော့ဒ်တပ်ဖွဲ့ကို တင်းကြပ်စွာဖြင့်၀ိုင်းရံလိုက်မိကြသည်။ အော်ဟစ်သံများ၊ တိုက်ပွဲဆူညံသံများမှာ အဆက်မပြတ်ထွက်ပေါ်လာလျှက်ရှိသည်။ တိုက်ပွဲရှေ့တန်းတွင် အလောင်းများစွာလဲလျောင်းလျှက်ရှိနေကြသည်။ သို့သော်ထိုအလောင်းများအားလုံးမှာ အမဲရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် မဟူရာတိုင်းပြည်မှ စစ်သည်များသာဖြစ်ကြသည်။

ဖှေးအမိန့်ပေးသွားသည့်အတိုင်းပင် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ ခံစစ်အနေထားဖြင့် ခုခံခြင်းကိုသာပြုလုပ်နေပြီး ထိုးစစ်ဆင်ခြင်းမရှိသေးပေ။

သို့တိုင်အောင် ချမ်းဘော့ဒ်စစ်သည်တစ်ရာကျော်မှာ ရေစီးကြောင်းတစ်ခုထဲတွင်ရှိနေသည့် ကြီးမားသည့်ကျောက်တုံးကြီးများကဲ့သို့ပင်။ နောက်သို့ဆုတ်ခွာခြင်းမရှိပဲ ဖျတ်ဆီး၍မရနိုင်ပေ။ ထိုကျောက်တုံးများထံသို့ အမဲရောင်ရေစီးကြောင်းများ၀င်ရောက်တိုက်ခိုက်သည့် အချိန်တိုင်း ၀င်ရောက်တိုက်ခိုက်သည့်မဟူရာစစ်သည်များသာ တစ်စစီစုတ်ပြတ်သွား၍ သွေးထွက်သံယိုများ ပြင်းထံစွာထွက်ပေါ်လာသည်။

“သေစမ်း...”

ဖှေးသူ၏လက်ကို လေပေေါ်တွင် မြှောက်လိုက်ရင်းကြုံး၀ါးလိုက်သည်။ ဒရူးဇာတ်ကောင်၏အစွမ်းများထွက်ပေါ်လာပြီး သူ့လက်တွင် ၀န်းရံကာလည်ပတ်လိုက်သည်။ ထို့နောက်တွင် အနီရောင်မီးအလင်းတန်းတစ်ခုသည် မဟူရာတိုင်းပြည်မှစစ်သည်များထံသို့ ထွက်ခွာသွားတော့၏။ အနီရောင်ဖျော့ဖျော့ မီးအလင်းတန်းမှာ လက်မောင်းတစ်ခုစာခန့်အရွယ်စားရှိသည်။ ထိုအလင်းတန်းတစ်၀ိုက်တွင် မှော်စွမ်းအင်အရိပ်ယောင်များမရှိသဖြင့် အန္တရာယ်ကင်သည်ဟုထင်ရသည်။ ထို့ကြောင့် မဟူရာတိုင်းပြည်မှစစ်သည်များမှာ ထိုအရာကိုဂရုစိုက်ခြင်းပင် မပြုကြချေ။ တစ်ချို့စစ်သည်များမှာ လှောင်ပြောင်ချင်းများပင် ပြနေကြသည်။

သို့သော် ဤအခိုက်တန့်တွင် အရာများမှာပြောင်းလဲသွားသည်။

ဤအနီရောင်အလင်းတန်းမှာ မြေပြင်နှင့် နှစ်မီတာခန့်အနီးသို့ရောက်ရှိလာသည့်အချိန်တွင် မီးတောက်များရုတ်တရက်ဖြင့် တောက်ပလာပြီး အချင်း၃မီတာခန့်အရွယ်ရှိသောအနီရင့်ရောင်မီးလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုမီးလုံးမှာ မြေပြင်သို့ပြုတ်ကျလာပြီး ရှောင်ချိန်မရလိုက်သည့် မဟူရာစစ်သည်၅ယောက်ခန့်ကို ချက်ချင်းပင်သတ်ဖြတ်ပစ်လိုက်သည်။

သို့သော် အိမ်မက်ဆိုးမှာ မပြီးဆုံးသေးချေ။

မီးလုံးမှာ မြေပေါ်သို့ပြုတ်ကျသွားသည့်အချိန်တွင် အရှိန်နှင့် လူအုပ်ထဲသို့လိမ့်လာတော့သည်။ ထိုမီးလုံးလိမ့်သွားသည့်နေရာတိုင်းတွင မြေပြင်မှာ ပတ်ကြားအက်သွားပြီး ချော်ရည်ပူများထွက်လာခါ နှစ်မီတာခန့်အမြင့်ရှိသည့် နံရံများကိုဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ်မီးတောက်မှာ ပတ်ပတ်လည်တွင်ရှိနေသည့် စစ်သည်များကို ပြကျသည်အထိလောင်ကျွမ်းသွားစေသည်။ သူတို့ကိုင်ဆောင်ထားသည် သံမဏိလက်နက်များ၊ ချပ်၀တ်များပင် အရည်ပျော်ကျကုန်ကြသည်။

ဤသည်မှာ ဒရူးဇာတ်ကောင်၏အစွမ်းတစ်ခုဖြစ်သည့် [ချော်ရည်ကျောက်တုံး]ပင်။

ကစဥ့်ကယားစွမ်းအင်မှာ ကြီးမားသည့် ချော်ရည်ကျောက်တုံးကြီးတစ်ခုကို ဆင့်ခေါ်ကာ အနီးနားတွင်ရှိနေသောရန်သူများကို ပြာကျသည်အထိလောင်ကျွမ်းစေလိုင်သည်။ ဤသည်မှာ ဖှေး ရုပ်ပြောင်ရုပ်လွဲပညာနှင့် ဆင့်ခေါ်ခြင်းပညာတို့အပြင် ဖှေးသင်ကြားထားသည့် ဒရူးဇာက်ကောင်၏အစွမ်းနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး မြေပြင်တိုက်ပွဲအခြေအနေနှင့် သင့်လျှော်သည်။

“၀ှစ်”

အနီရောင်မီးအလင်းတန်းများသည် ဖှေးလက်မှ ထက်မံထွက်ခွာသူသွားသည်။ ထိုအလင်းတန်းများအားလုံးသည့် ချော်ရည်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ချမ်းဘော့ဒ်တပ်ဖွဲ့ရပ်နေသည့် နေရာမှလွဲ၍ကျန်ရှိနေသည့် နေရာတိုင်းသည် မီးပင်လယ်တစ်ခုအဖြစ်သို့ပြောင်းလဲကာသွားတော့သည်။ မဟူရာစစ်သည်များ၏ အော်ဟစ်ငိုကြွေးသံများမှာ ကောင်းကင်ရံတွင်ပဲ့တင့်ထပ်နေတော့သည်။

ဖုန်း

ဖှေးလမ်းပါ့ဒ်အနီးသို့ ခုန်ဆင်းလာသည်။

“အရှင်မင်းကြီး ချမ်းဘော့ဒ်တိုင်းပြည်မှ ဆရာခြောက်ပါးမှာ သူအနားသို့ရောက်ရှိလာကြသည်။ ဖှေးအဆင်ပြေသည်ကို တွေ့လိုက်ရသည့်အတွက် သူတို့အားလုံးစိတ်အေးသွားတော့သည်။

“ချမ်းဘော့ဒ်တိုင်းပြည်ကစစ်သည်ကို ငါ့အမိန့်ကိုနားထောင်ကြ အကုန်သတ်ပစ်...” ဖှေး ဇိုလာရစ်နှင့် လူကာတို့ကို စစ်သည်များထံသို့ စောင့်ရှောက်ထားရန်မှာကာ ပေးလိုက်ပြီး လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ သူလက်ကို လေပေါ်သို့မြှောက်လိုက်ပြီး အလင်းတန်းများတောက်ပသွားကာ ခရမ်းရောင်နှင့ အစိမ်းရောင်ဓားနှစ်လက်ကိုဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် သူအော်ဟစ်လိုက်၏။ “သတ်ပစ်ကြ..ဘယ်သူ့ကိုမှ အရှင်မထားနဲ့ မဟူရာခံတပ်တစ်ခုလုံးကိုအပျောက်ရှင်းမယ်...”

ဤအခိုက်တန့်တွင် ချော်ရည်ကျောက်တုံးများမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ သဘာ၀စွမ်းအင်များမှာ လေထုထဲတွင် မှေးမိန်ကာပျောက်ကွယ်သွားသည်။ မီးများတဖြည်းဖြည်းငြိမ်းသွားသည်။ သို့သော် ဤတိုက်ခိုက်မှုများမှာ မဟူရာစစ်သည်အယောက်၄၀၀ခန့်ကိုသေဆုံးစေခဲ့သည်။ မယုံနိုင်စရာစွမ်းအင်မှာ စစ်သည်များကို သေသည်အထိကြောက်လန့်သွားစေသည်။ သူတို့အားလုံးလူအရေအတွက်အရ အားသာသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များထံသို့ ချီတပ်ကာ တိုက်ခိုက်ခြင်းမပြုရဲကြတော့ပေ။

ဖှေး၏အမိန့်အရ သူတော်စဥ်တပ်ဖွဲ့သည် ဆရာ၆ပါး၏ဦးဆောင်မှုတစ်ခုခြင်းစီအောက်တွင်အဖွဲ့၆ဖွဲ့ခွဲလိုက်ပြီး ရန်သူများထံသို့ချီတပ်ကာ တိုက်ခိုက်ကြတော့သည်။ သွေးမိုးများ ကောင်းကင်မှ ရွာကျလာတော့၏။

All Chapters