← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

ချမ်းဘော့ဒ်တိုင်းပြည်သူတော်စဥ်တပ်ဖွဲ့သည် သွေးထွက်သံယိုတိုက်ပွဲများစွာတွင် ပါ၀င်ကာတိုက်ခိုက်ဖူးခြင်းမရှိသော်လည်း ဟော့ခ်ဆေးပုလင်းမှရရှိသည့် ရုပ်ပိုင်းဆိုင်ရာစွမ်းအားတိုးမြင့်မှုများသည် ၄င်းတို့၏တိုက်ပွဲအတွေ့ကြုံလိုအပ်နေမှုအပေါ်တွင်အစားထိုးပေးသည်။ မဟူရာတိုင်းပြည်မှ ကျွမ်းကျင်စစ်သည်များနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တစ်ယောက်ချင်းစီတိုင်းသည် ကြောက်မက်ဖွယ်တိုက်ရည်ခိုက်ရည်များကို ပြသနိုင်ကြသည်။ ပေါင်ရာပေါင်းများစွာခန့် လေးလံသည့်ဒိုင်းကာကြီးများနှင့် ကြီးမားလှသည့် ပုဆိန်ကြီးများမှာ သူတို့၏လက်ထဲတွင်ကောက်ရိုးမျှင်များကဲ့သို့ပင်။ ၀ှေ့ရမ်းလိုက်သည့်အကြိမ်တိုင်းတွင် အဟုန်ပြင်းမားသည့် လေစီးကြောင်းတစ်ခုပါကပ်ပါလာပြီး မဟူရာစစ်သည်ထိုအရာနှင့်တွေ့ဆုံလိုက်မိလိုက်သည့်အချိန်တွင် မွေးဖွားလာခဲ့သည်ကိုပင်နောင်တရသွား၏။

“ဖုန်း...”

ကြီးမားသည့် ပုဆိန်ကြီးများနှင့် ဆုံတွေ့လိုက်ရသည့် ရန်သူ၏လက်နက်များ၊ ချပ်၀တ်များသည် စက္ကူဖြင့်ပြုလုပ်ထားသကဲ့သို့ပင် တစ်စစီကြေမွကာ ဆုတ်ပြဲကျိုးပဲ့ကုန်ကြတော့သည်။

“ဒုန်း..”

ဒိုင်းကာကြီးတစ်ခုဖြင့် ရှေ့သို့တိုးကာ ဆောင့်တိုက်လိုက်ပါက ရန်သူးပေါင်းများစွာမှ လေပေါ်သို့သွေးများအံကျကာ လွှင့်စင်ကုန်ကြတော့သည်။

ဤသည်မှာ အင်အားကြီးနှစ်ခုထိပ်တိုက် တိုက်ခိုက်သည့်တိုက်ပွဲတစ်ခုပင်။

ဤကဲ့သို့တိုက်ပွဲမျိုးတွင် မဟူရာတိုင်းပြည်မှ မည်သည့်စစ်သည်မျှ ချမ်းဘော့ဒ်သူတောာ်စဥ်တပ်ဖွဲ့၏တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိပေ။

အခြေအနေမှာ တစ်ဖက်သက်ဆန်လွန်းလှသည်။ ကျားအုပ်တစ်စုသည် သိုးအုပ်ထဲသို့၀င်ရောက်ကာ အမဲဖြတ်နေသကဲ့သို့ပင်။ မူလစတင်စဥ်ကတည်းက ဤတိုက်ပွဲသည်တစ်ဖက်သက် လူသတ်ပွဲကြီးသာြဖစ်နေတော့၏။ မဟူရာတိုင်းပြည်အဖွဲ့သည် စစ်သည်အင်အားပို၍များပြားသော်လည်း မဟူရာခံတပ်၏ကျဥ်းမြောင်းသည့် လမ်းအနေထားဒီဇိုင်းမှာ သူတို့ကိုယ်တိုင်၏အိမ်မက်ဆိုးဖြစ်လာတော့သည်။ ယခင်က သူတို့သည် ကျဥ်းမြောင်းသောလမ်းများကိုအသုံးပြုပြီးအင်အားကြီးသည့် ရန်သူကိုဖြေးဖြေးခြင်းသတ်ဖြတ်ကြမည်ဖြစ်သည်။ သို့တော် ဤအခိုက်တန့်တွင်မူ ကျဥ်းမြောင်းသောလမ်းအနေထားသည် သူတို့၏ စစ်သည်အင်အားသာလွန်မှုကို အသုံးပြု၍မရဖြစ်စေသည်။ လမ်းပါ့ဒ်နှင့် ကျန်ရှိနေသည့် ဆရာ၆ယောက်တို့၏ဦးဆောင်မှုအောက်တွင် အဖွဲ့၆ဖွဲ့ခွဲထားသည့် သူတော်စဥ်တပ်ဖွဲ့မှာ မြတ်ရိတ်စက်၆ခုကဲ့သို့ပင်ဦ။ ချွန်ထက်သောဓားသွားများကို ကိုင်ဆောင်လျှက်ရှေ့သို့ကြုံး၀ါးကာ ချီတပ်တိုက်ခိုက်လျှက်ရှိသည်။ မဟူရာတိုင်းပြည်မှစစ်သည်များမှာ မြတ်ပင်များကဲ့သို့ပင် အောက်သို့အတုံးအရုန်းကျဆုံးရုံသာ တတ်နိုင်တော့သည်။

“အလင်းလတ်သီး...”

လမ်းပါ့ဒ်၏လက်သီးမှ လျှပ်စစ်အလင်းရောင်များပြိုးပြိုးပျက်ပျက်တောက်ပကာ ပေါက်ကွဲလာသည်။ တောက်လောင်နေသောနေမင်းကဲ့သို့ပင် စူးရှသည့်အလင်းရောင်တစ်ခုသည် လူအုပ်အလည်တွင်ပေါ်ပေါက်လာပြီး မဟူရာစစ်သည်များကို ထုံထိုင်းစေသွား၏။ ထို့နောက်တွင် မြင်နိုင်ခြင်းမရှိလှအောက်မြန်ဆန်သည့် လက်သီးချက်များသည် သူ၏အရှေ့တွင်ရှိနေသာ ရန်သူများထံသို့တစ်ချက်ပြီးတစ်ချက်အချက်ပေါင်းများစွာ ကျရောက်လာတော့သည်။ ရှေ့တွင်ရှိနေသောရန်သူများမှာ လေထဲတွင် ပြန့်ကျဲနေကြသည့်ဖုန့်မှုန့်များကဲ့သို့ပင်ဖြစ်သွားပြီး ပေါက်ကွဲကာ သွေးမိုးများအဖြစ်သို့မြေပြင်ပေါ်သို့ပြန်လည်ကာကျဆင်းလာတော့သည်။

“အလောင်းထပ်ငလျင်လှိုင်း...”

ထို့နောက်တွင် အရပ်နှစ်မီတာခန့်မြင့်မားသည့် လူ၀ကြီး ထောင်မှူးအိုလတ်ဂ်မှာ ကြုံး၀ါးလိုက်သည်။ သူ၏၀ဖိုင့်နေသည့် ခန္ဓာကိုယ်ကြီးတစ်ခုလုံးတုန်ခါလာပြီး အောက်သို့ကုန်းကာ မြေပြင်သို့ကြမ်းတမ်းစွာထိုးနှက်လိုက်သည်။ ကျယ်လောင်သည့်အသံကြီးတစ်ခုထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသည့်ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးနှစ်ခုသည် သူ၏လက်သီးနှစ်ခုကို ဗဟိုပြုပြီးကျယ်ပြန့်ထွက်ပေါ်လာတော့သည်။

နောက်အခိုက်တန့်တွင် သာမန်မျက်လုံးဖြင့်မြင်နိုင်ခြင်းမရှိသည့် ပေါက်ကွဲလှိုင်းတစ်ခုသည် ရုတ်တရက်မြေပြင်ပေါ်တွင်ထွက်ပေါ်လာတော့သည်။ အရိုးများကျိုးကြေသည့်အသံများထွက်ပေါ်လာပြီး အိုလတ်ဂ်နှင့် အချင်း၀တ်၂၀မီတာခန့်၀န်းကျင်တွင်ရှိနေသည့် စစ်သည်များအားလုံးရုတ်တရက်လှုပ်ရှားမှုများရပ်တန့်သွားတော့၏။ လေညင်းတစ်ခုတိုက်ခတ်သွားပြီး ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုဖြစ်ပျက်သွား၏။ မတုန်မလှုပ်ဖြင့်ရပ်တန့်သွားသည့် စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင်ပပ်ကြားအပ်တစ်ခုပေါ်ပေါက်လာတော့သည်။ ပပ်ကြားအပ်မှာ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး သူတိ့၏အသားများ၊ အရိုးများလက်နက်များ၊ ချပ်၀တ်များသည် တစ်စစီကြေမွသွားပြီး သဲရုပ်တစ်ခုကဲ့သို့မြေပေါ်သို့ ကြွေကျကုန်တော့သည်။

ဤသည်မှာ ဖှေးအိုလတ်ဂ်ထံမှ သင်ယူထားသည့် အစွမ်းတစ်ခုဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာစွမ်းအင်အမြင့်ဆုံးတင်ထားသည့် လက်သီးနှစ်ခုသည် မြေပြင်သို့ထိုးနှက်လိုက်မည်ဖြစ်သည်။ ထို့နောက်တွင် အထူးစွမ်းအင်စီးကြောင်းတစ်ခုမှာ အတွင်းအားများသည် မြေပြင်နှင့်ထဲသို့စီး၀င်သွားပြီး မြင်နိုင်စွမ်းမရှိသည့် ကြိမ်နှုန်းမြင့်ပေါက်ကွဲလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်မည်ဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်သည့် ပေါက်ကွဲလှိုင်းတစ်ခုဖြစ်ပြီး မည်သည့်အစိုင်ခဲပစ္စည်းကိုမဆိုတစ်စစီ ကြေမွသွားစေရန်အတွက် တိတ်တဆိတ် ဖြိုခွဲပစ်နိုင်သည်။ သေခြင်း၏အငွေ့သက်ကို သယ်ဆောင်လာပြီး ကာကွယ်ရန်မှာလည်းအထူးခက်ခဲလှ၏။

တစ်ကွက်ထဲဖြင့်ပင် မဟူရာတိုင်းပြည်မှ စစ်သည်၄၆ယောက်ခန့်မှာ အိုလတ်ဂ်၏လက်ချက်ဖြင့် အသားစပုံများအဖြစ်သို့ပြောင်းလဲကာသွားတော့သည်။

မြင်ကွင်းမှာ သွေးသံရဲရဲဖြင့်ကြောက်မက်ဖွယ်ပင်။

အလောင်းထပ်ငလျင်လှိုင်းကျင့်စဥ်စာလိပ်ကို ဖှေး၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်လယ်ဗယ်၂၈သို့ရောက်ရှိသည့်အချိန်တွင် အောက်လမ်းဆရာဇာတ်ကောင်အားအနည်းငယ်ကိုးကား၍ ဖန်တီးထားခြင်းဖြစ်သည်။ လယ်ဗယ်၂၈သို့ရောက်ရှိသည့်အချိန်တွင် ဖှေးအတွင်းအားလမ်းကြောင်းအသစ်များကို လေ့လာကာ အပြင်လောက မှ လူများ၏အတွင်းအားစီးဆင်းပုံများဖြင့် ချိန်ကိုက်ပြီး သုတေသနများစွာလုပ်ခဲ့သည်။ ထို့နောက်တွင် မှော်ဆရာအီဗန်၏ ပစ္စည်းထားသိုရာလက်စွပ်ထဲမှ ပါရှိသည့် မြေစွမ်းအင်မှော်ကျင့်စဥ်စာလိပ်များဖြင့်လည်းပေါင်းစပ်ပြီး ဤကျင့်စဥ်စာလိပ်ကို အိုလတ်ဂ်အတွက်အထူးပြုလုပ်ကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။

သူဤသိုင်းကွက်ကိုလဲ သူယခင်ဘ၀တွင်ရှိစဥ်က ကြည့်ဖူးခဲ့သည့် ဂျပန်ကာတွန်းကားတစ်ခုပေါ်တွင် ကိုးကားကာ အလောင်းထပ်ငလျင်လှိုင်းဟု နာမည်ပေးခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ သိုင်းကွက်စတိုင်မှာ အိုလက်ဂ်နှင့်များစွာလိုက်ဖက်သည်။ အိုလတ်ဂ်သည် ယခင်ကမကောင်းသည့် လူတစ်ဦးဖြစ်ခဲ့ဖူးပြီး သေခြင်း၏အငွေ့သက်များစွာကို သယ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤစာလိပ်သည် အိုလတ်ဂ်အတွက် အထူးသီးသန့်ကျင့်စဥ်စာလိပ်တစ်ခုပင်။ လွန်ခဲ့သည့် ၁၅ရက်ခန့်က ဖှေးသည် အိုလတ်ဂ်အား သူမရှိစဥ်က စက္ကူထုတ်စက်ရုံအားကြီးကြပ်မှု၊ တိုင်းပြည်အတွင်း မိလ္လာစနစ်များကို ပြုပြင်ခဲ့သည့်အတွက်ကြောင့် ဆုလာဘ်တစ်ခုအနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အိုလတ်ဂ်မှာ ဤအစွမ်း၏အဓိကအချက်အလက်များကို နားလည်ကျင့်ကြံပြီးဖြစ်ပြီး ပထမဦးဆုံးအသုံးပြုသည့်တိုင်အောင်ကောင်းကောင်းမွန်မွန်ဖြင့် အသုံးပြုနေနိုင်ပြီဖြစ်သည်။

သို့သော် သူ၏လက်ရှိရုပ်ပိုင်းဆိုင်ရာစွမ်းအားနှင့် အတွင်းအားအဆင့်တို့ကြောင့် ဤအစွမ်းကို အချိန်အကန့်သက်တစ်ခုသာအသုံးပြုနိုင်ပြီး ထက်မံအသုံးပြုလိုပါက အချိန်တိုင်းတာတစ်ခုစောင့်ရဦးမည်ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်ပင် မဟူရာတိုင်းပြည်မှစစ်သည်များ များစွာထိတ်လန့်သွားကြသည်။ အိုလတ်ဂ်၏ရှေ့တွင်မည်သည့်စစ်သည်မှ မနေရဲကြတော့ပေ။

ထိုကဲ့သို့ဟန်ရေးပြသည့်နေရာတွင် ဖှေး၏လူယုံနှစ်ယောက်ဖြစ်ကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည်လည်း ဤဖတ်တီးကို အရှုံးပေးကြလိမ့်မည်မဟုတ်ပေ။ အိုလတ်ဂ်သူ၏ အစွမ်းကိုသုံးပြီးလျှင်ပြီးချင်းမှာ ပင် ရွှေရောင်သူတော်စဥ်နှစ်ယောက်သည်လည်းအစွမ်းကိုယ်စီပြသကြတော့သည်။

“အကျစျကာလီဘာ....”

ရွှေရောင်ကပ်ပရီကွန်စစ်သည်ပီးရာ့စ်မှာ အကျယ်လောင်ဆုံးအသံနှင့် အော်ဟစ်လိုက်သည်။ ရွေရောင်အလင်းတန်းတစ်ခုသည် သူ၏လက်မောင်းတွင်တောက်ပလာသည်။ ချက်ချင်းပင် ညာဘက်လက်မှာ ဖြတ်ဆီး၍မရနိုင်သည့် ရွှေရောင်နှင့် အစိမ်းရောင်ပေါင်းစပ်ထားသော ထားတစ်ချောင်းအဖြစ်သို့ပြောင်းလဲကာသွားတော့သည်။ လေထဲတွင်ညင်သာစွာ၀ှေ့ရမ်းလိုက်ရာ မမြင်နိုင်သည့် ဓားလှိုင်းတစ်ခုသည် ချက်ချင်းပင်ထွက်ခွာသွားတော့သည်။

“ရွှပ်...”

All Chapters