← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

ချက်ချင်းပင် အချင်း၀က်၂၀မီတာတစ်၀ိုက်တွင်ရှိနေသည့် ရန်သူ၆၀ခန့်မှာ သူတို့၏လက်နက်များ၊ ချပ်၀တ်များအပါ၀င် ခါးလည်မှနေ၍နှစ်ပိုင်းပြတ်ကုန်ကြတော့သည်။ သူတို့အနောက်တွင်ရှိနေသည့် ကျောက်နံရံကြီးပေါင်တွင်လျှင် ၁မီတာခန့်နက်ရှိုင်းသည့် ဓားရာကြီးတစ်ခုထင်ကျန်သွား၏။ စစ်သည်အများစုမှာ ဘာဖြစ်သွားသည်ကိုမသိကြပဲ နာကြင်မှုကိုပင် မခံစားလိုက်ကြရချေ။ သူတို့၏ခြေထောက်များမှာ ပြေးနေစဲဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းများမှာ လေပေါ်၌ကျန်ခဲ့ကြ၏။

“ကျား...”

ရွှေရောင်တောရပ်စစ်သည် ဒရော့ဂ်ဘာမှာ ခန္ဓာကိုယ်ကိုအရှေ့သို့အနည်းငယ်ယိမ်းယိုင်လိုက်သည်။ သူ၏ဦးခေါင်းပေါ်တွင် ရွှေရောင်အလင်းရောင်တစ်ခုတောက်ပသွားပြီး ချိုနှစ်ဖက်ပါ၀င်သည့် ရွှေရောင်ဦးထုပ်နှစ်ခုပေါ်ပေါက်လာတော့သည်။ ထို့နောက်တွင် ဒရော့ဂ်ဘာ၏ခြေထာက်နှစ်ဖက်မှာ ပေါက်ကွဲစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည့် အတိုင်းပင်အရှေ့သို့တဟုန်ထိုးပြေးထွက်သွာတော့သည်။ သူ၏အရှေ့တွင်ရှိနေသောရန်သူများအားလုံးတစ်စစီဖြစ်သွားကာ ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးလေပေါ်သို့ လွင့်ပြန်ကုန်တော့သည်။

ဤကဲ့သိ့ မီတာ၅၀ခန့်ပတ်ပြေးပြီးရန်သူစစ်သည် အယောက်၆၀ခန့်ကို ငရဲပြည်သို့အရောက်ပို့ဆောင်ပေးလိုက်တော့၏။

ဤအံ့သြဖွယ်မြင်ကွင်းကို တွေ့မြင်ရပြီးနောက်တွင် ချမ်းဘော့ဒ်စစ်သည်များ၏ ပတ်ပတ်လည်ကာကွယ်မှုအောက်တွင်ရှိနေသည့် အဖိုးကြီးဇိုလာရစ်နှင့် လူငယ်လူကာတို့မှာ ပထမပိုင်းတွင်ထိတ်လန့်အံ့သြနေခြင်းမှာ ယခုအချိန်တွင်သွေးများဆူပွက်လာနေတော့သည်။ ချမ်းဘော့ဒ်ဘုရင်နှင့် သူလက်အောက်မှ သူရဲကောင်းများ၏ဂုဏ်သတင်းများမှာ ယခင်ကတည်းက သူတို့နားများထံသို့ ရောက်ရှိပြီးဖြစ်သော်လည်း ယခုလက်ရှိကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါတွင် ပို၍ပင်မယုံနိုင်ဖြစ်နေတော့သည်။

စွမ်းအားကြီးလှပေသည်။

အင်မတန်ပင် စွမ်းအားကြီးလှပေတော့သည်။

ဤကဲ့သို့စွမ်းအားအတိုင်းတာမှာ ဤနေရာတွင် ကျွန်ပြုခံနေရသည့် ချမ်းဘော့ဒ်နိုင်ငံသားများစိတ်ကူးပင်မယဥ်ခဲ့ဖူးသည့် စွမ်းအားပမာနပင်။

အဖိုးကြီးဇိုလာရစ်၏မျက်နှာပေါ်တွင် မထိန်းနိုင်တော့ပဲမျက်ရည်များစီးကျလာတော့သည်။ “ငါတို့ရဲ့ချမ်းဘော့ဒ်တိုင်းပြည်မှ စွမ်းအားကြီးတဲ့ဘုရင်နဲ့ သူရဲကောင်းတွေရှိနေပြီကွ” ဟူသည့် ပီတိကိုခံစားနေရသည်။ ဇိုလာရစ်နှင့် လူကာတို့နှစ်ယောက်လုံးမျက်လုံးများကို ပွတ်သပ်ကြည့်နေကာ သူတို့မျက်လုံးရှေ့တွင်တွေ့နေရသည့် မြင်ကွင်းသည် အိမ်မက်တစ်ခုကဲ့သို့ ပျောက်ဆုံးများမည်ကို စိုးရိမ်နေကြ၏။

သူတို့၏သွေးများဆူပွက်နေစဥ်မှာပင် သူတို့နှစ်ယောက်အားကယ်တင်ခဲ့သည့် လူငယ်ဖြစ်သည့် ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်အလတ်ဇန္ဒား၏ ပုံရိပ်မှာ ခရမ်းရောင်နှင့် အစိမ်းရောင်ရောထွေးနေသည့် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။ သူရောက်သွားသည့် နေရာတိုင်းတွင်ရှိနေသည့် မဟူရာတိုင်းပြည်မှ စစ်သည်များမှာ နှစ်ပိုင်းပိုင်းဖြတ်ခြင်းကိုခံလိုက်ကြရ၏။ ကြယ်အဆင့်ရှိပြီး ဆရာဟုသတ်မှတ်ထားကြသည့် မဟူရာတိုင်းပြည်မှစစ်သည်များပင် ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်၏ ဓားသွားအောက်တွင် တစ်စက္ကန့်ပင်တောင့်မခံနိုင်ပဲ ကျဆုံးကုန်ကြတော့သည်။

ဤသည်မှာ အစစ်မှန်ပင် ပြိုင်ဘက်ကင်းသည့် ဘုရင်တစ်ပါးပင်။

“မြှားတွေပစ်ကြတော့..အမြန်လုပ်မြှားတွေပစ်လိုက်ကြတော့...”

စူးရှကာ အလွန်ဒေါသထွက်နေသည့် အသံတစ်ခုသည် မဟူရာခံတပ်အပေါ်တွင်ရှိနေသည့် နံရံများထဲမှ ထွက်ပေါ်လာကာ ကျက်သေသေနေကြသည့် လေးသည်တော်များကို နိုးကြားသွားစေသည်။ သူတို့အားလုံးသူတို့၏ အကြောက်တရားများကို ပြန်လည်တိုက်ထုတ်လိုက်ကြပြီး လေးကြိုးများကိုဆွဲတင်လိုက်ကြ၏။

“မဟူရာဘုရင် ကျွန်တော်ခင်ဗျားကိုစောင့်နေတာကြပြီ...”

ဖှေးအော်ဟစ်လိုက်ပြီး ရုတ်တရက်ခုန်လိုက်ကာ အသံထွက်ပေါ်လာရာတောင်စွန်းထံသို့ ပြန်သန်းသွားလိုက်သည်။ ထို့နောက်တွင် ဖှေး၏လက်သီးနှစ်ဖက်သည် ကြောက်မက်ဖွယ်ခွန်အားတစ်ခုနှင့်အတူ တောင်နံရံကိုထိုးနှက်လိုက်တော့သည်။

ဤအချိန်တစ်လျှောက်တွင် ဖှေးသည် သူတော်စဥ်တပ်ဖွဲ့အားအန္တရာယ်ပြုနိုင်သည့် ရန်သူစစ်သည်များကိုရှာဖွေသတ်ဖြတ်နေခြင်းအပြင် မဟူရာဘုရင်ပုန်းအောင်းနေသည့် နေရာကိုလည်းရှာဖွေနေခဲ့သည်။ ဤကဲ့သို့အခြနေမျိုးတွင် မဟူရာတိုင်းပြည်ဘုရင်မှာ တစ်နေရာရာတွင်ပုန်းအောင်းနေပြီး သူ၏စစ်သည်များကိုအမိန့်ပေးနေမည်ကို ဖှေးသေချာသိသည်။ ဤမနက်တွင်လည်းဖှေးသည် မဟူရာဘုရင်၏အသံကိုကြားဖူးခဲ့ပြီးဖြစ်သဖြင့် အသံကိုကြားလိုက်သည်နှင့်တပြိုင်နက်ပင် မဟူရာဘုရင်ဖြစ်သည်ကို တန်း၍သိရှိလိုက်သည်။

“ဖုန်း...”

ကြောက်မက်ဖွယ်လက်သီးချက်နှစ်ခုသည် တောင်နံရံကိုပြင်းထန်စွာရိုက်ခတ်လိုက်ပြီး ပြိုကျကာ ၂မီတာခန့်ကျယ်၀န်းသည့် ပုန်းအောင်းသည့်အခန်းတစ်ခုကို တွေ့လိုက်ရသည်။ တောင်ထဲတွင် လျို့၀ှက်အခန်းတစ်ခုကို ဆောက်လုပ်ထားခြင်းပင် အခန်းကျဥ်းထဲတွင် ပုန်းအောင်းနေကြသည့်လူများမှာ ဖှေး၏လက်သီးအရှိန်ဖြင့်ပင်သေဆုံးကုန်ကြသည်။

ဖှေးအလောင်းများကို သေချာလိုက်လံကြည့်ရှုလိုက်သည်။ သို့သော် ရန်သူဘုရင်ကို ထိုအလောင်းများထဲတွင်မတွေ့ရချေ။

သို့သော် ရိုးရှင်းကာသေးငယ်သည့်် မှော်အစီရင်တစ်ခုသည် ဖှေးမျက်စိရှေ့တွင်ပေါ်လာပြီး ပျက်စီးသွားသည်။

ဖှေး ဖြစ်ပျက်နေသည်များကို ချက်ချင်းပင်နားလည်သွားသည်။ ဤသည်မှာ ဖှေးမြေကမ္ဘာပေါ်တွင်နေထိုင်စဥ်က အသံဖမ်းစက်ကဲ့သို့ပြုမူသည့် မှော်အစီရင်တစ်ခုဖြစ်သည်။ မဟူရာဘုရင်မှာ ဤအစီရင်မှ တဆင့်လှမ်း၍ပြောနေခြင်းဖြစ်ပုံရသည်။

“ချမ်းဘော့ဒ်ဘုရင် မင်းက ငါ့တိုင်းပြည်ခံတပ်ကို ကျူးကျော်တိုက်ခိုက်လိုက်တာပဲ...ဟီးဟီး မင်းသိပ်ပြီးပျော်မနေနဲ့ဦး မင်းကိုအင်ပါယာတရားအဖွဲ့က လာဖမ်းတော့မယ်လေ...”

မဟူရာတိုင်းပြည်ဘုရင်၏အသံမှာ အခန်းအတွင်းတွင်ပြန့်နှံ့လာသည်။

“လီးဖြစ်လား...ခင်ဗျားက ကျုပ်လူတွေကို အန္တရာယ်ပြုတာပဲ ကျုပ်ကလဲခင်ဗျားတို့တိုင်းပြည်တစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်...” ဖှေး ကြုံး၀ါးလိုက်သည်။ “ကျုပ်လူတွေထောင်ချီကို ခင်ဗျားသတ်ပြီးပေါ့ ခံတပ်အနောက်မှာရှိတဲ့ကျဥ်းထဲမှာ စွန့်ပစ်ထားတာပဲ..ခင်ဗျားရောအင်ပါယာဥပဒေကို မကြောက်ဘူးလား...မဟူရာတိုင်းပြည်က သူလုပ်ခဲ့တဲ့အရာတွေအတွက်ပြန်လည်ပေးဆပ်ရလိမ့်မယ်...ကျုပ် မဟူရာဘုရင်ကို သတ်ပြီးတော့ မဟူရာတိုင်းပြည်ကို ဖျတ်ဆီးပစ်မယ်လို့ စစ်ပွဲနတ်ဘုရားထံမှာ ကျိမ်ဆိုတယ်...”

All Chapters