အခန်း (၂၁၅)
Vol. 15 Ch. 215
“ငါ့ရဲ့မဟူရာတိုင်းပြည်ကို ဖျတ်ဆီးပစ်ဖို့ကျိန်ဆိုတယ် ဟုတ်လား...” မဟူရာဘုရင်မှာ ရယ်မောလိုက်သည်။ “ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းက အတော်အတွေးတိမ်တာပဲ...မင်းနေမင်းတောင်ကနေထွက်သွားနိုင်ပြီဆိုမှ ငါတို့တွေဆက်ပြီးစကားပြောကြတာပေါ့...” သို့သော် စကားပြောနေဆဲမှာပင် မဟူရာတိုင်းပြည်ဘုရင်၏အသံမှာ ဘေးတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ လည်ပင်းကိုညစ်လိုက်သကဲ့သို့ အသံမှာ ရုတ်တရက်ရပ်တန့်သွား၏။ ထို့နောက်တွင် စကားသံများဆက်လက်၍ထွက်ပေါ်လာခြင်းမရှိတော့ပေ။
တောင်နံရံများတွင်ပုန်းအောင်းနေကြသည့် လေးသည်တော်ထောင်ပေါင်းများစွာမှာ မြှားများကို ကောင်းကင်ပေါ်သို့ထောင်မက်ကာ ပစ်လွှတ်လိုက်ကြသည်။ မြှားသံများမှာ ကောင်းကင်သို့ထိုးဖောက်သွားပြီး လေးကြိုးတုန်ခါသံများမှာ တောင်များထဲတွင် ပဲ့တင်သွား၏။ မြှားလှိုင်းပေါင်းများစွာမှာ ချမ်းဘော့ဒ်တပ်ဖွဲ့ထံသို့ ကောင်းကင်မှ ကျဆင်းကာပျံသန်းလာတော့သည်။
မြှားများမှာ မိုးကဲ့သို့ရွာကျလာသည်။ မျှော်လင့်ထားသည့်အတိုင်းပင် မြှားများမှာတိုက်ပွဲမျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ နောက်သို့ဆုတ်ခွာရန်အတွက် အချိန်မရရှိလိုက်သည့်မဟူရာတိုင်းပြည်မှ စစ်သည်များမှာ သူတို့၏လေးသည်တော်များလက်ချက်ဖြင့်ပင် သေဆုံးကုန်တော့သည်။ ရင်ဘက်များပေါက်ထွက်ကုန်ကြသည်။ တစ်ချို့မှာ မျက်လုံးများကိုထိမှန်ကုန်ကြသည်။ တစ်ချို့မှာခြေထောာက်များကို ထိမှန်ကာမြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ သူတို့အားလုံးမြေပြင်ပေါ်တွင် လူးလိမ့်ငိုကြွေးကာ ရုန်းကန်၍မရနိင်ခင်မှာပင် မိုးကဲ့သို့အဆက်မပျက်ရွာကျလာသည့် မြှားများကြောင့် စကာပေါက်များဖြစ်ကုန်ကြတော့၏။
“အား...မင်းတို့ဘက်ကလေ....”
“မပစ်နဲ့တော့ ငါတို့ကလဲမဟူရာစစ်သည်တွေပါ...”
မဟူရာစစ်သည်များ၏ အော်ဟစ်သံများမှာ ငရဲပွက်နေသကဲ့သို့ပင်။
သို့သော် ဤကဲ့သို့အဆင့်မြှားများမှာ လမ်းပါ့ဒ်နှင် တစ်ခြားကျွမ်းကျင်ဆရာများကို အန္တရာယ်လုံး၀မပေးနိုင်ခြေ။ မြှားများမှာ သူတို့အနားသို့၁မီတာ၀န်းကျင်ခန့်ကိုပင် ရောက်ရှိမလာနိုင်ပဲ စွမ်းအားကင်းမဲ့စွာဖြင့် မြေပေါ်သို့ကျဆင်းကုန်ကြသည်။ ထောင်မူးအိုလတ်ဂ်နှင် တစ်ခြားလူသန်ကြီးများကဲ့သို့တိုက်ခိုက်ရေးသမားများအတွက်မာမူ သူတို့၏ခန္ဓာကိုယ်များသည် ဟော့ဆေးပုလင်းများသောက်သုံးထားခြင်းကြောင့် အရေပြားများမှာ ထူထဲမာကြောနေကြသည့်အတွက် သာမန်မြှားများဖောက်ထွင်း၀င်ရောက်ရန်မှာ မဖြစ်နိုင်ချေ။ မျက်လုံးများနှင့် တခြားပျော့ပြောင်းသည့်နေရာများကို ထိမှန်ခြင်းမရှိပါက သူတို့အားလုံးနာကျင်မှုကိုပင် ခံစားရခြင်းမရှိပေ။
ဆရာအဆင့်တိုက်ခိုက်ရေးသမားခြောက်ယောက်အပြင် ကောင်းကင်အားဖုံးလွှမ်းနေသည့် မြှားမိုးများမှာ သူတော်စဥ်တပ်ဖွဲ့အတွက်မာမူ အနည်းငယ်ခက်ခဲကာ ဒုက္ခရောက်စေသည်။ သူတို့ခန္ဓာကိုယ်နေရာအများစုအား ထူထဲသည့်ချပ်၀တ်များဖြင့် ဖုံးလွှမ်းထားသော်လည်း တစ်ချို့သူတော်စဥ်စစ်သည်များမှာ ကာကွယ်ထားခြင်းမရှိသည့် လက်မောင်းများနှင့် ခြေထောက်ကဲ့သို့သောနေရာများတွင် မြှားများထိမှန်ကုန်ကြသည်။ သို့သော်လက်ရှိအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားပြောလိုက်သည့် စကားကြောင့်စိတ်ဓာတ်များမှာ အမြင့်ဆုံးအနေထားသို့ရောက်ရှိနေချိန်ဖြစ်သည်။ သွေးများဆူပွက်နေသည့် စစ်သည်များမှာ နာကျင်မှုကိုပင်ခံစားရန်အတွက် သတိမရကြတော့ချေ။ စိုက်၀င်နေသောမြှားများကို လက်ဖြင့်ဆွဲနုတ်ကာဆက်လက်ချီတပ်တိုက်ခိုက်ကြတော့သည်။
“ဟားဟား ချမ်းဘော့ဒ်ဘုရင် ငါမင်းကို မင်းရဲ့မိုက်မဲမှုနဲ့ မထီမဲ့မြင်မှုတို့ကြောင့် မင်းရဲ့စစ်သည်တွေမြှားမိုးတွေအောက်မှာ သေဆုံးကုန်ကြတာကို မျက်စိနဲ့မြင်ရေအောင်ငါဖန်တီးပေးမယ်...”မဟူရာတိုင်းပြည်ဘုရင်၏ အသံမှာ ပြန်လည်ကာထွက်ပေါ်လာသည်။ ဖှေးအသံအား နားစိုက်ထောင်ကာ မည်သည့်နေရာမှလာနေသည်ကို စုံစမ်းရန်အတွက်ကြိုးစားကြည့်သော်လည်း ထူးခြားမှုမရှိပေ။
“ဟာသပဲ...ခင်ဗျားရဲ့စစ်သည်တွေက ကျုပ်ရဲ့ချမ်းဘော့ဒ်က ကျွမ်းကျင်စစ်သည်တွေကိုသတ်နိုင်မယ်ထင်နေထာလား...” ဖှေး ကဲ့ရဲ့ကာအော်ဟစ်လိုက်သည်။ “ဥပဒေပြုအရာရှိတွေ သူတို့ရဲ့လေးသည်တော်တွေကို ပစ်ချကြစမ်းကွာ...”
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”
ဖှေးအမိန့်ပေးလိုက်သည်နှင့်အညီ ချမ်းဘော့ဒ်တပ်ဖွဲ့ဘက်ချမ်းမှ လေးကြိုးသံများလည်း တစ်စီတတန်းထွက်ပေါ်လာတော့သည်။ မြှားများမှာ ဆာလောင်နေသည့် ကျိုင်းကောင်များကဲ့သို့ပင် သူတို့၏ရန်သူများထံသို့ စိတ်အားထက်သန်စွာဖြင့် ပျံသန်းသွားတော့သည်။
ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများအသုံးပြုသည့် လေးများမှာ ဒိုင်ယာဘလိုကမ္ဘာမှ အဆင့်မြင့်ပန်းပဲဆရာများ၊ မှော်မန္တာန်ပညာရှင်များ၏ ကြီးကြပ်မှုအောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ ပန်းပဲဆရာများကိုယ်တိုင်ထုပ်လုပ်ထားသည့် လေးများဖြစ်ကြသည်။ ထိုအရာရှိများသည်လည်း ဟော့ခ်ဆေးပုလင်းအနည်းငယ်ခန့်သောက်သုံးထားကြသည့် လူများဖြစ်ကြသည်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားပြောင်းလဲမှုများမှာ အိုလတ်ဂ်တို့ကဲ့သို့ သိသာစွာပြောင်းလဲသွားခြင်းမျိုးမရှိသော်လည်း ခွန်အားများမြင့်တက်သွားသည်မှာ အမှန်တကယ်ပင်။ ပေါင်ထောင်ချီသောအလေးချိန်များကို ကိုင်မနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဤလေးများမှာ ထိုအရာရှိများအသုံးပြုရန်အတွက် အထူးပြုလုပ်ပေးထားသည့် စွမ်းအားမြင့်လေးများပင်။ ထို့အပြင် ထိုလူများအားလေးအတတ်ကို အမျိုးသမီးသူပုန်များမှ အသေချာသင်ပေးထားသည့်အတွက် သူတို့အားလုံးနတ်ဘုရားအဆင့်လေးသည်တော်များဖြစ်လာကြတော့သည်။ မကြမှီတွင် ချမ်းဘော့ဒ်ဘက်မှ လေးသည်တော်အယောက်၅၀ခန့်မှာ ရန်သူလေးသည်တော် တစ်ထောင်ကျော်ကို စတင်၍လွှမ်းမိုးလာနိုင်တော့သည်။
“အား...”
“မလုပ်ပါနဲ့...”
“ကယ်ကြပါ...”
ရန်သူလေးသည်တော်များမှာ ပုန်းအောင်နေကြသော်လည်း ချမ်းဘော့ဒ်လေးသည်တော်များ၏အလွယ်တကူပစ်ချခြင်းကို အလူးလဲခံစားနေရတော့သည်။ အမြင့်ပေါ်တွင်ရှိသည့်် မျှော်စဥ်များပေါ်တွင် ရပ်နေကြသည့် မဟူရာလေးသည်တော်များဆိုလျှင် ပြေးစရာပင်နေရာမရှိတော့ပေ။ သူတို့အားလုံးအော်ဟစ်ရင်း အောက်သို့ပြုတ်ကျလာကြတော့သည်။
“လေးသည်တော်တွေကို အရင်သတ်...”
အမိန့်သံနှင့် အတူဆရာအဆင့်ကျွမ်ကျင်စစ်သည်၆ယောက်မှာ တစ်ချိန်တည်းမှာပင် တပြိုင်နက်လူအုပ်အတွင်းမှ ခုန်ထွက်လိုက်ကြသည်။ သူတို့အားလုံးမတူညီသည့် အရပ်မျက်နှာတစ်ခုခြင်းစီတိုင်းကို ရွေးချယ်ကာ သတ်ဖြတ်ပွဲကြီးကိုစတင်တော့သည်။ သူတို့အသုံးပြုသည့်အစွမ်းများမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာတွင်အသုံးပြသည့် အစွမ်းများပင်။ လျှင်မြန်စွာတိုက်ခိုက်သတ်ဖြတ်နေကြခြင်းနှင့်အတူ အမဲရောင်နံရံများမှာ၊ တောင်နံရံများမှာ ပြိုလဲကျဆင်းလျှက်ရှိနေကြတော့၏။ ကျောက်တုံးကြီးများပြုတ်ကျလာကာ မြေပြင်ပေါ်တွင်ထွက်ပြေးရန်အတွက်ကြိုးစားနေကြသည့် မဟူရာစစ်သည်များကို ပိကာသေဆုံးကုန်ကြတော့သည်။ ဤအခိုက်တန့်သည် ကမ္ဘာပျက်နေသကဲ့သို့ပင်။ ဖုန်မှုန့်များ၊ သဲများသည် ကောင်းကင်ရံတွင်ပြန့်ကျဲနေ၏။ ကြောင်မက်ဖွယ်တိုက်ခိုက်မှုများအောက်တွင် မဟူရာတိုင်းပြည်မှ စစ်သည်များမှာ ပူပြင်းသောနေနှင့် အေးစက်သောနှင်းမုန်တိုင်းတစ်ခုကို ပြိုင်တူတွေ့လိုက်ရသည့်ကောက်ပင်များကဲ့သို့ပင်။ မကြာမှီတွင် အများစုမှာ သေဆုံးကုန်ကြပြီး ကံံကောင်းစွာဖြင့်အသတ်ရှင်ကျန်နေသည့်လူများမှာ ထွက်ပြေးရန်သာကြိုးစာကြတော့သည်။ မည်သူမျှေ ခေါင်းမထောင်ရဲကြတော့ပေ။
ချမ်းဘော့ဒ်တိုင်းပြည်မှာ ပြန်လည်ကာအသာစီးရရှိလာတော့သည်။
မဟူရာတိုင်းပြည်တပ်ဖွဲ့၏ ကျရှုံးခန်းမှာ ရှောင်လွှဲ၍မရနိုင်တော့ပေ။ နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့သည့် ဤခံတပ်ကြီးသည်လဲချမ်းဘော့ဒ်တပ်ဖွဲ့၏အောင်မြင်မှုအောက်တွင် အပျက်စီးပုံကြီးအဖြစ်သို့ပင် ပြောင်းလဲသွားတော့မည်ဖြစ်သည်။
သို့သော် ထို့အခိုက်တန့်တွင် ဖှေး၏မျက်နှာအမူယာမှာ ပြောင်လဲသွားတော့သည်။
အဘယ်ကြောင်ဆိုသော အ၀ေးတစ်နေရာတွင်ရှိနေသည့် တောင်နံရံတစ်ခုတွင် အားနည်းသည့် မှော်စွမ်းအင်လှိုင်းဆယ်ခုခန့်ဂယက်ထနေသည်ကို ဖှေးအာရုံခံလိုက်မိသောကြောင့်ပင်။ ဤဖြစ်ရပ်မှာ မှော်ဆရာများမှောင်တိုက်ခိုက်မှု ပြုလုပ်ရန်အတွက်ပြင်ဆင်နေသောကြောင်ဖြစ်လာကြောင်းကို ဖှေးချက်ချင်းပင် သဘောပေါက်နားလည်လိုက်သည်။
ဖှေးထင်ထားသည့်အတိုင်းပင် မဟူရာတိုင်းပြည်မှာ မှော်စွမ်းအင်များကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
မဟူရာဘုရင်မှာ သူ့တိုင်းပြည်အားနှစ်ပေါင်းများစွာကြာသည်အထိ ကြိုးကြိုးစားစားစီမံကာ ခန့်ခွဲခဲ့သည့်အတွက် စစ်အင်အားသာမက မှော်ကျင့်စဥ်နေရာတွင်လည်းချမ်းဘော့ဒ်တိုင်းပြည်ထက်များစွာသာလွန်သည်ဖြစ်သည်။ တောင်နံရံတွင်ရှိသော လျို့၀ှက်ခန်းတစ်ခုထဲတွင်တွေ့လိုက်ရသည့် အသံလွှင့်မှော်အစီရင်မှာ သတ်သေထူနေ၏။ ယခုအချိန်တွင် မှော်စွမ်းအင်လှိုင်း၁၀ခုခန့်မှာ တုန်ခါလျှက်ရှိနေပြီဖြစ်ရာ တိုက်ခိုက်မှုအားအချိန်မှီတားဆီးနိုင်ခြင်းမရှိပါက ချမ်းဘော့ဒ်တပ်ဖွဲ့ကိုပြင်းထန်စွာထိခိုက်သွားစေနိုင်သည်။