← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

သို့သော်....

“ဟားဟား ငါကမင်းတို့ရောက်မလာမှာကိုတောင် စိုးရိမ်နေတာကွ...”

ဖှေးမှာ ဤတိုက်ခိုက်မှုအားရင်ဆိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီမှာ ကြာပြီဖြစ်သည်။ သူချက်ချင်းပင် အမေဇုန်ဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

လေထဲတွင် လက်များအားဆုပ်ကိုင်လိုက်သည့်အချိန်တွင် သိမ်းငှက်တောင်ပံကဲ့သို့ပုံစံရှိသည့် လေးတစ်ချောင်းသည် ဖှေးလက်အတွင်းသို့ရောက်ရှိလာသည်။ လေး

ခန္ဓာကိုယ်မှာ သွယ်လျှပြီးအနုစိတ်ကာပြင်ဆင်ထားပြီး အနီရောင်ကြေးခွံကဲ့သို့ ကနတ်များဖြင့်အလှဆင်ထားသည်။ ဤကဲ့သို့သော လေးတစ်လက်သည် သူလက်

အတွင်းသို့ လေထုထဲမှနေ၍ပေါ်ပေါက်လာသည်။ သူ၏ဘယ်လက်သည် လေးကြိုးအားဆွဲတင်လိုက်သည်နှင့်အတူ မှော်စွမ်းအင်များပြည့်၀နေသည့် အနီရောက်

မှော်မြှားတစ်လက်မှာ ပေါ်ပေါက်လာတော့သည်။

“ဖျောင်း...”

ဖှေး၏ဘယ်ဘက်လက်မှာ ၀ေ၀ါးသွားပြီး လေးကြိုးမှာ မိုးကြိုးပစ်သံကဲ့သို့အသံများမြည်ဟည်းသွားသည်။ ထို့နောက်တွင် အနီရောင်မှော်မြှားများစွာသည့် လေးမှ

ကျည်ဆန်များကဲ့သို့ထွက်ခွာသွားတော့သည်။ သုံးစက္ကန့်အတွင်းမှာပင် ဖှေးသည် မြှားအချောင်းရေ၁၂၀ခန့်ကို ပစ်လွှတ်ပြီးဖြစ်သည်။

ဤသည်မှာ အမေဇုန်ဇာတ်ကောင်၏ မြှားအစွမ်းတစ်ခုပင်။

မကြာမှီအချိန်တွင်

“ဖုန်း...”

ပေါက်ကွဲသံများသည် အ၀ေးတစ်နေရာမှထွက်ပေါ်လာတော့သည်။ မြှားများမည်သည့်နေရာကို မှန်သွားသည်ဆိုသည်ကိုမသိသော်လည်း ကျောက်နံရံများကို ထိုး

ဖောက်သွားပြီးနောက်တွင် ပေါက်ကွဲမှုများစွာကိုဖြစ်ပေါ်စေလိုက်သည်။ မတူညီသောဓာတ်များပါ၀င်နေသည့် မှော်စွမ်းအင်လှိုင်းများသည် နာကျဥ်စွာအော်ဟစ်သံများနှ

င့်ထွက်ပေါ်လာတော့သည်။

လမ်းပါ့ဒ်နှင့် တစ်ခြားလူများသည် ဖြစ်ပျက်နေသည်များကို ချက်ချင်းပင်နားလည်သွားတော့သည်။ အရှင်မင်းကြီး၏ လျှင်မြန်စွာတုန့်ပြန်လိုက်ခြင်းသာမရှိပါက ရန်

သူများသည် အားဖြည့်ထားသည့် မှော်တိုက်ခိုက်မှုများကို အောင်မြင်စွာဖြင့် ပစ်လွှတ်နိုင်ကြတော့မည်ဖြစ်သည်။ ထိုကဲ့သို့ မှော်တိုက်ခိုက်မှုများပစ်လွှတ်လိုက်ပါက

ချမ်းဘော့ဒ်တပ်ဖွဲ့ဘက်မှ သေဆုံးမှုများရှိလာမည်မှာ မလွဲဧကန်ပင်။ ဖှေး၏ အပစ်ကင်းသောမြှားပစ်အစွမ်းများကြောင့်လူတိုင်းထက်မံ၍ အံ့ဩရပြန်တော့သည်။

ဤသည်မှာ ဖှေးသည် အားနည်းသည်ဟုဆရာများစွာက သတ်မှတ်ထားသည့် လေးနှင့်မြှားကိုအသုံးပြု၍တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ်အနေဖြင့်မြင်ဖူးခြင်းဖြ

စ်သည်။ ကောင်းမွန်စွာကျင့်ကြံပါက ဘုရင်မင်းမြတ်၏လက်ထဲတွင် ဤကဲ့သို့စွမ်းအားမြင့်တိုက်ခိုက်မှုကို မွေးဖွားလာနိုင်သည်။ ပုန်းကွယ်နေကြသည့်် မှော်ဆရာ၁

၀ယောက်ခန့်ကိုပင် ချက်ချင်းသတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။ ဤသည်မှာ ဥပဒေပြုတပ်ဖွဲ့မှ လေးသည်တော်များကို များစွာစိတ်အားထက်သန်လိုက်စေသည်။ သူ

တို့အားလုံးလေးများကို တင်းကြပ်စွာဖြင့် အမြတ်တနိုးဆုပ်ကိုင်ထားလိုက်ကြသည်။

“အား...သေစမ်းကွာ အလတ်ဇန္ဒားမင်းနဲ့ငါက အတူယဥ်တွဲနေထိုင်ဖို့မဖြစ်နိုင်ဘူးပဲ...”

မဟူရာဘုရင်မှာ အလွန်ုဒေါသဖြစ်သွားသည်။ သူ၏ အသံမှာ ထက်မံထွက်ပေါ်လာ၏။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည်မှော်အစီရင်မှာ စကားပြောနေခြင်းမဟုတ်ပေ။ သူ၏အသံလာရာအရပ်မှာ ထင်ရှားသည်။ ဖှေးမြေပြင်ပေါ်မှ ချက်ချင်းပင် ခု

န်ပျံလိုက်ပြီး အသံလာရာအရပ်သို့ချက်ချင်းပင်ထွက်ခွာသွား၏။ သိမ်းငှက်တောင်ပံကဲ့သို့လေးမှာလည်း ထက်မံတုန်ခါသွားပြီး မီးမှော်မြှားလေးချောင်းကိုလည်း ထိုအ

ရပ်သို့လည်းပစ်လွှတ်လိုက်သည်။

“ဖုန်း....”

နောက်ဘက်တောင်နံရံတစ်ခုပေါ်သို့မြှားများထိမှန်ကာ အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွား၏။ ကျောက်တုံးများပြိုကျလာပြီး အထဲတွင်ရှိနေသည့် အဆောက်ဦးများကို

ဖော်ပြလိုက်သည်။ အထဲတွင်အမှန်တကယ်ပင် လျို့၀ှက်အခန်းတစ်ခုရှိနေသည်။ ဖှေး၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ပင်စူးရှနေကာ အခန်းထဲတွင်ရှိနေသည့် လ

မ်းကြောင်းတစ်ခုထံသို့ အစောင့်များ၏ကာကွယ်မှုနှင့်အတူ ပြေး၀င်သွားသည့် မဟူရာတိုင်းပြည်ဘုရင်၏ကျောပြင်ကို ရှင်းလင်းစွာဖြင့်မြင်လိုက်ရသည်။

“ဟားဟား အခုမှထွက်ပြေးတော့မလို့လား နောက်ကျသွားပြီ ခင်ဗျားတော့...”

ဖှေးအခန်းတွင်းသို့၀င်လာပြီး လက်ထဲတွင် လေးတစ်လက်ကိုကိုင်လျှက် မဟူရာဘုရင်ပြေး၀င်သွားသည့် လမ်းကြောင်းထဲသို့ပြေးလိုက်သွားတော့သည်။

ဤသည်မှာ အလွန်ကျဥ်းမြောင်းသည့် လမ်းကြောင်းတစ်ခုပင်။ အလွန်ကျဥ်းမြောင်းလွန်းလှသဖြင့် တစ်ခါဖြတ်သန်းသွားလာပါက လူတစ်ယောက်သာသွားလာနိုင်သ

ည်။ မှောင်မဲပြီး၊ ကျဥ်းမြောင်းကာ ရှည်လျားသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

ဖှေးမှာ သတိကြီးကြီးထားနေသော်လည်း သူ၏ခြေလှမ်းများမှာမူ တုန့်နှေးသွားခြင်းမရှိပေ။ အပူတပြင်းပင် နောက်မှပြေးလိုက်လျှက်ရှိသည်။

၁၀မိနစ်ခန့်အကြာပြေးလိုက်ပြီးသည့်နောက်တွင် ဖှေးအ၀ေးတစ်နေရာတွင် ပြေးလွှားနေကြသည့်ခြေသံများကိုစတင်၍ကြားလိုက်ရတော့သည်။

“၀ှစ်...”

ဖှေးသူ၏လက်ကို ကိုင်မြှောက်ကာ မြှားတစ်စင်းကိုချက်ချင်းပင် ပစ်လွှတ်လိုက်သည်။

ထို့နောက်တွင် နာကျဥ်စွာအော်ဟစ်သံတစ်ခုမှာ ချက်ချင်းပင်ထွက်ပေါ်လာသည်။

ဖှေးအနီးသို့ရောက်ရှိကာ ကြည့်လိုက်သည့်အချိန်တွင် အစောင့်တစ်ယောက်မှာ နှလုံးတည့်တည့်သိ့ မြှားထိမှန်ပြီးသေဆုံးနေသည်ကိုတွေ့လိုက်ရသည်။ မဟူရာဘုရ

င်မှာ ဆက်လက်ထွက်ပြေးနေဆဲပင်။

နောက်ထပ် ၅မိနစ်၆မိနစ်ခန့်အကြာတွင် ဖှေး၏မြင်ကွင်းများမှာ ချက်ချင်းပင်ကျယ်ပြန့်သွားသည်။ သူနောက်ဆုံးတွင်ကျဥ်းမြောင်းသည့် လိုဏ်ဂူ၏၏အပြင်သို့ရောက်

ရှိလာပြီဖြစ်သည်။ သို့သော် မဟူရာဘုရင်နှင့် သူ၏ကိုယ်ရံတော်များ၏ အရိပ်ယောင်ကိုမူမတွေ့ရသေးချေ။ ဖှေးအမြင့်တစ်နေရာသို့ခုန်တက်ပြီး ပတ်၀န်းကျဥ်သို့

ကြည့်လိုက်ရာ မြင်းများဖြင့်ဒုန်းစိုင်းကာပြေးလွှားနေကြသည့် မဟူရာဘုရင်နှင့် သူ၏ကိုယ်ရံတော်၆ယောက်ကိုတွေ့လိုက်ရသည်။ သူတို့သည် လိုဏ်ဂူအပြင်ဘက်တွ

င်မြင်းများကိုအဆင့်သင့်ပြင်ဆင်ထားခဲ့ပုံရသည်။ လိုဏ်ဂူအပြင်သို့ရောက်သည်နှင့်တပြိုင်နက် အရာအားလုံးသည် ထွက်ပြေးလွတ်မြောက်ရန်အတွက် အဆင်သင့်ဖြ

စ်နေမည်ဖြစ်သည်။

အေးစက်သည့် အပြုံးတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာတော့သည်။

All Chapters