← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

“၀ှစ်”

နောက်ထပ်မြှားတစ်ချောင်းကို ပစ်လွှတ်လိုက်ပြီး အ၀ေးတွင်ရှိနေသည့် ကိုယ်ရံတော်တစ်ယောက်သည် နာကျင်စွာအော်ဟစ်ကာ မြင်းပေါ်မှပြုတ်ကျသွား၏။

“မဟူရာဘုရင် ခင်ဗျားမလွတ်မြောက်နိုင်တော့ဘူး...”

လက်ရှိအချိန်တွင် မဟူရာဘုရင်နှင့် သူ၏ကိုယ်ရံတော်များသည် အမေဇုန်ဇာတ်ကောင်၏ မြှားပစ်လွှတ်နိုင်သည့် စက်ကွင်းအတွင်းသို့ ရောက်ရှိနေချိန်ဖြစ်သည်ဂ။

သို့သော် ဖှေးဤမင်းဆိုးကို ချက်ချင်းအလျှင်စလိုဖြင့်သတ်ဖြတ်မပစ်လိုသေးပေ။ သူအားသေခြင်းတရားအားကြောက်လန့်မှုကို အရင်ခံစားစေလိုသေးသည်။ ဖှေး

မြှားများတစ်ချောင်းပြီး တစ်ချောင်းကို ပစ်လွှတ်ကာ မဟူရာဘုရင်နှင့်အတူစီးနှင်းကာ ထွက်ပြေးနေသည့် ကိုယ်ရံတော်အစောင့်များကို သတ်ဖြတ်လျှက်ရှိသည်။

မကြာမှီတွင် မဟူရာဘုရင်၏ဘေးတွင် လေးလံသောသံမဏိချပ်၀တ်တစ်စုံကို၀တ်ဆင်ထားသည့် အစောင့်တစ်ယောက်သာကျန်ရှိတော့၏။

ဤကဲ့သို့ ရွေ့ကွက်မှာ မဟူရာတိုင်းပြည်ဘုရင်ကိုများစွာထိတ်လန့်ကြောက်ရွံ့နေစေသည်။

သူသည် တစ်ကိုယ်လုံးချွေးများစိုရွဲလျှက် မြင်းကိုကြာပွတ်ဖြင့်ရူးသွပ်စွာရိုက်နှက်ပြီး မြန်သထက်ပို၍လျှင်မြန်စွာပြေးနိုင်ရန်အတွက် အသဲသန်ကြိုးပန်ုးလျှက်ရှိသည်။

သို့သော် သူ့ဘေးတွင် အော်ဟစ်သံများတစ်သံပြီးတစ်သံထွက်ပေါ်လာပြီး ကိုယ်ရံတော်အစောင့်များ တစ်ယောက်ပြီးတစ်ယောက်ကျဆုံးလျှက်ရှိသည်။ သူတုန်လှုပ်ကာ

တစ်ခါမှမကြုံဖူးသည့်အကြောက်တရားတစ်ခုကို ခံစားရလျှက်ရှိသည်။ သူသည် ပထမဆုံးအနေဖြင့် ဤကဲ့သို့သေခါနီးအခြေအနေသို့ ရောက်ရှိဖူးခြင်းဖြစ်သည်။

သူ၏နောက်မှ တစ်စုံတစ်ယောက်သည် ဓားဖြင့်ထောက်ထားသကဲ့သို့ပင်။ ကျောများစိမ့်အေးကာ ထိတ်လန့်လျှက်ရှိ၏။

မဟူရာဘုရင်၏ ၀ိညင်မှာ ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လုနီးနီးပင်။ သူစီးနှင်းနေသောမြင်း၏ ကြောပြင်ကို ဓားမြောင်ဖြင့်ရက်စက်စွာထိုးစိုက်လိုက်ရာ မြင်းလဲတဟုန်

ထိုးအရှိန်တင်ကာပြေးလွှားတော့၏။

ဤအခိုက်တန့်တွင် ဖှေး၏မြှားမှာ သူ၏ကြောပြင်သို့ချိန်ရွယ်ထားပြီးဖြစ်သည်။

သူလေးကြိုးကို လွှတ်လိုက်သည်နှင့်တပြိုင်နက် မဟူရာဘုရင်ကို လက်ရှိနေရာ၌မှာပင် အဆုံးသတ်ပေးလိုက်နိုင်သည်။ သို့သော်ဤအခိုက်တန့်တွင် ဖှေးသူ၏စိတ်

ကိုရုတ်တရက်ပြောင်းလဲလိုက်သည်။ သူ ချမ်းဘော့ဒ်မြို့သူမြို့သားများစွာအား ဒုက္ခပေးခဲ့သည့်ဤဘုရင်ကိုအပြစ်ပေးရန်အတွက် ပို၍ကောင်းမွန်သောနည်းလမ်းတစ်ခုကို

စဥ်းစားမိလိုက်သောကြောင့်ပင်။

“ဘုန်း...”

သိမ်းငှက်တောင်ပံလေးကြိုးမှာ ပြင်းထန်စွာဖြင့်တုန်ခါသွားပြီး ဖှေးမြှားတစ်ချောင်းကိုပစ်လွှတ်လိုက်သည်။

သိ့သော် ပစ်မှတ်မှာ မဟူရာဘုရင်စီးနှင်းနေသည့် စစ်မြင်းကိုပင်။

“ဖုန်း”

မဟူရာဘုရင်မှာ အလွန်ကြောက်လန့်နေသဖြင့်ကြယ်နှစ်လုံးအဆင့်စစ်သည်၏ အခြခံတုန့်ပြန်မှုများပင် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏မြင်းမြေပေါ်သို့လဲကျသွား

သည့်အချိန်တွင် မဟူရာဘုရင်မှာ အချိန်မှီတုန့်ပြန်နိုင်ခြင်းမရှိပဲ မြင်းနှင့်အတူမြေပေါ်သို့လိုက်ပါပြုတ်ကျသွားတော့သည်။ သူမြေပေါ်တွင် အကြိမ်အနည်းငယ်ခန့်လိမ့်

ဆင်းသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးပေကျံသွားကာ သွားများကျွတ်ထွက်ကုန်တော့သည်။ သူ၀တ်ဆင်ထားသည့် ရွှေသရဖူမှာလည်းကျွတ်ထွက်ပြီး အနီးနားတွင်

ရှိသော ခြုံပုတ်တစ်ခုထဲသို့ လိမ့်၀င်သွားတော့သည်။

သူနှင့်နောက်ဆုံးကျန်ရှိနေသည့် ကိုယ်ရံတော်မှာလည်းသူ့အားတစ်ချက်ပင် ပြန်မလှည့်ကြည့်တော့ပဲမြင်းနှင့် ဒုန်းဆိုင်းကာထွက်ခွာသွားတော့သည်။ လက်ရှိအခိုက်တ

န့်တွင် ဘုရင်၏အသက်အားကယ်တင်ရန်မှာ သူ၏ခေါင်းထဲတွင် လုံး၀မရှိတော့ပေ။ ဖှေး၏ချွန်ထက်သောမြှား၏ ပစ်မှတ်မဖြစ်ရန်သာအရေးကြီးတော့သည်။

ရန်သူများ၏ဗရမ်းပတာအခြေအနေများကို ကြည့်နေရင်းဖြင့် ဖှေး၏မျက်နှာပေါ်တွင် အေးစက်သေအပြုံးတစ်ခုပေါ်ပေါက်လာတော့သည်။

သူလျှင်မြန်စွာပင် အောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ရာ မီးခိုးရောင်မရဏစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်အား ဖုံးလွှမ်းသွားတော့

သည်။ ထို့နောက်တွင် မဟူရာတိုင်းပြည်ဘုရင်နှင့် မီတာ၂၀ခန့်၀ေးသောနေရာတစ်ခုသို့ အမြန်ပြေးသွားတော့သည်။ ဤအခိုက်တန့်တွင် မဟူရာဘုရင်သည် ပြုတ်

ကျသည့်အရှိန်ကြောင့်ခေါင်းများမူးနောက်နေဆဲဖြစ်သည့်အတွက် ဖှေးချည်းကပ်လာသည်ကိုသတိမထားမိလိုက်ချေ။

ဖှေးလက်သီးခနတာခန့်ဆုပ်လိုက်ပြီး လက်ချောင်းများကို ဆန့်တန်းလိုက်သည်။ မီးခိုးရောင်မရဏသေခြင်းစွမ်းအင်များသည် သူ၏လက်ချောင်းများအတွင်းမှာ ထွ

က်ခွာသွားပြီး မီးခိုးရောင်တစ္စေများကဲ့သို့ ပုံရိပ်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။ သွေးနံ့ရသွားသည့် ငါမန်းများကဲ့သို့ပင် တစ္စေများသည် မဟူရာဘုရင်ထံသို့

ပျံသန်းသွားကာ သူ၏ခန္ဓာကိုယ်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

အောက်လမ်းဆရာ၏ ကျိန်စာတိုက်အစွမ်းတစ်ခုဖြစ်သည့် [အိုမင်းခြင်း]ပင်။

ဤကျိမ်စာတိုက်ခံရသည့်လူမှာ လျှင်မြန်စွာအိုမင်းသွားမည်ဖြစ်ပြီး ထိခိုက်နှုန်းများမှာလည်းပိုမို၍မြင့်မားသွားမည်ဖြစ်သည်။

ဖှေးကျိမ်စာတိုက်ပြီးသည့်နောက်တွင် ပြန်လည်ကာစဥ်းစားကြည့်လိုက်ပြီး မကျေနပ်နိုင်သေးပဲဖြစ်သွားသည်။ သူ၏လက်ဖ၀ါးများကို ထက်မံဖြန့်လိုက်သည့်အခါတွင်

မရဏစွမ်းအင်များသည် လက်ဖ၀ါးအတွင်းတွင် လေမုန်တိုင်းအသေးစားလေးကဲ့သို့စတင်ကာ လည်ပတ်တော့သည်။ သူထိုစွမ်းအင်များကိုလည်း မဟူရာဘုရင်ထံသို့

ပစ်လွှတ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲသို့ ထက်မံ၍၀င်ရောက်သွားတော့သည်။ ထို့နောက်တွင် မဟူရာဘုရင်၏ခေါင်းပေါ်တွင် အနီရင့်ရောင်မီးတောက်တစ်ခုပေါ်ပေါ

က်လာသည်ကို ဖှေးတစ်ယောက်သာမြင်တွေ့နိုင်တော့သည်။

အောက်လမ်းဆရာ၏ ကျိမ်စာတိုက်အစွမ်း [ရှုပ်ထွေးစေခြင်း]ပင်။

ဤကျိန်စာတိုက်ခံလိုက်ရသည့်သူသည် စိုးရိမ်ပူပန်သောပရမ်းပတာအခြေအနေတစ်ခုသို့ ကျရောက်သွားမည်ဖြစ်သည်။ အလွန်ုဒေါသကြီးလာပြီး သူ၏အနားတွင်ရှိ

နေသည့် လူမှန်သမျှရန်သူဖြစ်စေ၊ မိတ်ဆွေပင်ဖြစ်စေကာမူ ရန်ပြုတိုက်ခိုက်လိုလာမည်ဖြစ်သည်။

အစွမ်းနှစ်ခုကိုအသုံးပြုပြီးသည့်နောက်တွင် ဖှေးနောက်ဆုံးတွင်ရပ်တန့်လိုက်သည်။ တွန့်ဆုတ်နေခြင်းမရှိပဲ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြန်ပြောင်းကာ ခုန်ကျော်ခြင်း

အစွမ်းကို အသုံးပြုပြီး ထိုနေရာမှထွက်လာခဲ့တော့သည်။ ယခင်လာလမ်းအတိုင်းသွားကာ မဟူရာခံတပ်ထံသို့ပြန်လာခဲ့သည်။

ဤသည်မှာ သူ အောက်လမ်းဆရာဇာတ်ကောင်၏ ကျိမ်စာအစွမ်းများကို အပြင်လောကတွင်ပထမဆုံးအကြိမ်အနေဖြင့် အသုံးပြခြင်းဖြစ်သည်။

အိုမင်းခြင်းအစွမ်းသည် မဟူရာဘုရင်အားစွမ်းအင်များ လျှင်မြန်စွာကုန်ဆုံးစေပြီး လျှင်မြန်စွာအိုမင်းကာ အမြဲနာကျဥ်ကိုက်ခဲ့နေသည့် အခြေအနေသို့ရောက်ရှိစေမ

ည်ဖြစ်သည်။ မည်သည့်ဒဏ်ရာပင်မဆို အပ်ဆူးသည်ဆိုစေကာမူ သွေးများများစွာထွက်ကာ သာမန်ထက်ပိုမိုကာနာကျင်စေမည်ဖြစ်သည်။ တစ်ဖက်တွင် “ရှုပ်

ထွေးစေခြင်း” ကျိမ်စာမှာ သူ့အားအလွန်မင်းရန်လိုတတ်သောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်ပြီး သူ၏မိန်းများ၊ ကလေးများ၊ ရင်းနှီးသည့်ပုဂ္ဂိုလ်

များကိုပင် နာကြင်အောင်ပြုမူမိမည်ဖြစ်သည်။

မဟူရာဘုရင်မှာ ဤကျိမ်စာနှစ်ခုဖြင့် အသုံးမကျသည့် လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့် သာမန်အရိုင်းစိုင်းတ

စ်ကောင်သာဖြစ်နေတော့မည်ဖြစ်သည်။ ယခင်က သူ၏ ဉာဏ်အမျှော်မြင်နှင့် လိမ္မာပါးနပ်မှုများလည်းရှိတော့မည်မဟုတ်ပေ။ မဟူရာတိုင်းပြည်မှာလည်း ဘုရင်

ဤကဲ့သို့ပြောင်းလဲသွားသည့်အတွက် အခြေအနေဆိုးတစ်ခုသို့ကျရောက်သွားတော့မည်ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ဤကျိမ်စာများကို ပယ်ဖြတ်ပေးခြင်းမရှိပါက ထိုကျိမ်စာနှစ်ခုသည် မဟူရာဘုရင်နှင့် သေဆုံးသည်အထိပင် ကျန်ရှိနေတော့မည်ဖြစ်သည်။

သို့သော် ကျိမ်စာအားပယ်ဖြတ်နိုင်သည့်သူမှာလည်း မရှိသလောက်ပင်။ အဖိုကြီးကိန်းပြောပြချက်အရ ဒိုင်ယာဘလိုကမ္ဘာမှ အောက်လမ်းဆရာဇာတ်ကောင်၏အစွ

မ်းများနှင့် အေဇာရုတိုက်တွင် လူတစ်ချို့ကျင့်ကြံကြသည့် အောက်လမ်းအတတ်တို့မှာ ရင်းမြစ်တူသည်ဟုဆိုသည်။ ဇီးနစ်အင်ပါယာတွင်ရှိနေသည့်မည်သူမဆို ဒို

င်ယာဘလိုကမ္ဘာမှ ကြောက်မက်ဖွယ်အောက်လမ်းကျိမ်စာကို ပယ်ဖျောက်နိုင်ခြင်းမရှိသည်ကို ဖှေးသေချာသိ၏။

ဖှေးတွင် ယခင်က မဟူရာတိုင်းပြည်အား သိမ်းပိုက်ရန်လည်းအကြံစည်ရှိသည်။

သို့သော် ဤသည်မှာ အချိန်ကောင်းမဟုတ်သေးပေ။

ပထမဦးစွာချမ်းဘော့ဒ်တပ်ဖွဲ့သည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲအတွက် မြို့တော်စိန့်ပီတာစဘာ့တ်တို့ အရောက်သွားရဦးမည်ဖြစ်သည်။ ဤသည်မှာ ပထမ

ဦးစားပေးအချက်ပင်။ ချမ်းဘော့ဒ်သည် အမိအင်ပါယာနှင့်ရင်ဆိုင်ရန်အင်အားမျိုးမရှိသေးသည့်အတွက် သူတို့ချမှတ်ထားသောစည်းမျဥ်းများအရပင် လိုက်ပါကစားနေ

ရဦးမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင်ပါ၀င်ယှဥ်ပြိုင်ခြင်းအားဖြင့် ချမ်းဘော့ဒ်သည် အနာဂတ်ဖွံ့ဖြိုးတိုးတတ်ရေးအစီစဥ်များအတွက်ပို၍ အခွင့်

လမ်းများစွာရရှိလာမည်ဖြစ်သည်။ ထို့အပြင်ဇီးနစ်အင်ပါယာသည်လည်း အမိအင်ပါယာတစ်ခုအနေဖြင့် ချမ်းဘော့ဒ်ကိုပြင်ပရန်စွယ်များမှ ကာကွယ်ပေးထားနိုင်

သောကြောင့်ပင်။

တိုင်းပြည်နှစ်ခုကြားတိုက်ပွဲမှာ အင်ပါယာစည်းမျဥ်းများကိုချိုးဖောက်နေပြီးဖြစ်သော်လည်း ချမ်းဘော့ဒ်မှမိုင်းတွင်ကျေးကျွန်များ၏ ကျဥ်းထဲတွင်စုပုံထားသောရုပ်အ

လောင်းများကို အကြောင်းပြချက်ပေး၍ရသေးသည်။ ချမ်းဘော့ဒ်တိုင်းပြည်ကိုးခုမှ မင်းသားများကိုဖမ်းဆီးခြင်းကို အကြောင်းပြချက်ပေးခဲ့သကဲ့သို့ပင်ဖြစ်သည်။

ဖှေးပြင်ပအဆောက်ဦးများကို ဖျက်ဆီးခဲ့ခြင်းမှာ ကိစ္စမရှိသော်လည်း အင်ပါယာမှ ထီးနန်းတင်ပေးထားသည့် ဘုရင်တစ်ပါးကိုသတ်ဖြတ်ခြင်းမှာ အင်ပါယာဥပဒေအရ

သစ္စာဖောက်မှုမြောက်သဖြင့် ဖှေးအင်ပါယာတရားစီရင်ရေးအဖွဲ့ကိုရင်ဆိုင်ရမည်ဖြစ်သည်။ ဖှေးသူတို့အားကြောက်လန့်ခြင်းမရှိသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်ဖွံ့

ဖြိုးရန်မှာ အချိန်နှင့် ငြိမ်းချမ်းမှုများလိုအပ်နေသေးသည်။ ပြသနာများနည်းလေလေပို၍အဆင်ပြေလေလေဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ဤအခိုက်တန့်တွင်

ဖှေးမဟူရာတိုင်းပြည်ဘုရင်ကို အသတ်ရှင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဤရန်သူအားသတ်ဖြတ်ရန်မှာ အနာဂတ်တွင်လည်းအခွင့်ရေးများစွာရှိလာဦးမည်ဖြစ်သည်။

မှောင်မဲကာ ရှည်လျားသည့် လိုဏ်ဂူတစ်ခုအားဖြတ်ကျော်ကာ ဖှေးမမဟူရာခံတပ်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ခံတပ်ထဲတွင်ရှိကြသည့် မဟူရာတိုင်းပြည်မှစစ်သည်၉၀ရာခိုင်နှုန်းခန့်မှာ သေဆုံးကုန်ကြပြီဖြစ်သည်။ ကျန်ရှိနေသည့် စစ်သည်များသည်လည်း လက်နက်များချလျှက်

ရင်ပြင်ပေါ်တွင် ဒူးထောက်လျှက်ရှိနေကြလျှက်တုန်ခါကာ ချမ်းဘော့ဒ်စစ်သည်များ၏ အမိန့်ကို စောင့်ဆိုင်းနေကြ၏။

All Chapters