အခန်း (၂၁၈)
Vol. 15 Ch. 218
“....”
မြင်းအော်သံနှင့်အတူ မြက်ခင်းပေါ်တွင်မေ့မြောနေခဲ့သည့် မဟူရာတိုင်းပြည်ဘုရင်မှာ ခေါင်းထောင်ကာကြည့်လိုက်သည်။ အန္တရာယ်တောထဲတွင်သူ့အားပစ်ထားခဲ့သ
ည့်အစောင့်မှာ ပြန်လည်ကာရောက်ရှိလာသည်။
“အရှင်မင်းကြီး အရှင်...အဆင်ပြေရဲ့လား...”
အစောင့်စစ်သည်မှာ သူ၏ဦးဆောင်းကိုချွတ်လိုက်ပြီး ငယ်ရွယ်နုပျိုသည့်မျက်နှာကိုပြသလိုက်သည်။ အကြောက်တရားကြောင့် သူ၏အမဲရောင်ဆံပင်များမှာ စိုစွတ်ပြီး
ရှုပ်ပွနေသည်။ သူ၏အသံမှာ ဘုရင်အားသစ္စာခံထားသည့် လူတစ်ယောက်၏အသံနေအသံထားမျိုးမဟုတ်သော်လည်း ဘုရင်အားအန္တရာယ်ထဲတွင် ချန်ထားခဲ့မိသ
ည့်အတွက် နောင်တရနေသည့်ဟန်ရှိသည်။
“ဟင်း...ငါမသေပါဘူး...”
မဟူရာဘုရင်မှာ မြက်ခင်းပေါ်တွင် ဖြေးညင်းစွာဖြင့်ထထိုင်လိုက်သည်။ သူသည် လက်ရှိအခြေအနေတွင် မသေသေးသော်လည်းကြောက်လန့်နေဆဲဖြစ်သည်။ သူ
၏အရှေ့တွင်ရှိနေသော်လူငယ်အား မကျေမနပ်သော်လည်း သူ့ကိုယ်သူကောင်းမွန်စွာထိန်းချုပ်လိုက်သည်။ သူဖှေးပျောက်ကွယ်သွားသည့်နေရာအား စိုက်ကြည့်နေရ
င်းဖြင့် မကြုံဖူးသေးသော အမုန်းတရားနှင့် ရက်စက်ကြမ်းကြုတ်တို့မှုနှင့်အတူပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင် ဒီတစ်ခေါက်တော့ငါသေမသွားဘူး...ဟီးဟီး
မင်းဒါကို နောင်တရရလိမ့်မယ်။ မဟူရာတိုင်းပြည်ရဲ့ဘုရင်တစ်ပါးအနေနဲ့တစ်နေ့ကျရင် မင်းရဲ့နန်းတော်ကိုသိမ်းပိုက်ပြီး မင်းချစ်တဲ့လူတွေကိုမင်းရှေ့မှာတင်သတ်ပြမ
ယ်လို့ ကတိပေးတယ်...မင်းအသက်ရှင်လာခဲ့တာတောင် နောင်တရသွားစေရမယ်..”
“ထူဆန်းတယ်...ချမ်းဘော့ဒ်ဘုရင်က ဘာလို့ဒီတိုင်းပဲထွက်ခွာသွားတာလဲ...” လူငယ်မှာ တီတိုးကာရေရွတ်လိုက်သည်။
“ဘာမှမထူးဆန်းပါဘူး...အဲ့စောက်ပိန်းက ကမူးရှူးထိုးဆိုပေမယ့် အသိဉာဏ်တော့ရှိသေးတယ်...သူငါ့ကို သတ်ရင်ဘာဖြစ်သွားမလဲဆိုတာကိုသိတယ်လေ..
.အေးအဲ့ကောင်က ငါ့ကိုမသတ်ရဲပေမယ့် ငါကတော့တစ်နေ့ကျရင်အဲ့ကောင်ကိုသတ်ကိုသတ်မယ်...”
ဆံပင်အမဲရောင်နှင့် လူငယ်မှာ ဘုရင်ပြောသည်အား သဘောမတူသော်လည်း ဘာမှဆက်မပြောတော့ချေ။ သူသတ်ပြင်းချကာ ပြောလိုက်သည်။ “ကောင်းပါပြီ
အရှင်အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့အစီစဥ်အတိုင်းဆက်ပြီး လုပ်ဆောင်သင့်တယ်။ မဟူရာနန်းတော်ကိုအရင်ပြန်ကြပြီး နေမင်းတောင်စစ်ဆင်ရေးအတွက်ကျွ
န်တော်တို့ဆက်ပြီးပြင်ဆင်ကြရအောင်။”
“ကောင်းပြီ...ဒါပေမယ့်မင်းသားအီဗန်..ကျုပ်ရဲ့တပ်ဖွဲ့က အတော်ဆုံးရှုံးလိုက်ရတယ်..ရှိသမျှမြင်းစစ်သည်တွေအကုန်မဟူရာခံတပ်ထဲမှာ ကျဆုံးကုန်ပြီ..ချ
မ်းဘော့ဒ်ဘုရင်ကို ကျုပ်တို့ဆက်ပြီးစောင့်ကြည့်ချင်တယ်ဆိုရင်တော့ ဆရာကြီးကိုတစ်ခြားလူတွေစီစဥ်ပေးဖို့တောင်းဆိုရလိမ့်မယ်...” မဟူရာခံတပ်ကျဆုံးသွား
ခြင်းနှင့် သူ၏စစ်သည်များစွာကျဆုံးသွားသည့် အကြောင်းကိုတွေးလိုက်မိသည့်အချိန်တိုင်းတွင် မဟူရာဘုရင်၏နှလုံးသားမှာ သွေးများယိုစီးလာသကဲ့သို့ပင် နာကြင်
ရ၏။
“ဒါကပြသနာမရှိပါဘူး...ချမ်းဘော့ဒ်ဘုရင်နဲ့ သူ့ရဲ့တပ်ဖွဲ့ရဲ့အစွမ်းစက ကျွန်တော်တို့တွက်ထားတာထက်အများကြီး ပိုပြီးကြီးမားနေတယ်။ ကျွန်တော်တို့ ဒီမှာဖြစ်
ခဲ့တဲ့အရာတွေအားလုံးကို ဆရာကြီးကို အကုန်ပြန်ပြီးပြေပြရမယ်။” သူပြောရင်းဖြင့် ဆံပင်အမဲရောင်နှင့် မင်းသားအီဗန်မှာ သူ၏လက်ကို၀ှေ့ရမ်းကာ လေထဲတွင်
၀ဲပျံနေသည့် အဖြူရောင်တောင်ပံများနှင့် သိမ်းငှက်ကြီးတစ်ကောင်ကိုဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် ငှက်ကြီးကို သူထူးဆန်းသည့်ဘာသာစကားတစ်ခုဖြင့်
စကားလုံးများပြောကြားလိုက်သည်။ မကြာမှီတွင် ငှက်ကြီးမှာ နားထောင်ပြီး အ၀ေးသို့ပျံသန်းသွားတော့သည်။
မဟူရာဘုရင်မှာ ရှက်ရွံ့မိသော်လည်း သူသည်ကြောက်လန့်နေဆဲဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားမှာ သူထင်ထားသည်ထက်ပင်များစွာသာလွန်နေသည်။
ချမ်းဘော့ဒ်ဘုရင်၏စွမ်းရည်ကြီးမားသည်သာမကပေ။ သူ၏လက်အောက်တွင်ရှိနေသောစစ်သည်များ၏အစွမ်းများမှာလည်း ကြောက်မက်ဖွယ်ပင်။ ဤအချက်များ
အားလုံးသည် မဟူရာဘုရင်ကိုများစွာထိတ်လန့်စေသည်။ သူကျောက်တုံးကြီးတစ်ခုအား အားပြုကာ မက်တပ်ထရန်ပြင်လိုက်သည်။ သို့သော်သူ၏ ခန္ဓာကိုယ်မှာ
ရုတ်တရက်လှုပ်ခါသွားပြီး တစ်ခါမှမကြုံဖူးသေးသည့် အားနည်းမှုမျိုးကိုခံစားလိုက်ရသည်။ သူဓားကို၀ှေ့ရမ်းကာ ရန်သူများကိုသတ်ဖြတ်ရန်အသုံးပြနေကြဖြစ်သည့်
သူ၏လက်မောင်းမှာ ယခုအခါတွင်မူ အားအင်ကင်းမဲ့နေ၏။ သူ၏နှာခေါင်းမှာလည်း အေးစက်နေသကဲ့သို့ခံစားနေရသည်။ သူလက်ဖြင့်စမ်းသပ်ကြည့်လိုက်သည့်အချိ
န်တွင် သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။
“သေစမ်းငါမြင်းပေါ်က ပြုတ်ကျတုန်းက ဒဏ်ရာရသွားတာဖြစ်မယ်...”
မဟူရာဘုရင်မှာ ထိုအရာကိုသိပ်ပြီးအာရုံမစိုက်ပေ။ သူသည်စစ်ပွဲများစွာတိုက်ခိုက်ဖူးသည်ဖြစ်၍ ဒဏ်ရာရရှိခြင်းမှာ သူအတွက်အထူးဆန်းမဟုတ်ပေ။ သူကုန်းရုန်း
ထကာ မြှားမှန်ပြီးသေသွားသည့် ကိုယ်ရံတော်စစ်သည်တစ်ယောက်၏မြင်းကိုဆွဲယူလိုက်သည်။ သူမြင်းပေါ်သို့ခုန်တက်ရန်ပြင်သည့်အချိန်တွင် သူ၏ခြေထောက်များ
သည်လည်းအလွန်အားနည်းနေသကဲ့သို့ခံစားလိုက်ရသည်။ သူမြင်းဇာက်ကြိုးကိုသာတင်းကြပ်စွာကိုင်ထားခြင်းမရှိပါက မြင်းပေါ်မှထက်မံ၍ပြုတ်ကျဦးမည်ဖြစ်သည်။
သူ၏စစ်သည်အတွင်းအားများကိုအသုံးပြုကာ မရမကမြင်းပေါ်သို့တက်ပြီးသည့်အချိန်တွင် သူ၏နှာခေါင်းမှသွေးများသည် ပို၍ပင်စီးကျလာပြန်၏။
အကြောင်းအမျိုးမျိုးကြောင့် မဟူရာဘုရင်မှာ ထိပ်တန်းအဖွဲ့၀င်နိုင်ငံတစ်ခုမှမင်းသားတစ်ပါးဖြစ်သည့် မင်းသားအီဗန်ကို တစ်စစီဆုတ်ဖြဲလိုစိတ်များဖြစ်ပေါ်လျှက်ရှိသ
ည်။ ဤအခိုက်တန့်တွင် သူ၏လက်များသည် ဓားရိုးပေါ်သို့ပင်ရောက်ရှိသွားသည်။ ဓားအားတစ်၀က်ဆွဲထုတ်၍ မင်းသားအီဗန်ကိုထိုးရန်အတွက်ပြင်လိုက်သည့်အချိ
န်တွင် သူတွင်အနည်းငယ်ကျန်ရှိနေသေးသည့် အသိစိတ်မှာ ထိုကဲ့သို့ပြုမူခြင်းမှာ သူ့အားရပ်တန့်လိုက်သည်။