← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

မြေအောက်အကျဥ်းခန်းထဲတွင် ရှိနေသည့် ကျေးကျွန်များမှာ ကျက်သေသေသွားကြသည်။ “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဖိုးဇိုလာရစ်ကို မဟူရာစစ်သည်တွေအသေရိုက်နှက်ပြီး လူသေကျင်းထဲကို ပစ်ချလိုက်ကြတာမဟုတ်ဘူးလား။” သူတို့အားလုံးတွေးလိုက်မိကြသည်။ လွန်ခဲ့သည့်လေးရက်ခန့်က ဇိုလာရစ်မှာ လူထုကိုအားပေးခဲ့သည့်အတွက် အပြစ်ပေးခြင်းခံခဲ့ရသည်ဖြစ်သည်။ သူ၏မျက်လုံးတစ်လုံးကို ဖောက်ထုတ်ကာ သူ၏လျှာကိုလည်း ဖြတ်ပစ်ခဲ့သည်။ သူ၏ခြေလက်လေးချောင်းလုံးအား ရိုက်ချိုးအပြီးတွင် ကျင်းထဲကိုပစ်ချလိုက်ခဲ့ကြသည်။ ချမ်းဘော့ဒ်တိုင်းပြည်မှာ ကျေးကျွန်တိုင်းဤမြင်ကွင်းကို မြင်လိုက်ရကြသည်။ ထို့ကြောင့်ဇိုလာရစ်၏ အန္တရာယ်ကင်းနေသည့် ပုံမှန်လေသံကိုကြားလိုက်ရသည့်အချိန်တွင် ထိတ်လန့်အံ့ဩသွားကြခြင်းဖြစ်သည်။

“နောက်ပြီး...သူဘာပြောလိုက်တာ...”

“အရှင်...အရှင်မင်းကြီးဟုတ်လား...”

“ဇိုလာရစ်က ဘယ်သူ့ကိုအဲ့လိုခေါ်နေတာလဲ...”

လူတိုင်းတစ်ယောက်တည်းသောလူကိုသာ တွေးလိုက်မိကြသည်။

သူတို့အားလုံး ဇိုလားရစ်၏စိတ်ဓာတ်ကိုသိကြသည်။ ကျောက်တုံးတစ်တုံးကဲ့သို့ခေါင်းမာသူတစ်ယောက်ဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်ကိုမှလွဲ၍ မည်သူကိုမျှ အရှင်တပ်ခေါ်မည့်လူမျိုးမဟုတ်ပေ။ မဟူရာဘုရင်ကပင် ဇိုလာရစ်၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်စွမ်းရည်များကို သဘောကျသဖြင့် သူ့အားအရှင်ဟုခေါ်ပါက ဆွေကြီးမျိုးကြီးရာထူးတစ်ခုကိုပင် ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဇိုလာရစ်မှာ ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့သူဖြစ်သည်။

“ငါ့တိုင်းပြည်သားတွေက ဒီနေရာမှာ ၄ရက်လောက်ပိတ်လှောင်ထားခံခဲ့ရတာ..ငါကဘာလို့ခနလေးတောင်မ၀င်နိုင်ရမှာလဲ..”

စူးရှကာ ငြင်းဆန်၍မရနိုင်သည့် အသံတစ်ခုကိုလူတိုင်း၏နားထဲတွင် ကြားလိုက်ရသည်။ ဤသည်မှာ အလွန်နန်းဆန်သည့် အသံမျိုးဖြစ်သည်။ နေရောင်ခြည်ဖုံးလွှမ်းခံထားရသည့် လူငယ်၏ပုံရိပ်မှာ ရုတ်တရက်တောက်ပလာပြီး ရွှေရောင်အလင်းရောင်တစ်ခုသည် ထိုလူထံမှ တောက်ပလာတော့သည်။ နွေးထွေးသောခံစားချက်တစ်ခုနှင့်အတူ ဤရွှေအလင်းရောင်မှာ မြေအောက်အကျဥ်းခန်းအတွင်းတွင် လင်းလတ်သွားသည်။ ဤအလင်းရောင်သည် နွေးထွေးနေသကဲ့သို့ပင် လူတိုင်း၏ခန္ဓာကိုယ်အတွင်းသို့နွေးထွေးသည့် စွမ်းအင်များစီး၀င်သွားတော့သည်။ သူတို့ခံစားခဲ့ရသည့် ဒဏ်ရာများအမာရွတ်များသည်လည်း နွေးထွေးသောအလင်းရောင်၏ ထွေးပွေ့မှုအောက်တွင် ဖြည်းဖြည်းခြင်းပျောက်ကင်းလာတော့သည်။

ငယ်ရွယ်ပြီးရဲရင့်သည့် မျက်နှာတစ်ခုသည် လူတိုင်း၏မျက်လုံးများအောက်တွင် ပေါ်လာတော့သည်။

ဤမျက်နှာသည် လူတိုင်း၏၀ိညင်များထဲတွင် နက်ရှိုင်းစွာဖြင့်စွဲမှတ်သွားစေသည်။

သူတို့အားလုံးထိုမျက်နှာကို သေသည်အထိပင် တစ်သက်လုံးမေ့နိုင်ကြတော့မည်မဟုတ်ပေ။

“ချမ်းဘော့ဒ်တိုင်းပြည်က စစ်သည်တို့..အလတ်ဇန္ဒားက ဒီနေရာကိုအလွန်နောက်ကျပြီးမှရောက်လာခဲ့မိပါတယ်။ မင်းတို့တွေခံစားခဲ့ရတာတွေကိုလည်း ငါသိပါတယ်။ အဲ့အတွက် မင်းတို့တစ်ဦးခြင်းစီကို ဘုရင်တစ်ပါးအနေနဲ့ငါတောင်းပန်ချင်ပါတယ်...ကျွန်တော်အလတ်ဇန္ဒားက တိုင်းပြည်သူ၊တိုင်းပြည်သားတွေကို လုံလုံလောက်လောက်မကာကွယ်နိုင်ခဲ့ပဲ ချမ်းဘော့ဒ်တော်၀င်မိသားစုရဲ့ ဂုဏ်သရေကို အရှက်ရစေခဲ့ပါတယ်။”

ဖှေးပြောရင်းဖြင့် အမဲရောင်ရေဆိုးများထဲသို့ဆင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ တောက်ပနေသည့် ရွှေရောင်အလင်းတန်းများမှာလည်း ပြင်းထန်သည်ထက်ပြင်းထန်လာသည်။

ပါလာဒင်ဇာတ်ကောင်၏အစွမ်း [ကုသခြင်းပင်]။

ဤအစွမ်းကိုအသုံးပြုပါက ကိုယ့်ဘက်သားများကို ပြန်လည်ကာကုသပေးသည့်အာနိသင်ရှိသည်။ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများကိုလဲအဆင့်တစ်ခုသို့ရောက်သည်အထိကုသပေးနိုင်သည်။

တစ်ချိန်တည်းမှာပင် လူအမဲရောင်ဓားရှည်တစ်လက်ကို ကိုင်တွယ်ကာ လူအုပ်ထံသို့လမ်းလျှောက်သွားသည်။ ဓားမှာတုန်ခါသွားပြီး လူအုပ်အားဖြတ်သန်းသွားကာ ခန္ဓာကိုယ်တွင် ချည်နှောင်ထားခြင်းခံရသည့် သံမဏိချိန်းကြိုးများကိုဖြတ်တောက်ဖယ်ရှားပေးလိုက်သည်။ ဘုရင်၏ ဓားရေးမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သံမဏိချိန်းကြိုးများမှာ လူတိုင်း၏ခန္ဓာကိုယ်ကို တင်းကြပ်စွာတုပ်နှောင်ထားသော်လည်း ဓားဖြင့်ခုတ်ပိုင်းရာတွင် လူများအား အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေခဲ့ပေ။

မိုင်းတွင်းကျေးကျွန်များသည် ဖြစ်စဥ်တစ်ရပ်လုံးကိုကြည့်ရင်းဖြင့် ထိုနေရာ၌ပင် အံ့သြကာ ကျက်သေသေနေကြတော့သည်။

အနွေးဓာတ်အားသူတို့၏ ခန္ဓာကိုယ်ထဲတွင် ခံစားပြီးသည့်အချိန်တွင် သူတို့ဒဏ်ရာများမှ နာကျင်သည့်ခံစားချက်များသည်လည်းတဖြည်းဖြည်းဖြင့် ပျောက်ကင်းလာပြီဖြစ်သည်။ သူတို့ခန္ဓာကိုယ်တွင်တုပ်နှောင်ထားသည့် ချိန်းကြိုးများပျယ်သွားသည့်အချိန်တွင် သူတို့ယခင်ကခံစားခဲ့ရသည့် နာကျင်မှုများ၊ ဆာလောင်မှုများ၊ အေးစက်မှုများမှာ အိမ်မက်ကဲ့သို့ပင်ဖြစ်သွားတော့သည်။ သူတို့အားလုံးတွေးခေါ်ရန်မေ့လျော့သွားကြသည်၊ စကားပြောရန် မေ့လျော့သွားကြသည်၊ လှုပ်ရှားရန်မေ့လျော့သွားကြသည်၊ သူတို့ကိုယ်သူတို့ပင် မေ့လျော့သွားကြတော့သည်။

“ဒါကတကယ်ပဲလား...တကယ်ပဲအိမ်မက်မက်နေတာမဟုတ်ဘူးလား...” လူတိုင်းမှာ သူတို့ကိုယ်သူတို့ပြန်မေးနေကြ၏။ တစ်ချို့ဆိုလျှင် အိမ်မက်မက်နေသည်ပင် ထင်ကြသဖြင့် မိမိကိုယ်မိမိဆွဲစိတ်ကြည့်နေကြတော့သည်။

မိနစ်၀က်ခန့်အကြာတွင် လမ်းပါ့ဒ်နှင့် ဒရော့ဂ်ဘာတို့အပါ၀င် ချမ်းဘော့ဒ်တိုင်းပြည်မှ တစ်ခြားစစ်သည်များ ဘုရင်အနောက်မှလိုက်ကာ ရေဆိုးမြောင်းထဲသို့ဆင်းမည်ပြင်ဆဲတွင် ကျယ်လောင်စွာအောင်ဟစ်သံများကို ကြားလိုက်ရတော့်သည်။

“ဘုရင်အလတ်ဇ္ဒားကို ကောင်းချီးပေးပါစေ...”

“ချမ်းဘော့ဒ်ဘုရင် အသက်ရှည်ပါစေ...”

ဤအော်ဟစ်အားပေးသံများမှာ ကျယ်လောင်လွန်းလှသဖြင့် မြေအောက်အကျဥ်းခန်းမျက်နှာကျက်ကို ဆုတ်ဖြဲတော့မည့်သကဲ့သို့ပင် ထင်ရ၏။ အော်ဟစ်သံများမှာ စိတ်လှုပ်ရှား၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ ကြေကွဲမှုအရိပ်ယောင်များလဲပါ၀င်နေသည်။ ဤအခိုက်တန့်တွင် လမ်းပါ့ဒ်အပါ၀င် လူတိုင်းခံစားသွားကြရ၏။ သူတို့အားလုံးလွန်ခဲ့သည့် လေးလခန့်က ချမ်းဘော့ဒ်ဘုရင် ကျူးကျော်လာသည့် အမဲရောင်ချပ်၀တ်စစ်သည်များထဲမှာ ကြယ်သုံးလုံးစစ်သည်လမ်ဒီ၏ ဦးခေါင်းကိုပိုင်းဖြတ်လိုက်စဥ်က ခံစားခဲ့ရသည့် ပီတိမျိုးကိုထပ်မံခံစားနေရသည်။ လူတိုင်းသည် သူ့အားပတ်လည်၀ိုင်း၍ အော်ဟစ်ကာအားပေးနေကြသည်။

.......

.......

ဒဏ်ရာရ၊ မောပန်းနွမ်းနယ်နေခဲ့ကြသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ ကျေးကျွန်များမှာ ယခုအချိန်တွင်မူ စိတ်ဓာတ်တက်ကြွနေကြတော့သည်။ မကြာမှီတွင် သူတိ့အားလုံးကို ပို၍နေရထိုင်ရာအနည်းငယ်အဆင်ပြေနိုင်သည့် ကျောက်တိုင်များရှိသော ရင်ပြင်သို့နေရာရွှေ့ပေးလိုက်ကြ၏။ ချမ်းဘော့ဒ်တပ်ဖွဲ့၀င်များသည် သွေးစွန်းနေသည့် ကျောက်တိုင်များကို ဖျက်စီးထားပြီးဖြစ်သည်။ ယာယီတဲများပင် ထိုးထားပြီး မီးများမွေးကာ ပူနွေးသည့်အစားသောက်များကို ချက်ပြုတ်နေကြ၏။

“အား...ခင်ဗျားကိုး အဖိုးတွန် ဘုရားရေ တော်သေးတာပေါ့ အသက်ရှင်နေတုန်းပဲ...”

“ဘုရားရေ ဒါက တကယ်ပဲလား။ အဖေ...အဖေပျောက်သွားတော့ ကျွန်တော်ရောအမေရော သေသွားပြီထင်နေကြတာ....အဖေအသက်ရှင်နေတုန်းပဲနော်...ကျေးဇူးပါဘုရားရေ။ ကျေးဇူးပါ အရှင်မင်းကြီး...”

“ကွန်းတ..ခင်ဗျာကို လွမ်းလို အန်တီနီနာက နေ့တိုင်းငိုနေတယ်...သူမရဲ့မျက်လုံးတွေတောင်ကန်းလုနီးနီးပဲ..ခင်ဗျားအမြန်ဆုံးပြန်သွားမှ ရမယ်နော်...”

“အကို အကိုကျွန်တော့ကို မှတ်မိသေးလား..ကျွန်တော်က ကိုင်းလ်လေ...အကိုသိလားအကိုပျောက်သွားပြီးတဲ့နောက်မှာ အဖေနဲ့ အမေနဲ့က ၀မ်းနည်းတဲ့စိတ်နဲ့ မစားနိုင်မအိပ်နိုင်တွေဖြစ်ပြီးတော့ ဆုံးသွားကြပြီဗျာ...”

ရင်ပြင်ပေါတွင် ဤကဲ့သို့သော စကားသံများဖြင့် ဆူညံလျှက်ရှိသည်။

ယခင်နှစ်များအတွင်းတွင် ချမ်းဘော့ဒ်တိုင်းပြည်မှ လူပေါင်းများစွာပျောက်ဆုံးခဲ့ပြီး ထိုအရာတစ်ခုတည်းမှပင် မိသားစုများစွာကို ပျက်စီးစေခဲ့သည်။ အသက်ရှင်ကျန်နေသည့်လူများမှာ အကျိုးဆက်နာကြင်မှုများကို ခံစားကြရ၏။ သို့သော် သူတို့အားလုံးသည် ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည့် သူငယ်ချင်းများ၊ မိသားစု၀င်များကို ပြန်လည်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။ ဤသည်မှာ ဘုရားသခင်၏ ညာတာမှုပင်ဖြစ်ပေလိမ့်မည်။

ချမ်းဘော့ဒ်တိုင်းပြည်မှ ကျေးကျွန်နှစ်ရာခန့်မှာ အားနည်းသည့်ခန္ဓာကိုယ်များကြောင့် မြေအောက်အကျဥ်းခန်းထဲတွင် ငှက်ဖျားမိကာ သေဆုံးသွားခဲ့ကြရသည်။

လူးများအားလုံးမဟူရာခံတပ်အတွင်းတွင် သေဆုံးသွားခဲ့ကြသည့် ချမ်းဘော့ဒ်တိုင်းပြည်သားများ၏ ရုပ်အလောင်းများကိုစုစည်းကာ နောက်ဘက်တောင်တွင်ရှိသည့် လူသေကျဥ်းထဲတွင် ထားလိုက်ကြသည်။ ကောင်းကင်ပေါ်သို့ထောင်ကာ လောင်ကျွမ်းနေသည့် မီးတောက်များမှာ ချမ်းဘော့ဒ်တိုင်းပြည်မှမိုင်းတွင်းကျေးကျွန်များ၏ အမုန်းတရားများပင်။ ထောင်ချီသောရုပ်အလောင်းများကို မီးရှို့ကာ ပြာဖြစ်သည်အထိ သင်္ဂြုဟ်လိုက်ကြပြီး အရိုးပြာများကို သေတ္တာကြီးများထဲတွင် စုထည့်လိုက်၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်တစ်ပါးအနေဖြင့် ဤအရိုးပြာများကို ချမ်းဘော့ဒ်တိုင်းပြည်သို့ ပြန်လည်သယ်ဆောင်ကာ အရှေ့ဘက်တောင်ထိပ်တွင်ရှိသည့် သူရဲကောင်းများမြုပ်နှ့သောနေရာတွင် မြုပ်နှ့ပေးမည်ဟု ဖှေးကတိပေးလိုက်သည်။

“ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်တစ်ပါးအနေနဲ့ ဒီနေ့ကစပြီး ငါ့နိုင်ငံက ဘယ်သူမဆို ကျေးကျွန်တွေမဖြစ်စေရတော့ဘူးလို့ ငါကတိပေးတယ်...ချမ်းဘော့ဒ်ကိုစော်ကားရဲတဲ့လူမှန်သမျှကို ငါကိုယ်တိုင်အပြစ်ပေးမယ်...အဲ့ကောင်က ဘာကောင်ကြီးပဲဖြစ်နေနေပေါ့...”

ကောင်းကင်ကိုပင် ၀ါးမျိုနိုင်သည့် မီးတောက်များရှေ့တွင် ဖှေးသူ၏ သစ္စာရှိပြည်သူများကို ကတိပေးလိုက်သည်။

ဖမ်းဆီးထားသည့် မဟူရာစစ်သည်အယောက်၄၀၀ကျော်ခန့်ကို ကျောက်ရင်ပြင်ထံသို့ခေါ်ဆောင်လာခဲ့သည်။ သူတို့အားလုံးကိုတန်းဆီထားပြီး မိုင်းတွင်ကျေးကျွန်များကို သူတို့အား နှိပ်စက်ခဲ့ဖူးသည့် စစ်သည်များကို ညွှန်ပြရန်အခွင့်ရေးပေးလိုက်သည်။ ညွှန်ပြသည့်စစ်သည်များကို နေရာ၌ပင်ကွပ်မျက်ပစ်လိုက်၏။ ကျန်ရှိနေသည့် စစ်သည်များကိုမူ လက်နက်များနှင့် ချပ်၀တ်မျာသိမ်းဆည်းပြီး ခံတပ်အပြင်သို့ ကန်ထုတ်လိုက်တော့သည်။

All Chapters