← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

အခြေအနေမှာ အနည်းငယ်ငြိမ်သက်စပြုလာပြီဖြစ်သည်။

ဖှေးနှင့် လမ်းပါ့ဒ်ကဲ့သို့အဓိကခေါင်းဆောင်များသည် ကယ်တင်ထားသည် ချမ်းဘော့ဒ်မှ ကျေးကျွန်များကို နေရပ်သို့ပြန်ပို့ရေးအစီစဥ်များကို ဆွေးနွေးနေကြသည်။

ချမ်းဘော့ဒ်တပ်ဖွဲ့သည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင်ပါ၀င်နိုင်ရန်အတွက် အင်ပါယာမြို့တော်စိန့်ပီတာစဘာ့တ်သို့ အမြန်ဆုံးသွားရမည်ဖြစ်သည်။ ရှည်လျားစွာခရီးဆက်ရဦးမည်ဖြစ်သဖြင့် အစာရေရှာရှားပါးမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် အားအင်ချိနဲ့နေကြသော ကျေးကျွန်များကို ခရီးတစ်လျှောက်တွင် ခေါ်သွားရန်မှာ မဖြစ်နိုင်ချေ။ ဤလူများသည် ကောင်းမွန်စွာဂရုစိုက်မှုနှင့် ရှည်ကြာစွာအနားယူရန်တို့ လိုအပ်နေသေးသည်။ အချိန်တန်ကြာဆွေးနွေးအပြီးတွင် ဒုတိယစွမ်းအားအကြီးဆုံးစစ်သည်ဖြစ်သည့် လမ်းပါ့ဒ်သည် ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့အားခေါ်ဆောင်၍ သူတော်စဥ်တပ်ဖွဲ့၀င်၂၅ယောက်၊ ဥပဒေပြုတပ်ဖွဲ့၀င်၅၀ယောက်တို့နှင့်အတူ ချမ်းဘော့ဒ်တို့ပြန်ကာ ကျေးကျွန်များကို ပြန်လည်ကာလိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။ သူတို့အား ၀န်ကြီးချုပ်ဘတ်စ်၏လက်ထဲသို့ အပ်နှံပြီးသည့်အချိန်တွင် လမ်းပါ့ဒ်တို့အဖွဲ့သည် ချမ်းဘော့ဒ်မှ အမြန်ပြန်လည်ထွက်ခွာလာပြီး ဖှေးတို့ကိုအမှီလိုက်လာမည်ဖြစ်သည်။ ဤအစီစဥ်အရ ဖှေးနှင့် လမ်းပါ့ဒ်တို့သည် မြို့တော်သို့ မရောက်မှီတွင် ပြန်လည်ကာပေါင်းစည်းမိကြမည်ဖြစ်သည်။

ဆုံးဖြတ်ချက်ချအပြီးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မဟူရာခံတပ်ထဲတွင် တစ်ညခန့်နေရာဒဏ်ရာရနေေကြသည့် ချမ်းဘော့ဒ်မြို့သူမြို့သားများကို တစ်ညတာခန့်ကောင်းမွန်စွာအနားပေးရန်ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံးအနည်းငယ်အနားယူပြီးမနက်တွင် လမ်းပါ့ဒ်နှင့် သတ်မှတ်ထားသည့်လူများသည် သူတို့အားကာကွယ်ကာ ချမ်းဘော့ဒ်သို့ပြန်လည်ကာ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။

ဖှေးဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး အဖြူရောင်မြေခွေးလေးကောင်နှင့် ကျီးကန်းကြီးသုံးကောင်တို့ကိုဆင့်ခေါ်ကာ မဟူရာခံတပ်တစ်၀ိုက်တွင် ကင်းလှည့်စေလိုက်သည်။ ဤကဲ့သို့ဖြင့် တိုက်ပွဲကြောင့်ပင်ပန်းနွမ်းနယ်ထားသည့် သူ၏စစ်သည်များကင်းလှည့်စရာမလိုတော့ပဲကောင်းမွန်စွာဖြင့် အနားယူနိုင်မည်ဖြစ်သည်။

“အရှင်မင်းကြီး အရှင့်ရဲ့ငှက်ကြီးကို တစ်စုံတစ်ခုက လိုက်ပြီးတိုက်ခိုက်နေတယ်...” ဒရော့ဂ်ဘာသည် သူ၏ကျယ်လောင်သည့်အသံနှင့်အတူရုတ်တရက်အော်ဟစ်လိုက်သည်။

ဖှေးအပေါ်သို့မော့ကြည့်လိုက်ရာ မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် အဖြူရောင်အတောင်ပံနှင့် သိမ်းငှက်ကြီးတစ်ကောင်သည် သူဆင့်ခေါ်ထားသည့် ကျီးကန်းကြီးအားအနောက်မှ လိုက်ပါ၍တိုက်ခိုက်လျှက်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုသိမ်းငှက်ကြီးမှာ အလွန်ရက်စက်ကြမ်းကြုတ်ကာ ရန်လိုနေသည့်ဟန်ရှိသည်။

“ပစ်ချလိုက်စမ်းကွာ...”

ဖှေးအမိန့်ပေးလိုက်ရာ သူ၏ကိုယ်ရံတော်တိုးရိစ်သည် လေးပါ်သို့မြှားတစ်ချောင်းတင်လျှက် လေးကြိုးကိုဆွဲတင်လိုက်သည်။ မြှားကိုပစ်လွှတ်လိုက်ရာ တိကျစွာပင် သိမ်းငှက်ကြီး၏ဦးခေါင်းကို ထိမှန်သွားသည်။ သိမ်းငှက်ပြီးမှာ နာကျင်စွာအော်မည်လျှက်တောင်ပံတဖြတ်ဖြတ်ခတ်ပြီး ရုန်းကန်ကာ မြေပေါ်သို့ပြုတ်ကျလာတော့သည်။

“အရှင်မင်းကြီး ဒီသိမ်းငှက်ကြီးက ကင်းထောင်ရာနဲ့တစ်ယောက်နဲ့တစ်ယောက်သတင်းပို့ဆက်သွယ်ရာမှာ အသုံးပြုလေ့ရှိကြတဲ့ ငှက်တစ်မျိုးပါ။ အင်ပါယာအဖွဲ့၀င်နိုင်ငံတော်တော်များများရဲ့တပ်ဖွဲ့တွေမှာ သူတို့ကိုအသုံးပြကြလေ့ရှိပါတယ်...ဒါပေမယ့် ဒီငှက်ရဲ့သဘာ၀ကတော့သိပ်မကောင်းဘူး..ရန်လိုပြီးရက်စက်တတ်တဲ့အမူကျင့်တမျိုးရှိတယ်..အဲ့တာကြောင့်ပဲ အရှင်မင်းကြီးရဲ့ငှက်ကြီးကို စပြီးတိုက်ခိုက်တာပဲ...” အဖြူရောင်သိမ်းငှက်ကြီး၏ အလောင်းကိုတွေ့လိုက်ရသည့်အချိန်တွင် အဖိုးကြီးဇိုလာရစ်မှာ ဖှေးကိုပြောကြားလိုက်၏။

ဇိုလာရစ်မှာ အသက်ငယ်ရွယ်စဥ်အချိန်ကပင် ဖမ်းဆီးချင်းခံခဲ့ရပြီး မဟူရာတိုင်းပြည်သို့မိုင်းတွင်းအလုပ်သမားကျေးကျွန်အဖြစ် ရောင်းစားခြင်းခံခဲ့ရသူဖြစ်သည်။ သူသည် ငရဲခန်းကဲ့သို့သော မိုင်းတွင်းထဲတွင် နှစ်ပေါင်းများစွာကြာသည်အထိကြံ့ကြံ့ခိုင်ကာနေထိုင်ရင်း ယနေ့အချိန်အထိအသက်ရှင်နေနိုင်ခဲ့သူဖြစ်သည်။ ဤသည်မှာ အံ့သြဖွယ်ရာတစ်ခုပင်။ သို့သော် ဤအတွေ့အကြုံကပင် သူအားဗဟုသုတများနှင့် သူများနှင့်မတူသည့် ကြံ့ခိုင်သောစိတ်ဓာတ်တို့ကိုရရှိစေခဲ့သည်။ သူသည် လမ်းလျှောက်နေသည့် စွယ်စုံကျမ်းကြီးတစ်ခုကဲ့သို့ပင်။

“ဆက်သွယ်ရေးအတွက် အသုံးပြုကြတဲ့ငှက်ကြီးလား...” ဖှေးသူ၏ မေးစေ့ကိုပွတ်သပ်လိုက်သည်။ ထို့နောက်တွင် အလွန်ကောင်းမွန်သည့် အကြောင်းပြချက်တစ်ခုကိုရှာတွေ့သွားတော့သည်။ “ဒီခွေးသားလေးကို မဟူရာတိုင်းပြည်ဘုရင်ကလေ့ကျင့်ပေးထားတာနေမယ်။ အဲ့တာကြောင့်ပဲဒီလောက်ရန်လိုနေတာပေါ့။ ကြာပါတယ်ကွာ အရသာရှိမယ့်ပုံပဲကင်စားလိုက်ကြရအောင်။”

မကြာမှီတွင် ဤရက်စက်ကြမ်းကြုတ်သည့် ငှက်ကြီးအားအမွေးများပြောင်သည့်အထိနုတ်ကာ မီးဖိုပေါ်သို့တင်ကာကင်လိုက်တော့သည်။ ရွှေ၀ါရောင်သန်းလာပြီး မွေးကြိုင်သည့် ရနှံ့တစ်ခုသည် လေထုထဲတွင်ပြန့်နှံ့လာတော့သည်။ အိုလတ်ဂ်နှင့် တခြားလူများလည်း ငှက်ကင်နံ့ရသဖြင့် သားရေကျလာကာ မီးဖိုအနားသို့ကပ်လာကြတော့၏။

ဆယ်မိနစ်ခန့်အကြာတွင် မြေပေါ်တွင် ငှက်ရိုးများသာ စုပုံ၍ကျန်နေတော့၏။

မကြာမှီအချိန်တွင် အမှောင်ထုသည် မဟူရာခံတပ်သို့လွှမ်းခြုံသွားတော့သည်။

နေ့ခင်းဘက်တွင်ဖြစ်ပွားခဲ့သည့် လူသတ်ပွဲကြီးကြောင့်ပေလားမသိချေ။ ယနေ့ညလရောင်မှာ မှေးမှိန်သောအနီရောင်အလင်းတစ်ချို့ကို သယ်ဆောင်လာလျှက်ရှိသည်။

ကျောက်တိုင်များရှိနေသည့် ရင်ပြင်ပေါ်တွင် ယာယီတဲများစွာထိုးထားကြသည်။ တစ်ချို့မှာ ခံတပ်မြေပြင်ပေါ်တွင်ရှိနေသည့် အပျက်စီးများကိုရှင်းလင်းကာ နွေးထွေးသောမီးဖိုလေးများကိုပင် ဖိုထားကြသည်။ ချမ်းဘော့ဒ်မှမိုင်းတွင်ကျေးကျွန်များမှာ စိတ်ချလက်ချဖြင့် နှစ်ခြိုက်စွာအိပ်မောကျလျှက်ရှိကြသည်။

ဖှေးသည် ဘုရင့်တဲကို ဒဏ်ရာအပြင်းထန်ရနေသည့် ကျေးကျွန်များကို အနားယူရန်အတွက်ပေးထားပြီး သေချာစွာဖြင့်ဂရုစိုက်ပေးလျှက်ရှိသည်။ ဤသည်မှာ နလုံးသားများစုဆောင်းသည့်နီးလမ်းတစ်ခုပင်။ သူသည့် ကျေးဇူးတင်လေးစားမှုများစွာကို ရရှိသွားပြန်သည်။

ညပိုင်းတွင် ဖှေးသည် မဟူရာခံတပ်တွင်ရှိသော အရှည်ဆုံးမျှော်စဥ်တစ်ခုပေါ်တွင်ထိုင်လျှက်ပတ်၀န်းကျင်ကို အကဲခတ်ကြည့်ရှုနေ၏။ အေးမြသည့် လရောင်မှာလည်းသူ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်ကာ တောက်ပနေသေးသည်။

ပတ်၀န်းကျင်အားလေ့လာအပြီးတွင် ဖှေးထိုနေရာ၌ပင်တိတ်ဆိတ်စွာထိုင်လျှက် ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှ မှတ်ဉာဏ်များကို ပြန်လည်းစုဆောင်းနေသည်။ ထို့နောက်တွင် သူလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူတို့စခန်းချလားသည့် နေရာပတ်ပတ်လည်တစ်၀ိုက်တွင် မှော်ထောင်ချောက်များကိုချထားလိုက်သည်။ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ အတွင်းအားစီးဆင်းပုံများကို လေ့လာကာ အတွင်းအားကျင့်စဥ်စာလိပ်များကို ထက်မံပြုပြင်မွမ်းမံကာ အဆင့်မြင့်သည်။

ယခုအချိန်အထိ ဖှေးကြည့်ခဲ့ဖူးသည့် အန်နမီရုပ်ရှင်ဇာတ်ကားတစ်ခုမှ ခိုးထားသည့်အစွမ်းများဖြစ်ကြသည့် လမ်းပါ့ဒ်၏ အလင်းလတ်သီးနှင့် အိုလတ်ဂ်၏အလောင်းထပ်ငလျှင်လှိုင်းတို့အပြင် ဖှေးအတွင်းအားစီးကြောင်းအသစ်များနှင့် တစ်ခြားကျင့်စဥ်အသစ်တစ်ခုကိုလဲထက်မံကာပြုလုပ်ကြည့်နေသည်။ ထိုကျင့်စဥ်များကိုလည်းကိုယ်တိုင်းစမ်းသပ်ကာ ကျင့်ကြံကြည့်လျှက်ရှိသည်။

အချိန်များမှာ လျှင်မြန်စွာပင် ကုန်ခန်းသွားပြီး မှော်သားရဲများ၏အော်ဟစ်ဟိန်းဟောက်သံများကို ဘေးပတ်ပတ်လည်တွင်ရှိနေသည့် တောင်များထဲမှ ကြားနေရ၏။

လရောင်များအတွင်းသို့ ဖှေးသူ၏မျက်လုံးများကိုဖွင့်လိုက်သည်။

သူသည်နောက်ဆုံးတွင် ကြယ်သုံးလုံးအဆင့်ကျင့်စဥ်စာလိပ်နှစ်ခုကို ဖန်တီးပြီးမြောက်သွားပြီဖြစ်သည်။

အချိန်ကိုတွက်ကြည့်လိုက်ရာ သူဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်ကာ မကောင်းဆိုး၀ါးများကိုသတ်ဖြတ်၍ လယ်ဗယ်မြင့်တင်ရန်အတွက် အချိန်ကျန်ရှိနေသေးသည်။

“ဒွီ.....”

ကောင်းကင်ပြာရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး ဖှေးထိုအထဲသို့၀င်သွားတော့သည်။

ဤအကြိမ်တွင် ဖှေးလူရိုင်းဇာတ်ကောင်ကိုရွေးချယ်လိုက်သည်။ လူရိုင်းဇာတ်ကောင်သည် ဖှေး၏အဓိကဇာတ်ကောင်ဖြစ်ပြီး အမြဲတန်းလယ်ဗယ်များဆုံးဖြစ်နေသည့် ဇာတ်ကောင်ဖြစ်သည်။ ယခုအချိန်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်မှာ လယ်ဗယ်၃၆သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

All Chapters