အခန်း (၂၂၂)
Vol. 15 Ch. 222
ဤတစ်ကြိမ်တွင် သူလူရိုင်းဇာတ်ကောင်ကို ရွေးချယ်လိုက်သည်။ လူရိုင်းဇာတ်ကောင်သည် ဖှေး၏အဓိကဇာတ်ကောင်ဖြစ်ပြီး အမြဲတမ်းလယ်ဗယ်အမြင့်ဆုံးတွင် ရှိနေသည့်ဇာတ်ကောင်ဖြစ်၏။ ဤအချိန်တွင် သူ၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၃၆သို့ရောက်ရှိနေပြီဖြစ်ပြီး နေ့ရက်များစွာအပြင်းထန်ကြိုးစာအပြီးတွင် ဒုတိယမြေပုံဖြစ်သည့် လူ့တ်ဂိုလိမ်မြေပုံတွင် အလုပ်၆ခုရှိသည့်အနက်တစ်ခုသာပြီးမြောက်ရန်ကျန်ရှိတော့သည်။ ဤအလုပ်မှာ တဲရာရှာ၏သင်္ချိုင်းသို့သွားကာ နာကျင်မှုများ၏သခင်ကြီး ဒူရီရယ်ကိုသတ်ဖြတ်ရန်ဖြစ်သည်။
သူပုန်စခန်းတွင် အပြင်ကမ္ဘာမှ ပြန်လာခါစဖြစ်သည့် သူတော်စဥ်အာကာရာနှင့် တွေ့ဆုံကာ ဖှေး ဆေးပုလင်းဖော်စပ်နည်းများနှင့် စာလိပ်ပြုလုပ်ခြင်းများကိုနာရီ၀က်ခန့်လေ့လာသင်ကြားသည်။ ထို့နောက်တွင် တိုင်းပြည်အတွင်းတွင်ရှိနေသည့် အယ်လီနာကိုပြန်လည်ဆင့်ခေါ်ကာ ချမ်းဘော့ဒ်တိုင်းပြည်၏လက်ရှိအခြေအနေများကိုမေးမြန်းသည်။ ၀န်ကြီးချုပ်ဘတ်စ်နှင့် စစ်ရေးအကြီးကဲဘရွတ်တို့၏စီမံခန့်ခွဲမှုအောက်တွင် အရာအားလုံးချောမွေ့စွာလည်ပတ်နေသည်ကို ကြားလိုက်ရသဖြင့်ဖှေးစိစိတ်အေးသွားသည်။ သူတို့နှစ်ယောက်သားထို့နောက်တွင် လူ့တ်ဂိုလိမ်မြို့သို့လာရောက်ကာ ပေါ်တယ်တစ်ခုကို ဖြတ်ကျော်ပြီးတစ်ခါမှ မရောက်ဖူးသေးသည့် တဲရာရှာသင်္ချိုင်းသို့ရောက်ရှိလာတော့သည်။ ရေတွက်၍မရနိုင်သည့် မကောင်းဆိုး၀ါးများကိုသတ်ဖြတ်အပြီးတွင် သူတို့နှစ်ယောက် ကြီးမားသည့်နတ်စဥ်အ၀ိုင်းကြီးတစ်ခုထံသို့ရောက်ရှိလာကြတော့သည်။
နတ်စဥ်မှာ ရှေးကျကာလျို့၀ှက်နက်နဲသည့် သင်္ကေတများဖြင့် အပြည့်ရေးထိုးထားသည်။ သင်္ကေတများအားလုံးသည် အနီရောင်အလင်းများတောက်ပနေကြပြီးနတ်စဥ်၏နက်ရှိုင်းသောနေရာများထံမှာ မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများအော်ဟစ်သံများရံဖန်ရံခါထွက်ပေါ်လာလျှက်ရှိသည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားတစ်ခုကိုထိန်းချုပ်ထားသကဲ့သို့ပင်။ ကြောက်မက်ဖွယ်စွမ်းအင်များမှာ လှိုင်းထန်နေသောသမုဒ္ဒရာရေပြင်ကြီးကဲ့သို့ ထကြွလျှက်ရှိပြီး သင်္ချိုင်းအခန်းတစ်ခုလုံးကားလွှမ်းခြုံလျှက်ရှိသည်။
ဖှေးနတ်စဥ်ပေါ်သို့ငြင်သာစွာ လမ်းလျှောက်တက်သွားသည်။ ဤ၂၀မီတာခန့်မြင့်မားသော နတ်စဥ်၏အပေါ်ထိတ်တွင် လက်ကောက်၀တ်ခန့်အရွယ်စားရှိသည့် အပေါက်တစ်ခုရှိနေ၏။ ဖှေးသူယခင်က ရရှိထားသည့် ဟိုရာဒရစ်ကုဗတုံးကိုထုတ်ကာ အပေါက်ထဲတွင် ထည့်လိုက်သည်။
“ဖုန်း...”
သင်္ချိုင်းတစ်ခုလုံးမှာ ပြင်းထန်စွာဖြင့်တုန်ခါလာတော့သည်။ မျက်နှာကျက်ပေါ်တွင် ကြီးမားသည့်ကျောက်တုံးကြီးများလှုပ်ခါနေသည်နှင့် အတူ ဖုန်မှုန့်များကျောက်စများလည်း မြေပြင်ပေါ်သို့ပြုတ်ကျလာတော့သည်။ လိုဏ်ဂူကြီးတစ်ခုလုံးပြိုကျတော့မည့်အတိုင်းပင်။ ကျယ်လောင်သည့် ထုရိုက်နေသည့်အသံများသည် နတ်စဥ်အရှေ့တွင်ရှိနေသည့် ရှေးကျသည့်ကျောက်နံရံတစ်ခု၏နောက်မှာ ထွက်ပေါ်လာလျှက်ရှိသည်။ ကြောက်မက်ဖွယ်မကောင်းကြီးတစ်ကောင်သည် နံရံ၏အနောက်မှ ထုရိုက်နေသကဲ့သို့ပင်။ မကြမှီတွင် ကျောက်နံရံကြီးမှာ အက်ကွဲသွားပြီး ၂မီတာခန့်နက်ရှိုင်းသည့် အပေါက်ကြီးတစ်ခုပေါ်လာတော့သည်။
ဖှေးသည် ဤကဲ့သို့မြင်ကွင်းမျိုးအား ယခင်ဘ၀က ဒိုင်ယာဘလိုဂိမ်းကစားခဲ့စဥ်ကာ အကြိမ်ပေါင်းများစွာမြင်တွေ့ဖူးပြီးဖြစ်သောကြောင့် သိပ်ပြီးမအံ့သြတော့ပေ။ အနည်းငယ်စိတ်လှုပ်ရှားနေသည့် အယ်လီနာကိုပင် ပြုံးပြလိုက်သေး၏။
ယခုအချိန်တွင် သူပြုလုပ်ရမည့်အရာမှာ ထိုအပေါက်ထဲသို့၀င်သွားကာ လူ့တ်ဂိုလိမ်မြေပုံ၏ နောက်ဆုံးခေါင်းဆောင်ကြီးဖြစ်သည့် ဒူရီရယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လူ့တ်ဂိုလိမ်မြေပုံ၏နောက်ဆုံးအလုပ်ကိုအောင်မြင်သွားပါက သူသည်တတိယမြောက်မြေပုံဖြစ်သည့် ခူရက်စ်ဆိပ်ကမ်းကိုသွားရောက်နိုင်တော့မည်ဖြစ်သည်။
ဖှေးယခင်ဘ၀က ဂိမ်းကစားခဲ့သည့်မှတ်ဉာဏ်များအရ ဒူရီရယ်သည်အလွန်ရင်ဆိုင်ရခက်သည့် ရန်သူတစ်ယောက်ဖြစ်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများမှာ အလွန်သန်မာပြီး၊ ရေခဲနှင့် အေးခဲစေနိုင်သည့် အစွမ်းများကိုလည်းပိုင်ဆိုင်ထားသေးသည်။ ကစားသူသည် သေချာဂရုမစိုက်ပါက အေးခဲခြင်းကိုခံရမည်ဖြစ်ပြီး ဒူရီရယ်၏ အသေအကြေတိုက်ခိုက်မှုများကို ငြိမ်ခံရုံမှတစ်ပါးတတ်နိုင်တော့မည်မဟုတ်ပေ။ အေးခဲခံလိုက်ရပါက ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်ရေးရတော့မည်မဟုတ်ပဲ သေဆုံးသွားမည်ဖြစ်သည်။
သို့သော် ဖှေးသည် သေချာစွာပြင်ဆင်ထားပြီးဖြစ်သည်။ မလာမှီမချိန်ကပင် သူသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ခံနိုင်ရည်အတန်သင့်ရှိသည့် ချပ်၀တ်တစ်ခုကိုပြင်ဆင်လာခဲ့ပြီး အေးခဲနိုင်စွမ်းကိုလျှော့ချကာ လှုပ်ရှားရလွယ်ကူစေသည့် မှော်ပစ္စည်းများကိုလည်းသူနှင့် အယ်လီနာတို့အတွက်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့နောက်တွင် သူ၏မျက်လုံးများကိုမှိတ်ကာ ဂရုစိုက်ရမည့်အရာများကိုပြန်လည်ကာစဥ်းစားပြီး အယ်လီနာအားခေါင်းငြိမ်းပြကာ ဂရုစိုက်ရန်အတွက်မှာကြားလိုက်သည်။ ထို့နောက်တွင် အမဲရောင်အပေါက်ကြီးထဲသို့ ၀င်ရောက်သွားတော့သည်။
သူ၏မျက်လုံးများရှေ့တွင်ရှိနေသည့် မြင်ကွင်းများမှာ ပြောင်းလဲသွားသည်။
အမှောင်ထုနှင့် ဒေါသဖြင့်ဟိန်းဟောက်သံများမှာ ဖှေးထံသို့ဦးတည်၀င်ရောက်လာ၏။
ဤနေရာသို့ရောက်ရောက်ခြင်း ဖှေးပထမဆုံးပြုလုပ်သည့်အရာမှာ နာကျင်ခြင်းတို့၏အရှင်သခင်ကိုရှာဖွေကာစတင်တိုက်ခိုက်ရန်မဟုတ်ပေ။ မြို့ပြောင်းစာလိပ်တစ်ခုကို အသုံးပြု၍ ပထမဦးစွာ လူ့တ်ဂိုလိမ်မြို့တော်သို့ပြန်နိုင်သည့် ပေါ်တယ်တစ်ခုကိုဖွင့်လိုက်သည်။ သူသည်သေဆုံးအပြီးတွင် ပြန်လည်မွေးဖွားလာနိုင်မည်လားမသေချာသေးသော်လည်း အယ်လီနာအတွက် ပြန်လည်ထွက်ပြေးနိုင်သည့်အခွင့်ရေးတစ်ခုကို ဖန်တီးပေးနိုင်ရန်ဖြစ်သည်။
ပုံရိပ်တစ်ခုသည်ဖှေး၏ဘေးတွင်ရုတ်တရက်တောက်ပသွားပြီး အယ်လီနာသည်လည်းဤနေရာသို့ရောက်ရှိလာပြီဖြစ်သည်။
“ကျား...မိုက်မဲလိုက်တဲ့လူသားတွေ မင်းတို့ကဘားလ်ကို လာရှာတာလား....”
အနံ့ဆိုးများသည် ဖှေးထံသို့ပျံသန်းလာပြီး ကျယ်လောင်သည့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာတော့သည်။
တစ်ဖက်သို့လှည့်လိုက်သည့်အချိန်တွင် မီတာ၂၀ခန့်မြင့်မားသည့် ပိုးကောင်ကဲ့သို့မကောင်းဆိုး၀ါးကြီးတစ်ကောင်ကို သူ၏မျက်လုံးများရှေ့တွင်တွေ့လိုက်ရတော့၏။ သူ၏ရှေ့ခြေလက်များသည် ဖှေး၏အရပ်မျှပင်မြင့်မားနေသည်။ ဤသတ္တ၀ါကြီးမှာ အနီငြိုရောင်ဖြစ်နေပြီး ရွံစရာကောင်းသည့်အရည်များဖြင့်ဖုံးလွှမ်းထားသည်။ သူ၏ခေါင်းပေါ်တွင် အဖြူရောင်ဦးမျှင်လေးခုရှိပြီး ခပ်၀၀ပုံပန်းသဏ္ဏာန်မှာ ဖှေးအား ပျားဘုရင်မတစ်ကောင်ကိုသွား၍သတိရစေ၏။ ဤမကောင်းဆိုး၀ါးမှာ ကြီးမားလှသော်လည်း ကြည့်ရသည်မှာ အနည်းငယ်ရီချင်စရာကောင်းလှသည်။
ဘာကြောင့်လဲတော့မသိပေ။ ဤအခိုက်တန့်တွင် ယခင်ကဖှေးခံစားနေရသည့်အနည်းငယ်စိတ်လှုပ်ရှားနေသည့် စိတ်မှာ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
သူလေချွန်ပြီးပြုံးကာပြန်ပြောလိုက်သည်။ “မဟုတ်ဘူး ငါရှာနေတာမင်းကိုကွ...”
ချက်ချင်းလိုလိုပင် စော်ကားကာစိန်ခေါ်ခြင်းကို ခံလိုက်ရသည့်နာကျင်မှုသခင်ကြီးမှာ စတင်၍တိုက်ခိုက်တော့သည်။ သို့သော် ယနေ့တွင် သူအတွက်ကံကောင်းသည့်နေ့ဖြစ်ပုံမရချေ။ အဘယ်ကြောင့်ဆိုသော် ၁၀မိနစ်ခန့်အကြတွင် ဤခပ်၀၀မကောင်းဆိုး၀ါးကြီးမှာ သွေးအိုင်ထဲတွင် လူးလဲနေရင်းဖြင့်နာကျင်စွာအော်ဟစ်နေရတော့၏။ ထို့နောက်တွင် ဆူညံသံများထွက်ပေါ်လာပြီး ပစ္စည်းများစွာသည် မြေပေါ်တွင်ထွက်ပေါ်လာတော့သည်။
“ဟာ ခနလေးနဲ့သေသွားပြီလား...” ဒူရီရယ်ကိုလွယ်လွယ်ကူကူဖြင့်အနိုင်ယူလိုက်နိုင်ခြင်းသည် ဖှေးအတွက်အနည်းငယ်ပင် မယုံနိုင်စရာကောင်းနေသေးသည်။ မြေပုံတစ်ခု၏ နောက်ဆုံးခေါင်းဆောင်ကြီးသည် ဤမျှလွယ်လွယ်ကူကူဖြင့်သေဆုံးမသွားသင့်ပေ။ တစ်ပွဲမပြီးသေးခင်မှာပင် ပြန်မထနိုင်တော့ပဲသေဆုံးသွားခြင်းဖြစ်သည်။ “ဘာလို့ဒီလောက်ပျော့သွားရတာလဲ...”
“ဒါက ဒီဓားအစွမ်းကြောင့်များလား...”
ဖှေးသူ၏လက်ထဲတွင်ရှိနေသည့် အမဲရောင်ဓားကိုကြည့်ကာ အကြံအနည်းငယ်တစ်ခုကို တွေးလိုက်မိသည်။
သူယခင်ဘ၀က ဂိမ်းကစားခဲ့သည့်မှတ်ဉာဏ်များအရ ဒူရီရယ်သည် လျှပ်စီး၊ ရေခဲ၊ မီး နှင့် အဆိပ်စသည့် မှော်စွမ်းအင်များကို ကောင်းစွာခံနိုင်ရည်ရှိကြောင်းသိရှိသည်။ အကယ်၍ သူ့အားအနိုင်ယူလိုပါက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းနည်းလမ်းဖြင့်သာ ချည်းကပ်ရမည်ဖြစ်သည်။ ထို့ကြောင့်လက်နက်ရွေးချယ်သည့်အချိန်တွင် ဖှေးသည် ပန်းပဲဆရာမချယ်စီ နတ်ဆိုအရိုးများကိုအသုံးပြုကာပြုလုပ်ထားသည့် နှစ်မီတာခန့်ရှည်သောဓားတစ်ချောင်းကိုအသုံးပြုရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤဓားကိုဒိုင်ယာဘလိုကမ္ဘာသို့ယူဆောင်လာသည့်အချိန်တွင်မူ ဓား၏မှော်စွမ်းအင်ဂုဏ်သတ္တိများစွာမှာ ပျောက်ဆုံးသွားသည်။ တိတိကျကျပြောပါက ဤဓားသည် အဆင့်၃ သာလွန်အဆင့်လက်နက်များအဆင့်သို့ရောက်ရှိသွားခြင်းဖြစ်သည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများနှင့် ချွန်ထက်မှုမျးကိုပါထည့်တွက်ပါက ထိုဓား၏စွမ်းဆောင်ရည်မှာ အဆင့်၄ မှော်ပစ္စည်းများထက်ပင် သာလွန်သည်ဟု ပြေ၍ရသည်။ ဒူရီရယ်၏ မှော်စွမ်းအင်များကိုခုခံနိုင်မှုကိုထည့်တွက်ကြည့်ပြီး ဖှေး ဒူရီရယ်နှင့်ရင်ဆိုင်ရာတွင် ဤဓားကိုအသုံးပြုရန်အတွက်ဆုံးဖြတ်လိုက်သည်။ သက်ရောက်မှုမှာ အံ့သြဖွယ်ပင်ကောင်းမွန်လှသည်။
သာမန်အကောင်းဆိုး၀ါးများနတ်ဆိုးများနှင့် ရင်ဆိုင်သည့်အချိန်တွင်မူ ဤနတ်ဆိုးအရိုးများဖြင့်ပြုလုပ်ထားသည့် လက်နက်များသည် သိပ်ပြီးထူးခြားသည့်စွမ်းဆောင်ရည်မရှိသော်လည်း ဤကဲ့သို့သောခေါင်းဆောင်ကြီးများနှင့် ရင်ဆိုင်ရသည့်အချိန်၌တွင်မူ ဟင်းသီးဟင်းရွက်များလှီးဖြတ်သကဲ့သို့ပင်သတ်ဖြတ်နိုင်ပုံရသည်။
ဖှေးအနည်းငယ်စိတ်ကူးယဥ်ကြည့်နေပြီးနောက်တွင် ပြေပြင်ပေါ်တွင် ခေါင်းဆောင်ကြီးအားသတ်ဖြတ်ရာမှရရှိလာသည့် ပစ္စည်းများကိုစတင်ကာ ကောက်ယူသိမ်းဆည်းတော့သည်။
ခနအကြာတွင် သူကျက်သေသေသွားတော့သည်။
အံ့သြမှုကြောင့်ပင်ဖြစ်သည်။
“ငါအမြင်တွေများမှားကုန်တာလား...[စုံလိုက်ပစ္စည်း]နှစ်ခုတောင်ပဲဟ...” ဖှေးသူမြင်နေသည့်အရာကိုမယုံကြည်နိုင်ပင်ဖြစ်သွားသည်။ အစိမ်းရောင်တောက်ပနေသည့် ဓားပုံစံပစ္စည်းနှစ်ခုသည့် ဒူရီရယ်၏ အလောင်းဘေးတွင်ရှိနေသည်။
ဖှေးယခင်က ဂိမ်းကစားခဲ့သည့် မှတ်ဉာဏ်များအရ လူ့တ်ဂိုလိမ်မြေပုံတွင် ဤကဲ့သို့သောအဆင့်ရှိသည့် ပစ္စည်းများကိုရရှိရန်မှာ မဖြစ်နိုင်သေးပေ။ သို့သော် သူသည် နှစ်ခုပင်ရရှိလိုက်၏။ အနည်းငယ်တွေ၀ေသွားအပြီးတွင် ဖှေးဓားနှစ်လက်ကိုလောဘကြီးစွာဖြင့်ပြေးယူလိုက်ပြီး နှစ်ခုလုံးကိုစိတ်၀င်တစားဖြင့်လေ့လာကြည့်တော့သည်။