← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

ဓားနှစ်လက်လုံးစ်ချောင်းပင်။ သို့သော် လက်တစ်ဖက်ထဲဖြင့်ကိုင်တွယ်ကာ အသုံးပြုရန်မှာလည်းအဆင်ပြေသည်။ ၁.၆မီတာခန့်ရှည်လျားပြီး၊ လက်ငါးချောင်းစာခန့်ကျယ်၀န်းကာ ရှည်လျားလေးလံသည့် ဓားတစ်လက်ဖြစ်သည်။ ၂၀စင်တီမီတာခန့်ရှည်လျားသည့် ဓားရိုးအား အနီရောင်သားရဲအရေခွံတစ်ခုဖြင့်ရစ်ပတ်ထားသည်။ အံ့ဩဖွယ်ကောင်းသည်မှာ ဓားသွား၏ဘေးနှစ်ဖက်တွင် လွှသွားကဲ့သို့သော အသွားများပါရှိနေခြင်းပင် သတ္တ၀ါတစ်ကောင်ကောင်၏အစွယ်များကဲ့သို့ပင်။ ထိုလွှသွားများသည် ဓားအရှည်၏ ၃ပုံနှစ်ပုံခန့်တွင်ပါရှိနေပြီး ကျန်ရှိနေသော ဓားသွားပေါ်တွင်ထို့ကဲ့သို့သောလွှသွားများမပါရှီတော့ပဲ ညီညာကာ ချောမွေ့နေ၏။ ဓားကိုယ်ပေါ်တွင် အနက်ရင့်ရောင်ရှေးကျသည့် သင်္ကေတကိုးခုကိုရေးထိုးထားသည်။ ဖှေးထိုရေးထိုးထားသည့် စာများ၏အဓိပ္ပာယ်ကို နားမလည်သော်လည်း ရှေးကျသည့်စွမ်းအားတစ်ခုသည့် ထိုသင်္ကေတများထဲတွင် စီးဆင်းနေပုံရသည်။ စာလုံးတစ်ခုခြင်းစီတိုင်းသည် ကြက်သွေးရောင်အလင်းရရောင်များတောက်ပနေသည်။

ဓားတိုမှာ လက်တစ်ဖက်ထဲဖြင့်ကိုင်တွယ်ကာ အသုံးပြုနိင်သည့် ဓားတစ်လက်ဖြစ်သည်။ သူ၏ ပုံစံဒီဇိုင်းမှာ အတော်သင့်ရိုးရှင်းသည်ဟုပြောနိုင်သည်။ ၁.၂မီတာခန့်ရှည်လျားပြီး လက်ခြောက်ချောင်းစာခန့်ကျယ်၀န်းသည့် ဓားတစ်လက်ဖြစ်သည်။ ဓားသွားကိုယ်ပေါ်တွင်လည်း ရေတွက်၍မရနိုင်သည့် အစိမ်းရောင်မှော်သင်္ကေတများစွာကို ရေးထိုးထားသည်။ တောက်ပနေသည့် အလင်းရောင်နှင့်အတူ ထိုအရာသည် ဘုရားသခင်၏ အနုစိတ်လက်ရာတစ်ခုကဲ့သို့ပင်။ ဓားကိုယ်မှာ လေးလံကာ၊ ကျယ်၀န်းသည်။ ကိစ္စများစွာတွင် အလွယ်တစ်ကူအသုံးပြုရန်အတွက်သင့်လျော်၏။

တ်သွားမည်ဖြစ်သည်။

ဒိုင်ယာဘလိုကမ္ဘာတစ်ခုလုံးသည် ဤထင်ရှားသည့်မှတ်ကျောက်များစွာကို ထူထောင်နိုင်ခဲ့သည့်လူရိုင်းခေါင်းဆောင်ကို [မသေမျိုးဘုရင်] ဟူသည့် ဂုဏ်ပုဒ်တစ်ခုကိုပေးအပ်ခဲ့ကြသည်။ သူယခင်ကအသုံးပြုခဲ့သည့် မယုံနိုင်လောက်အောင်စွမ်းအားကြီးမားသည့် ချပ်၀တ်များ၊ လက်နက်များကိုလည်း [မသေမျိုးဘုရင်၏လက်နက်များ]ဟု အမည်ပေးကာထိန်သိမ်းမှတ်တမ်းတင်ထားခဲ့ကြသည်။

[မသေမျိုးလက်နက်များ] စုံလိုက်ပစ္စည်းများအပြင် ဤလူရိုင်းခေါင်းဆောင်မှာ မယုံနိုင်စရာစွမ်းအားများကို သယ်ဆောင်ထားသည့်ဓားနှစ်လက်ကိုလည်း ချန်ထားခဲ့သည်။ ဤဓားနှစ်လက်မှာလည်း စုံလိုက်ပစ္စည်းတစ်ခုဖြစ်ပြီး [ဘူးလ်-ခေးတို့တ်၏ ကလေးငယ်များ]ဟုခေါ်ကြသည်။

ထိုနှစ်လက်မှာ ယခုဖှေးလက်ထဲတွင် ရောက်ရှိနေသည့် ဓားနှစ်လက်ပင်။

စွမ်းအားနှင့် မှော်စွမ်းအင်သက်ရောက်မှုများကို နှိုင်းယဥ်ကြည့်ပါက ဘူးလ်-ခေးတို့တ်၏ကလေးငယ်များ စုံလိုက်ပစ္စည်းသည် မသေများလက်နက်များလောက်အစွမ်းမထက်သေးသော်လည်း ဖှေး၏လက်ရှိလယ်ဗယ်၃၆လူရိုင်းဇာတ်ကောင်အတွက်မှာမူ ထိုဓားနှစ်လက်သည် နတ်ဘုရားပစ္စည်းများကဲ့သို့ပင်။ ဖှေး၏မှတ်ဉာဏ်များအရ ဒုတိယမြေပုံဖြစ်သည့် လူ့တ်ဂိုလိမ်တွင် ဤကဲ့သို့စွမ်းအားကြီးလက်နက်များကို ပေးလေ့ပေးထမရှိသေးပေ။ အဘယ်ကြောင့်လဲတော့မသိချေ။ ထိုလက်နက်နှစ်ခုမှာ ယခုအချိန်တွင် ဖှေးလက်ထဲသို့ရောက်ရှိနေ၏။

စစ်ဆေးခြင်းစာလိပ်နှစ်ခုကို အသုံးပြုလိုက်သည့်အချိန်တွင်ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ဓားနှစ်လက်နှင့် သက်ဆိုင်သည့် ဂုဏ်သတ္တိဆိုင်ရာအချက်အလက်များမှာ ဖှေး၏မြင်ကွင်းထဲတွင် ပေါ်ပေါက်လာတော့သည်။

အနုစိတ်လှသည့် နှစ်ဖက်ကိုင်ဓားရှည်၏အမည်မှာ [ကိုလိုဆက်စ်ဓားသွား]ဟုခေါ်၏။

လက်တစ်ဖက်ထဲဖြင့် ကိုင်တွယ်ကာတိုက်ခိုက်ပါက ထိခိုက်စေနိုင်မှုမှာ ၇၀-၁၉၅ ဖြစ်ပြီး နှစ်ဖက်ဖြင့်ကိုင်တွယ်တိုက်ခိုက်ပါက ထိခိုက်စေနိုင်မှုမှာ ၁၇၅-၃၄၅ဖြစ်သည်။ ထို့အပြင် အလွန်မြန်ဆန်သည့် တိုက်ခိုက်နှုန်းတစ်ခုကိုလဲပိုင်ဆိုင်ထားသည်။ ၄၄/၄၄အကြမ်းခံနိုင်မှု၊ ၂၀%တိုက်ခိုက်မှုမြန်နှုန်းအား တိုးမြင့်စေခြင်း၊ ၂၀၀ရာခိုင်နှုန်းထိခိုက်စေနိုင်မှုကို တိုးမြင့်ပေးခြင်း၊ +၂၃ရာခိုင်နှုန်းကြေမွသည်အထိတိုက်ခိုက်မှုနှင့် ခံနိုင်ရည်စွမ်း+၂၀ဖြစ်သည်။

အတော်သင့်တိုပြီး ရိုးရှင်းသည့်ဒီဇိုင်းရှိသည့် ဓားတိုမှာ [ဘူးလ်-ခေးတို့စ်၏ မျိုးနွယ်သတ်တော်စောင့်ဓားပင်]

အနီးကပ်ထိခိုက်စေနိုင်မှုမှာ ၁၂၀-၁၅၀ဖြစ်ပြီး အလွန်မြန်ဆန်သည့် တိုက်ခိုက်နှုန်းရှိသည့် လက်နက်တစ်မျိုးဖြစ်သည်။ +၂၀၀ရာခိုင်နှုန်းထိခိုက်စေနိုင်မှုကိုတိုးမြင့်ပေးခြင်း၊ +၅၀ အဆိပ်ဖြင့်ထိခိုက်စေနိုင်မှု၊ ကြာချိန် ၂စက္ကန့်၊ +၂၀ ခွန်အားနှင့် +၅၀ရာခိုင်နှုန်းမီးဒဏ်ခံနိုင်စွမ်းပင်။

ထိုဓားနှစ်လက်ကို တစ်ပြိုင်နက်တပ်ဆင်ကာအသုံးပြုပါက စုံလိုက်ပစ္စည်းဖြစ်သည့်အတွက် အပိုသက်ရောက်မှုများကိုလည်းရရှိဦးမည်ဖြစ်သည်။ ထိုအပိုသက်ရောက်မှုများမှာ +၂ လူရိုင်းဇာတ်ကောင်၏အစွမ်းများ၊ +၂၀၀ရာခိုင်နှုန်းအထူးထိခိုက်စေနိုင်မှု၊ +၂၀၀ရာခိုင်နှုန်းနတ်ဆိုးများနှင့် မကောင်းဆိုး၀ါးများကိုထိခိုက်စေနိုင်မှု၊ +၂၀ မီးဖြင့်ထိခိုက်စေနိုင်မှုနှင့် +၂၅ ခုနိုင်နိုင်အားတို့ဖြစ်ကြသည်။

စစ်ဆေးပြီးချိန်တွင် တောက်ပနေသည့်အစိမ်းရောင်အလင်းများမှာ ပျောက်ကွယ်သွားပြီး နဂိုမူလအရောင်သို့ပြန်လည်ရောက်ရှိသွား၏။ ပုံပန်းသွင်ပြင်မတူညီကြသော်လည်း ထိုဓားနှစ်လက်မှာ အ၀ေးမှကြည့်ပါက အစိမ်းရောင်ရှိ၏။

ဖှေးဓားရိုးများကို ကိုင်တွယ်ကြည့်လိုက်သည်။ အေးစက်သည့် အထိတွေ့ကို ခံစားလိုက်ရပြီး ဤခံစားချက်သည် ချစ်သူ၏အသားရေကိုထိလိုက်ရသကဲ့သို့ပင် စိတ်ကျေနပ်ဖွယ်ပင်။

ဤသည်မှာ အလွန်ထူးဆန်းလှသည်။

All Chapters