← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

ဒိုင်ယာဘလိုကမ္ဘာ၏ ခက်ခဲမှုအဆင့်မှာ [သာမန်][အိမ်မက်ဆိုး]နှင့်[ငရဲ]ဟူ၍ အဆင့်၃ဆင့်ခွဲခြားထားသည်။ ပုံမှန်အားဖြင့် ကစားသူတစ်ယောက်သည် ပထမဆုံးစတင်ကစားသည့်အကြိမ်တွင် ပုံမှန်အဆင့်ဖြင့်စတင်ကစားရမည်ဖြစ်သည်။ ထို့နောက်တွင် ကစားသူသည် မြေပုံအားလုံးတွင်ရှိသည့် အလုပ်များအားလုံးကို အောင်မြင်စွာပြီးမြောက်သွားပါက ခက်ခဲမှုအဆင့်နောက်တစ်ခုသို့ တက်လှမ်းကာကစားနိုင်မည်ဖြစ်သည်။ ဖှေး၏ယခင်ဂိမ်းကစားခဲ့သည့်မှတ်ဉာဏ်များအရ ပုံမှန်ခက်ခဲမှုအဆင့်တွင် ဤကဲ့သို့အဆင့်မျိုးရှိသည့် ပစ္စည်းများကိုရရှိ၍မရနိင်သေးပေ။ ဤသည်မှာ အကြောင်းပြချက်တစ်ခုရှိသည်။ အကြောင်းပြချက်မှာ ရိုးရှင်းသည် အဘယ်ကြောင့်ဆိုသော် လယ်ဗယ်၅၀ထက်မြင့်သောကစားသူများပင် ထိုဓားနှစ်လက်ကိုကိုင်တွယ်နိုင်သောကြောင့်ပင်။ မသေမျိုးဘုရင်ကိုယ်တိုင်ကိုင်တွယ်အသုံံးပြုခဲ့သည့် လက်နက်များဖြစ်သည့်အတွက် ကိုယ်တွယ်အသုံးပြုနိုင်သည့်ကန့်သက်ချက်များမှာလည်း မြင့်မားတင်းကြပ်သည်။ ထို့ကြောင့်လယ်ဗယ်အဆင့်နိမ့်နေသေးသည့်ကစားသူသည် ထိုလက်နက်များကို တပ်ဆင်ကာ အသုံးပြုနိုင်မည်မဟုတ်ပေ။

တွေးနေရင်းဖြင့် ဖှေးရုတ်တရက်ထိတ်လန့်ကာ အံ့သြသွားသည်။ မဟုတ်မှလွဲရော....

သူ၏ လူရိုင်းဇာတ်ကောင်သည် လက်ရှိလယ်ဗယ်၃၈မှ ၅၀ကျော်အထိ ဒူရီရယ်ကိုသတ်ဖြတ်အပြီးတွင် ခုန်တက်သွားခြင်းပေလား။

သို့သော် ထို့နောက်တွင် သူထူးဆန်းသည့်ဖြစ်ရပ်တစ်ခုကို သတိထားမိလိုက်သည်။

ဤအခိုက်တန့်တွင် သူသည် ဤဓားနှစ်လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူမှတ်မိသကဲ့သို့ တင်းကြပ်သည့် ကန့်သက်ချက်များရှိသည့်ပုံမပေါ်ချေ။ ဖှေးထို့နောက်တွင် အသေချာဂရုတစိုက်လေ့လာကြည့်လိုက်သည်။ မကြာမှီအချိန်တွင် သူအကြောင်းပြချက်ကိုရှာတွေ့သွား၏။ [ကန့်သက်ထားသည့် ဘူးလ်-ခေးတို့စ်၏ကလေးငယ်များ]ဖြစ်နေခြင်းပင်။

ကန့်သက်ထားသည့် စုံလိုက်ပစ္စည်းတစ်ခုပင်။

ကန့်သက်စုံတွဲပစ္စည်းများမှာ မူလပစ္စည်းအစွမ်း၏ ၅၀ရာခိုင်နှုန်းအစွမ်းကိုသာ အသုံးပြုနိုင်စွမ်းရှိသည်။ သို့သော် လယ်ဗယ်ကန့်သက်ချက်များကိုလည်း ဖြေလျှော့ပေးထားသည်။ အသုံးပြုသူ၏ လယ်ဗယ်သည်မြင့်မားလာသည်နှင့်အတူ ပစ္စည်း၏ကန့်သက်ထားသည့်အစွမ်းများကိုလည်းအသုံးပြုနိုင်လာမည်ဖြစ်သည်။ ဤသို့ဖြင့် ကစားသူလယ်ဗယ်၆၀သို့ရောက်သည့်အချိန်တွင် ပစ္စည်း၏ စွမ်းအားအပြည့်စုံကိုအသုံးပြုနိုင်မည်ဖြစ်သည်။

ဤကဲ့သို့ဖြစ်နေခြင်းပင်။

ဖှေး၏ နှလုံးသားမှာ ယုန်တစ်ကောင်ကဲ့သို့ပင်ခုန်နေတော့သည်။

ထင်ရှားစွာပင် သူ၏လက်ရှိအတွေ့ကြုံမှာ အရင်ဒိုင်ယာဘလိုဂိမ်းကစားခဲ့ဖူးသည့် မှတ်ဉာဏ်များနှင့် မတူညီပဲဖြစ်နေသည်။ ကန့်သက်ပစ္စည်းများသည် မူရင်းဒိုင်ယာဘလိုဂိမ်းထဲတွင် ရရှိလေ့မရှိသောကြောင့်ပင်။

ဤကန့်သက်ထားသည့်သက်ရောက်မှုသည် ဤဓားနှစ်လက်ကို ဖှေးလက်ရှိအချိန်တွင် အသုံးပြုနိုင်ရန်အတွက်အသေချာစီစဥ်ထားသည့်ပုံပင် ပေါက်နေသည်။ လက်နက်စွမ်းအား၏ ၅၀ရာခိုင်နှုန်းကို အသုံးပြု၍မရအောင်ထိန်းချုပ်ကန့်သက်ထားသော်လည်း ဤကဲ့သို့ကန့်သက်ထားခြင်းအတိုင်းပင်လျှင် ဓားနှစ်လက်၏ထိခိုက်စေနိုင်မှုမှာ ကြောက်မက်ဖွယ်၇၀အထိပင်ရှိနေသည်။ ဖှေးလက်ရှိအသုံးပြုနေသည့် ခရမ်းရောင်နှင့်အစိမ်းရောင်ဓားနှစ်လက်ထက်ပင် များစွာသာလွန်နေသည်။

ထို့အပြင် ဖှေးလယ်ဗယ်မြင့်မားလာသည်နှင့်အတူ ဓားနှစ်လက်၏စွမ်းအားများသည်လည်းမြင့်မားလာနေဦးမည်ဖြစ်သည်။

ဤအခိုက်တန့်တွင် ဖှေးထိုလက်နက်နှစ်ခုအားချက်ချင်းပင် တပ်ဆင်ကာအသုံးပြုလိုက်ရန်အတွက် တွန့်ဆုတ်မှုအနည်းငယ်မှပင် ရှိမနေတော့ချေ။ ဓားနှစ်လက်အားကိုင်နေရင်းဖြင့် ဖှေး၏ခန္ဓာကိုယ်ထဲတွင် တစ်ခါမှမကြုံဖူးသေးသည့် ခွန်အားကြီးမှုကို ခံစားနေရ၏။ ဓားများကိုငြင်သာစွာ ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် လမ်းတစ်လျှောက်တွင်ရှိနေသည့် အရာအားလုံးကို ပိုင်းဖြတ်နိုင်သည့် အစိမ်းရောင်ဓားသွားလေလှိုင်းတစ်ခုထွက်ခွာသွားသည်။ ဤသည်မှာ အမှန်တကယ်ပင် မသေမျိုးဘုရင်အသုံးပြုခဲ့သည့် စုံတွဲလက်နက်တစ်ခုပင် အလွန်စွမ်းအားကြီးမားလှသည်။

ဖှေးလက်နက်အသစ်နှစ်ခုအား ခနတာမြတ်နိုးစွာဖြင့် ယုယပွတ်သပ်ပြီးနောက်တွင် ဒူရီရယ်ကိုသတ်ဖြတ်ရာမှရရှိလာသည့် တခြားပစ္စည်းများကို ကောက်ယူရန်သွားလိုက်သည်။ မှော်ပစ္စည်းများစွာသည် ဆွဲဆောင်ဖွယ်အလင်းရောင်များတောက်ပနေကြသည်။ ထိုပစ္စည်းများထဲတွင် ရွှေရောင်တောက်ပနေသည့် အဆင့်၆ရှားပါးပစ္စည်း၃ခုကိုလဲတွေ့လိုက်ရသည်။

“သေစမ်း...ဒီနေ့ကတော့တကယ်ပဲငါ့ရဲ့ကံကောင်းတဲ့နေ့ပဲကွ...ဒီဖတ်တီးကျိုင်းကောင်စီကနေ ဒီလိုကောင်းတဲ့ပစ္စည်းတွေအများကြီးရလိမ့်မယ်လို့ထင်တောင်မထားဘူး.....” ဖှေးသည် ပျော်ရွှင်လွန်းလှသဖြင့်သွားများကျိုုးလောက်သည့်အထိပင် အံကြိတ်နေတော့သည်။ “ဒီကောင်ကြီးကို အကြိမ်ကြိမ်အခါခါသတ်လို့ရရင်ကောင်းမယ်...”

[ရှားပါးပစ္စည်း]၃ခုမှာ လေးတစ်လက်၊ ချပ်၀တ်တစ်စုံနှင့် ဖိနပ်တစ်ရံတို့ဖြစ်ကြသည်။

စစ်ဆေးပြီးနောက်တွင် လေးအမည်မှာ [နှင်းဆီရိုင်း]ဖြစ်သည်။ ဤသည်မှာ အနုစိတ်ဒီဇိုင်းနှင့် လျို့၀ှက်ထူးဆန်းသည့် လေးရှည်တစ်လက်ဖြစ်သည်။ လေး၏အစွန်းနှစ်ဖက်တွင် နှင်းဆီနှစ်ပွင့်ကိုထွင်းထုအလှဆင်ထားပြီး လေးကိုယ်ပေါ်တွင် နွယ်ပင်များရစ်ပတ်နေသည့်ဟန်ပြုလုပ်ထားသည်။ လေးကြိုးမှာ ကောင်းကင်ပြာရောင်ဖြစ်ပြီး ပေါ့ပါးသည်။ လက်နှစ်ဖက်ဖြင့်ကိုင်တွယ်တိုက်ခိုက်ပါက ထိခိုက်စေနိုင်မှုမှာ ၄၅-၆၀ခန့်ရှိပြီး ရေခဲဖြင့်ထိခိုက်စေနိုင်မှုသက်ရောက်ခြင်းပါပါ၀င်သည်။ ချပ်၀တ်ပြားမှာ [တိုက်တန်ချပ်၀တ်]ဟုအမည်ရသည်။ ခုခံနိင်မှု၉၅ရှိသည်။ ဖိနပ်မှာ [အမ်ဘာခြေမြန်ဖိနပ်]ဟုအမည်ရပြီး အထူးမြန်ဆန်မှု+၃၀ရှိ၏။

ဖှေးစက္ကန့်အနည်းငယ်ကြာစဥ်းစားကြည့်ပြီး ဤလက်နက်များမှာ ကောင်းမွန်သည့်အတွက် အယ်လီနာကိုပေးရန်ဆုံးဖြတ်လိုက်သည်။ လေးသည် သူမ၏တစ်ခုတည်းသော လက်ဆွဲတော်လက်နက်ပင်၊ ချပ်၀တ်သည် သူမ၏ ခန္ဓာကိုယ်ကို ပို၍ကောင်းစွာကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ခြေမြန်ဖိနပ်များသည် သူမအားရန်သူနှင့်အကွာ၀ေးယူသည့်နေရာတွင် အမြန်ဆန်ရွေ့လျားနိုင်ရန်အတွက် အကူညီပေးမည်ဖြစ်သည်။ ထိုရှားပါးပစ္စည်းသုံးခုမှာလည်း အယ်လီနာအတွက် သီးသန့်ပင်စီစဥ်ထားသည့်အတိုင်းပင်။

ထို့အပြင် ပစ္စည်းတချို့ကိုကောက်ယူသိမ်းဆည်းရန်အတွက်ကျန်ရှိနေသေးသည်။ သို့သော် ထိုပစ္စည်းများအားလုံးသည် အဆင့်၄မှော်ပစ္စည်းများသာဖြစ်ကြသည်။ သူတို့အားကောက်ယူခဲ့ပြီး လူ့တ်ဂိုလိမ်မြို့တွင်ရှိနေသည့် ကစားသူမဟုတ်သောဇာတ်ကောင်များထံတွင်ရောင်းချရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်ဖှေး ထိုပစ္စည်းများအားလုံးကိုကောက်ယူကာ သူ၏ထားသိုရာအကန့်ထဲတွင် သိမ်းဆည်းလိုက်သည်။

All Chapters