အခန်း (၂၂၅)
Vol. 15 Ch. 225
ဤလက်နက်ပစ္စည်းများကို ကောက်ယူသိမ်းဆည်းပြီးချိန်တွင် ဖှေးသည် ပစ္စည်းအသစ်များကိုတပ်ဆင်ကာ အသုံးပြုလိုက်သည့်အတွက်ပို၍ပင် အစွမ်းထက်လာတော့သည်။ အယ်လီနာ၏ သေးသွယ်သောလက်ကလေးကိုကိုင်ဆွဲကာ သူထက်မံကာရှာဖွေကြည့်နေသည်။ မည်သည့်အရာမှမကျန်ရှိတော့ကြောင်းကိုအတည်ပြုပြီးချိန်တွင် သူတို့နှစ်ယောက်ဒူရီရယ်ပုန်းအောင်းနေသည့် နေရာတွင်တည်ရှိနေသည့် လျို့၀ှက်၀င်ပေါက်တစ်ခုကိုရှာဖွေတွေ့လိုက်ကြသည်။ ထိုထွက်ပေါက်အတွင်းသို့၀င်လိုက်သည့်အချိန်တွင် သူတို့ပတ်၀န်းကျင်မှာလည်း ပြောင်းလဲသွားတော့သည်။ တယ်လီပေါ့ပေါ်တယ်တစ်ခုအတွင်းသို့ ၀င်လိုက်သကဲ့သို့ပင် သူတို့နှစ်ယောက်လုံးမြေအောက်ဂူသင်္ချိုင်းကဲ့သို့သော ကြီးမားသည့်ဟင်းလင်းပြင်ကြီးတစ်ခုထံသို့ရောက်ရှိလာကြတော့သည်။
ဤနေရာတွင် သေးငယ်သည့်တောင်တစ်လုံးမှာ လေပေါ်တွင် ၀ဲပျံနေသည်။ သံမဏိချိန်းကျိုးများသည် ဤနေရာ၏ မြေပြင်နှင့် ထိုလွှင့်မြောနေသောတောင်တန်းတို့အားချည်နှောင်ထားကြသည်။ ဤလွင့်မြောနေသည့် တောင်ငယ်ပေါ်တွင် မှော်သင်္ကေတများစွာထွင်းထုထားသည်။ ဖှေးနှင့်အယ်လီနာတို့နှစ်ယောက် အကျဥ်းကျထားခံရပြီး သေလောက်သည်ထိနှိပ်စက်ထားခံရသည့် နတ်သား တိုင်ရယ်ကိုမြင်လိုက်ရသည်။ ဖှေးမျှော်လင့်ထားသကဲ့သို့ပင် နတ်သားဖြစ်သည့်တိုင်ရယ်သည် လှပသည့် နတ်သားတိုက်ပွဲ၀င်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားပြီး၊ အဖြူရောင်အတောင်ပံနှစ်ခုသည် သူ၏အနောက်ကျောပေါ်တွင် ပါရှိလျှက်ရှိသည်။ ထို့အပြင် အသိဉာဏ်ရှိသည့်ပုံမရချေ။ ဖှေးအားထိုနတ်သားပြောသည့်စကားများမှာ မူရင်းဂိမ်းထဲတွင် ကြားနေကြစကားမျာဖြင့်သိပ်ပြီးကွာခြားမှုမရှိလှချေ။ သူပြောသည့်အကြောင်းရာများကို အကျဥ်းချုပ်လိုက်ပါက အောက်ပါအတိုင်းပင်ဖြစ်သည်။ ဒိုင်ယာဘလိုနှင့် သူ၏မိတ်ဆွေ ဘားလ်တို့မှာ အရှေ့အရပ်တွင်ရှိနေကြ၏။ သူသည် လက်ရှိသူရဲကောင်းအဖြစ်ပြုမူနေသည့်ဖှေးအား ထိုနတ်ဆိုးနှစ်ယောက်ကို နှိမ်နင်းပေးစေလိုသည်ဖြစ်သည်။ သူပြောသည့်အရာများမှာ သိပ်ပြီးအသုံးမ၀င်လှချေ။ ဖှေးဤနတ်သားထံမှ ဆုလာဘ်တစ်ခုခုရရန်အတွက် မျှော်လင့်နေသော်လည်း ဤနတ်သားမှာ အလွန်ကပ်စေးနဲလှသည်။ ဖှေးအား အလုပ်တစ်ခုသာပေးသွားပြီး ဆုလာဘ်ပေးချင်းမရှိပေ။ ဖှေးသည် အလွန်ဒေါသဖြစ်သွားသဖြင့်အယ်လီနာ၏လက်ကိုဆွဲကာထိုနေရာမှ ထွက်လာခဲ့တော့သည်။
သူတို့နှစ်ယောက် မြို့ပြောင်းစာလိပ်ကိုအသုံးပြုပြီး မြို့တော်လူ့တ်ဂိုလိမ်သို့ တယ်လီပေါ့တ်ပြုလုပ်ကာပြန်လာခဲ့ကြသည်။ ဖှေးထို့နောက်တွင် ကစားသူမဟုတ်သည့်ဇာတ်ကောင်တစ်ဦးနှင့်တွေ့ဆုံကာ သူမလိုအပ်သေးသည့်မှော်ပစ္စည်းများကိုရောင်းချရာ စုစုပေါင်းရွှေဒင်္ဂါး၃၀၀၀၀ခန့်ကို ရရှိလိုက်၏။ သူသီချင်းတစ်ပုဒ်ကို ဆိုနေရင်းဖြင့် သူ၏ ထားသိုရာအကန့်ကို စီစဥ်နေ၏။ သူသည် အခန်း၂ဖြစ်သည့် လူ့တ်ဂိုလိမ်မြေပုံမှ အလုပ်များအားလုံးကိုပြီးမြောက်သွားပြီးဖြစ်သည့်အတွက် တတိယမြောက်မြေပုံဖြစ်သည့် [ကူရက်စ်ဆိပ်ကမ်း]သို့သွားနိုင်ပြီဖြစ်သော်လည်း လောလောဆယ်တွင် ယာယီအားဖြင့်ထိုအစီစဥ်ကို ဆိုင်းငံ့ထားလိုက်ရန်အတွက်ဆုံးဖြတ်လိုက်သည်။ သူသည်အခန်း၃ကိုစတင်၍မဆော့ကစားမှီ သူ၏ကျန်ရှိနေသောဇာတ်ကောင်များနှင့် အခန်း၂မှအလုပ်များကို ပြီးမြောင်ရန်အတွက်ထက်မံဆောင်ရွက်ရန်ဆုံးဖြတ်လိုက်သည်။
ဒိုင်ယာဘလိုကမ္ဘာတွင် အယ်လီနာနှင့်အချိန်တချို့ကိုအသုံးပြုပြီးနောက်တွင် မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများနှင့် ပြည့်နက်နေသည့်ဒိုင်ယာဘလိုကမ္ဘာကပင် ကြည်နူးဖွယ်ဖြစ်လာတော့သည်။
ဖှေးအယ်လီနာအား ဘတ်စ်အားပြန်လည်ကာပြောကြားပေးရန်အတွက် အနာဂတ်အစီစဥ်များကို ဂရုတစိုက်ဖြင့်အသေချာမှာကြားပြီးချိန်တွင် သူတို့နှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်ကိုင်ဆွဲကာ ဒိုင်ယာဘလိုကမ္ဘာ၏ အနီရောင်လမင်းကြီးအောက်တွင် လမ်းလျှောက်လာကြတော့သည်။ မိန်းမလှလေးတစ်ယောက်နှင့် ပခုံးခြင်းယှဥ်ကာ လမ်းလျှောက်နေရင်းဖြင့် လမင်းကြီးကိုကြည့်ရှုရန်မှာ ဖှေးယခင်ဘ၀က ကြိမ်ဖန်ပေါင်းများစွာစိတ်ကူးယဥ်ခဲ့ဖူးသည့် အရာတစ်ခုဖြစ်သည်။ သူဤကဲ့သို့သောနေရာတွင် လက်တွေ့ဖြစ်လာလိမ့်မည်ဟု လုံး၀ထင်မထားခဲ့ပေ။
နောက်နာရီ၀က်ခန့်အကြာတွင် ဖှေးလူရိုင်းဇာတ်ကောင်အဖြစ်မှ ထွက်လိုက်ပြီး မှော်ဆရာဇာတ်ကောင်ကို ရွေးချယ်လိုက်သည်။ သူ လူ့တ်ဂိုလိမ်မြို့သို့၀င်ကာ မကောင်းဆိုး၀ါးများကို စတင်သတ်ဖြတ်ပြီးလယ်ဗယ်မြှင့်တင်တော့သည်။ သူ၏ မှော်ဆရာဇာတ်ကောင်မှာ ယခုအချိန်တွင်လယ်ဗယ်၃၃သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ အစိမ်းရောင်စုံလိုက်ပစ္စည်းတစ်ခုဖြစ်သည့် [အာကန်နာပစ္စည်းများ]၏အစွမ်းကြောင့် သူ၏မှော်ဆရာဇာတ်ကောင်မှာ အလွန်အစွမ်းထက်ပြီး လျှင်မြန်စွာဖြင့်လယ်ဗယ်မြှင့်တင်နိုင်သည်။
.........
.........
နေမင်းတောင်မဟူရာခံတပ်တွင်ဖြစ်သည်။
နေမထွက်မှီအချိန်သည် အမှောင်မိုက်ဆုံးဖြစ်သည်။
ဖှေးဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာလာသည့်အချိန်တွင် တယ်လီပေါ့ပေါ်တယ်မှာ မဟူရာခံတပ်၏ အမြင့်ဆုံးမျှော်စင်ပေါ်တွင်ပင် ရှိနေသေးသည်။ နေ့ဘက်တွင် ဖြစ်ပွားခဲ့သည့် သွေးထွက်သံယိုတိုက်ပွဲကြီးတစ်ခုအပြီးတွင် မဟူရာခံတပ်သည် တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။ မည်သည့်ရန်သူမှ သူတို့ကိုလာရောက်တိုက်ခိုက်ချင်းမပြုခဲ့ပေ။ ကြည့်ရသည့်ပုံအရ မဟူရာဘုရင်သည် သူ၏စစ်သည်များသည် ချမ်းဘော့ဒ်တပ်ဖွဲ့အားမယှဥ်နိုင်မှန်းသိသည့်အတွက် ခံတပ်အားရရှိရန်အတွက်ပြန်လည်ကာ ကြိုးစားမည့်ပုံမရှိတော့ပေ။
အမှန်ပင် တစ်ခြားအကြောင်းပြချက်မျာလည်း ရှိနေပေဦးမည်ဖြစ်သည်။ မဟူရာဘုရင်ပြောသည်ကို အကဲခတ်ကြည့်ခြင်းဖြင့် ဖှေးတစ်စုံတစ်ခုကိုကြိုတင်ကာ အာရုံခံမိပြီးဖြစ်သည်။ သို့သော် ဖှေးသိပ်ပြီးစိုးရိမ်လှခြင်းမရှိပေ။ မဟူရာဘုရင်၏ မည်သည့်အကြံစည်ပင်မဆိုကြီးမားသည့် စွမ်းအားအောက်တွင် အလုပ်လုပ်လိမ့်မည်မဟုတ်ပေ။ ချမ်းဘော့ဒ်တိုင်းပြည်သည် အင်ပါယာတစ်ခုအားရင်ဆိုင်နိုင်ခြင်းမရှိသေးသော်လည်း အဖွဲ့၀င်နိုင်ငံတစ်ခုကိုမူ အေးဆေးရင်ဆိုင်နိုင်လိမ့်မည်ဟု ဖှေးယုံကြည်ချက်ရှိသည်။
“ငါ့ကို အစွယ်လာဖြဲပြတဲ့ ဘယ်ကောင်ကိုမဆိုနောင်တနဲ့ငိုသွားရအောင်လုပ်ပြလိုက်မယ်...”
မျှော်စဥ်အမိုးပေါ်တွင် လဲလျောင်းနေရင်းဖြင့်ဖှေး၏အတွေးများမှာ ပြန့်ကျဲလျှက်ရှိသည်။ ထို့နောက်တွင် သူသည် ငြိမ်းချမ်းသည့်အခြအနေတစ်ခုသို့ရောက်ရှိသွားတော့သည်။ သူသည် လှပသည့်ညကောင်းကင်ရံကို ငေးမောကာကြည့်ရှုနေရင်းဖြင့် ရှားပါးလှသည့်စိတ်တည်ငြိမ်မှုအခြေအနေကို ခံစားလျှက်ရှိသည်။ ကောင်းကင်အမှောင်မိုက်ဆုံးအချိန်သည် ကြယ်တာရာများအတောက်ပဆုံးဖြစ်သည့်အချိန်ပင်။ စိန်ပွင့်လေးများကဲ့သို့ပင် ညကောင်းကင်ရံကို ပန်းချီကားတစ်ချပ်သဖွယ်စီချယ်နေကြသည်။
မကြာမှီမှာပင် ဖှေးထိုအရာအတွက်ကျရှုံးသွားတော့သည်။
သူယခင်ဘ၀မှ လုပ်နေကြအတိုင်းပင် သူသည်အမှုမှတ်အမှတ်မဲ့ဖြင့် ကြယ်တာရာများကို လိုက်လံကြည့်ရှုမိနေသည်။ သူသည် ကြယ်တာရာများကို လေ့လာရသည်ကို ၀ါသနာပါသူတစ်ယောက်လည်းဖြစ်၏။ ထို့ကြောင့်ပင် ၈၈ခုသော ကြယ်တာရာများ၏ တည်နေရာများ၊ ဖွဲ့စည်းထားပုံများ၊ အစီရီများနှင့် ရင်းနီးသည့်သူလည်းဖြစ်သည်။ သူမြင်နေရသည့် ကြယ်များသည် ယခင်ဘ၀မှ ကြယ်များမဟုတ်သော်လည်း သေချာစွာကြည့်လိုက်သည့်အချိန်တွင် ကြယ်နက္ခတ်များကို သတိထားကာမြင်မိလာ၏။