နားလည်ခြင်း
Vol. 46 Ch. 627
စုမင်သည် ထာဝရဖြစ်တည်၍ မပျက်စီးနိုင်သောကမ္ဘာတွင် တစ်စုံတစ်ယောက်ဖမ်းဆုပ်ထားသည့်စွမ်းအားအထွတ်အထိပ်ကို နားလည်စေရန် အသွင်ပြောင်းခြင်းကိုးသွယ်ကို အတည်ပြုခဲ့သည်။ ၎င်းက သူ့ညာလက်ကို အရိုးပေါ်အရေတင်ကာ ပိန်ချုံးချိနဲ့နေသောအခြေအနေမှ လျှောကျစေခဲ့သည်။
ရှင်းတုန်က သူ့လက်နှစ်ဖက်လုံးဖြင့်ချိပ်တံဆိပ်ဖွဲ့စည်း၍ မယုံကြည်နိုင်လောက်အောင်တည်ကြည်သောအမူအရာဖြင့် ရှေ့သို့ချိန်ရွယ်လိုက်သည်။ ဥသြငှက်မှစတင်၍ သူ့ရှေ့မှငှက်လေးကောင်က စုမင်ထံမရောက်ခင် စူးခနဲအော်မြည်ကာ အတောင်ပံများတဖျပ်ဖျက်ခတ်နေလေသည်။ ဌက်လေးကောင်၏အစိတ်အပိုင်းဟု
ထင်ရသော အနက်ရောင်လူတူလေးယောက်က ငှက်များ၏ကျောပေါ်တွင်ပါးစပ်ကျယ်ကျယ်ဟပြီး စူးစူးဝါးဝါးအော်သံများထွက်ပေါ်လာသည်။ ချိပ်တံဆိပ်အမျိုးမျိုးကို သူတို့လက်များဖြင့် ဖွဲ့စည်းလိုက်သောအခါ မျက်စိတမှိတ်အတွင်း စုမင်နှင့်နီးကပ်သွားစေရန် ၎င်းတို့၏အတောင်များကိုထိန်းချုပ်ထားကြ၏။
စုမင်၏ အမူအရာမှာတည်ငြိမ်နေသည်။ ဝင်လာသောငှက်လေးကောင်ကိုကြည့်မည့်အစား သူ့စိတ်အာရုံမှာ ညာဘက်လက်ပေါ်တွင်သာနေရာယူထားသည်။ မြင့်မြတ်သောစွမ်းအင်ကုန်ဆုံးခါနီး၍ စုမင်၏ဆံပင်များအရိုင်းဆန်စွာလေထဲတွင်ကခုန်နေပြီး ပြင်းထန်သောလေပြင်းများဝန်းရံလာချိန်တွင် သူ၏ညာလက်က အံ့သြဖွယ်ကောင်းသောရွေရောင်ပုံရိပ်ရရှိခဲ့သည်။
၎င်းက ရွှေရောင်အရိုးစုလက်နှင့်တူ၏။
သူက ညာလက်ကို မြှောက်၍ ဝင်လာသောငှက်များ၏ ဦးတည်ရာကိုဖမ်းဆုပ်လိုက်လေသည်။ ထိုအချိန် လောကတဝန်းရှိဥပဒေဿများပြောင်းလဲသွားသကဲ့သ်ို့ ဥသြငှက်က စတင်တုန်လှုပ်လာကာ လေထဲတွင်အေးခဲရပ်တန့်သွားလေသည်။ လေထဲရှိဥသြငှက်ကို အတင်းအကြပ်ပြားကပ်သွားစေသကဲ့သို့ ပြင်းထန်သောဖိအားက ငှက်အပေါ်သို့ ဖိချလေသည်။
ချက်ချင်းပင် သိန်းငှက်က ဥသြငှက်နောက်သို့ပေပေါင်းများစွာ စူးရှကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ တစ်စုံတစ်ယောက်ဖမ်းဆုပ်လိုက်သည့် စွမ်းအားကိုရပ်တန့်ရန် တွန်းအားပေးခံလိုက်ရ၏။ ကျယ်လောင်သောအသံက ၎င်း၏ခန္ဓာကိုယ်အတွင်းမှပေါ်ထွက်လာပြီး ငှသြငှက်ကဲ့သို့လေထဲတွင် ရပ်တန့်သွားလေသည်။ ရုန်းကန်လိုက်သောအခါ ၎င်းနေရာတွင်အေးခဲသွားသောစွမ်းအားသည် ပို၍အားကောင်းလာသည်။
မကြာမီပင် ဒဏ္ဍာရီလာငှက်ကြီး
ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ၎င်း၏ နှုတ်သီးမှ ကျယ်လောင်စူးရှစွာအော်သံ ထွက်ပေါ်လာသည်။
ဒဏ္ဍာရီလာငှက်ကြီးက နေရာတွင် အေးခဲသွားသောအခါ စုမင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်ခဲ့သည်။ သူ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခုပေါ်လာပြီး မြင့်မြတ်သောအစွမ်းအစများကိုအသုံးပြုရသော ထိုထိပ်တိုက်ရင်ဆိုင်မှုမျိုးက သူ့အတွက်မလွယ်ကူကြောင်း ထင်ရှားသည်။
နောက်ဆုံးငှက်ဖြစ်သော တောင်ပံပါသည့်ငှက်ဘီလူး(ဒဏ္ဍာရီလာငှက်က) ကျယ်လောင်သော လေချွန်သံဖြင့် သူ့အပေါ်သို့ လျင်မြန်စွာ ဝင်ရောက်လာလေသည်။ ဖိနှိပ်မှုတစ်ခုအတွင်း ပါရှိသော စုမင်၏ စွမ်းအားက ပျှမ်းမျှသာ နှေးကွေးသွားနိုင်သည်။ လေထဲတွင် လုံးဝရပ်တန့်သွားစေရန််မလုပ်နိုင်ပေ။
ရာသီဥတုကိုပြောင်းလဲစေသော လေပြင်းများတဟူးဟူးတိုက်ခတ်လာစဥ် ဒဏ္ဍာရီလာငှက်က သူ့အနီးသို့ပို၍နီးကပ်လာသည်ကိုမြင်သောအခါ စုမင်၏မျက်လုံးထဲတွင် ဝင်းခနဲပေါ်လာသည်။ လေကို ဆုပ်ကိုင်ထားသော လက်သီးဆုပ်ကဲ့သို့ သူ၏ ညာလက်ကို ချိန်ရွယ််လိုက်သည်။
လက်သီးဆုပ်လုပ်ပြီးသွားသောအခါတွင် ဥသြငှက်က ချက်ချင်းပင် ပေါက်ကွဲသံကြီးဖြင့် ပျက်စီးသွားကာ ဦးတည်ရာပေါင်းစုံတွင် အဆုံးမရှိသောလေလှိုင်းကို လှုံ့ဆော်နေလေသည်။ ထိုအခိုက်အတန့်တွင် လင်းယုန်က တုန်လှုပ်ပေါက်ကွဲသွားကာ ဒဏ္ဍာရီလာငှက် နောက်မှ လိုက်လာသည်။
ငှက်သုံးကောင် ပေါက်ကွဲပြီး ပေါက်ကွဲသံကြောင့် လှုံဆော်သွားသည့် စွမ်းအားက ကောင်းကင်ယံတွင် အဆုံးမရှိ ကျယ်လောင်သော အသံများဖြင့် ပြည့်နေပြီး ဒဏ္ဍာရီလာငှက်ကြီးက ၎င်း၏ ခန္ဓာကိုယ်ကို နှေးကွေးသွားကာ အရှိန်ပြင်းပြင်းဖြင့် ရင်ဆိုင်လိုက်ရသည်။
စုမင်က သူ့ညာလက်ကို လက်သီးဖြင့်
ဆုပ်လိုက်သည့်အခါ ကျိုးပဲ့နေသော ငှက်သုံးကောင်ထံမှ မီးခိုးဖြူအစုအဝေးများ
ထွက်လာလေသည်။ မကြာမီတွင် မီးခိုးများ ဝိုင်းရံလာကာ လက်တစ်ဝိုက်တွင် ဆက်လက် စုပုံလာကာ စုမင် ၏ မျက်နှာက ပိုမိုလေးနက်လာသည်။
သူက ထိုသိမ်းပိုက်ခြင်း နှင့် စုပ်ယူခြင်းစွမ်းရည်ကို အသုံးချပြီးနေပြီဖြစ်သည်။ သူက ထိုလုပ်ဆောင်ချက်ကို အသွင်ကူးပြောင်းမှု ကိုးသွယ်ကို ဖြတ်ကျော်ပြီးချိန်တွင် သူ၏ ဆုပ်ထားသော လက်သီးထဲတွင် အသွင်ပြောင်းမှုအသစ်တစ်ခု စောင့်ဆိုင်းနေသည်ဟူသော ခိုင်မာသောထင်မြင်ချက်တစ်ခုရှိခဲ့သည်။
ပြုတ်ကျလာသော ငှက်သုံးကောင်၏ကြောင့် ဒဏ္ဍာရီလာငှက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည် ။ မျက်စိတမှိတ်အတွင်း စုမင်နှင့်လျင်မြန်စွာ နီးကပ်လာပြီး သူ့အမြင်အာရုံထဲတွင် အရာအားလုံးကို မှုန်ဝါးသွားစေခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ဒဏ္ဍာရီလာငှက်ကြီးသာ ရှင်းရှင်းလင်းလင်း ကျန်နေခဲ့သည်။
အနက်ရောင်လူတူက
၎င်း၏နောက်ကျောတွင် စူးစူးဝါးဝါးအော်သံကို ထုတ်လွှတ်လိုက်ပြီး စုမင်၏ မျက်နှာကို အဖျက်စွမ်းအားတစ်ခုဖြင့် ပွတ်တိုက်သွားသည်။
စုမင်၏ မျက်လုံးများက ဖြတ်ခနဲလင်းလက်လာပြီး ဒဏ္ဍာရီလာငှက်ကြီးက
သူ့အနီးသို့ ရောက်ရှိလာသည်နှင့် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ လက်ဖဝါးကို ရှေ့သို့ ချိန်ရွယ်လိုက်သည်။
သူ ထိုသို့လုပ်လိုက်သည်နှင့် သူ့လက်ဖဝါးကို ဝန်းရံထားသော မီးခိုးဖြူများကချက်ချင်းရစ်ပတ်သွားကာ ၎င်းတို့အတွင်းမှ ငှက်သုံးကောင်ဧ။်မထင်မရှား မသဲကွဲသောပုံရိပ်များကို မြင်လိုက်ရ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်က သူ့လက်ဝါးကိုရှေ့သို့ ချိန်ရွယ်လိုက်သောအခါ သူ့လက်က ဒဏ္ဍာရီလာငှက်ကြီး ဆီသို့လျင်မြန်စွာ ကျရောက်သွားသည်။
ထိုမြင်ကွင်းက ပန်းချီကားတစ်ချပ်ကဲ့သို့ဖြစ်သည်။ စုမင်သည် သူ့ခန္ဓာကိုယ် လေထဲတွင် ရှိနေစဉ် သူ့ဆံပင်များက လေထဲတွင်ကခုန်နေသည်။ သူ့ညာလက်ကို မြှောက်ထားပြီး နောက်ကျောက သေးငယ်ပြီး ရက်စက်သောအနက်ရောင် လူတူက ဒဏ္ဍာရီလာငှက်တစ်ကောင်ကို တွန်းလိုက်လေသည်။
ထိုမြင်ကွင်းဖြစ်ပွားချိန်တွင် အချိန်က ရပ်တန့်သွားပုံရသော်လည်း ကျယ်လောင်သောပေါက်ကွဲသံကြောင့် ချက်ချင်းပင် အချိန်ရပ်တန့်သွားခဲ့သည်။
လေထဲတွင် တဟုန်ထိုး တုန်ခါလာသောအခါ ငှက်က တလက်မချင်းစီပျက်စီးသွားလေသည်။ ထိုအက်ကွဲကြောင်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သွားသောအခါ ၎င်းက အပိုင်းပိုင်းပြတ်သွားသည်။ ပြင်းထန်သောလေပြင်းတိုက်ခတ်မှုကြောင့် သဲနှင့်ပြုလုပ်ထားသော လူတစ်ဦးကဲ့သို့ လွင့်စဉ်မပျောက်ခင် ကျောပေါ်ရှိအနက်ရောင် သေးငယ်သောလူတူက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
စုမင်က ဒဏ္ဍာရီလာငှက်ကြီး ၏ခန္ဓာကိုယ်ကိုဖုံးအုပ်လိုက်ပြီး လုံးဝပျောက်ကွယ်သွားသည်။ထို့ နောက် သူကိုယ်တိုင် ပြန် ပေါ်လာခဲ့သည်။ သူ့မျက်နှာ အနည်းငယ် ဖြူဖျော့နေသော်လည်း သူသည် လေထဲတွင် ဆက်လက်ရပ်နေကာ နောက်သို့ ခြေတစ်လှမ်းပင် မလှမ်းပေ။ သူ့ဆံပင်များက ဝဲ
နေသော်လည်း ထိုအချိန်တွင်မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။
သူ့ပတ်ဝန်းကျင်က မီးခိုးငွေ့တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်လာသည့်အခါ ရှင်းတုန် က အနည်းငယ် ဖြူဖပ်ဖြူရော် မျက်နှာနှင့် အဝေးတွင်ရပ်နေသည်။ တုန်လှုပ်ချောက်ချားသည့်အရိပ်အယောင်များနှင့်အတူ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာတစ်ခုလည်း ရှိနေသည်။
“တိုက်ပွဲတစ်ခုအတွင်း ကောင်းချီးတစ်ခုရရှိခြင်းပဲဒါက... ဒီလိုလုပ်နိုင်တဲ့လူတစ်ယောက်နဲ့လည်း တကယ်တွေ့ခဲ့တယ်.. မယုံကြည်နိုင်လောက်အောင် စွမ်းအားမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ဦးသာ တိုက်ပွဲတစ်ခုအတွင်း ကောင်းချီး(ကံကောင်းမှု)ကို ရရှိနိုင်တယ်”
သူ တုံ့ဆိုင်းနေချိန်တွင် စုမင်ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာပြီးနောက် ချောင်းမြောင်းတိုက်ခိုက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သူက အစွမ်းထက်သော အင်မော်တယ်တစ်ယောက်ဖြစ်ပြီး တိုက်ပွဲတွင် သေဆုံးခြင်းကို လက်ခံနိုင်သော်လည်း ခြုံခိုတိုက်ခိုက်ရန် သူ၏ကိုယ်ပိုင်စည်းမျဥ်းများကို မကျော်လွှားနိုင်ပေ။
စုမင် မျက်လုံးဖွင့်လိုက်သည်။ သူ့လက်ဝါးကို ချိန်ရွယ်ချိန်တွင် ထူးဆန်းသော အခြေအနေတွင် သတိလစ်သွားခဲ့သည်။ ထိုခံစားချက်ကို ဖော်ပြရန် သူ့အတွက် ခက်ခဲသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး နှေးကွေးသွားသလို ခံစားခဲ့ရကာ တွေးတောရန် အချိန်အလုံအလောက်ရခဲ့သည်။
အရာအားလုံး နှေးကွေးသွားသည့် အခြေအနေတွင် သူ့ညာဖက်လက်ပြားချပ်သွားသည်ကို သူကိုယ်တိုင်မြင်လိုက်ရပြီး ရှေ့သို့ တွန်းလိုက်ချိန်တွင်ချက်ခြင်းတွင် မီးခိုးဖြူက ငှက်သုံးကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ၎င်းတို့က ရှင်းတုန်၏ မြင့်မြတ်သော အစွမ်းဖြင့်ဖန်ဆင်းထားသော သတ္တဝါများဖြစ်သည်။
သူ ဆက်ကြည့်ရင်း ထူးဆန်းသော
ခံစားချက်တစ်ခုနိုးထလာပြီး ဖန်တီးမှုပညာကို ပိုင်ဆိုင်သကဲ့သို့ အထိအတွေ့ကို ပေးစွမ်းနိုင်သည်။ ဤလက်ဖြင့် သူက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သူဖျက်ဆီးလိုက်သည့် အရာအားလုံးကို သိသာထင်ရှားစေသည်။
ဆုပ်ကိုင်... စုပ်ယူ.. တွန်း....
ဆုပ်ကိုင်ခြင်းက ဖျက်ဆီးခြင်းဖြစ်ပြီး
စုပ်ယူခြင်းမှာ အပိုင်းအစများကို စုပ်ယူရန်ဖြစ်ပြီး တွန်းထုတ်ခြင်းမှာ ၎င်းတို့ကို အသစ်တစ်ဖန် ဖန်တီးရန်ဖြစ်သည်။
ထိုထူးဆန်းသောအခြေနေတွင် သူက ရှင်းတုန်၏မျက်နှာကို မြင်လိုက်ရသည်။ အမှန်မှာ ထိုအချိန်က ထိုလူ၏အမူအရာပြောင်းလဲမှုများသည် စုမင် ၏မျက်လုံးများတွင် အလွန်နှေးကွေးသွားပြီး သူ၏အသေးစိတ်လှုပ်ရှားမှုတိုင်းကို လေ့လာနိုင်သည်။ ရှင်းတုန်က သူ့ကို တကယ်တိုက်ခိုက်ခဲ့လျှင် စုမင်က ထူးဆန်သောအခြေအနေမှ နိုးထရန် အချိန်အလုံအလောက်ရှိမည်ဖြစ်သည်။
လောကကြီး နှေးကွေးသွားပြီး သူတစ်ယောက်တည်းသာ တည်ရှိနေသည့် ခံစားချက်မျိုးက စုမင်၏ တွေးခေါ်မှုကို ပိုမိုတက်ကြွလာစေသည်။ ထိုအခြေအနေတွင်နေနိုင်လျှင် သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို နားလည်ရန် သူ့တွင်ပြင်းပြသောဆန္ဒတစ်ခုရှိပြီး လောကကြီးနှင့် စကြာဝဠာကို ထိန်းချုပ်နိုင်လိမ့်မည်။
သို့သော် ကံမကောင်းစွာပင် ချက်ချင်းပျောက်ကွယ်မသွားခင် ထိုခံစားချက်သည် အသက် ရှိုက်စာအတော် ကြာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သောအခါ စုမင် နိုးထလာသည်။
သူ့မျက်လုံးများ တဖျပ်ဖျပ်တောက်ပလာသောအခါ ရှင်းတုန်က သူ၏ညာဖက်လက်ကို မြှောက်လိုက်သည်။
“ငါတို့ရဲ့ ပထမပွဲမှာ မင်းကိုရှုံးခဲ့တယ်”
သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ညာလက်ကို မြှောက်လိုက်သောအခါတွင် သူ့လက်ကို ကောင်းကင်သို့ လျင်မြန်စွာ မတွန်းမီ လက်ညိုးနှင့် လက်မဖြင့် စက်ဝိုင်းပုံစံ ပြုလုပ်လေသည်။ ချက်ချင်းပင် သူ့ညာဖက်လက်မှမြူမည်းကြီးများက တဟုန်ထိုး ထွက်လာပြီး ဧရိယာတလျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းတုန်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၎င်းတွင် အလွှာများစွာရှိသောအခါ ပေတစ်ရာမြင့်သော ကြီးမားသောရုပ်တုက စုမင် ရှေ့တွင်ရပ်နေသည်။
ထိုရုပ်တုက အနက်ရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားပြီး ၎င်းက အသက်ရှင်နေသကဲ့သို့ ဖြစ်နေသည်။ ပေါ်လာသည်နှင့် မိုးခြိမ်းသံကဲ့သို့ ဟောက်သံ ထွက်လာသည်။ ရှန်းတုန်က ဤရုပ်တုအတွင်း၌ ရှိနေကြောင်း စုမင် သိသည်။ ၎င်းသည် မြင့်မြတ်သောစွမ်းအင်ကို
သူမြင်ရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။
ရှင်းတုန်က နတ်ဆိုးဝိညာဥ်ဂိုဏ်းတွင် မာန်ကပ်ဘေးကြီးကိုတိုက်ခိုက်သောအခါ စုမင်က ကွပ်မျက်ခဲ့သည်။ ခေါင်းလောင်းကြောင့် အရိပ်အယောင် ပျက်သွားသော်လည်း ရှင်းတုန်မှာ လုံးဝ ဒဏ်ရာမရှိခဲ့ပေ။
“ ဒီအစွမ်းထက်တဲ့ ဝိညာဥ်ပြောင်းလဲခြင်းက နတ်ဆိုးဂိုဏ်းရဲ့အစွမ်းထက်ဆုံးကျင့်စဉ်သုံးခုထဲက တစ်ခုပဲ..ဒီကျင့်စဉ်နဲ့ ဖန်တီးထားတဲ့ ဧရာမဝိညာဉ်က လောကကြီးရဲ့ စွမ်းအားပါရှိတယ်...အဲ့ဒါက လောကကြီးရဲ့ဝိညာဉ်အရှိန်အဝါတွေကိုစုပ်ယူနိုင်လို့ ဘယ်သောအခါမှ မသေဆုံးဘူး...”
“မိတ်ဆွေ..တာအိုပညာရှင်
ငါ့ရဲ့ဧရာမ ဝိညာဉ်ကြီးရဲ့ တိုက်ခိုက်မှုကိုလက်ခံပါ”
ထိုစဉ် ရှန်းတုန်၏အသံက လေထဲတွင် တဟုန်ထိုးမြည်လာသည်။ ဘီလူးကြီးက မလှုပ်ရှားဘဲ ညာလက်ကို မြှောက်ကာ သူ့အနောက်သို့ ဆန့်ထုတ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးလေးကဲ့သို့ နောက်ပြန်ကွေးသွား၏။ မကြာမီပင် ထိတ်လန့်တုန်လှုပ်ဖွယ်ဟောက်သံတစ်ခုက ဧရိယာတစ်လျှောက် ကျယ်လောင်စွာပဲ့တင်ထပ်လာသောအခါ ညာလက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လက်သီးကို ရှေ့သို့ ထိုးချလိုက်သည်။
ကြီးမားသော လက်သီးက လေထဲသို့ ဖြတ်သွားသည့် စူးရှသော အသံကို လှုံ့ဆော်ပေးသည်။ ရှန်းပ်တုန်၏ မြင့်မြတ်သော စွမ်းရည်ကို မခံနိုင်သကဲ့သို့ လေကို အမှန်တကယ် ကွဲအက်စေခဲ့သည်။ သူ့လက်သီးမှာ မည်သည့်နေရာကိုရောက်သည်ဖြစ်စေ
လေထဲတွင် ကွဲအက်နေသော အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။
စုမင်၏ မျက်ခုံးများ တွန့်သွားသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အနှံ့ စူးရှသော နာကျင်မှုကို ခံစားရပြီး ထိုခဏ၌ သူ့အသက်ရှုနှုန်းများအေးခဲသွားသလို ခံစားလိုက်ရသည်။ ထိုလက်သီးအား ပစ်သွင်းလိုက်သည့်အခါ ဧရိယာအတွင်းရှိ လေအားလုံးကို ထုတ်ယူလိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သဖြင့် ထိုနေရာသည် သူ၏ တတိယမြောက် လေအားခွဲထွက်မှုပုံစံကို ရိုက်ခတ်လိုက်သောအခါနှင့် ဆင်တူသည့် အခြေအနေသို့ အလျင်အမြန်ပြောင်းသွားစေသည်။
ထိုလက်သီးဖြင့် သူ့ပတ်ဝန်းကျင်ရှိ လေထုအားလုံးကို စုပ်ယူလိုက်သကဲ့သို့ပင် တုန်လှုပ်ချောက်ချားစရာ စွမ်းအားတစ်ခုသည် သူ့ထံသို့ရောက်လာသည်။ သို့သော် စုမင်က နောက်ပြန်မဆုတ်ပေ။ သူထိုသို့လုပ်နိုင်သော်လည်း သူမလုပ်ချင်တော့ပေ။
မာန်စိတ်ဝိညာဥ်နယ်ပယ်တွင်ပြီးမြောက်အောင်မြင်ခဲ့သော မာန်တစ်ယောက်နှင့် ညီမျှသော စွမ်းအားကြီးနယ်ပယ်စက်ဝိုင်းသို့ ရောက်ရှိသွားသော စွမ်းအားကြီးနယ်ပယ် အင်မော်တယ် တစ် ယောက်၏ မျှော်လင့်ထားသည့်အတိုင်းဖြစ်လေသည်။
စုမင်၏မျက်လုံးထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ ရှန်းတုန်က သူ့ကို လေးစားလျှင် စွမ်းအားကောင်းသည့်ကျင့်ကြံသူကို လေးစားသည့် သဘောမျိုးဖြစ်သည်။
သူတို့၏မျိုးနွယ်စုများ မတူလျှင်ပင်၊ သူတို့၏ အိပ်မက်များမတူလျှင်ပင်၊ သူတို့ ရှင်သန်နေထိုင်ပုံ မတူလျှင်ပင် စွမ်းအားရှိသည့်ကျင့်ကြံသူကဲ့သို့ သူရသင့်သော လေးစားမှုကိုပေးနေဆဲဖြစ်သည်။
“ဒါက မာန်နတ်ဘုရားရဲ့ဟိန်းဟောက်သံပဲ...ဒါကို ဘယ်မာန်နတ်ဘုရားက တီထွင်ခဲ့တာလဲဆိုတာ ငါမသိပေမဲ့...”
ထိုလက်သီးက စုမင်ထံသို့ ရောက်ရှိလာသည်နှင့် သူက တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ စကားများ လေထဲတွင် ပဲ့တင်ထပ်ကာ ဝင်လာသည့် လက်သီးတွင် သူ၏ အပြင်းထန်ဆုံး ဟိန်းဟောက်သံထွက်ပေါ်လာလေသည်။
ထိုဟိန်းဟောက်သံက လေထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် စုမင်၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် ပထမပြိုင်ပွဲအတွင်း
သူတောင့်ခံနိုင်ခဲ့လေသည်။
.........