အခင်မင်မပျက်သော
Vol. 46 Ch. 628
ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံတစ်ခုက လောကတစ်ခုလုံးကိုပျံ့နှံ့သွားပြီး ရှန်းတုန် လက်သီးချက်က စုမင် နှင့်ပေပေါင်းများစွာအကွာမှ အရှိန်နှေးကွေးသွားစေသည်။
ထိုအချိန်တွင် စုမင်က သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားအားလုံး၏ ရှစ်ပုံတစ်ပုံကို အသုံးပြုနေပြီဖြစ်သည်။
ယခင်က တိထျန်းကို တိုက်ခိုက်သောအခါ သူ့စွမ်းအား၏ဆယ်ပုံရှစ်ပုံက သူ့ခွန်အား၏ အထွတ်အထိပ်နှင့် ညီမျှသည်။ သို့သော် ထိုလက်သီးက နှေးကွေးသွားပြီး ပြိုကွဲတော့မည်ဟု ထင်ရသော်လည်း ၎င်းသည် ရှေ့သို့ ဆက်သွား၍ စုမင်နှင့်နီးကပ်လာခဲ့သည်။ သူ့နောက်ကွယ်ရှိ ဖျက်ဆီးနိုင်သည့် စွမ်းအားက စုမင်၏ရုပ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်ဟုထင်ရသည်။
ထိုအချိန်တွင် ရုပ်တုကြီးဧ။်ကိုယ်ထဲတွင် ဝှက်ထားသော ရှန်းတုန်၏မျက်နှာရှိ သွေးကြောများ ထောင်ထလာသည်။ သူ၏ စွမ်းအားအားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရုပ်တုအတွင်း သူစုဆောင်းနိုင်သည့် အပြင်းထန်ဆုံး စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာက မာန်ကပ်ဘေးကြီး ကို မူတည်သည့်စွမ်းအားဖြစ်ပြီး လက်သီးက အရှိန်တိုးလာသည်။ ပေါက်ကွဲသံနှင့်အတူ ၎င်းက အတိတ်က သူ၏အထွတ်အထိပ်အချိန်က စွမ်းအားကို ကျော်လွန်သွားသကဲ့သို့ စုမင်နှင့်နီးကပ်လာလေသည်။
သို့သော် ထိုစွမ်းအား၏ ဆယ်ပုံရှစ်ပုံက စုမင် အတိတ်တွင် ရှိခဲ့သော အထွတ်အထိပ်မျှသာ ဖြစ်သည်။ ထိုအချိန်တွင် သူက ပြန်လည်ကောင်းမွန်လာမှု အပြည့်အဝ မရရှိနိုင်သေးသော်လည်း သူ၏ကနဦးကျင့်ကြံမှု ဆယ်ပုံကိုးပုံနီးပါးကို ပြန်လည်ရရှိထားပြီး ထိုအချိန်တွင် နောက်ထပ် စွမ်းအင်ပမာဏကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှတ်ပေးခဲ့သည်။
စုမင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသောအင်အားက လျင်မြန်စွာ ထွက်ပေါ်လာသည်။ မာန်နတ်ဘုရား၏ ဟိန်းဟောက်သံ ထဲသို့ ပေါင်းစပ်သွားကာ အသံလှိုင်းက လောကအတွင်းရှိအသံ အားလုံးကိုကျော်လွန်သွားသည်။ ထိုအချိန်တွင် ထိုဟိန်းဟောက်သံက အပြင်ဘက်သို့ထွက်ပေါ်လာသည်။
စုမင်မပြိုလဲမီ ကြီးမားသော လက်သီးချက်က လေထဲသို့ ပဲ့တင်ထပ်သွား၏။ ၎င်းက တစ်လက်မချင်းဆီ ကွဲကြေသွားသောအခါ အပိုင်းအစများက နောက်သို့ ကျသွားသည်။ မြူများ ပြန့်ကျဲသွားပြီး ရှန်းတုန် ၏ပါးစပ်မှ သွေးများစီးကျလာ၏။ သူ နောက်သို့ ဆယ်လှမ်းဒယိမ်းဒယိုင်ဆုတ်သွားပြီး လေထုကို လှိုင်းဂယက်ထားခဲ့လေသည်။ ခြေလှမ်းတစ်ခုစီ၏အကွာအဝေးမှာ ဆယ်ပေနှင့် ညီသည်။
ထိုဆယ်လှမ်းပြီးနောက် သူ့က ပေတစ်ရာအနောက်သို့ ဆုတ်သွားသည်။
စုမင်၏ မျက်နှာက ဖြူဖျော့နေသည်။
ဟိန်းဟောက်သံပြီးဆုံးသောအခါ စုမင်သကလည်း သွေးတစ်လုပ်ကြီးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ ခြေလှမ်းဆယ်လှမ်းကို ဆုတ်ခွာလိုက်ရသည်။
သူ့အသက်ရှူသံက မြန်လာပြီး ခေါင်းကို မော့ကြည့်လိုက်လျှင် ပါးစပ်ထောင့်တွင် သွေးမျေားစီးကျနေသောရှန်းတုန်ကို ကြည့်လိုက်သည်။
ထိုကဲသို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံး ပထမပြိုင်ပွဲတွင် ရှင်းလင်းစွာ ထိန်းထားနိုင်သည့်အတွက် ရှန်းတုန်က တိုက်ပွဲတစ်ခုကို စတင်ခဲ့သည်။ သို့သော် ဒုတိယပွဲတွင် သူ၏ စွမ်းအားအားလုံးကို ထုတ်ခဲ့သည်။ ၎င်း၏ ခွန်အားကြောင့် စုမင်က ဒဏ်ရာမရရှိမီ စွမ်းအား၏ အထွတ်အထိပ်ကိုပင် မရှောင်တိမ်းနိုင်ခဲ့ပေ။ အကယ်၍ သူက ဖုံးကွယ်ထားသောခွန်အားမရှိလျှင် ထိုတိုက်ပွဲတွင် ရှုံးနိမ့်သွားပေလိမ့်မည်။
စုမင်က သူရရှိခဲ့သော စွမ်းအားဆယ်ပုံတစ်ပုံကို ထုတ်ဖော်ပြီး ကောင်းကင်သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးအား လှုံံ့ဆော်လိုက်သည်။ထိုစဉ် နှစ်ယောက်စလုံး သွေးတလုပ်ကြီးအန်လိုက်ရ၍ နှစ်ယောက်စလုံးညီမျှစွာယှဥ်ပြိုင်သည့်လက္ခဏာဖြစ်သည့် ခြေလှမ်းဆယ်လှမ်း နောက်သို့ တွန်းချခံလိုက်ရသည်။
လုံးဝ ညီတူညီမျှတိုက်ခိုက်မှသာလျှင် စိတ်ကျေနပ်မှုနှင့် ဝမ်းမြောက်ခြင်းကို အများဆုံးယူဆောင်ပေးနိုင်မည်ဖြစ်သည်။ ထိုနှစ်ဦးသည် ပေနှစ်ရာအကွာအဝေးတွင်ရပ်နေစဥ် တစ်ယောက်ကိုတစ်ယောက် ဆက်လက်ကြည့်နေကြသည်။ မည်သူမှစကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက်သာ ငေးကြည့်နေကြလေသည်။
အချိန်ကြာပြီးနောက် ရှန်းတုန်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တဖြည်းဖြည်းပေါ်လာပြီး စုမင်၏တုံ့ပြန်မှုက မှန်မိတ္တူတစ်ခုနှင့်တူသည်။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းကို ကွေးသွားစေပြီး ၎င်းက ပိုကျယ်လာကာ နောက်ဆုံးတွင်ကျယ်လောင်သောရယ်မောသံအဖြစ် ပြောင်းလဲလာခဲ့သည်။
ရှန်းတုန်ရယ်ပြီး စုမင်လည်း ရယ်လေသည်။မကြာသေးမီက ဤစစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ကြသော လူနှစ်ဦးက နှလုံးသားထဲမှ ရယ်မောနေကြပြီး သဘောထား ကွဲလွဲမှု၏ အရိပ်အမြွက်မျှပင်မရှိပေ။ ၎င်းအစား တစ်ဦးနှင့်တစ်ဦး တည်ရှိနေခြင်းကို အသိမှတ်ပြုမှူ၊ တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ အချင်းချင်း၏တည်ရှိမှုကို
အသိမှတ်ပြုမှုမှ မွေးဖွားလာသော ရယ်မောခြင်းတွင်သူတို့၏ပြည့်စုံသောလိုက်ဖက်မှုတစ်ခုရှိသည်။
“ဒီတိုက်ပွဲက တကယ်ပျော်ဖို့ကောင်းတယ်...”
ရှန်းတုန်ကရယ်ရင်း ညာလက်ကို မြှောက်လိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ကာ အတွင်းမှ ဘူးသီးတစ်လုံး ချက်ချင်း ထွက်လာလေသည်။ သူ့လက်ထဲ ကိုင်လိုက်သည်နှင့် ဖော့အဆို့ကို ဆတ်ခနဲဖယ်ထုတ်လိုက်ပြီး ပြင်းသော ဝိုင်ရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်သွားသည်။ ခေါင်းကိုငုံ့ကာ ၎င်းမှတလုပ်သောက်လိုက်၏။
“မိတ်ဆွေတာအိုပညာရှင်... မင်း တစ်ခုခု သောက်ချင်လား”
ရှန်းတုန်က ထိုဝိုင်ကို ပါးစပ်ထဲရှိ သွေးများနှင့်အတူ သောက်ပြီးသည်နှင့် ပြုံးကာ စုမင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူသည် မာန်လူမျိုးများ၏ လောကသို့ရောက်ပြီး တစ်ကြိမ်မျှမပေါ်ထွက်ခဲ့သော လေးစားမှုအရိပ်အမြွက်တစ်ခု သူ့မျက်လုံးထဲတွင်ရှိနေသည်။ သူက နတ်ဆိုးဂုဏ်း၏ကျီအန်းနှင့်မတွေ့မိ ထိုလူကို လေးစားခဲ့သည်။
ငါက မာန်လူမျိုးတစ်ယောက်ပဲ”
စုမင် ပြုံးနေသေးသော်လည်း နောက်ဆုံးတွင်ခံစားချက်များ ရောထွေးနေလေသည်။
ထိုသူက ယခင်ကသူနှင့်အဆက်သွယ်မရှိခဲ့သော်လည်း တိုက်ပွဲတစ်ခုအတွင်း သူ၏စကားလုံးများနှင့် လုပ်ဆောင်ချက်များကြောင့် လေးစားမှုရရှိခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ရှိနေခြင်းကို တန်ဖိုးထားခြင်းမျိုးက ရှန်းတုန်၏နှလုံးသားတွင်သာ ပေါ်လာခဲ့သည်မဟုတ်ပေ။ စုမင်၏နှလုံးသားထဲမှာလည်း ပေါ်လာခဲ့သည်။
သို့သော် သူတို့မျိုးနွယ်စုများ၏ကွာခြားချက်သည် သူတို့ဆက်ဆံကို နိဂုံးချုပ်စေသောအရာဖြစ်သည်။
“ဒါဆို ဘာလဲ၊ မင်းက ငါတွေ့ဖူးတဲ့မာန်လူမျိုးတွေထဲမှာ ငါ့ရဲ့ လေးစားမှုနဲ့ကြည်ညိုမှုကို ခံထိုက်တဲ့ ဒုတိယလူပဲ.. တာအိုပညာရှင် ... မင်းကရဲရင့်ပေမယ့် သတိကြီးကြီးထားပြီး မင်းလုပ်ရမဲ့အရာတွေကို ပြတ်ပြတ်သားသား လုပ်တယ်.. မင်းမှာ ထူးဆန်းတဲ့ ရတနာတွေ အများကြီးရှိပြီး မကောင်းဆိုးဝါးအစောင့်အရှောက်လှံရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပေမဲ့ အဲ့ဒီအစွမ်းကို သုံးဖို့မရွေးချယ်ခဲ့သေးဘူး...”
“မင်းရဲ့ဟိန်းဟောက်သံကနေ ငါ့ကို ပြန်တွန်းထုတ်တဲ့အခါ မင်းငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရဖို့ အခွင့်အရေးရခဲ့ပေမဲ့ မင်းမရွေးချယ်ခဲ့ဘူး။း...ငါတို့က လူမျိုးမတူတာဖြစ်နိုင်ပေမယ့် ဒီတိုက်ပွဲကို ငါအရမ်းသဘောကျတယ်ဆိုတာ ငါသိတယ်”
“မိတ်ဆွေ တာအိုပညာရှင်... ဒီဝိုင်ကို ငါအသိအမှတ်ပြုတဲ့ သူတွေကိုပဲ ငါပေးမယ်.. ငါမင်းကို နောက်တစ်ကြိမ်ထပ်မေးမယ်.. မင်း သောက်ချင်လား”
ရှန်းတုန်က စုမင်ကိုကြည့်ကာ သူ၏ရယ်မောသံသည် လေထဲတွင် ထွက်ပေါ်လာသည်။ သူ၏ ရိုးသားပြီး ဖြောင့်မတ်သောတည်ရှိမှုက ၎င်းကိုယ်တိုင်ပေါ်လွင်လာပြီး သူ့နှင့်ပတ်သက်သော ပူ
ဆွေးမှုအားလုံးကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
သူက မိစ္ဆာဂိုဏ်းမှဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူစင်စစ်များလည်း မိစ္တာဂိုဏ်းတွင်ရှိနေသည်။
စုမင်က ရှန်းတုန်ကို ကြည့်လိုက်ပြီး ထိုဘူးသီးကို လေထဲမှ ဖမ်းယူရန် သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ ဘူးသီးက ရှင်းတုန်၏လက်မှ ချက်ချင်းဆိုသလို ထွက်သွားပြီး စုမင်ရှိရာဦးတည်သွားလေသည်။ သူဖမ်းဆုပ်လိုက်သည်နှင့် ရှန်းတုန်ကို ကြည့်ကာ ဘူးသီးတောင့်ကို တစ်ကျိုက်မော့မသောက်မီ နှုတ်ခမ်းတွင် ထားလိုက်သည်။
“ဒီတိုက်ပွဲက တကယ် ပျော်စရာကောင်းတယ်.. ဒါပေမယ့် ဒီဝိုင်က နှစ်သက်စရာကောင်းတယ်”
စုမင်ပါးစပ်ထဲရှိ ဝိုင်က မီးကဲ့သို့လောင်ကျွမ်းနေသော အပူလှိုင်းအဖြစ် သူ့ခန္ဓာကိုယ်ကို ပျံ့နှံ့သွားသည်။
ထိုဝိုင်က မည်မျှ အဖိုးတန်ကြောင်း ပြသရန် လုံလောက်ပါသည်။
“မင်းဒါကြိုက်တယ်ဆိုရင် ဒီနှိမ့်ချတဲ့ ရှန် က မင်းလက်ထဲက ဘူးသီးကို လက်ဆောင်အဖြစ်ပေးလိမ့်မယ်”
ရှန်းတုန်က ရယ်မောလိုက်ပြီး သူ့မျက်နှာတွင် ဝမ်းမြောက်နေသောအမူအရာ ပေါ်လာသည်။ ၎င်းသည် သူ့မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် တွေ့ရခဲသောအမူအရာဖြစ်ပြီး များသောအားဖြင့် မှုန်မှိုင်းသောအကြည့်ဖြင့်သာ ဖွဲ့စည်းထားလေ့ရှိသည်။
သို့သော် စုမင်က ထိုစကားတွင် လှည့်စားမှုအရိပ်အမြွက်မျှမရှိဟု သူ၏အတွေ့အကြုံကို အခြေခံပြောပြနိုင်သည်။ ရှန်တန့်သည် ရိုးသား၏။
“ဒုတိယအဆင့်ကိုရောက်ဖို့ အခွင့်အလမ်းနဲ့ လွှမ်းမိုးတဲ့ဆင့်ကို ဖြတ်ဖို့မာန်နယ်မြေကို လာခဲ့တယ် တာအိုပညာရှင်...မင်းရဲ့ မာန်ကနဦးကျင့်ကြံမှုကက အရမ်းထူးခြားတယ်.. မင်းလည်း အရေးကြီးတဲ့ အဆင့်ကို ရောက်ရမယ်.. မင်းပြသနာကိုဖြတ်ကျော်နိုင်မယ်ဆ်ိုရင် ငါမင်းနဲ့ ထပ်တိုက်ခိုက်ချင်တယ်”
ရှန်းတုန်က စုမင်ကိုကြည့်ကာ ပါးစပ်အပြည့် အများကြီးမသောက်မီ
သူ့သိုလှောင်အိတ်ထဲမှ ဘူးသီးကြီးတစ်လုံးကို ယူလာခဲ့သည်။
“ငါတို့ရဲ့ တတိယမြောက် ထိုးနှက်ချက် မလဲလှယ်ရသေးပါဘူး။ မင်း တိုက်ချင်သေးရဲ့လား”
ရှန်းတုန်က ဘူးသီးကို အောက်ချလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“သေချာတာပေါ့”
စုမင် လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည် ။တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံသောအခါ တစ်ယောက်ချင်းစီ၏မျက်လုံးထဲတွင် အမုန်းတရားများကိုမတွေ့ရတော့ဘဲ ရှုံးနိမ့်မှုကို ဝန်ခံရန်ငြင်းဆန်မှုများသာ သူတို့နှစ်ယောက်၏မျက်လုံးထဲတွင် တောက်ပနေသည်။
“ အင်မော်တယ်ပြည်မှာရှိစဥ်က
တိုက်တိုက်ဆိုင်ဆ်ိုင် ငါရခဲ့တဲ့ မြင့်မြတ်သောစွမ်းရည်ကိုပဲ သရုပ်
ဖော်မယ်။ ဒီလုပ်ဆောင်ချက်က
အတိတ်က ထာဝရတရားနဲ့ ကျန်ရစ်ခဲ့ပြီ..ငါ လေ့ကျင့်ခဲ့တာ နှစ်အတော်ကြာခဲ့ပေမဲ့ အဲ့ဒီပညာကိုလုံး၀ ကျွမ်းကျွမ်းကျင်ကျင် မတတ်သေးဘူး.. အဲ့ဒီပညာကို ယင်မရဏတံဆိပ်ခုနစ်ခုလို့ခေါ်တယ်”
“ငါ့ရဲ့လက်ရှိကျင့်ကြံမှုနဲ့.. စည်းတံဆိပ်တစ်ခုရဲ့ စွမ်းအားကို ထုတ်ပေးနိုင်တယ်.. မိတ်ဆွေ တာအိုပညာရှင်... ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ပါ”
ရှန်းတုန် က စကားပြီးသည်နှင့် ရုတ်တရက် သူ့လျှာဖျားကို ကိုက်လိုက်ပြီး သွေးချောင်းဆ်ိုးလေသည်။ ရုတ်တရက် ပေါက်ကွဲပြီး လေထဲသို့ လွင့်သွားသောအခါတွင် ထူးခြားသော အရိပ်အယောင်ခုနစ်ခုပေါ်လာသည်။ သူတို့ ပေါ်လာပြီးသည်နှင့် မယုံနိုင်လောက်အောင်ထူထဲသော မရဏအငွေ့အသက်က ဦးတည်ရာပေါင်းစုံမှ ထွက်လာသည်။ အရိပ်များက ထိုအရောင်ဝါအားလုံးကို စုပ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ပို၍ အကောင်အထည် ပေါ်လာသည်။
ထိုလူခုနစ်ယောက်စလုံးက သရဖူကို ဆောင်းကာ ကောင်းကင်ပေါ်တွင် ပန််းထိုးထားသော ဝတ်ရုံကို၀တ်ဆင်ထားကြသည်။ သူတို့၏မျက်နှာများကို သဲသဲကွဲကွဲမမြင်ရသော်လည်း စုမင်၏နှလုံးသားကို တုန်လှုပ်စေသော ပြင်းထန်သောဖိအားတစ်ခုက ထိုလူများထံမှထွက်ပေါ်လာသည်။
ချက်ချင်းပင် ကောင်းကင်ပုံစံဝတ်ရုံကို ဝတ်ဆင်ထားသော အရိပ်ခုနစ်ခုက ညာလက်ကိုမြှောက်၍ သူတို့လက်မောင်းများကိုလွှဲယမ်းလိုက်ရာ ရာသီဥတုက ပြောင်းလဲသွားပြီး အရပ်မျက်နှာအားလုံး မှကုန်းမြေများပြောင်းလဲသွားသည်။ ကောင်းကင်က အစိမ်းရောင်မြူခိုးလွှာများဖြင့် ဖုံးလွှမ်းကာ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပုံစံ ၀တ်ရုံဝတ်ထားသော အရိပ်ခုနစ်ခုကပျောက်ကွယ်သွားသော်လည်း ၎င်းတို့ ပျောက်ကွယ်သွားသည့်အခိုက်တွင် ကြီးမားသော အန္တရာယ်လှိုင်းကြီးတစ်ခု သူ့အောက်မှ စုမင်ထံသို့ အရှိန်ပြင်းပြင်း ကျရောက်လာသည်။
ခေါင်းကိုဆတ်ခနဲအောက်သို့ ငုံ့ချလိုက်လျှင် သူမျက်ခုံးများ ပြေလျော့သွားသည်။ စိမ်းလန်းသော မြူခိုးများဖြင့်အစားထိုးထားသော မြေပြင်သည် ယခု အလွန်ကြီးမားသော ချိပ်တံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
၎င်းသည်အစိမ်းရောင်ဖြစ်ကာ စုမင်၏နှလုံးကို တုန်လှုပ်သွားစေသည့် ဖိအားများပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် မည်သည့်အချိန်တွင်မဆို စတင်အကျိုးသတ်ရောက်တော့မည့်ပုံသဏ္ဍာန်ဖြစ်ပြီး ယင်မရဏတံဆိပ် ခုနစ်ခုပိုင်ဆိုင်သော အဖျက်စွမ်းအားကို ထုတ်ပေးတော့မည်ဖြစ်သည်။ တစ်ခုသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည်။
သို့သော် ထိုကြီးမားသောချိပ်တံဆိပ်သည် စုမင်ကို ဦးမတည်ပေ။ သူသည် ၎င်း၏အစွန်းမှာပင်ရှိသည်။ သူ တစ်ချက်ကြည့်လိုက်လျှင် ရှန်းတုန်က လေထဲတွင်ပဲ့တင်ထပ်နေသော ဟိန်းသံတိုးတိုးကိုထုတ်လွှတ်လိုက်လေသည်။
အစိမ်းရာင်မြူချိပ်တံဆိပ်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး အတွင်းရှိ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ကျယ်လောင်သောအသံများ မကြားနိုင်သလို ကောင်းကင်ကို လှုပ်ခါစေသော မည်သည့်လှိုင်းတွန်းမျိုးမှလည်း ပေါ်မလာပေ။ အလင်းရောင်ပျောက်ကွယ်သွားသောအခါ စုမင်သည် မြေပြင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ရှန်းတုန်သည် ဖြူဖျော့သောမျက်နှာဖြင့် အဝေးတွင် ရပ်နေသည်။
စိမ်းလန်းသော မြူခိုးများ ပျောက်ကွယ်သွားပြီး ၎င်းနှင့်အတူ ချိပ်တံဆိပ် ခုနစ်ခု လည်းပျောက်ကွယ်သွားခဲ့သည်။
သို့သော်… ထိုအချိန်တွင် ထိုနေရာမှ ပေထောင်ပေါင်းများစွာအကွာတွင် နေရာလွတ်တစ်ခု ရှိနေပါသည်။ ၎င်းသည် အရွယ်အစားတစ်ရာရှိပြီး ထိုနေရာ၌ မြေကြီးပျောက်ကွယ်သွားသောကြောင့် ထိုနေရာ၌ ကြီးမားသောချိုင့်ကြီးပေါ်လာပုံရသည်။ ထိုနေရာရှိ ကောင်းကင်ကြီးမှာလည်း မှုန်မှိုင်းမှိုင်းဖြစ်နေသည်။ အကြောင်းမှာ ထိုအချိန်တွင် ကောင်းကင်၏ ထိပ်တွင် ကြီးမားသောချိုင့်ကြီးတစ်ခုရှိခဲ့သည်။
စုမင် တိတ်ဆိတ်သွား၏။
ရှန်းတုန်၏ အသက်ရှူသံ မြန်လာသည်။ ခဏကြာလျှင် စုမင်ရှိရာ လှမ်းကြည့်ကာ သူ့မျက်နှာတွင်အပြုံးတစ်ခု ပေါ်လာသည်။
“မိတ်ဆွေတာအိုပညာရှင်... ငါ အခုလုပ်ထားတဲ့လုပ်ဆောင်ချင်ထဲမှာ ချိပ်တံဆိပ်တစ်ခုပဲ ရှိနိုင်ပေမယ့် သူ့ရဲ့ စွမ်းအားကို မင်းဘယ်လိုထင်လဲ...”
စုမင်သည် မျက်လုံးများကိုမှိတ်ထားပြီးသူ၏လက်သီးကို ရှန်းတုန်ထံသို့မပစ်သွင်းမီ အသက်ပေါင်းများစွာရှုပြီးနောက် ပြန်ဖွင့်လိုက်လေသည်။
သူက မေးခွန်းကို မဖြေဘဲ ညာလက်ကို သူ့နောက်ကျောဖြင့် မြှောက်ကာ ကောင်းကင်ဆီသို့ လှည့်ရန်ရွေးချယ်ခဲ့ပြီး သူ၏လက်ဖဝါးက မြေကြီးဆီသို့ လှည့်သွားခဲ့သည်။
“ငါ့လက်က အချိန်ကို ကိုယ်စားပြုရင် တစ်ဖက်က အတိတ်ကို ကိုယ်စားပြုပြီး နောက်တစ်ဖက်က အနာဂတ်ကို ကိုယ်စားပြုတယ်”
စုမင် တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ရုပ်ဆိုး လေးမိသားစုက သူ့ကိုဖုံးအုပ်ထားခဲ့သော သူ့ဆံပင်ရှိ အနက်ရောင်ဆိုးဆေးသည် အဖြူရောင်နှင့်ခရမ်းရောင်တို့၏ ပေါင်းစပ်မှုကို ပေါ်လွင်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် စုမင်က ထိုစကားများပြောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အချိန်နောက်ပြန်ခြင်း၏ တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ရှန်းတုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တကြားနှင့် အံ့ဩခြင်းတို့က သူတို့အတွင်း၌ ပေါ်လာသည်။ သူက မြေပြင်ပေါ်ရှိအချိန်ကို စိုက်ကြည့်နေပြီး ကောင်းကင်ကြီးသည် အံ့သြမှင်သက်သော အမူအရာဖြင့် လျင်မြန်စွာ ပြန်စီးဆင်းနေလေသည်။ အဝေးရှိ မြေပြင်ပေါ်မှချိုင့်ခွက်က ပျောက်သွားပြီး ကောင်းကင်မှ အပေါက်မှာလည်းပျောက်ကွယ်ကာ ကောင်းကင်နဲ့ မြေကြီးကြားမှာ တစ်ဖန် ကြီးမားသော အစိမ်းရောင်မရဏတံဆိပ်ကိုမြင်လိုက်ရသောအခါ သူပြင်းထန်စွာ အသက်ရှူနေရ၏။
“ဒါကဘယ်လို မြင့်မြတ်တဲ့စွမ်းအင်လဲ”
ရှန်းတုန်၏နှလုံးသားများ တုန်လှုပ်သွားပြီး မရဏတံဆိပ်ဖြင့် စုမင်ကိုသတ်ရန် မစဉ်းစားမိသည်ကို ရုတ်တရက် ကံကောင်းသွားသည်ဟု ခံစားလိုက်ရသည် ။
စုမင်သည် ပြန်လည်ပြုပြင်ထားသော ကမ္ဘာပေါ်ရှိ အစိမ်းရောင်မရဏတံဆိပ်
ကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များပေါ်လာသောကြောင့် စတင်၍ ဂရုတစိုက်ကြည့်မိသည်။
သူ့နှလုံးသားကို ပုံဆွဲပိတ်ချပ်အဖြစ်၊ သူ့ဝိညာဉ်ကို ဘောပင်အဖြစ် အသုံးပြုကာ ကူးယူနေသကဲ့သို့ထင်ရလေသည်။
............