ရောင်းပစ်မယ်...
Vol. 46 Ch. 629
စုမင်ဘဝတွင် သူ ပထမဆုံးအတုခိုးခဲ့ခဲ့သောအရာမှာ မာန်စွမ်းအားပေါက်ကွဲခြင်း ကို ဖန်တီးနိုင်ရန်ဖြစ်သည်။ သူ၏ကျင့်ကြံမှု
အဆင့်တိုးလာသောအခါ ထိုလုပ်ဆောင်ချက်အသုံးပြုမှုကို လျှော့ချရမည်ဖြစ်သော်လည်း ၎င်းက အားကောင်းသည့် မာန်တစ်ယောက်ဖြစ်လာရန် ထမဆုံးခြေလှမ်းဖြစ်သည်။
သူ၏ဒုတိယမြောက်အတုခိုးမှုတွင် သူသည် အကြီးမားဆုံးစွမ်းအားကိုကြီးမားသောအမြန်နှုန်းကိုပြန်လည်ဖန်တီးခဲ့ပြီး သူ၏အမြန်နှုန်းသည် သူ၏စည်းများကိုကျော်လွန်ခဲ့သည်။ လေဆီသို့ဦးတည်နေသော
သူ၏နားလည်နိုင်မှုနှင့် ကျွမ်းကျင်တတ်မြောက်မှုက လေထုခွဲဖြာနည်းသုံးမသွယ်ကိုတတ်မြောက်စေခဲ့ပြီး မာန် လေစွမ်းအားကိုရရှိရန် အခွင့်အရေးလည်းပေးခဲ့လေသည်။
ထိုနေ့ ရှန်းတုန် နှင့်တိုက်ခိုက်သည့်ပွဲတွင် ကတိပြုထားသည့် မြင့်မြတ်သောစွမ်းရည်သုံးပါးပြိုင်မှု၏ နောက်ဆုံးအလဲအလှယ်အတောအတွင်း
စုမင်က နောက်စွမ်းရည်တစ်ခုကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန် စုမင်ဧ။်နှလုံးသားက ပုံဆွဲပိတ်ချပ်ဖြစ်သောကြောင့် သူ့ဝိညာဉ်က လောကကြီး၏မင်တံဖြစ်ပြီး သူ့လက်ထဲတွင်မင်တံကို ကိုင်မထားပေ။
အချိန်၏သံသရာပေါ်တွင် ကံကြမ္မာ၏ထိန်းချုပ်မှုဖြင့် သူက အချိန်စီးဆင်းမှုကိုကြည့်ကာ အစိမ်းရောင်အသူရာချိပ်တံဆိပ်၏ပြောင်းလဲမှုများကို ကြည့်ရှုလေ့လာခဲ့သည်။ ထိုအချိန် သူ့မျက်လုံးထဲတွင် စုမင်မြင်ရသည့်လောကကြီးမှာ အစိမ်းရောင် မြူခိုးများဖြင့် ဝန်းရံထားသည်။ ထို့နောက် မြူခိုးများက ချိပ်တံဆိပ်တစ်ခုအဖြစ် အတူတကွစုစည်းလိုက်လေသည်။ ပေါက်ကွဲစေသောအရာက ကျင့်ကြံ စွမ်းအားမဟုတ်ဘဲ လောကအတွင်းရှိ အသက်စွမ်းအားလည်းမဟုတ်၊ စကြာဝဠာအတွင်းရှိ စိတ်ပိုင်းဆိုင်ရာအရောင်ဝါလည်း မဟုတ်ပေ။ ယင်းအစား မရဏအရှိန်အဝါတစ်ခုသာဖြစ်သည်။
ထိုပေါက်ကွဲမှု၏ စွမ်းအားက စုမင်ကို လှုပ်ရှားစေကာ သူ့နှလုံးကို တရိပ်ရိပ်ပြေးစေပြီး သူ့မျက်ခုံးများကို ကျုံ့ကျသွားစေ၍ သူ့အသက်ရှူမှုကိုပင် ချက်ချင်းပင် လျင်မြန်စေခဲ့သည်။
ထိုကြီးမားသော ချိုင့်ခွက်ကြီးက ကောင်းကင်တွင် ဘာကြောင့် ပေါ်လာရသည်ကို ယခု သူသိပြီဖြစ်သည်။ အစိမ်းရောင်အသူရာချိပ်တံဆိပ် ၏ ကြီးမားသော ခွန်အား အရင်းအမြစ်ကို သူသိသည်။ ကောင်းကင်ရှိ ချိုင့်တွင်းကြီးက ကောင်းကင်ပြိုကျမှုကြောင့် ဖွဲ့စည်းထားခြင်းမဟုတ်ကြောင်းသူသိသည်။သို့သော်လည်း ရှေ့သို့လျှံကျနေသည့်ကောင်းကင်နောက်ကွယ်ရှိ အဆုံးမဲ့ ယင်မရဏရောင်ဝါကြောင့် ဖြစ်ပေါ်လာခဲ့သည်ကို သူမြင်ခဲ့ရသည်။
ထို ယင်မရဏအငွေ့အသက်က ကောင်းကင်ကိုကျော်လွန်သော
ယင်မရဏမြူခိုး မှစွမ်းအားဖြစ်သည် ။
‘ယင်မရဏချိပ်တံဆိပ် ခုနစ်ခု၊ အစိမ်းရောင်မရဏတံဆိပ်”
စုမင် ၏ မျက်လုံးများတွင် အလင်းရောင်ပေါ်လာသည်။သူက ကံကြမ္မာကြောင့်သာမဟုတ်လျှင် အစိမ်းရောင်အသူရာမရဏချိပ်တံဆိပ်
စွမ်းအားအရင်းအမြစ်ကို သူမြင်ရမှာမဟုတ်ပေ။ အချိန်နောက်ပြန်မဆုတ်လျှင် တံဆိပ်ခတ်ခြင်း၏ ဖြစ်စဉ်တစ်ခုလုံးမှိန်ကျသွားသည်ကိုလည်း သူမြင်နိုင်မှာ မဟုတ်ပေ။
နဝမမြောက် တောင်ထွဋ်တွင်
သူလုပ်ခဲ့သကဲ့သို့ တစ်စုံတစ်ခုကို တုပခြင်းမှာပထမဆုံးအကြိမ်ဖြစ်လျှင်
ဒီ ယင်အသူရမရဏချ်ပ်တံချိပ်ခုနစ်ခု၏ရင်းအမြစ်ကို တစ်ချက်တည်းကြည့်ရုံဖြင့်မမြင်နိုင်ပေ။
ထိုအချိန် ရှန်းတုန် ၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်သွားသည်။စုမင်ရှိရာသို့ လှမ်းကြည့်နေစဉ် သူ့အကြည့်ထဲတွင် မယုံနိုင်ဖြစ်နေသည်။
“အခုဒါ မြင့်မြတ်တဲ့စွမ်းရည်ပဲ...အချိန်ကိုပြောင်းပြန်စီးဆင်းခြင်း… အဲဒီ မြင့်မြတ်တဲ့ စွမ်းရည်နဲ့သူက ငါ့ရဲ့ ယင်ချိပ်တံဆိပ် ကိုစောင့်ကြည့်ပြီး အဲဒါ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ သဲလွန်စတချို့ကို ရှာတွေ့နိုင်ခဲ့တယ်... ဒါကိုကြည့်ပြီး ဒီလူမှာ ဘယ်လိုပြီးပြည့်စုံတဲ့ အရည်အချင်းမျိုးတွေထပ်ရှိသေးလဲ.. အကယ်လို့ သူတကယ်ပဲ အသူရာချိပ်တံဆိပ် ခုနစ်ခုကို နားလည်တယ်ဆိုရင် ငါ… ငါ… ဒါက မဖြစ်နိုင်တာပဲ”
ရှန်းတုန်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ သူက ထိုယင်အသူရာချိပ်တံဆိပ် ခုနစ်ခုကို လေ့ကျင့်ရန် အချိန်အတော်ကြာကုန်ဆုံးခဲ့ရသည်ကို သတိရပြီး ယခုပင် ပထမတံဆိပ်ကို ကျွမ်းကျင်ရန်သာ တတ်နိုင်ခဲ့သည်။
စုမင်က အမှန်တကယ်ပင် စွမ်း ဆောင်နိုင်ခဲ့လျှင် ၎င်းက ရှန်းတုန်၏ မာနကိုထိခိုက်မည်မှာအသေချာပင်ဖြစ်သည်။
သူက ခနဲ့တဲ့တဲ့ ရယ်မောလျှင် စုမင် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အစိမ်းရောင်ဝဲဂယက်တစ်ခုပေါ်လာပြီး ရှင်းတုန်က ၎င်းကိုမြင်လိုက်သောအခါ ကျယ်လောင်သောဟိန်းဟောက်သံတစ်ခု သူ့နှလုံးသားထဲတွင် ထွက်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုရှန်း”
စုမင်၏ မျက်လုံးများက နားလည်မှုတစ်ခုခုရရှိသွားသည်။ သူ့မျက်ခုံးရှိအစိမ်းရောင်ဝဲကတော့က ပျောက်ကွယ်သွားကာ သူ့မျက်နှာကို တင်းမာသောအကြည့်ဖြင့် ရှင်းတုန်ဆီသို့ ဦးညွှတ်ပြလိုက်သည်။
အင်မော်တယ်က ခေတ္တ ကြက်သေသေသွားပြီး
“မင်း... မင်း နားလည်သွားပြီလား”
“ငါ့အတွက် မရှင်းလင်းသေးတဲ့ အပိုင်းတချို့ ရှိပါသေးတယ်..တချို့အပိုင်းတွေကိုပဲ နားလည်နိုင်အောင်ကြိုးစားခဲ့ရတယ်..ဒီစွမ်းရည်က သေခြင်းရဲ့ အလိုဆန္ဒကိုအသုံးချရမှာ.. ကောင်းကင်ထက်က ယင်သေဆုံးခြင်းကို လှုံ့ဆော်ပေးတဲ့မှော်အစီအရင် ဖြစ်ပေါ်လာဖို့အတွက် လောကကြီးရဲ့မရဏအရှိန်အဝါကို သုံးရမယ်.. အရာအားလုံးကို ချိတ်ဆက်ပြီးတဲ့အခါ ယင်မရဏအငွေ့အသက်တွေက ပေါက်ကွဲသွားလိမ့်မယ်” ဟု စုမင် က တည်ငြိမ်စွာ ပြောလေသည်။
ရှန်းတုန်၏ အသက်ရှုသံများ မြန်လာပြီး စုမင်ဆီသို့ ကြည့်သောအကြည့်များတွင် အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ ရှုပ်ထွေးသော ခံစားချက်များ နှင့်သောကများဖြင့် ပြည့်နှက်နေသည်။ အချိန်အတော်ကြာပြီးနောက် ခနဲ့တဲ့တဲ့ ရယ်မောကာ ခေါင်းခါလိုက်သည်။
“ငါ့ရဲ့မိတ်ဆွေတာအိုပညာရှင် ..ငါတို့မျိုးဆက်ကြားထဲက ရီဝမ် မှာ မင်းပိုင်ဆိုင်နိုင်တဲ့ ပြည့်စုံတဲ့စွမ်းရည်မျိုးကိုပဲ ငါမြင်ဖူးတယ်.. ဒီပွဲပြိုင်ကပြီးသွားပြီ.. ငါရှုံးသွားပြီ.. ယင်အသူရာမရဏတံဆိပ်ခုနစ်ခု မင်းဆီအခုရောက်သွားရင်တောင် မင်းရဲ့မင်းရဲ့မြင့်မြတ်တဲ့စွမ်းရည်အချိန်အပြောင်းအလဲက ငါ့လုပ်ဆောင်ချက်ကို ချိုးဖျက်နိုင်တုန်းပဲ..”
ရှန်းတုန်က အသက်ပြင်းပြင်းရှူပြီး စုမင်ဆီသို့ လက်ဖဝါးထဲတွင် လက်သီးကိုဆုတ်ထားလေသည်။
“ဒီနေ့ ငါတို့ရဲ့ပြိုင်ပွဲက တကယ်ကို ကျေနပ်စရာကောင်းပါတယ်.. ငါလည်းဒီပွဲကနေ အများကြီးရခဲ့ပြီး ငါရဲ့တိုးတက်မှုတွေကိုရဖို့ မဝေးတော့ဘူးလို့ ခံစားရတယ်.. အဲ့ဒီအတွက် ငါ့ရဲ့တာအိုပညာရှင် ဖြစ်တဲ့မင်းကို ကျေးဇူးတင်ရမယ်”
“ဒါပေမယ့် မင်းဂရုစိုက်ရမယ်.. စွမ်းအားကြီးနယ်ပယ်ရှိတဲ့နတ်ဆိုးဂိုဏ်းအကြီးအကဲရဲ့ သေဆုံးမှုဟာ ပေါ့ပေါ့တန်တန်မဟုတ်ဘူး.. ငါ့မှာ ဒါကို သတင်းပို့ရမဲ့တာဝန်ရှိသေးတယ်.. မင်းဘေးကင်းမယ်လို့ ငါမျှော်လင့်တယ်”
ရှန်းတုန် က စကားပြောပြီးသည်နှင့် ရှည်လျားသော အလင်းတန်းများအဖြစ်၊ စက်ဝန်းပြတ်အဖြစ်သို့ ပြောင်းလဲပြီး စုမင်က်ိုစိုက်ကြည့်ကာ လှည့်ထွက်သွားလေသည်။
စုမင်က ရှန်းတုန်ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီး အချိန်အတော်ကြာပြီးနောက်အစိမ်းရောင် မြူခိုးများက သူ့မျက်လုံးထဲတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။ လှည့်ပတ်နေစဉ် စုမင်က သူ၏ညာဖက်လက်ကို ဖြည်းညှင်းစွာ မြှောက်၍ တူညီသော မြူစိမ်းလှိုင်းကို သူ၏ညာဖက်လက်တွင် မြင်နိုင်သည်။ ထူထဲသော မရဏ အရှိန်အဝါများ ထွက်လာသည်။
“မင်းက ယင်မရဏနယ်မြေကလာတာ မဟုတ်တဲ့အတွက်ကြောင့် ဒီပညာကို ကျွမ်းကျင်ဖို့ မင်းအတွက် အရမ်းခက်ခဲတယ်… ဒီမြင့်မြတ်တဲ့စွမ်းရည်ကို ဖန်တီးခဲ့တဲ့ စီနီယာက ယင်မရဏဒေသက ဖြစ်မှာ အသေအချာပဲ”
“ရှန်းတုန်ရဲ့စကားကို အကဲခတ်ရရင်တော့ ဒီပညာကို အင်မော်တယ်နယ်မြေမှာ ရခဲ့တာပဲ..ဒီစွမ်းအားကို ဖန်တီးခဲ့တဲ့ စီနီယာက ယင်မရဏဒေသကသာ တကယ်လာတယ်ဆိုရင် ဒီနေရာကနေထွက်ခွာဖို့ သူဘယ်လိုကြိုးစားခဲ့တာလဲ”
စုမင်က ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းတစ်ခု ပေါ်လာသည်။
“ဒီရက်တွေထဲကတစ်ရက်မှာ ငါသေချာပေါက် ဒီကောင်းကင်ကိုဖျက်စီးပြီး မင်းရဲ့လောကထဲကို ခြေချမယ်..အဲဒီနေ့ဟာ မဝေးတော့ဘူးဆ်ိုတာ ငါခံစားမိတယ်”
စုမင်က ရေရွတ်လိုက်သည်။ သူ့ညာလက်ကို ဆုပ်ကိုင်၍ လက်သီးကိုတင်းတင်းဆုပ်လိုက်လျှင် သူ့လက်ဖဝါးပေါ်ရှိ အစိမ်းရောင်ဝဲဂယက်က ချက်ချင်းပျောက်ကွယ်သွားသည် ။ သူလှည့်ပြီး အမှောင်ထုကိုဖြည်းနှင့်စွာဝင်ရောက်လာသော ဖုံးကွယ်နဂါးဂိုဏ်းခွဲဆီသို့ ဝင်ရောက်လာ၏။
စုမင်က ဖုံးကွယ် နဂါးဂိုဏ်းခွဲကို ရွေ့သွားခါနီးတွင် မြေပြင်အထက်အဆုံးမရှိသောကောင်းကင်မှ ကြီးမားသောနဂါးခေါင်းကြီးက တိမ်တိုက်များကိုထွက်ကြည့်လေသည်။
ထိုနဂါး၏ဦးခေါင်းက အဝါရင့် ရောင်ရှိပြီး ၎င်း၏တင်းမာသောမျက်နှာပေါ်တွင် လူသတ်လိုသောအကြည့်တစ်ခုရှိ၏။ ခေါင်းကိုငုံ့ထားလိုက်သည်နှင့် စုမင်ကိုကြည့်နေသကဲသို့ ကုန်းမြေကိုသိမ်းကြုံး ကြည့်နေသည်။ သူ့နောက်ကျောတွင် ပန်းနုရောင်ပါးပြင်နှင့် အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏လက်ထဲတွင် လှော်ထားသော အစေ့များရှိနေပြီး သူမမျက်လုံးများမှာ အသက်ရှိနေသကဲ့သို့ တလက်လက်တောက်ပနေကာ သူမက အစေ့များကို စားနေသည်။
‘သူဟာ စစ်မှန်တဲ့လောကရဲ့ မရဏအင်ပါယာထဲမှာ မျိုးတုံးပျောက်ကွယ်သွားပြီလို့ သတင်းထွက်နေတဲ့ ရှားရှားပါးပါး မဟာကံကြမ္မာဖန်ဆင်းရှင်ဖြစ်ပြီး သူ့မှာ ပြီးပြည့်စုံတဲ့ စွမ်းရည်လည်းရှိတယ်... ပြီးတော့ စစ်မှန်တဲ့မနက်ခင်းတာအိုလောက မှာရှိတဲ့ နိမ့်ကျတဲ့ အင်မော်တယ်နဲ့ တိုက်ခိုက်နေတာကို ငါမြင်လိုက်ရတယ်။ သူက မရဏရဲ့အရိပ်အယောင်ကိုလည်း ဖော်ထုတ်ခဲ့တယ်.. ဒီလိုလူကို ဒီမှာတွေ့နိုင်မယ်လို့ မထင်ထားဘူး”
ထိုအမျိုးသမီး၏ မျက်လုံးများ တောက်ပလာပြီး မသိနိုင်သော အတွေးများ သူမခေါင်းကို ရိုက်ခတ်လာသောအခါ သူမသည် ကိုယ့်ကိုယ်ကို သိသိသာသာဘဝခိုက်ကာဖြည်းညှင်းစွာ ရယ်မောလေသည်။
“သူဟာ စစ်မှန်တဲ့လောကရဲ့ မရဏဖန်ဆင်းရှင်( မဟာကံကြမ္မာဖန်ဆင်းရှင်)ဖြစ်ပြီး ရှားရှားပါးပါးအသူရာဖန်ဆင်းရှင်လည်းဖြစ်တယ်.. မယုံနိုင်လောက်အောင်ပြီးပြည့်စုံတဲ့စွမ်းရည်တွေရှိလို့ မရဏအရှိန်အဝါတစ်ခုလို့တောင် သတ်မှတ်ထားတယ်.. အာ..ငါဒီလူကိုရောင်းရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ”
‘သူ့ကို ဘယ်သူ့ကို ရောင်းရမလဲ။ သူ့ကို မင်းသားမင် ဒါမှမဟုတ် အစ်မ ဖုရွှေ ထံ ရောင်းရမှာလား..ဒါမှမဟုတ်... သူ့ကို မရဏအင်ပါယာဆီ ချက်ချင်းရောင်းရမလား’
ထိုအတွေးများက အမျိုးသမီး၏ခေါင်းထဲသို့ ပြေးဝင်လာသောအခါ စိတ်ဓာတ်များ တက်ကြွလာပြီး သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာ၏။ အစေ့များကိုပင် မစားတော့ဘဲရပ်ပစ်လိုက်သည်။
“အာ၊ ငါဂရုမစိုက်ပါဘူး..သူ့ကိုလူတိုင်းကို ရောင်းပစ်လိုက်မယ်။ အနည်းဆုံးတော့ သူ့ကိုကယ်တင်ဖို့ အရင်က ငါကြိုးစားခဲ့တဲ့အားထုတ်မှုတွေက အလဟဿ မဖြစ်တော့ဘူးပေါ့..သူ့ကို ကယ်တင်ဖို့ငွေရတာနဲ အဲ့ဒီလိုလုပ်လိုက်မယ်။။ဒါပေမယ့် မရဏအင်ပါယာဆီမသွားပါဘူး။ အဲ့ဒီအဘိုးကြီးက လိမ္မာပါးနပ်ပြီး ကပ်စေးနည်းလွန်းတယ်... ဝိညာဥ်ကျောက်တစ်တုံးတောင်ပေးမှာမဟုတ်ဘူး”
ထိုစကားကိုကြားသည်နှင့် အဝါရောင်နဂါးကြီးက ချက်ချင်းပင် တုန်လှုပ်သွားပြီး မျက်နှာပေါ်တွင်ကြောက်လန့်မှုများ ပေါ်လာသည်။
အမျိုးသမီး၏ အမူအရာမှာ ပို၍ဘဝမြင့်လာကာ အဝါရောင် နဂါးခေါင်းကို ညာလက်ဖြင့် ဆုပ်ကိုင်ရန်ထုပ်လိုက်သည်။ နဂါးသည် ခိုက်ခိုက်တုန်သွားကာ အလိုလိုပင်ခေါင်းကိုရှောင်လျှင် အမျိုးသမီးသည် လေဗလာကိုသာ ဖမ်းဆုပ်သွားနိုင်ခဲ့သည်။
“ရှောင်ဟွမ်... မင်း နာခံမှုမရှိဘူးပဲ”
အမျိုးသမီးက နဂါးကို စိုက်ကြည့်သော်လည်း သူမ၏ အသံက မယုံနိုင်လောက်အောင် ချိုမြိန်ပြီး ၎င်းကို ကြားသူအားလုံးပင် မိန်း မောသွားစေနိုင်သည်။ သူတို့ သူမမျက်နှာကိုမမြင်ရလျှင် ထိုသို့ပြောလိမ့်မည်။
ရက်စက်ကြမ်းကြုတ်သောအကြည့်သည် အဝါရောင်နဂါး၏မျက်နှာမှ ပျောက်ကွယ်သွားပြီး မသက်မသာဖြစ်သောအရာဖြင့် အစားထိုးလိုက်သည်။ မျက်လုံးမှိတ်ပြီး အမျိုးသမီးသည် ခေါင်းကို ညာလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လျင်မြန်စွာဆတ်ခနဲလှုပ်ရှား၍ ၎င်းခေါင်းမှ ပါးသိုင်းမွှေးသုံးချောင်းကို ထုတ်ယူလိုက်သည်။ အဝါရောင် နဂါးကြီးက စူးခနဲနာကျင်စွာ အော်လိုက်သည်။
အမျိုးသမီးက ပါးသိုင်းမွှေးသုံးချောင်းမှ တစ်လုံးကိုယူ၍ သူမ ၏သေးငယ်သောပါးစပ်ကိုဖွင့်ကာ ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ သူမ၏ အသက်ရှုသံက လေထဲသို့ လွင့်ပျံသွားသည်။ ပါးသိုင်းမွှေးကိုထိလိုက်သည်နှင့် ချက်ချင်း မီးလောင်သွား၏။
အဖြူရောင်မီးခိုးငွေ့များက ကောင်းကင်မှာ လွင့်ပျံနေသော်လည်း ပြိုကွဲခြင်းမရှိပေ။ ၎င်းအစား ၎င်းက လေထဲတွင် စုဝေးပြီး လက်စွပ်ပုံသဏ္ဍာန် စက်ဝိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အတွင်းပိုင်းမှာ ရွှံ့တွေဖြစ်ပြီး အတွင်းမှာရှိသော
အရာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“အဘိုး မင်းသားမင် .. မင်းငါ့က်ိုကြားတယ်ဆိုတာ ငါသိတယ်။ ပုန်းမနေနဲ့..”
အမျိုးသမီးက ချိုသာစွာစကားမပြောမီမျက်တောင်ခတ်ပြီး ချောင်းအတုကို ဆိုးလိုက်လေသည်။
စက်ဝိုင်းက မှေးမှိန်နေပြီး အပြောင်းအလဲ၏အရိပ်အမြွက်ကို သတိမပြုမိပေ။ အဖြူရောင်မီးခိုးငွေ့များကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားကာ ၎င်းကိုကြည့်ခြင်းအားဖြင့် လုံးဝပျောက်ကွယ်သွားမည်မှာ ကြာမည်မဟုတ်ပေ။
“အာ...ငါအခု အရမ်းအလားလာရှိတဲ့သူက်ိုရှာတွေ့ထားတယ်.. ငါပြောပြဖို့ တွေးထားတဲ့ပထမဆုံးလူက မင်းပဲ သိလား.
ဒါပေမဉ့ ကောင်းပြီ.. မင်းဒီမှာမရှိတော့ရင် အစ်မကြီးဖုရွှေဆီ သွားမှထင်တယ်”
အမျိုးသမီးက ဝမ်းနည်းသည့်မျက်နှာကိုလုပ်ထားသော်လည်း သူမက မျက်တောင်မခတ်ဘဲ မီးခိုးဝိုင်းကို စိုက်ကြည့်နေသည်။ စက်ဝိုင်းက ပိုပါးလာသောအခါ သူမ၏ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။
“အင်း၊ ဒီ မရဏဖန်ဆင်းရှင်က မင်းကိုတွေ့ဖို့ ကံမပါဘူးထင်တယ် အဘိုး မင်းသားမင်.. အို...ကောင်းပါပြီ”
အမျိုးသမီးက ပြောသည်နှင့် သူမ ညာလက်ကို မြှောက်လိုက်သော်လည်း မီးခိုးစက်ဝိုင်းကိုလုံးဝပျောက်သွားရန် လက်ကိုဝှေ့ယမ်းလိုက်သည် ။
သူမ နောက်ဆုံးစာကြောင်းကိုပြောပြီးသည်နှင့် ချက်ချင်းပင် မီးခိုးလုံးလေးသည် ချက်ချင်း အေးခဲသွားပြီး မှေးမှိန်သွားသည် ။ ထိုအစား ၎င်းသည် လျင်မြန်စွာစုစည်းလာပြီး အတွင်းမှ မှုန်ဝါးခြင်းများက ကြည်လင်မှုဖြင့် ချက်ချင်းအစားထိုးသွား၏။
စက်ဝိုင်းအတွင်း အခန်းတစ်ခန်းကို ပြသထားရာ အခန်းအတွင်းတွင် တစ်ခေါင်းလုံးဆံပင်ဖြူနှင့် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ဦးရှိသည်။ အဘိုးအို၏ပုံစံမှာ မပြတ်သားဘဲ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် သူ့အကြည့်များက မီးခိုးစက်ဝိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရပြီး ထိုအမျိုးသမီးကို ကြည့်နေသည်။
“ဟေး အဘိုးကြီးမင်၊ အဲ့ဒါအချိန်ဖြုန်းနေတာပဲ”
အမျိုးသမီး၏ နှုတ်ခမ်းများက ခပ်ပေါ့ပေါ့ ရယ်မောပြုံးပြကာ သူ့ကို နှုတ်ဆက်နေသကဲ့သို့ သူမလက်က််ိုဝှေ့ယမ်းကာ မြှောက်လိုက်သည်။
“ဟာ..ဘယ်လောက်ရိုင်းစိုင်းလဲ၊ မင်းရဲ့
အပြုအမူတွေကဘယ်လိုကြီးလဲ..မင်းက အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်းပြုမူနေတာပဲ..
မင်းဟာ မရဏပြည်ထောင်ရဲ့စတုတ္ထမင်းသားနဲ့ လက်ထပ်ခြင်းက ထွက်ပြေးဖို့ အတွက် နယ်ကျော်ဝိညာဉ်ကို ခိုးယူဖို့ ဘယ်လိုသတ္တိတွေရှိနေတာလဲ.... ဒီအချိန်မှာ မင်းရဲ့ဒုက္ခကိုဖြေရှင်းဖို့ဘယ်လိုစိတ်ကူးထားလဲ..”
“ဟာ… အဘိုးကြီး၊ အဲဒါ ငါ့ကိုယ်ရေးကိုယ်တာ ပြဿနာပဲ၊ မင်းဘာလို့ ငါ့ကိစ္စကိုဝင်ပါတာလဲ။ ငါထွက်ပြေးချင်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်နယ်ကျော်ဝိညာဥ်အကြောင်း ဘာပြောနေလဲ.. မင်း ဘာတွေပြောနေလဲ ငါမသိဘူး… ” အမျိုးသမီးက အမောတကောနှင့် စူးစူးဝါးဝါးပြောလိုက်သည်။ နယ်ကျော် ဝိညာဉ်အတွက် သူမသည် စိတ်ရှုပ်ထွေးမှုများကိုသာ ဖော်ပြနိုင်သည်။
သူမအောက်ရှိ အဝါရောင် နဂါးကြီးသည် စိတ်မသက်မသာသောမျက်နှာနှင့်ဖြစ်၏။
ခေါင်းငုံ့ခါနီးတွင် အဘိုးအိုရဲ့ အသံသည် မီးခိုးစက်ဝိုင်းထဲ ဖြတ်သွားသည်။
“ကောင်းပြီ၊ ငါဒီလိုနည်းနဲ့ မင်းကိုစိတ်အနှောက်အယှက်မပေးချင်ဘူး.. မင်းခုနကပြောတဲ့ မရဏဖန်ဆင်းရှင်ကဘာလဲ” အဘိုးအိုသည် ခေါင်းစဉ်ပြောင်းကာ သူနောက်ကွယ်မှ အကြောင်းအရင်းကိုသာနောက်ဆုံးပြောလေသည်။
.....................