မရဏပြည်ထောင်၏ စစ်မှန်သောလောကမျှော်လင့်ချက်
Vol. 46 Ch. 630
“မရဏဖန်ဆင်းရှင်အကြောင်းကို ဘာမှမပြောခဲ့ပါဘူး.. ခင်ဗျားကိုစိတ်ကုန်နေလို့ဘာမှမပြောဘူး”
အမျိုးသမီး၏မျက်နှာတွင် ခနဲ့တဲ့တဲ့အမူအရာတစ်ခု ပေါ်လာသည်။ မီးခိုးစက်ဝိုင်းအတွင်းရှိ အဘိုးအိုကို ဘေးတိုက်ကြည့်လိုက်ပြီးနောက် သူမမျက်နှာတွင် ဝမ်းနည်းသည့်အမူအရာ ပေါ်လာသည်။
“အဲဒီလူငယ်လေးက သနားစရာပါ..သူ့မှာ တကယ်ကို အလားအလာကောင်းတွေ ရှိတယ်.. သူကငယ်ရွယ်ပြီး အံ့သြစရာကောင်းတဲ့ ပြီးပြည့်စုံတဲ့စွမ်းအားတွေရှိပြီး လောကကြီးရဲ့ အပြောင်းအလဲတွေကိုအတုခိုးဖို့ သူ့နှလုံးသားကို ပုံဆွဲပိတ်ချပ်အဖြစ်နဲ့ သူ့ဝိညာဉ်ကို ကလောင်အဖြစ် အသုံးပြုနိုင်တယ်..”
အမျိုးသမီးက စကားပြောနေစဉ် မီးခိုးစက်ဝိုင်းကို တစ်ချက်ကြည့်လိုက်၏။
ထိုနေရာရှိ အဘိုးအိုက မထင်ရှားဖြစ်သော်လည်း သူမရွေ့လျားသေးသည်ကိုမြင်ရပြီး စိတ်ခံစားမှုပြောင်းလဲမှု အရိပ်အမြွက်မျှပင် သတိမပြုမိပေ။ ပြည့်စုံသောစွမ်းရည်ရှိသူကို ရှာတွေ့ခြင်းဖြင့် လုံး၀အနှောက်အယှက်မဖြစ်သကဲ့သို့ ဖြစ်နေသည်။
“နှလုံးသားနဲ့ ဝိညာဉ်ကို အသုံးပြုပြီး လိုက်အတုခိုးတာက သိပ်မများပါဘူး”
ဟု အဖိုးအိုက ဖြည်းညှင်းစွာပြောသည်။
“စွမ်းအားကြီးနယ်ပယ်အဆင့်နဲ့ ညီမျှတဲ့ စွမ်းအားနဲ့အတူ ဒုတိယအဆင့်မှာ လူတစ်ဦးကို တိုက်ခိုက်ခဲ့တယ်.. သူက ပြိုင်ဘက်ကို လှည့်စားပြီးနောက် ကြံစည်မှုတစ်ခုကို ချမှတ်ခဲ့ပြီး အဆုံးမှာ သူအနိုင်မရခဲ့ဘဲ အဲဒီလူကိုပဲ ဖယ်ထုတ်နိုင်ခဲ့တာ။။ မယုံနိုင်လောက်အောင် သနားစရာကောင်းတဲ့ အခြေအနေကို ဒုတိယအဆင့်ကနေတိုက်တွန်းခဲ့တယ်..လွတ်မြောက်အောင် လည်းလုပ်နိုင်ခဲ့တယ်”
ဟု အမျိုးသမီးက ထပ်ပြောသည်။
“ မယုံနိုင်လောက်အောင်ကို တွေးခေါ်ဉာဏ်ရှိပြီး သူတို့ထက် ပိုသန်မာတဲ့လူကို တိုက်ထုတ်ဖို့ လုပ်နိုင်တဲ့သူ အများကြီး
မရှိနိုင်ပါဘူး၊ ဒါပေမယ့် တကယ်လည်းမရှားပါဘူး”
ထိုတစ်ကြိမ်တွင် သူစကားမပြောမီ မီးခိုးစက်ဝိုင်းထဲရှိ အဖိုးအိုက ခဏလောက် ငြိမ်နေသည်။
“ဒါဆို သူက အသက်သိပ်မကြီးသေးဘဲ မရဏအ ငွေ့အသက်တွေပြပြီး အချိန်ကို နောက်ပြန်နိုင်တယ်..”.
အမျိုးသမီးက တခစ်ခစ်ရယ်မောရင်း ငြိမ်နေလေသည်။
ထိုစကားကို ပြောပြီးသည်နှင့် မီးခိုးလုံးစက်ဝိုင်းက ပုံပျက်သွားကာ ခဏအကြာတွင် အဘိုးအို၏ အသံက လျင်မြန်စွာ ထွက်ပေါ်လာသည်။
“အချိန်တွေနောက်ပြန်လှည့်နေတာလား?”
“အမှန်ပဲ... သူ့မှာ မရဏဖန်ဆင်းရှင်ရဲ့ဖြစ်တည်မှုလည်းရှိတယ်..ငါ့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကဲခတ်ရတာကိုအခြေခံပြီး သူက ကောလာဟလတွေထွက်ပေါ်နေတဲ့ မရဏပြည်ထောင်
မျိုးနွယ်စုထဲက တစ်ယောက်ဆိုတာ ဆယ်ပုံကိုးပုံလောက်သေချာတယ်”
အမျိုးသမီးက မီးခိုးစက်ဝိုင်းကို ခဏကြည့်ပြီးနောက် ခနဲ့တဲ့တဲ့ပြောလိုက်သည်။
ထိုတစ်ကြိမ်တွင် အဘိုးအိုက အချိန်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး စိတ်လှုပ်ရှားနေသော အသံထွက်သည့်တိုင်အောင် သူ့မျက်နှာမှာတည်ငြိမ်နေသည်။
“သူက မရဏဖန်ဆင်းရှင်တစ်ယောက်
ဖြစ်ပြီးမရဏရဲ့ အရိပ်အယောင်တွေ ပြသနေတာ သေချာရဲ့လား”
အမျိုးသမီးက စကားမပြောပေ။ သူမ ညာလက်ကို မြှောက်လိုက်သည်နှင့် မျှောနေသောမီးခိုးစက်ဝိုင်းထဲသို့ ကျောက်စိမ်းသည်ခုန်ထွက်သွားသည်။ တောက်ပသောအလင်းရောင်ဖြင့် လင်းလက်နေပြီး ထိုအလင်းရောင်အတွင်း မြင်ကွင်းတစ်ခုကို ပုံဖော်ထားသည်။ ထိုအရာက သဘာဝအတိုင်း စုမင်နှင့်တိထျန်းတို့၏ တိုက်ပွဲဖြစ်ပြီး စုမင်၏ရှန်းတုန်ကို တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
“သူဘယ်မှာလဲ?”
အချိန်အတော်ကြာပြီးနောက် မီးခိုးစက်ဝိုင်းထဲမှ အသံတိုးတိုးတစ်ခုထွက်လာပြီး မီးခိုးများပုံပျက်နေသဖြင့် ယခင်တရားထိုင်နေရာမှ မတ်တတ်ရပ်နေသော အဘိုးအို၏ မှုန်ဝါးသော မြင်ကွင်းကို မြင်လိုက်ရသည်။
“အာ.. ဒါက စိတ်တိုစရာကောင်းတဲ့အရာပဲ။ မင်းရဲ့ မျိုးဆက်ကိုရှာဖွေဖို့ မရဏပြည်ထောင်စစ်မှန်တဲ့လောကရဲ့
အနာဂတ်အတွက် ငါ့ရဲ့ အနာဂတ် ပျော်ရွှင်မှုတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့တယ်၊ အဲ့ဒီလိုလုပ်ဖို့ငါ့အတွက် လွယ်ကူတဲ့အရာဟုတ်ရဲ့လား”
“ငါ အကြီးအကျယ် နားလည်မှုလွဲသွားတယ်”
“အဟမ်း.. အင်း.. မင်းငါ့ကို မရဏဓားဆယ်ချောင်း..မရဏဆေးအမြု တေတစ်ရာ..ဝိညာဉ်ကွဲဆေးပြားသုံးရာနဲ့ မရဏရေကန်မှာ မှာ ရေသွန်းအခမ်းအနားကို ကို ခွင့်ပြုရင် ငါလျှော်ကြေးအဖြစ်သတ်မှတ်လိုက်မယ်”
အမျိုးသမီးက သူမ၏ လက်ချောင်းများကို ရေတွက်ကာ စကားပြောရင်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားနေပုံပေါ်သည်။
“မင်း အဆိုးလေးပဲ... ကောင်းပြီ ငါ မင်းကို ဒီပစ္စည်းတွေ ပေးလိုက်မယ် အခု ငါ့ကို ပြောစမ်။ အဲ့ဒီကလေး ဘယ်မှာလဲ”
အဘိုးအို၏ နှုတ်ထွက်စကားသံက အမျိုးသမီးထံသို့ ရောက်ရှိလာသောအခါတွင် သူမက အပြုံးကိုရုတ်သိမ်းလိုက်ပြီး
မီးခိုးဝိုင်းထဲသို့ ပစ်ချလိုက်သည့် နောက်ထပ် ကျောက်စိမ်းတုံးတစ်တုံးကို ချက်ချင်း ထုတ်လိုက်သည်။
လှိုင်းတွန့်လေးများ လေထုထဲတွင်ပေါ်လာပြီး အရာအားလုံး ချက်ချင်းပျောက်ကွယ်သွားသည်။
စကြာဝဠာအတွင်းတွင် နဂါးငွေ့တန်းတစ်ခုရှိပြီး ထိုနဂါးငွေ့တန်းအတွင်းတွင် ကြီးမားစစ်မှန်သောနယ်ပယ်လေးခုတွင်တစ်ခုမှာ မရဏပြည်ထောင်၏ စစ်မှန်သောလောကဖြစ်သည်။ အဆုံးမရှိသော ဟင်းလင်းပြင်အလယ်တွင် အနက်ရောင် လွင့်မျောနေသော တိုက်ကြီးတစ်ခုရှိသည်။ အဆုံးကို မမြင်နိုင်၍ ထိုမြေသည် ကျက်တီးမြေဖြစ်သည်။
ထိုတိုက်ကြီး၏ အလယ်ဗဟိုတွင်တိတ်ဆိပ်ခြောက်ကပ်နေသောလေများ ပြည့်နှက်နေသော အပျက်အစီးတစ်ခုရှိသည်။ အကန့်အသတ်မရှိသော နေရာအတွင်းတွင် အိမ်တစ်လုံးရှိပြီး ထိုအချိန် ထိုအိမ်တံခါးကို အသာတွန်းဖွင့်လိုက်သည်။
အဖြူရောင် ၀တ်ရုံရှည်နှင့် အဖိုးအိုတစ်ယောက် လမ်းလျှောက်လာသည်။
သူ့တစ်ကိုယ်လုံး မထင်မရှားဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အမြွက်က ရှင်းလင်းစွာမြင်ရ၏။
“သူတကယ်ပဲ မရဏဖန်ဆင်းရှင်ပဲ.. ဒီလောကမှာ မရဏဖန်ဆင်းရှင်ရှိလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး..တစ်ခုတည်းသော ပြဿနာကတော့ စစ်မှန်တဲ့တာအိုလောကမှာ ရှိနေတာပဲ.. ဒါပေမယ့် သူက စစ်မှန်တဲ့တာအိုလောကရဲ့
ယင်မရဏနယ်မြေ မှာ ရှိနေရင်တောင်၊ သူအစစ်ဟုတ်မဟုတ်သွားကြည့်အုံးမယ်”
သူစကားပြောရင်းနှင့်ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် အမှောင်ထုထဲသို့ရောနေပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။
မရဏအင်ပါယာ၏ နောက်ထပ်နေရာတစ်ခုမှာ အနက်ရောင်ကြယ်များ၏မြစ်တစ်စင်းဖြစ်သည်။ ၎င်း၏ ဧရိယာကို အတိအကျ မသတ်မှတ်နိုင်သော်လည်း ၎င်းကို အဝေးမှပင် ဝါးဝါးမြင်နိုင်လောက်အောင် အလင်းရောင်သည်တောက်ပသည်။
ထိုအဆုံးမရှိသော ကြယ်မြစ်ထဲတွင် ကျင့်ကြံသူအများအပြား လှုပ်ရှားသွားလာနေသည်ကို တွေ့မြင်နိုင်သည်။ အနက်ထဲတွင် ရေကန်တစ်ခုရှိပြီး ၎င်း၏အလယ်ဗဟိုတွင် ကျွန်းတစ်ကျွန်းရှိသည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ သူမ မျက်နှာပေါ်တွင် အနက်ရောင် ပုဝါကို ၀တ်ထားပြီး ကြယ်များသည် သူမ၏ မျက်လုံးများတွင် တောက်ပနေပါသည်။ အဘိုးအို ထွက်သွားသည့်အချိန်မှာပင် သူ့ရှေ့တွင် လွင့်မျောနေသောဝဲဂယက်တစ်ခု ပေါ်လာပြီး ထိုအထဲတွင် ငယ်ရွယ်သောအမျိုးသမီးနှင့်သူမ၏ အဝါရောင် နဂါးကြီးလည်း ပါလေသည်။
“အမကြီးဖုရွှေ ....ဆေးအမြုတေ တစ်ရာ..ကြယ်နဂါးငွေ့တန်း ငါးရာ..မင်းလည်း အသူရာအင်ပါယာရဲ့ စတုတ္ထသားတော်နဲ့ ငါရဲ့လက်ထပ်ထိမ်းမြားမှုဖျက်သိမ်းဖို့ကို ကူညီရမယ်.. ဒါဆို အသူရာဖန်ဆင်းရှင်က ဘယ်မှာရှိလဲဆိုတာ ပြောပြမယ်..
မင်းက ငါပြောဖူးတဲ့ ပထမဆုံးလူပဲ၊ မင်းငြင်းရင် ငါချက်ချင်း အဘိုးကြီးမင် ကို သွားပြောမယ်”
မျက်နှာလွှားထားသောအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ဝဲဂယက်ထဲရှိ အမျိုးသမီးကို စူးစိုက်ကြည့်နေသသည်။သို့သော် သူမ၏ တင်းမာသောမျက်နှာတွင် သူမမျက်လုံးထဲရှိ တုန်နေအောင်ချစ်သောအကြည့်များကိုမူ ဖုံးကွယ်မထားနိုင်ပေ။
ဝဲဂယက်များ ပျောက်ကွယ်သွားသောအခါတွင် သူမ၏ မျက်လုံးများတွင် တည်ကြည်သော အကြည့်တစ်ခု ပေါ်လာသည်။
“တကယ်တော့ ဒီလောကမှာ အသူရာဖန်ဆင်းရှင်ရှိသေးလား..အသူရာ ဖန်ဆင်းရှင်... သူတို့ထဲက နောက်ဆုံးတစ်ယောက်က ကပ်ဘေးကြီးအောက်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီ”
(ဟိုလီယိုနစ်)ကပ်ဘေးအကြောင်းဖော်ပြသောအခါအမျိုးသမီး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သောအရိပ်များပေါ်လာ၏။
“နောက်ကြောင်းပြန်ကောက်ရရင် အသူရာရဲ့စစ်မှန်တဲ့ကမ္ဘာရဲ့အင်ပါယာကို အဲဒီမျိုးနွယ်ကဖန်တီးခဲ့တာ၊ သူကတကယ် အသူရာဖန်ဆင်းရှင်ဆိုရင် စစ်မှန်တဲ့လောကရဲ့အင်ပါယာအတွက် ကြီးကျယ်တဲ့ကံကြမ္မာဖြစ်လိမ့်မယ်”
အမျိုးသမီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူမ၏ မျက်လုံးများ တောက်ပလာကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လေထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
အရုဏ်ဦးမှ လောကကြီးကို အလင်းစတင်တောက်ပလာသောအခါ စုမင်က
တစ္ဆေကဲ့သို့ ဖုံးကွယ်နဂါးဂိုဏ်းခွဲကို သွားသည်။ သူ့လက်ထဲမှာ ကျောက်စိမ်းရှိပြီး ကူယွင်ဟိုင်၏ သိုလှောင်အိတ်ထဲတွင် ကျန်ခဲ့သော အရာတစ်ခုဖြစ်သည်။
မြစ်တစ်ထောင်ချိုင့်ဝှမ်းအောက်ရှိ သူ၏ဖုံးကွယ်နဂါးဂိုဏ်းရှိ ရတနာဂူတစ်ခုသည် ၎င်းအတွင်တွင် ရှင်းလင်းစွာဖော်ပြထားသည်။ ရုတ်တရတ် ဘေးအန္တာရယ်ကျရောက်သောအခါ အချိန်ကိုက်မသယ်ထုတ်နိုင်သော အရာများအားလုံးကို ထိုနေရာတွင် သိမ်းဆည်းခဲ့သည်။
စုမင်ရှေ့သို့ တိုးလာသောအခါ သူ အသံမထွက်ပေ။ သို့သော် လျို့ဝှက်နဂါးဂိုဏ်းမှနာကျင်စွာ အော်သံကို ရံဖန်ရံခါသူကြားနေရသည်။ သူတို့၏ လုယက်ဖျက်စီးခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရင်း အသတ်ခံခဲ့ရသော နတ်ဆိုးဝိညာဥ်ဂိုဏ်းဝင်များဖြစ်ပြီး ထိုလူများအားလုံးကို လျင်မြန်စွာ ဖယ်ရှားပစ်ခဲ့သည်။
သူ၏စွမ်းအားကိုအသုံးပြု၍ ဒဏ်ရာကြီးဖြင့် လွတ်မြောက်နိုင်သည့် ကူယွင်ဟိုင်အပြင် ကျန်သူအားလုံးက မြစ်တစ်ထောင်မြစ်ချိုင့်ဝှမ်းမှ လွတ်မြောက်နိုင်သော်လည်း ချိပ်တံဆိပ်ကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် နာကျင်စွာအော်သံများက စုမင်နားကို ရောက်ရှိလာလေသည်။ ထို
နေရာက သူတို့ရက်စက်စွာအသတ်မခံရမီဖုံးကွယ်နဂါးဂိုဏ်းတပည့်များထံမှထွက်ပေါ်လာသောအသံများဖြစ်သည်။
စုမင် ငြိမ်သက်သွားသည်။ သူတော်စင်ဖြစ်ရန်မဟုတ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်တန့်ရန်လည်းမဟုတ်ပေ။ အင် မော်တယ်များကြားက ထိုတိုက်ပွဲသည် သူနှင့်မဆိုင်ပေ။ သူက တိတ်တဆိတ် လွင့်မျောသွားကာ ဖုံးကွယ်နဂါးဂိုဏ်း၏ တံတားအောက်ရှိနက်ရှိုင်းသောချိုင့်ဝှမ်းဖြစ်သည့်
မြစ်တစ်ထောင်ချိုင့်ဝှမ်းအောက်ခြေသို့ရောက်သောအခါ သူရပ်လိုက်သည်။
သူ့လက်ထဲရှိ ကျောက်စိမ်းတုံးကို သေသေချာချာ စစ်ကြည့်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သိပ်မကြာခင်မှာပင် သူနောက်တစ်ကြိမ်ရပ်လိုက်ပြီး သူ့အကြည့်များက တောင်နံရံပေါ်သို့ရောက်သွား၏။
ထိုတောင်တန်းက ပုံမှန်ထင်ရသည်။ ရေညှိများဖြင့် ပြည့်နှက်နေပြီး အချိန်ကြာမြင့်စွာတည်ရှိနေသည်ဟူသော
လက္ခဏာဖြစ်သည့် ရှေးဟောင်းလေများစိမ့်ထွက်နေ၏။ ထိုနယ်ပယ်မှ ဝိညာဉ်အရောင်ဝါလှိုင်းလုံးများတစ်ချက်မျှ မတွေ့နိုင်သလို၊ ယခင်က ထိုနေရာကို ဖြတ်တောက်ခံရသည့် အရိပ်အယောင်လည်း မရှိခဲ့ပေ။
ထိုနေရာတွင် စုမင်ရပ်နေချိန်တွင် သူ့မျက်လုံးထဲတွင် အံ့သြတကြီးတောက်ပမှုများ ပေါ်လာသည်။ ညာလက်ကို မြှောက်
ထားသော်လည်း ချိတ်တံဆိပ်ဖွဲ့စည်းသောအခါ မျက်မှောင်ကြုတ်လိုက်၏။ ဦးခေါင်းကိုမော့လိုက်သည်နှင့် ထိုနေရာတွင်ရှိနေသမျှကို လျစ်လျူရှုလိုက်ပြီးသာမန် ကျောက်တုံးကျောက်တောင်ကို မစုပ်ယူမီ ချိပ်တံဆိပ်ကို ဆက်လက်ဖွဲ့စည်းလေသည်။
ခဏအကြာတွင် လေထဲမှ
အလွှာလိုက်ရောက်ရှိလာသည်ဟုထင်ရသော ကျယ်လောင်သောလေချွန်သံသည် အပေါ်မှရောက်ရှိလာပြီး စုမင်သည် ထိုကျောက်တောင်ပေါ်မှ ချိပ်တံဆိပ်များကို ဆက်၍ လွှတ်သောအခါတွင် သာမန်ဟုထင်ရသော ကျောက်တုံးကြီးသည် ကျယ်လောင်သော အသံများနှင့်အတူ ချက်ချင်းပင် တုန်ခါသွားတော့သည်။ မကြာမီ ပုဝါသည်မြှောက်တက်သွား၍ အလုံပိတ်ဂူကိုဖော်ပြရန် ရေညှိများပျောက်သွားသည်။
ကျောက်စိမ်းအတွက် ပြီးပြည့်စုံသင့်တော်သော တံခါးပေါ်ရှိတောင်ကြားလမ်းတစ်ခုရှိသည်။ စုမင်သည် တုံ့ဆိုင်းမနေဘဲ အထစ်ပေါ် ပစ်ချလိုက်၏။
တောင်တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် တောင်တံခါးမှ တုန်ရီသော
အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုသို့လုပ်လိုက်သည်နှင့် အပေါ်စီးမှ ဖြတ်သွားသော လေချွန်သံများသည် ပိုမိုကာအကြိမ်ရေများလာပြီး စူးရှသော ကြောက်စရာကောင်းသော အသံသည် စုမင် နားထဲသို့ ရောက်ရှိလာသည်။
“ကောင်လေး... မင်းပြောတဲ့ ရတနာသိုက်က ဘယ်မှာလဲ.. မင်း ငါတို့ကို လိမ်လည်နေတယ်ဆိုရင် ငါ့ရဲ့ ကောင်းကင်ဘုံ ရတနာအတွက် ပျောက်ဆုံးနေတဲ့ဝိညာဉ်ကို မင်းရဲ့ဝိညာဉ်အဖြစ်
ငါသုံးလိုက်မယ်.. ညှဉ်းပန်းနှိပ်စက်ခြင်းက သေသွားတဲ့အခါ မင်းကို အမုန်းတရားတွေနဲ့ ပြည့်စေလိမ့်မယ်..”
ထိုအသံသည် စုမင်နှင့် ရင်းနှီးသည်။ ခဏလောက်စဉ်းစားပြီးလျှင် သူတို့ပျံသန်းနေသောယဥ်ပေါ်ရှိစဥ်က သွေးအနစ်နာခံခြင်းအဖြစ်သူ့ကိုအသုံးပြုလိုသော အတွင်းဂိုဏ်းတပည့်ကပိုင်ဆိုင်သည်ကို သတိရလိုက်သည်။
သူ အသံကို လျစ်လျူရှုပြီး ဂူထဲသို့ ဝင်သွားသည် ။ သူ လှမ်းဝင်လိုက်သည်နှင့် ချက်ချင်းပင် အပေါ်မှ မြူခိုးများလှုပ်ရှားလာကာ ရှည်လျားသော ကြိုးသုံးချောင်း ထွက်ပေါ်လာသည်။
အဖွဲ့ကို ဦးဆောင်သူမှာ အတွင်းဂိုဏ်း၏ တပည့်ဖြစ်ပြီး သူ့နောက်တွင် လူနှစ်ဦးမှာ
ကြိုတင်မျှော်လင့်ခြင်းနှင့်သွေးဆာ နေသော မျက်လုံးများ ရှိသည်။ သူ့နောက်ကို နီးကပ်စွာလိုက်လာကြပြီး တယောက်က တုန်ယင်နေသောလူငယ်ကို
သူ့လက်မောင်းအောက်တွင် ချိတ်ဆွဲထားသည်။ သူ့အဝတ်အစားများကိုကြည့်ခြင်းအားဖြင့် သူက ဖုံးကွယ်နဂါးဂိုဏ်း၏ တပည့်ဖြစ်သည်။
မြူခိုးများ ပေါ်လာသည့်အချိန် မြေပြင်ကို ဦးဆောင်နေသော ပါးလွှာသည့်အတွင်း ဂိုဏ်းတပည့်က တောင်နံရံတွင်ပွင့်နေသော လိုဏ်ဂူကို တွေ့လိုက်ရပြီး ထိုပေါ်တွင်ရပ်နေသော စုမင်ကို မြင်လိုက်ရသည်။
သူချက်ချင်းမရယ်မီ ခဏတာ အံ့အားသင့်သွား၏။
“မင်းလို အပြင်စည်းတပည့်က
ငါတို့ရဲ့အကျိုးစီးပွားကို ခိုးဖို့ဘယ်လိုကြိုးစားရဲတာလဲ.. ငါ့ စိတ်ကောင်းဝင်နေလို့ မင်းကံကောင်းသွားတယ်..ငါ့ရှေ့က ထွက်သွားစမ်း”
ပိန်ပါးပါး အတွင်းဂိုဏ်းတပည့်က အေးစက်စွာ ရယ်မောရင်း စုမင်ရှိရာဦးတည်လာသည်။ ထိုကလေးက သူ့မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ သူ မလှုပ်လျှင် သတ်ပစ်မည်ဖြစ်သည်။
ဖုံးကွယခနဂါးဂိုဏ်းတပည့်ပြောဖူးသော
ဂူထဲမှာရှိ ရတနာသိုက်ကို သူ ပိုစိုးရိမ်မိသည်။
သူ့နောက်ကလူနှစ်ယောက်က စုမင်ကို အေးစက်စွာကြည့်နေကြသည်။ သူတို့ရှေ့တိုးလာလျှင် ထ်ိုနေရာကို ပိတ်ရပ်လိုက်သည်။ သူ့လက်မောင်းတစ်ဖက်အောက်ရှိ လူငယ်တစ်ယောက်သာ ပွင့်နေသော တံခါးကို ထိတ်လန့်တကြားဖြင့် စိုက်ကြည့်နေသည်။ သိသာထင်ရှားသည့်ပုံစံဖြင့် တံခါးဝတွင် ကျောက်စိမ်းတစ်ခု ထည့်သွင်းထားသည်ကို သူသတိပြုမိသည်။ စုမင် ကို လျင်မြန်စွာကြည့်ရင်း သူ မကူညီနိုင်သော်လည်း စုမင်မျက်ခုံးများလှုပ်ခတ်သွား၏။
“ဘာလဲ.. မလှုပ်ဘူးလား၊ ပြင်ပဂိုဏ်းက သေးကွေးတဲ့ ပုရွက်ဆိတ်တစ်ကောင်.. မင်းသေချင်ရင် မင်းရဲ့ဆန္ဒကို ငါဖြည့်ပေးမယ်”
ပ်ိန်ပါးသောလူက တံခါးကိုပိတ်လိုက်သည်နှင့် စုမင် မလှုပ်ရှားသည်ကို သူမြင်လိုက်ရပြီး စိတ်မရှည်သောအရိပ်အမြွက်က သူ့ထဲသို့ နိုးထလာသည်။ သူကညာဘက်လက်ကိုမြှောက်၍
စုမင်ကိုသတ်ဖို့စဉ်းစားထားသော်လည်း
ထိုသို့တွေးနေသည့်အချိန်တွင် စုမင်၏
မျက်လုံးများကို သူမြင်လိုက်ရလေည်။
ထိုအရာများက ငြိမ်သက်နေသော မျက်လုံးတစ်စုံကြောင့် ငြိမ်သက်သွားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အတွင်းက ငြိမ်သက်မှုက လောကကြီးပြိုပျက်သွားလျှင်ပင် တစ်ချက်မှ မလှုပ်နိုင်ဟုထင်ရသည်။ စုမင် မျက်လုံးများက အလွန်ငြိမ်သက်နေသောကြောင့် သူတို့ကို မြင်လိုက်ရသော ပိန်းပါးပါးအတွင်းဂိုဏ်းတပည့်က သူ့နှလုံးသား အလိုလို တုန်လှုပ်ခါနေသည်ကို ခံစားလိုက်ရ၏။