မှော်သက်ေတများနှင့် တံခါးရှစ်ခု
Vol. 46 Ch. 631
ပိန်ပါးသောအတွင်းစည်းဂိုဏ်း၏ တပည့်မှာ အလွန်ထူးခြားသော စွမ်းအားရှိလေသည်။ ၎င်းအား သူ၏ဂိုဏ်းဝင်များနှင့် နှိုင်းယှဉ်ခံရသည့်အခါတွင်သာ ထူးကဲသော အသွင်အပြင်ကို အသုံးချနိုင်မည်ဖြစ်သည်။ ထိုသို့သော စွမ်းအားမျိုးသာရှိသော ဤလူက စုမင်ကို နှစ်ကြိမ်တိုင်တိုင် နှောင့်ယှက်ခဲ့သည်။ယခုအခါ သူက စုမင်ကို ဆက်ပြီးရန်မစရဲတော့ပေ။
သူက ငြိမ်သက်နေပြီး ထိုငြိမ်သက်မှုက သူ၏တသီးတခြားနေခြင်းကို ဖော်ပြနေသည်။
ထိုအချိန်တွင် ထိုအတွင်းစည်းဂိုဏ်းတပည့်၏ နှလုံးသားက တုန်လှုပ်နေ၏။ စုမင် ထံမှ သူတစ်ခါမှ မခံစားဖူးသော ကြောက်လန့်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ အထူးသဖြင့် စုမင် ခက်ထန်ပြီး အေးစက်နေသော မျက်လုံးများကို တွေ့လိုက်သောအခါ ချွန်ထက်သော ဓားနှစ်ချောင်းက သူ့အား ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ထိုဓါးများက သူ့ခန္ဓာကိုယ်ထဲတွင် ထောင်သောင်းမကသော မိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီးပေါက်ကွဲသွားကြသည်။
တဟုန်ထိုး လျှပ်စီးလက်နေသော မိုးကြိုးများက သူ့နှလုံးသားကို ကွဲကြေသွားစေပြီး သူ့စိတ်ဝိညာဉ်ကို စုတ်ပြဲသွားကာ အသက်ရှုမြန်လာသည်။စုမင် နှင့် ငါးပေအောက်သာဝေးသည့်အချိန်တွင် သူ့မျက်လုံးများကို ပြူးကျယ်သွားစေသည်။
သူရုတ်တရက် သွေးအန်လိုက်ရပြီး သူ့အရေပြားမှာ သွေးအက်ကွဲကြောင်းများတွေ ချက်ချင်းပေါ်လာသည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံး ပြည့်သွားသည်။ တောင်များကဲ့သို့ သူ့အပေါ် ကျရောက်လာသော မမြင်နိုင်သော ဖိအားကို ခံစားရပြီး သူ့ကို ချေမှုန်းရန် အဆင်သင့် ဖြစ်နေသည်။ ထိုအချိန်တွင် သူ့ လောကကြီးတစ်ခုလုံး ပြိုပျက်သွားသလိုပင်။
သူ့နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ဒုန်းဆိုင်းခုန်နေလေသည်။ ပိန်ပါးသော အတွင်းစည်းဂိုဏ်းတပည့်၏ မျက်နှာသည် အရောင်ဖျော့လာသည်။ သူ့ရင်ဘတ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ သူ့နှလုံးသားက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
ထိုခဏ၌ပင် သူ၏အတွင်းအင်္ဂါများ ကြေမွသွားသည် ။စုမင်နှင့် ငါးပေအကွာမှာ ရပ်နေရင်း သူ့ခန္ဓာကိုယ်က ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ သွေးထွက်သံယို ဖြစ်သွားလေသည်။ ထို့နောက် စုတ်ပြဲနေသော အသားအပိုင်းအစများက မြေပြင်ပေါ်သို့ ပြိုကျသွားသည်။
သွေးများနှင့် အသားစများက နေရာအနှံ့ ပြန့်ကျဲနေသော်လည်း စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်လာခြင်းမရှိပေ။ ပိန်ပါး သော အတွင်းစည်ဂိုဏ်းမှ တပည့်က သေဆုံးပြီးသည့်တိုင် စုမင်နှင့် နီးကပ်ရန် မဝံ့မရဲ ဖြစ်နေပုံပင်။
စုမင်က မြင့်မြတ်သောစွမ်းရည်ကို မထုတ်ရန်နေနေသာ ပိန်ပိန်ပါးပါးလူဆီ လက်ပင်မြှောက်မပြခဲ့ပေ။ သူ့အား ဖိနှိပ်ရန် သူ့ကိုယ်ပိုင် စွမ်းအားများကိုသာ အသုံးပြုခဲ့သည်။ စုမင်၏ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ဤစွမ်းအားက လက်တွေ့ကျကျ ရရှိလာခဲ့သည်။
သေဆုံးသွားသော ပိန်ပိန်ပါးပါးလူကို ဂိုဏ်းသားနှစ်ဦးက မြင်လိုက်ရသော ကြက်သေသေမိသွားသည်။ပထမဆုံးတုံ့ပြန်သူမှာ ဖုံးကွယ်နဂါးဂိုဏ်းမှလူငယ်ကို ကိုင်မထားသောသူဖြစ်သည်။ သူက ဖြူဖျော့သောမျက်နှာဖြင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြန်ဆုတ်သွားသည်။ထို့နောက် ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ ဤနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ထိတ်လန့်မှုက သူ့တစ်ကိုယ်လုံး ပြည့်သွားပြီး သူ့နှလုံးခုန်သံက တုန်ခါမှုဖြင့် အစားထိုးသွားသည်။ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့က သူ့နှလုံးသားထဲတွင် တစ်ခုတည်းသော အရာများဖြစ်လာပြီး သူ နောက်ပြန်ဆုတ်သွားသောအခါတွင် သူ့စိတ်ထဲမှာ အတွေးတစ်ခုသာ ကျန်နေခဲ့သည်- အခြားအရာများကို ဂရုမစိုက်ဘဲ ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ခွာသွားရမည်ဖြစ်သည်။
ကြက်သွေးရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့အပေါ်သို့ ဖြတ်သွားသည်။ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာပြီး ခေါင်းငုံ့ကြည့်ရန် ပြင်နေချိန်တွင် သူ့ခေါင်းက သူ့ခန္ဓာကိုယ်နှင့် ကွဲထွက်သွားသည်။ သူ့ခေါင်းက ချောက်ထဲသို့ ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်သည်လည်း တုန်တုန်ယင်ယင်ဖြစ်ကာ ပြုတ်ကျသွားသည်။
အလောင်းကောင်ဆီမှ သိုလှောင်အိတ်တစ်ခု လွင့်ထွက်သွားပြီးနောက် ကြက်သွေးရောင်အလင်းတန်းက စုမင်ဆီသို့ တရှိန်ထိုး ဦးတည်သွားခဲ့သည်။ သူ့ရှေ့မှာ အလိုလိုပျံသန်းလာသောအရာမှာ မြွေငယ်လေးဖြစ်သည်။
၎င်း၏ဒဏ်ရာအများစုက နှစ်အနည်းငယ်ကြာပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ အနည်းငယ် အားနည်းနေပုံရသည်၊ သို့သော် ၎င်း၏ ခန္ဓာကိုယ်က အနည်းဆုံး ပြည့်စုံနေပါသည်။
“ဘယ်လောက်ကြာအောင် ပုန်းနေအုံးမှာလဲ”
စုမင်က မြွေငယ်၏ ဦးခေါင်းကို ပွတ်သပ်လိုက်ရာ မြွေက သူ့အထိအတွေ့ကို သဘောကျနေပုံရသည်။ ၎င်းခန္ဓာကိုယ်ကို စုမင်လက်မောင်းမှာ ပတ်ထားလေသည်။
စုမင်၏မေးခွန်းက မြွေငယ်လေးဆီသို့ ဦးတည်နေခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပင်။ သူ့အပြင် ဤနေရာတွင် လူနှစ်ယောက်ရှိသည်။ ၎င်းတို့ထဲမှ တစ် ယောက်မှာ အံ့အားသင့်နေသော နတ်ဆိုးဂိုဏ်း၏ တပည့်ဖြစ်သည်။ နောက်တစ်ယောက်ကတော့ နတ်ဆိုးဂိုဏ်းသားလက်အောက်မှာ ချုပ်မိနေသော လူငယ်လေးပင်။
စုမင်က ထိုမေးခွန်းကို မေးလိုက်သည်နှင့် တပြိုင်နက် နတ်ဆိုးဂိုဏ်းမှ တပည့်၏ နှလုံးသားများ တုန်လှုပ်သွားသည်။ သူချုပ်ထားနေသော ဖုံးကွယ်နဂါးဂိုဏ်းဝင်ကို ကြည့်ရန် ခေါင်းကို ငုံ့ထားလိုက်သည်။ ထိုအခိုက်အတန့်တွင် လူငယ်လေး၏ မျက်လုံးများအတွင်း အေးစက်နေသော အလင်းတန်းတစ်ခုကို သူမြင်လိုက်ရသည်။
ထိုအရာက နတ်ဆိုးဂိုဏ်းသားဘဝတွင် နောက်ဆုံးမြင်ခဲ့ရသော အလင်းတန်းပင်။ နောက်အခိုက်အတန့်တွင် ထိုလူငယ်က ညာလက်ကို မြှောက်ကာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ထိုစဉ် နတ်ဆိုးဂိုဏ်း၏ တပည့်၏လည်ပင်းမှ သွေးများ ထွက်ကျလာသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲတွင် ထွက်ပေါ်လာပြီး နတ်ဆိုးဂိုဏ်းတပည့်များ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းကွဲသွားကာ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသည်။
ဖုံးကွယ်နဂါးဂိုဏ်းမှ လူငယ်လေးကလေထဲ၌ လွင့်မျောနေသည်။ ထို့နောက် လူငယ်လေးက လေးနက်သော အမူအရာဖြင့် သတိနှင့် ကြောက်ရွံ့မှုတို့ ရောနှောကာ စုမင်ကို အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။
“ကျုပ်က ဖုံးကွယ်နဂါးဂိုဏ်းက စွန်းရှန်ပါ. နှုတ်ဆက်ပါတယ် အကြီးအကဲ...
ဒီလှိုဏ်ဂူကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိပြီး ကျောက်စိမ်းပြားကြီးလည်း ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး…”
ထိုအချိန်တွင် စွန်းရှန်၏ နှလုံးသားက တဒိန်းဒိန်း ခုန်နေလေသည်။ သူစကားပြောနေစဉ်တွင် သူက တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့သည်။ စုမင်၏ ကျင့်ကြံမှု အဆင့်ကို သူ မပြောနိုင်သော်လည်း ပိန်ပိန်ပါးပါးလူကို တစ်ချက်တည်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး
ပေါက်ပွဲအောင် ပြုလုပ်ခဲ့သည်။သူ၏အနိမ့်ဆုံအဆင်က
အင်မော်တယ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိလောက်မည်။သို့မဟုတ် သူက စွမ်းအားကြီးနယ်ပယ်အဆင့် သို့ရောက်နိုင်ချေများသည်။
စွန်းရှန်က ရှစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်သည်။ စုမင်က သူ့ကိုတစ်ချက်ကြည့်လိုက်သော် စွန်းရှန်၏ ခြေထောက်များက ချက်ချင်း အေးခဲရပ်တန့်သွားသည်။ သူက အတင်းပြုံးပြပြီး စကားပြောခါနီးမှာပင် စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး သူ့ဦးတည်ချက်အတိုင်း ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ကျယ်လောင်သော ဟောက်သံနှင့်အတူ စွန်းရှန်ဆီသို့ မည်သည့်နေရာမှ ထွက်ပေါ်လာသော လေပြင်းများ တိုက်ခတ်လာသည်။ စွန်းရှန်းက မျက်ခွံများက တုန်လှုပ်နေလေသည်။ သူ ရှောင်တိမ်းချင်သော်လည်း တုံ့ဆိုင်းသွားလေသည်။ထို့နောက် မတ်တပ်ရပ်ကာ မလှုပ်ဘဲ လေပြင်းများ သူ့အပေါ်ကို နီးကပ်သွားစေရုံမျှမက သူ့ပတ်ဝန်းကျင်ကပါ လေပွေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုလေပွေက သူ့ခန္ဓာကိုယ်ကို ယူဆောင်သွားပြီး နောက်ပြန်ပါလာစေသည်။ ထို့နောက် စုမင်ကို ဖြတ်သွားကာ ဂူထဲသို့ အရှိန်တင်လိုက်၏။ နောက်ဆုံးတွင် ဂူ၏နက်နဲရာသို့ရောက်ပြီး စွန်းရှန်က ချိတ်ထားသကဲ့သို့ တောင်နံရံပေါ်မှာ သွားကပ်နေလေသည်။
စုမင်၏ အမူအရာမှာ တည်ငြိမ်သွားသည်။ သူက ဂူထဲသို့ ပစ်ချခံထားရသော စွန်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ သူသာ ထိုလေကို ခုခံနိုင်ခဲ့လျှင် သူသေပေလိမ့်မည်၊ သို့သော် စုမင်က တွေ့ကဂာလူ သတ်မည်မဟုတ်ပေ။
စွန်းရှန်ကို တံဆိပ်ခတ်ပြီးသည်နှင့် အနှောက်အယှက် မပေးတော့ဘဲ စုမင်က ဖွင့်ထားသော ဂူထဲကို ဝင်သွားသည်။ အထဲသို့ ရွေ့သွားသောအခါ သူ့လက်ကို ဝှေ့ယမ်းလိုက်လိုကခသည်။ ကျောက်တံခါးထဲသို့ ထည့်ထားသော ကျောက်စိမ်းပြားကစုမင်လက်ထဲသို့ ပုံဆောင်ခဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဂူထဲကို ဝင်လိုက်သသည်နှင့် ကျောက်တံခါးက ဒုန်းခနဲအသံနှင့်အနတူ ပိတ်သွားသည်။ မည်သူမဆို အပြင်လောကကို ကြည့်လိုက်လျှင် အရာအားလုံးက အစကအတိုင်းခြေရာမပျက်ရှိနေမည်။ ဤနေရာနှင့် ပတ်သက်သည့် သဲလွန်စ တစ်ခုမျှ မတွေ့နိုင်ပေ။
စုမင်က ဂူထဲသို့ အေးအေးဆေးဆေး လျှောက်သွားသည်။ ဤနေရာက မယုံနိုင်လောက်အောင် ကျယ်ဝန်းသည်။ အလယ်ခန်းမအပြင် အခြားအခန်းရှစ်ခန်းပါရှိသည်။ အခန်းတိုင်းကို ကျောက်တံခါးဖြင့် တံဆိပ်ခတ်ထားပြီး တံခါးတစ်ခုစီတွင် လင်းလက်တောက်ပသော မှော်သင်္ကေတတစ်ခုစီပါရှိသည်။
မှော်သင်္ကေတများအားလုံးက ကွဲပြားကြပြီး အားလုံးက အနက်ရောင်အလင်းရောင်ဖြင့် တောက်ပနေပါသည်။ စုမင်သင်္ကေတများကို ကြည့်လိုက်သော် တစ်ခုစီမှာ မတူညီသော အဓိပ္ပါယ်များ ပါဝင်လေသည်။
စုမင် ရပ်နေသည့် ခန်းမထဲတွင် တိတ်ဆိတ်နေ လေသည်။ ကျောက်တံခါးများဖြင့် အလုံပိတ်ထားသော အခန်းရှစ်ခန်းအပြင် လိုဏ်ဂူက ဗလာဖြစ်နေသည်။ လူဆို၍ စွန်းရှန်နှင့်စုမင်သာ ရှိသည်။ ထိုအချိန်တွင် လူငယ်က တုန်လှုပ်ချောက်ချားစွာဖြင့် သူ့ကိုကြည့်နေသည်။
သူ့နှလုံးခုန်သံများ မြန်ဆန်နေနှင့် အေးစက်စက် နဖူးမှ ချွေးစီးများ ထွက်လာသည်။ ရှောင်တိမ်းရန် သို့မဟုတ် ခုခံရန် မရွေးချယ်ခဲ့သော သူ၏လုပ်ရပ်ကို န ကျေးဇူးတင်နေ လေသည်။ သူ၏ ကျင့်ကြံမှု အဆင့်က ဤလူအတွက် ပမွှားမျှသာဖြစ်သည်။ စွန်းရှန်ကို သတ်လိုပါက လက်ချောင်းကြားမှ ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းရန် လိုအပ်သည်ထက် ပိုအားထုတ်မှု မရှိဘဲ လုပ်နိုင်မည်။ ထိုကဲ့သို့ အစွမ်းထက်သော သူရဲကောင်းမျိုးရှေ့မှာ နာခံမှုရှိရှိ ပြုမူရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိကောင်းရှိနိုင်သည်။
ထိုအချိန်တွင် သူကမှန်ကန်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ကို သူသိသည်။ ထိုလူက သူ့ကို မသတ်ဘဲ တံဆိပ်ခတ်ထားရုံသာ ရှိသည်။ စွန်းရှန်ကို အပြင်ထွက်ခိုင်းပြီး သူ့အတွက် မလိုလားအပ်သော ပြသနာမဖြစ်စေချင်တာ ထင်ရှားလေသည်။
စွန်းရှန်က မဲ့ရှုံ့ရှုံ့သောမျက်နှာဖြင့် အတွေးရေယာဉ်ထဲနစ်မြောနေလေသည်။ သူ အပြင်ထွက်လျှင် ထိုကဲ့သို့လူကို မနှောင့်ယှက်ဝံ့ပေ။ အလားတူပင် သူက သူ့မျက်လုံးထဲတွင် နားလည်ရခက်သောကို အလွန်လေးစားလာခဲ့သည်။
ဤလေးစားမှုက စုမင်၏သတိကြီးမှုနှင့်သူ၏တွေးခေါ်မှုဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။
‘ဒီမိစ္ဆာကြီးဟာ စွမ်းအားကြီးပြီးသတိထားတတ်သူပဲ.. သူ့ထိန်းချုပ်မှုကနေ ဘယ်အရာမှ ထွက်သွားခွင့် မရှိပါဘူး.. အဲဒါကြောင့် ငါက သူ့အတွက် ဘာမှမဟုတ်ရင်တောင် သူက ငါ့ကို ဒီမှာ တံဆိပ်ခတ်ဖို့ ရွေးချယ်တုန်းပဲ…”
‘တံဆိပ်က အစွမ်းထက်ပေမဲ့ ငါ့အတွက် ဘာအန္တရာယ်မှ မရှိဘူး.. ဒါက မသိစိတ်ကနေ အန္တရာယ်အငွေ့အသက်ကို မခံစားရဘူး.. ဒါပေမဲ့ စိတ်ဓာတ်ကျပြီး ရုန်းကန်မရအောင်လည်း လုပ်ထားတယ်..”
စွန်းရှန်၏ မျက်လုံးများက အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူက ဖုံးကွယ်နဂါးဂိုဏ်းရှိ တွေးတတ်ခေါ်တတ်သောသူတစ်ယောက်ဖြစ်သည်။ သူ၏စွမ်းအားနှင့် သတိထားမှုတို့ကြောင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်ကို အတိအကျပင်။
‘နေပါဦး...သူက တခြားအရာတစ်ခုခုကို တွေးနေတာကြောင့် ငါ့ကိုသတ်မှာမဟုတ်ဘူး..”
စွန်းရှန်က မျက်ခွံများလှုပ်လာပြီး သူ့ ရင်ဘတ်မှ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူ့ခေါင်းကို အမြန်ငုံ့ပြီး တစ်ကိုယ်လုံးကို စစ်ဆေး လေသည်။ ထို့နောက် သူ့မျက်နှာတွင် နာကျင်မှု ချက်ချင်းပေါ်လာသည်။
စုမင်က နံရံပေါ်က အရာများကို တွေးပြီး အလုပ်ရှုပ်နေသောစွန်းရှန် ကို လုံးဝ လျစ်လျူရှုလိုက်သည်။ စုမင်က သူ၏ဘယ်ဘက်ရှိ ပထမဆုံးကျောက်တံခါးရှိ ပင်လယ်ကဲ့သို့မှော်သက်ေတပုံစံကို ကြည့်နေလေသည်။သူ့မျက်လုံးများက တောက်ပသောအလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူ့နှလုံးသားထဲတွင် လေပြင်းတိုးလာသလို ခံစားလိုက်ရသည်။ တကယ်တော့ သူက သူ့ပတ်ဝန်းကျင်ရှိ လေပွေတစ်ခု ထွက်ပေါ်လာသည်ကိုပင် သူမြင်နိုင်သည်။
လေတိုက်သောအခါ စုမင်က မည်သည့်စွမ်းအားမှလာသည်ကို ခံစားနိုင်လာသည်။ ၎င်းက လေမန်စွမ်းအား၏အပိုင်းအစ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်နှင့် သူ့အတွင်းထဲတွင် လေပြင်းတိုက်သည်ကို ခံစားလိုက်ရသော် သူ့မျက်လုံးထဲက အလင်းရောင်များက ပိုတောက်ပလာသည်။
‘ဟင်းလင်းပြင်ထဲမှာ ဒီလေစွမ်းအားက မှော်သင်္ကေတတစ်ခုနဲ့ ပေါ်လာတယ်...’
သူ့အတွေးထဲတွင် နှစ်မြုပ်နေချိန်တွင် ဒုတိယကျောက်တံခါးရှိ တံဆိပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုခဏ၌ သူက ၎င်းကို အာရုံစိုက်ပြီး ကျန်အရာအားလုံးက ဝေဝါးသွားကာ လေထဲတွင် စိုစွတ်သောလှိုင်းကို ခံစားလိုက်ရသည်။
သူက မိုးရနံ့ကို ခံနိုင်ရည်ရှိပြီး ကောင်းကင်မှ အဆက်မပြတ် သွန်ချနေသော မိုးရနံ့… သူ့ပတ်ဝန်းကျင်တွင် မိုးများလည်း တဖွဲဖွဲကျလာသည်။ ထိုစဉ် သူ့မျက်လုံးများတွင် တွေးတောနေသောအကြည့်များက ပိုမိုနက်ရှိုင်းလာသည်။
အချိန်အတော်ကြာပြီးနောက် သူအကြည့်ကို တတိယအခန်းသို့ ရွှေ့လိုက်သည်။ ထိုနေရာ၌ မိုးကြိုးပစ်သံကို သူခံစားလိုက်ရသည်။ စတုတ္ထအခန်း၏ တံဆိပ်ပေါ်တွင်မူ တုန်လှုပ်ဖွယ်အလင်းနှင့် စွမ်းအားများ မပေါက်ကွဲမီ လျှပ်စီးကြောင်းများ ကူးခတ်သွားသည်ကို ခံစားခဲ့ရသည်။
‘လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး...’
စုမင်က ခေါင်းကိုလှည့်ကာ သူ့ညာဘက်ရှိ အခန်းများကို လှမ်းကြည့်လိုက်သည်။ နွေဦးမှ အသက်စွမ်းအား၊နွေရာသီမှ အပူဒါဏ်၊ ဆောင်းဦးတွင် နွေနှင့်ဆောင်းရောစပ်မှု၊ သေခြင်းတရား... ဆောင်းရာသီတွင် မြေပြင်ပေါ်သို့ နှင်းများကျလာသကဲ့သို့ ဘဝအားလုံး၏ သေဆုံးခြင်းကိုလည်း သူခံစားလိုက်ရသည်။
“နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်း...”
စုမင်က တိုးတိုးလေးပြောသည်။ သူ့မျက်လုံးထဲက အလင်းရောင်က ပိုတောက်ပလာသည်။
‘ဒီအခန်းတွေမှာရှိတဲ့ ပစ္စည်းတွေကို ခဏ မေ့ထားလိုက်.. ဒီမှော်သင်္ကေတတွေချည်းပဲ ရတနာတွေလို့ သတ်မှတ်လို့ရနေပြီ..တကယ်လို့ ငါ ဒီရှစ်ခုလုံးကို စိတ်ထဲ ပေါင်းစပ်နိုင်ရင် နွေဦး၊ နွေရာသီ၊ ဆောင်းဦးနဲ့ ဆောင်းရာသီအပြင် လေ၊ မိုး၊ လျှပ်စီး၊ မိုးကြိုးတွေကို ကျွမ်းကျင်သွားပြီလို့ ဆိုလိုချင်တာ...”
စုမင်က ခေါင်းငုံ့ပြီး လက်ကို မြှောက်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
‘ဒါက တိုက်ဆိုင်မှုလား... ဘယ်ဘက်လက်မှာ လက်ငါးချောင်းရှိတယ် ဒါပေမဲ့ လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး လေး ချောင်းစာပဲရှိတယ်..ငါ့ညာလက်ချောင်း လေး ချောင်းကလည်း နွေဦး နွေ ဆောင်းဦးနဲ့ ဆောင်းရာသီကို ဆိုလိုတယ်...”
စုမင်၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ သူ တစ်ချက်လှုပ်ရုံနှင့် ဘယ်ဘက်မှာရှိသော ပထမကျောက်ခန်းရှေ့ကို ပေါ်လာပြီး တင်ပျဉ်ခွေထိုင်လိုက်တယ်။ ထို့နောက် တောက်ပသောမျက်လုံးများဖြင့် သူက ကျောက်တံခါးပေါ်ရှိ မှော်သင်္ကေတကို စိုက်ကြည့်ကာ ၎င်းကို စတင်ကူးယူခဲ့သည်။