← Chapters

ရာသီလေးခုကြားက သေခြင်းနှင့်ရှင်ခြင်းလမ်းစဉ်ကိုပြောင်းပြန်လှန်ခြင်း

Vol. 46 Ch. 632

ရာသီလေးခုကြားက သေခြင်းနှင့်ရှင်ခြင်းလမ်းစဉ်ကိုပြောင်းပြန်လှန်ခြင်း

Vol. 46 Ch. 632

စွန်းရှန်က စုမင်ကို ထိတ်လန့်တကြား အမူအရာဖြင့် စိုက်ကြည့်ရင်း သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားသည်။ ဖုံးကွယ်နဂါးဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် ကျောက်တံခါးပေါ်ရှိ တံဆိပ်ရှစ်ခုအကြောင်း သိခဲ့သည်။ စုမင်က ပထမကျောက်တံခါးရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။ စုမင် လေစွမ်းအား မှော်သင်္ကေတနှင့် ပတ်သက်၍ နားလည်လိုမှုရသောအခါ နိမိတ်ပုံတစ်ခုကို စွန်းရှန်မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာ ပေါ်လာသည်။

စုမင်၏လုပ်ရပ်များကိုကြည့်ကာ သူ့စိတ်ထဲတွင်‌ လှောင်ပြောင်နေခဲ့သည် ။

‘ဒီလူက အစွမ်းထက်ပေမဲ့ သူ့ကိုယ်သူအထင်ကြီးလွန်နေတယ်..ဖုံးကွယ်နဂါးဂိုဏ်းရဲ့မှော်သင်္ကေတတွေကို နားလည်ဖို့ကြိုးစားနေတာပေါ့..အဟားးး အတိတ်မှာ ဒါကိုသိနိုင်သူ အနည်းငယ်သာ ရှိတယ်..သူအောင်မြင်ဖို့ နည်းလမ်းမရှိဘူး’

စွန်းရှန်က ထိုကဲ့သို့တွေးနေသော်လည်း သူ့မျက်နှာမှာ သူ့အတွေးတစ်ချက်တောင် မပြခဲ့ပါပေ။

အချိန်က တဖြည်းဖြည်းလည်ပတ်ကုန်ဆုံးသွားလေသည်။ထို့နောက်ကောင်းကင်မှာ အလင်းတန်းတစ်ခုပေါ်လာသည်။ မိုးသောက်ချိန်မှာလည်း မိုး ရွာချလာသည်။။ မြေပြင်ပေါ် တဟုန်ထိုးရွာချပြီး မြစ်တစ်ထောင် ချိုင့်ဝှမ်းရှိ သွေးစီးကြောင်းကို ဆေးကြောပစ်လိုက်သည်။

ဂူအပြင်ဘက်တွင် မိုးခြိမ်းသံများ စတင်ထွက်‌ေပါ်လာသည်နှင့်အမျှ ပထမအခန်းကို ဆက်လက်စိုက်ကြည့်ရင်း စုမင်၏ မျက်လုံးများတွင် အလင်းရောင် တဖျပ်ဖျပ်တောက်နေသည်။ တစ်ချိန်ချိန်တွင် သူ့ဘယ်လက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး လက်ညိုးတစ်ချောင်းဖြင့် မှော်သင်္ကေတကို ရေးဆွဲခဲ့သည်။

လေထဲတွင် ရေးထားသော်လည်း တံခါးပေါ်ရှိ တံဆိပ်နှင့် အတူတူပင်။

ဤတံဆိပ်က လေစွမ်းအားချိတ်တံခွန်ဖြစ်ပြီး စုမင်က လေစွမ်းအားနှင့်ပတ်သက်သော ထူးထူးခြားခြား အသိပညာကြောင့် ကြိုးစားဖူးသူတိုင်းတွင် အလျင်မြန်ဆုံးဖြစ်ပြီး ဤတံဆိပ်ကို နားလည်လာခဲ့သည်။ ထိုတံဆိပ်ကို ရေးပြီး‌နောက် သူ့ဘယ်ဘက်လက်ညိုးမှာ မှော်သင်္ကေတတစ်ခု ပေါ်လာသည်။

ထို မှော်သင်္ကေတ ပေါ်လာသည်နှင့် တပြိုင်နက် ကျယ်လောင်သော အသံကြီးက လေထဲသို့ ပဲ့တင်ထပ်သွားလေသည်။ အတွင်းခန်းကို ဖော်ထုတ်ရန် ပထမတံခါးက ဖြည်းညှင်းစွာ ပွင့်သွားသော်လည်း ၎င်းမှာ ဗလာဖြစ်နေသည်။ အခန်းထဲမှာ ဘာမှမရှိပေ။

စုမင်က ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ သူ့အမူအရာက တစ်ချက်ကလေးမျှ ပြောင်းလဲမသွားပေ။ သူ့အတွက်၊ ဤအခန်းတွင် ရတနာတစ်ခုခုရှိမရှိ အရေးမကြီးတော့ပေ။ ဤနေရာမှာ သူ့အတွက် အဖိုးအတန်ဆုံးသောအရာကို သူရှာတွေ့နေပြီဖြစ်သည်။

“မှော်သင်္ကေတ ရှစ်ခု...”

ကူယွမ်ဟိုင်စိတ်ကူးထားသော အစီအစဥ်က ထိုသို့မဟုတ်ပေ။ စုမင်က သူ့လွတ်မြောက်ရန် အချိန်ဆွဲစေရန်နှင့် အဖိုးအခအများကြီးပေးစရာမလိုစေရန်အတွက် စုမင်ကို အသုံးပြုခဲ့သည်။ သူက သူ၏သိုလှောင်အိတ်ထဲရှိ ပစ္စည်းအနည်းငယ်နှင့် ကျောက်စိမ်းပြားများကို ဤနေရာရှိ ရတနာသိုက်သို့ဖွင့်ရန် ထားခဲ့သည်။

ဤကျောက်စိမ်းပြားကို အများအားဖြင့် အဖိုးတန်ရတနာတစ်ခုအဖြစ် ယူဆနိုင်သည်၊ အကြောင်းမှာ ၎င်းက ဤဂူကိုဖွင့်နိုင်သည့် တစ်ခုတည်းသော မှော်သင်္ကေတဖြစ်ပြီး၊ ဤနေရာက နှစ်ပေါင်းများစွာ ဖုံးကွယ်နဂါးဂိုဏ်းဝင်ပစ္စည်းများပါ၀င်သည်။

သို့သော် ထိုကျောက်စိမ်းတုံးက သူ့အတွက် အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဂူအိမ်က ယခုအခါ ဗလာဖြစ်ပြီး အတွင်းရှိအရာအားလုံးကို အခြားတစ်နေရာတွင် ဝှက်ထားသောကြောင့် ဖြစ်သည်။

အခန်းများဆီသို့ ကျောက်တံခါးများပေါ်ရှိ တံဆိပ်ရှစ်ခုက စုမင်၏ဖုံးကွယ်နဂါးဂိုဏ်းသို့စဉ်တွင် အကြီးမားဆုံးဆုလာဘ်ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

မှော်သင်္ကေတ ရှစ်ခုက ဖုံးကွယ်နဂါးဂိုဏ်း၏ အမွေအနှစ်ဖြစ်ပြီး ၎င်းက ဂိုဏ်းခွဲအားလုံးတွင် ရှိနေသည်။ ၎င်းတို့၏ပုံမှန်လုပ်ဆောင်ချက်က ချိတ်တံဆိပ်များအဖြစ်အသုံးပြုဖြစ်သသည်။သို့‌ သော် တစ်စုံတစ်ဦးက မြင့်မားပြည့်စုံသောစွမ်းရည်များ ပိုင်ဆိုင်ပါက ၎င်းတို့၏အကူအညီဖြင့် လောကကြီး၏ပြောင်းလဲမှုများကို နားလည်နိုင်မည်ဖြစ်ကြောင်း ကောလာဟလများလည်းရှိခဲ့သည်။

အကြောင်းမှာ ဖုံးကွယ်နဂါးဂိုဏ်း၏ဘိုးဘေးမှ ကျန်ရစ်ခဲ့သော မှော် သင်္ကေတ ရှစ်ခုကြောင့်ဖြစ်သည်။

နမရေမတွက်နိုင်သောနှစ်များတစ်လျှောက် ဖုံးကွယ်နဂါးဂိုဏ်းမှ မှလူအနည်းငယ်မျှသာ မှော်သင်္ကေတရှစ်ခုမှ ကောင်းချီးပေးမှုကို ရယူနိုင်ခဲ့သည်။ တခြားသူတွေက ဘာကိုမှ နားမလည်နိုင်ကြပေ။ ထို့ကြောင့် ကူယွင်ဟိုင်က ၎င်းကို အလိုလို လျစ်လျူရှုခဲ့ပြီး အခန်းများမှ သူယူသွားသော အရာများက တကယ့်ရတနာများဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

ထိုအချိန်တွင် စုမင်၏ ပြောင်းလဲမှုအကြောင်း သူသိခဲ့ပါက အံ့အားသင့်သွားပေမည်။

စုမင်က ဒုတိယအခန်းဆီသို့ မထမီ အခန်းလွတ်ကို မျက်စိတစ်ဆုံးကြည့်ပေးလိုက်သည်။ ထို့နောက် သူက ဒုတိယ မှော်သင်္ကေတကို အာရုံစိုက်ခဲ့သည်။

သူ့ပစ်မှတ်ကို အာရုံစိုက်လေ့ကျင့်ထားသည့် စုမင်က စွန်းရှန်၏ ပြူးကျယ်နေသော မျက်လုံးများနှင့် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့ကို သတိမထားမိပေ။

လူငယ်လေး၏ အသက်ရှုသံက မြန်ဆန်လာလေသည်။ သူက စုမင်ကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီး စုမင်ဘယ်ဘက်လက်ညိုးတွင် လေစွမ်းအား မှော်သင်္ကေတ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က သူ့နှလုံးခုန်သံကို မယုံနိုင်လောက်အောင် ဒုန်းစိုင်းသွားစေသည်။

‘သူ လေးနာရီအတွင်း လေစွမ်းအား မှော် သင်္ကေတကို နားလည်သွားပြီလား..ဒီနေရာက သင်္ကေတရှစ်ခုက တစ်ဆင့်ကူးယူထားတာ.. အင်မော်တယ်ပြည်မှာရှိတဲ့ အစစ်တွေလိုမဟုတ်ဘူ.. ဒါပေမဲ့ လေးနာရီအတွင်း အပြည့်အဝနားလည်နိုင်ဖို့ဆိုတာ...”

စွန်းရှန်က စူးရှစွာ အသက်ရှုကြပ်ပြီး ထိန်းနိုင်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ပြန်လည်ကောင်းမွန်လာစေရန်။

စုမင်က ခဏမျှပင် အနားယူပြီး ဒုတိယကျောက်ခန်း၏ မိုးရေစက်သင်္ကေတကို နားလည်ရန် ရွေ့လျားနေသည်ကို မြင်သောအခါ စွန်းရှန်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။ ယခုတစ်ကြိမ်တွင် သူက သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် စိတ်မပူဘဲ စုမင်၏ လုပ်ရပ်အတွက် သူ့ယုံကြည်ချက်များကို ဖျက်ဆီးပစ်မည်စိုးသောကြောင့်‌ဖြစ်သည်။

ဆယ့်နှစ်နာရီအကြာတွင် အပြင်ဘက်ကောင်းကင်က တစ်ဖန်မှောင်လာသောအခါ စုမင်က သူ၏ညာဖက်လက်ခလယ်ကို မြှောက်လိုက်သည်။တောက်ပသော မျက်လုံးထဲဖြင့် ကျောက်တံခါးပေါ်ရှိ မိုးရေစက်သင်္ကေတကို ဆွဲထုတ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် သူ့လက်ခလယ်ပေါ်မှာ မှော်သင်္ကေတတစ်ခုလည်း ပေါ်လာသည်။

တစ်ချိန်တည်းမှာပင်၊ ဒုတိယအခန်းက ကျယ်လောင်စွာ ပွင့်လာသည်။

စုမင်က အတွင်းထဲကိုတောင် မကြည့်ပေ။ သူထ၍ တတိယအခန်းဆီသို့ လျှောက်သွားကာ အခန်းရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မိုးကြိုးသင်္ကေတကို ကြည့်လိုက်တော့ သူ့မျက်လုံးများက တောက်ပြောင်လာသည်။

စွန်းရှန်က ကျယ်လောင်စွာဖွင့်ထားသော ဒုတိယအခန်းကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေသည်။ သူ့စိတ်များ လုံးဝလွတ်သွားသော်လည်း သိပ်မကြာခင်မှာပင် တတိယအခန်းထဲရှိ ကျယ်လောင်သောအသံကိုကြားလိုက်ရသည်။စုမင် ဘက်ကို လှမ်းကြည့်နေသော သူ့အကြည့်များက တစ်ဖန် ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေပြန်သည်။

စွန်းရှန်းက သူသေရေးရှင်ရေးအတွက် မကြောက်ဘဲ စုမင်၏ ကြောက်စရာကောင်းသော ပြည့်စုံသည့်အရည်အချင်းများကိုပင် ကြက်သီးထနေမိသည်။

‘သူ့ရဲ့ နားလည်နိုင်စွမ်းက ဘာလဲ.. သူက ဘယ်သူလဲ...’

စွန်းရှန်က ဖုံးကွယ်နဂါးဂိုဏ်းမှာ သူမြင်လိုက်သမျှကို ဖွလိုက်လျှင် တစ်ဂိုဏ်းလုံး ဂယက်ရိုက်သွားလိမ့်မည်။ အမှန်တော့၊ အခြားသော အင်မော်ယတ် ဂိုဏ်းများပင်ကြားလိုက်ရသည့်အရာအတွက် တုန်လှုပ်သွားပေမည်။

နှစ်ရက်အကြာတွင် စုမင်မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အမြွက်ပြနေလေသည်။စုမင်၏ဘယ်ဘက်လက်ချောင်းလေးတွင် လျှပ်စီးသင်္ကေတကို ရေးဆွဲခဲ့သည်။

စုမင် က သူတို့ကို မကြည့်ပေ။ယင်း သူက ဘယ်လက်ကို မြှောက်ပြီး ဘယ်ဘက်လက်က လက်လေးချောင်းကို စိုက်ကြည့်နေလေသည်။ ထိုစဉ် သူ့မျက်နှာပေါ်‌တွင် အပြုံးတစ်ခုပေါ်လာလေသည်။ ယခုအခါ သူ၏ ဘယ်လက်က လေ၊ မိုး၊ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီဟု ပြင်းထန်သော ခံစားချက်ကို ခံစားလာရသည်။ သူက ဤဒြပ်စင်များကို ထိန်းချုပ်နိုင်စွမ်း အနည်းငယ်သာ ရှိနိုင်သော်လည်း ထိုထိန်းချုပ်မှုက သူ့အတွင်း၌ နစ်မြုပ်နေသော မျိုးစေ့နှင့်တူသည်။

ထိုအချိန်တွင် စွန်းရှန်က လွန်ခဲ့သော နှစ်ရက်အတွင်း သူမြင်ခဲ့ရသည့် ထိတ်လန့်ဖွယ်ရာမြင်ကွင်းများဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။ စုမင်ကိုကြည့်ရင်း စိတ်ထဲတွင် အူကြောင်ကြောင်ရယ်နေရုံမှတပါး၊ စုမင်၏ရုပ်ရည်သွင်ပြင် သို့မဟုတ် သူ၏စွမ်းအားက အရေးမကြီးဘဲ အသွင်အပြင်နှစ်ခုစလုံးတွင် သူ့အား သာလွန်သွားခဲ့သည်။ သူ့၏ ပြီးပြည့်စုံသောစွမ်းရည်များတောင် ကြောက်စရာကောင်းတယ်။ သူ့၏ ဉာဏ်ရည်ဉာဏ်သွေးကလည်း ကဲ့ရဲ့စရာ ဘာမှမရှိပေ။ စွန်းရှန် ပတ်လည်တွင် ရိုးရှင်းသော တံဆိပ်တစ်ခု ထားရှိနိုင်သော်လည်း ၎င်းကို ပို၍ တွေးလေလေ သူ့အတွက် စောင့်ဆိုင်းနေသော အခြားအရာတစ်ခု ရှိသေးသည်ဟု ယုံကြည်လေလေဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ဘေးပတ်လည်မှာ ပြဿနာတွေရှိနေ

လေသည်။

အမှားလေးတစ်ခုက သူ့အတွက် ပြီးဆုံးသွားလိမ့်မည်။

‘ဒီနတ်ဆိုးကြီးဟာ အသက်လမ်းကျင့်စဉ်ကို နှစ်ပေါင်းများစွာ လျှောက်လှမ်းနေခဲ့တာပဲ ဖြစ်ရမယ်.. သူကတော့ ဂိုဏ်းဂဏအချို့ရဲ့ပါဂမီရှင်လေးပဲ.. သြော်… အဲဒီဂုဏ်ထူးဆောင်တွေနဲ့ ယှဉ်ရင် ငါ ချို့တဲ့နေနိုင်ပေမယ့် ငါ့ရဲ့ကြီးပြင်းလာမှုကြောင့် ဒီရက်စွဲအထိ ငါရခဲ့တဲ့ အောင်မြင်မှုတွေက နှိုင်းယှဉ်လို့ မရတဲ့အရာတွေပါပဲ’

ဤနည်းကို တွေးလိုက်ရုံဖြင့် စွန်းရှန်က သူ့စိတ်ထဲတွင် အနည်းငယ် သက်သာသွားနိုင်သည်။

စုမင်က နွေဦး ၊ နွေရာသီ ၊ ဆောင်းဦး နှင့် ဆောင်း တို့၏ သင်္ကေတ လေးခု ကို နားလည်ရန် ချက်ခြင်း မထွက်ခဲ့ပေ။ ယင်းအစား အချိန်အတိုင်းအတာတစ်ခုအထိ ထိုင်ပြီး အနားယူဖို့ ရွေးချယ်ခဲ့တယ်။ သူ၏ ပင်ပန်းနွမ်းနယ်မှု ပျောက်ကွယ်သွားသောအခါတွင် သူက မျက်လုံးများကိုဖွင့်ကာ သူ၏ညာဘက်ရှိ ပထမအခန်းဆီသို့ လှမ်းကြည့်လိုက်သည် - နွေဦးရာသီ မှော်သင်္ကေတ။

“နွေဦးဆိုတာ အသက်စွမ်းအင် ပေါများတဲ့ရာသီပဲ..အသက်စွမ်းအင်တွေ အားလုံး နိုးထရတဲ့ရာသီပဲ...”

စုမင်က တိုးတိုးလေးပြောသည်။ သူသည် နွေဦးရာသီ မှော်သင်္ကေတကို ကြည့်ကာ ရက်ပေါင်းများစွာ ကြာခဲ့သည်။

ထိုအချိန်က သူ့အတွက် တခဏမျှသာ ကြာမြင့်သော်လည်း သင်္ကေတအတွင်း၌ လုံးလုံးလျားလျား နစ်မြုပ်မနေနိုင်ဘဲ လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးကြောင်းတို့ကို နားလည်ပြီးနောက် ၎င်းကို ကူးချသကဲ့သို့ ကူးချခြင်းမပြုနိုင်ပေ။

ထိုကာလများအတွင်း စုမင်၏မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှု တစ်ဖန်ပေါ်လာပြီး ယခုတစ်ကြိမ်က ယခင်ကထက် ပိုမိုအားကောင်းလာသည်။ သူသည် ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည့်အရာများကို တွေးတောမတွေးဘဲ မှော်သင်္ကေတကို နားလည်ရန်နှင့် ၎င်းကို ကူးယူရန် နှလုံးသားနှင့် နှလုံးသားတစ်ခုလုံးကို နစ်မြုပ်ခဲ့သည်။ ဖုံးကွယ် ဂိုဏ်း လုံးဝပျက်ဆီးသွားသည်နှင့် တပြိုင်နက် ဝိညာဉ်ဆိုးဂိုဏ်းက မြစ်တစ် ထောင်ချိုင့်ဝှမ်းကို သိမ်းပိုက်သွားသည့်တိုင် ပြင်ပကမ္ဘာနှင့်ပတ်သက်သည့် မည်သည့်အရာမှ သူ့အတွက်အရေးမကြီးပေ။ ထို့ကြောင့် ချိုင့်ဝှမ်းက နတ်ဆိုး ၏ဂိုဏ်းခွဲအတွက် တည်နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာက အရှေ့မြေရိုင်းနယ်မြေ ၏ အရှေ့ဘက်မျက်နှာစာ ခံတပ်နှင့် တိုက်ကြီး၏ဗဟိုသို့ရောက်ရန် နည်းလမ်းတစ်ခုဖြစ်လာခဲ့သည်။

ရှည်လျားသော အလင်းတန်းများစွာ ကောင်းကင်ယံ၌ ပျံဝဲနေ၏။ နတ်ဆိုးဂိုဏ်းဝင်များက ချိုင့်ဝှမ်းကို သိမ်းပိုက်ထားသူများသာမဟုတ်၊ အခြားသော မကောင်းဆိုးဝါးဂိုဏ်းများမှ လူများလည်း ထိုနေရာသို့ ရောက်ရှိလာပြီး ထောင်သောင်းမြစ်ဝှမ်းတွင် ပျားပန်းခတ်သကဲ့သို့ ဆူညံနေလေသည်။

အပြင်ရှိ စည်းကားနေမှုနှင့် ယှဉ်လိုက်လျှင်စုမင၏ ဂူအိမ်က အပ်ကျသံတောင်ညမကြားရပေ။ သူ့အသက်ရှူသံက ကျယ်လောင်ခြင်းမရှိသလို သူ့မျက်လုံးများက သွေးအနည်းငယ်ထွက်နေသော်လည်း နွေဦးမှော် သင်္ကေတကို နားလည်ရန် ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။

ဤအချိန် သင်္ကေတကို နားလည်ရန် ကြိုးစားအားထုတ်မှုတွင် အခက် အခဲကြောင့် စွန်းရှန်က သက်ပြင်းချနိုင်ခဲ့သည်။ အနည်းဆုံး ဤလူက သာမန်လူထက် အနည်းငယ်သာလွန်နေရုံသာဖြစ်သည်။ အကယ်၍ သူက မှော်သင်္ကေတ ရှစ်ခုလုံးကို အမှန်တကယ် နားလည်လာပါက၊ ၎င်းက ဖုံးကွယ်နဂါးဂိုဏ်း၏ သမိုင်းတွင် ကြီးမားသော ရိုက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

‘ဒီမိစ္ဆာကြီးက ထူးထူးခြားခြားစွမ်းရည်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ငါတို့ရဲ့မှော်သင်္ကေတ ရှစ်ခုက နားလည်ရ မလွယ်ပါဘူး.. ဤအရာတွေက တစ်ဆင့်ပွားထားတာ ဖြစ်ပေမဲ့ ဖမ်းဆုပ်ရန် မလွယ်ကူဘူး..”

စွန်းရှန်က စုမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အေးစက်စွာ ရယ်နေပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်သုံးရက်ကြာသွားတယ်။ စုမင်၏ မျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး အရောင်ရင့်လာကာ နွေဦးရာသီ မှော်သင်္ကေတကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးများတွင် ပို၍ပင်နီနေပါသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ သူမည်ကဲ့သို့ နားလည်ရန်ကြိုးစားသော်လည်း ၎င်းအတွင်းပါရှိသော အသက်စွမ်းအင်က သူ့ဒြပ်စင်ထဲမှ ထွက်သွားသကဲ့သို့ပင်၊၊

‘ယင်မရဏဒေသ...’

စုမင်က လွန်ခဲ့သော ရက်အတော်ကြာကတည်းက ပထမဆုံးအကြိမ် မျက်လုံးမှိတ်လိုက်သည်။ ယင်မရဏဒေသမှ ထွက်ခွါသွားချိန်တွင် ရှေး ဟောင်းဓားပေါ်မှ မတ်တပ်ရပ်စဉ်တွင် လျင်မြန်စွာ အိုမင်းရင့်ရော်လာကာသည်ကို သူ့စိတ်ထဲတွင် သတိရလာသည်။

ထိုမြင်ကွင်းက ပျောက်ကွယ်မသွားခင်မှာပဲ ဖန်းချန်းလန်၏ လက်ဖဝါးပေါ်က စုမင် သွေးများက မရဏအငွေ့အသက် အဖြစ် ပြောင်းလဲသွားသည်။

နွေဦးက ဘဝအားလုံး၏ ရှင်သန်ခြင်းဖြစ်ပြီး နွေရာသီက ဘဝအားလုံး၏ အထွတ်အထိပ်သို့ ရောက်ရှိချိန်ဖြစ်သည်။ ဆောင်းဦးက ဘဝ၏ကျဆင်းမှုနှင့် သေခြင်း၏အစဖြစ်ပြီး ဆောင်းရာသီ ဘဝအားလုံးအတွက် သေဆုံးခြင်းအခြေအနေဖြစ်သည်။

စုမင်၏ မျက်လုံးများ ပွင့်လာသည်။ သူက နွေဦးရာသီ မှော်သင်္ကေတကို မကြည့်ဘဲ၊ စတုထ္ထမြောက်တံခါးရှိ စတုတ္ထမြောက် မှော်သင်္ကေတကို ကြည့်ရန် ရွေးချယ်ခဲ့သည်- ဘဝအားလုံး၏ အသက်မဲ့အခြေအနေကို ဆိုလိုသည့် ဆောင်းရာသီသင်္ကေတကို သူရွေးချယ်ခဲ့သည်။

‘ငါက ယင်မရဏဒေသမှာရှိနေတုန်းက ယင်ကိုးပါးဝိညာဉ်အိုကြီးက ငါသေသွားပြီလို့ တစ်ချိန်က ပြောခဲ့တယ်.. ငါမြင်တဲ့အတိုင်းလည်း ပြောပြနိုင်တယ်...ငါ လက်မခံချင်ပေမဲ့ သူ့စကားမှန်ဖို့ အခွင့်အလမ်း များတယ်...”

‘ငါသေပြီးကတည်းက နွေဦးရဲ့ အသက်စွမ်းအားကို နားမလည်နိုင်တာကိုး.. ဒါပေမဲ့ ဆောင်းရာသီရဲ့ အသက်မဲ့အခြေအနေကို နားလည်အောင်ကြိုးစားပြီး နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးနဲ့ ဆောင်းရာသီကို ပြောင်းပြန်လှန်ပစ်မယ်... ဆောင်း၊ ဆောင်းဦး၊ နွေ၊ နွေဦး... ဒီလိုအစဉ်လိုက်အတိုင်း သေခြင်းမှ ပြန်လည်ထမြောက်ခြင်းလမ်းကို ငါလျှောက်လှမ်းမယ်...”

စုမင်၏ မျက်လုံးများက တောက်ပသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပြီး သူ့ရှေ့က လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။ သူသည် စိတ်တစ်ခုတည်းဖြင့် မမြင်နိုင်သော ဤလမ်းကြောင်းတွင်သာ လျှောက်လှမ်းနေခဲ့သည်။ ယခုအချိန်တွင်သာ ဖုံးကွယ်နဂါးဂိုဏ်း၏ ဂူအတွင်း နေထိုင်ရာ သေခြင်းတရားမှ အသက်ရှင်ခြင်းသို့ လမ်းကြောင်းကို ရှာတွေ့နိုင်ခဲ့သည်။

ဤလမ်းက ရာသီလေးပါးတို့၏ စီးဆင်းမှုကို ပြောင်းပြန်ဖြစ်စေသော လောကကို မှောက်လှန်စေ၏။ ဤလမ်းက အသက်နှင့်သေခြင်းကို သရုပ်ဖော်ထားသော လမ်းကြောင်းဖြစ်ပြီး ၎င်းက နွေဦးဆီသို့ တည့်တည့်မ ရောက်မီ ဆောင်းရာသီမှ စတင်မည်ဖြစ်သည်။

သက်ရှိသတ္တဝါအားလုံး အသက်မဲ့သောအခြေအနေတွင် နစ်မြောစွာအိပ်စက်ခဲ့သည့် ဆောင်းရာသီမှစတင်လိမ့်မည်။ ဆောင်းဦးသို့ရောက်သောအခါ နှင်းများနှင့် ရေခဲများ အရည်ပျော်သွားကာ သေခြင်း၏အငွေ့အသက်က အသက်စွမ်းအား၏ခြေရာများနှင့်အတူ နေရာများကို ဖလှယ်သွားမည်ဖြစ်သည်။ နွေရာသီရောက်သောအခါ သေခြင်း၏

အငွေ့အသက်က ပျောက်ကွယ်သွားမည်။ အသက်စွမ်းအား ပျံ့နှံ့လာကာ နွေဦးဆီသို့ ကူးပြောင်းသွားလေသည်။ နွေဦးရာသီတွင် သူက အပြည့်အဝ ပြန်လည်ရှင်သန်လာကာ အိပ်ရာမှ နိုးထလာမည်ဖြစ်သည်။

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ ထိုအခိုက်တွင် သူက ဆောင်းရာသီ မှော်သင်္ကေတဆီသို့ လှမ်းကြည့်ကာ သူ့နှလုံးသားထဲတွင် ဘဝနှင့်သေခြင်းလမ်းကြောင်းကို နားလည်လာကာ ညာလက်ချောင်းလေးကို မြှောက်ကာ ဆောင်းရာသီ မှော်သင်္ကေတကို ခပ်မြန်မြန်ဆွဲလိုက်သည်။

ပေါက်ကွဲသံနှင့်အတူ ဆောင်းရာသီ မှော်သင်္ကေတပါသော တံခါးပွင့်လာသည်။

All Chapters