တောက်ပတဲ့ယန်ကျောက်တုံးရဲ့လျှို့ဝှက်ဆန်းကြယ်မှု
Vol. 46 Ch. 633
ဆောင်းရာသီ မှော်သင်္ကေတပါသော တံခါးကို လေထဲတွင် တဟုန်းဟုန်းမြည်သံများနှင့်အတူ ပွင့်လာသောအခါ စုမင်၏ ညာဖက်လက်ချောင်းလေးတွင် တောက်ပသော သင်္ကေတတစ်ခု ပေါ်လာသည်။ အေးခဲပြီး အသက်မရှိသော လေထုကိုလည်း ၎င်းပတ်ဝန်းကျင်တွင် တွေ့ရသည်။
တစ်ချိန်တည်းမှာပင် စုမင်၏ အကြည့်က သူ့ညာဖက်လက်ချောင်းလေးပေါ်သို့ ရောက်သွားပြီး တဖြည်းဖြည်း ညှိုးနွမ်းသွားသည်ကို သူ သတိပြုမိသည်။ ထိုလက်ချောင်း၏အရောင်က အခြားလက်ချောင်းများနှင့် သိသိသာသာကွဲပြားသွားသည် အကြောင်းမှာ ၎င်းမှာ အဘိုးအို တစ်ယောက်၏လက်ချောင်းလေးအသွင်ဖြစ်သောကြောင့် ဖြစ်သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စုမင်က ခေါင်းကို မော့လိုက်သည်။ သူ့အမူအရာက ယခင်ကနှင့် အနည်းငယ် ကွဲပြားသည်၊ အကြောင်းမှာ ၎င်းက မရဏအငွေ့အသက် ဝန်းရံထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ရှေးဟောင်းလေထုကိုလည်း ချက်ချင်းရလာသည်။
စူးရှသော အသက်ရှုသံတစ်ခုက ဖုံးကွယ်နဂါး ဂိုဏ်း ၏စွန်းရှန် ထံမှ ထွက်လာ သည် ။ စုမင်က နွေဦးရာသီတွင် ရက်အတော်ကြာကြာမှ နားလည်မှုရသောအခါ သူက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့ပေမယ့် ဆောင်းရာသီတံခါးရှိ အဖြစ်အပျက်များက သူ့အာရုံကို ဖမ်းစားလိုက်သည့်အခါ မမြင်ရ သောလက်တစ်စုံက သူ့မျက်နှာကို လာရိုက်လိုက်သလို ခံစားလိုက်ရသည်။
၎င်းက သူ၏အေးစက်သော လှောင်ပြောင်မှုအားလုံးကို ရပ်တန့်သွားစေပြီး သူ၏ လှောင်ပြောင်သော စကားလုံးများအားလုံး သူ့ပါးစပ်ထဲတွင် သေဆုံးသွားခဲ့သည်။ သူ့အသက်ရှူသံများ ပိုမြန်လာသည်နှင့်အမျှ စွန်းရှန်က စုမင်ကို မင်သက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
‘ဆောင်းရာသီ မှော်သင်္ကေတက ဖုံးကွယ်နဂါးဂိုဏ်းမှာရှိတဲ့သင်္ကေတရှစ်ခုထဲက နောက်ဆုံးသင်္ကေတပဲ.. သူတို့ကြားထဲမှာ နားလည်ရအခက်ဆုံး… ဒါတောင် သူက… တကယ်ကို ချက်ချင်းနားလည်နိုင်ခဲ့တာပဲ...”
စုမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အသက်မဲ့ခြင်းနှင့်မရဏအငွေ့အသက်က စွန်းရှန်ကို လှည့်စားမှုများ မြင် နေရစေသည်။ သူ့မျက်လုံးများတွင် စုမင်က ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် ညှိုးနွမ်းပြီး သေဆုံးသွားသော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ဤသစ်ပင်မျိုးက နွေဦးရာသီရောက်လာမည့်အချိန်ကို စောင့်မျှော်နေပေလိမ့်မည်၊ ၎င်းက ချက်ချင်းပင် ပြန်လည်ရှင်သန်လာပြီး သေဆုံးရာမှ နိုးထလာမည်ဖြစ်သည်။
စုမင်က ဆောင်းဦးရာသီ၏သင်္ကေတကို နားလည်ရန် ရက်အတော်ကြာခဲ့သည်။ မြစ် တစ်ထောင်ချိုင့်ဝှမ်းကို နတ်ဆိုးဂိုဏ်းက လုံးလုံးလျားလျား သိမ်းပိုက်ထားပြီး လျှို့ဝှက်ပြင်ဆင်မှုများ ပြုလုပ်သောအခါတွင် တိုက်ပွဲ၏အနံက လေထဲတွင် မယုံနိုင်လောက်အောင် ထူထဲလာသည်။
သို့ပေမဲ့ ထိုအရာအားလုံးက စုမင်နှင့် ဘာမှမဆိုင်ပေ။ သူက ဆောင်းဦးရာသီ၏ သင်္ကေတကို စိုက်ကြည့်ပြီးနောက် မျက်လုံးမှိတ်ထားသည်။ ခဏအကြာတွင် သူက နောက်တစ်ကြိမ်ပြီး နွေရာသီ မှောိသင်္ကေတဆီသို့ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်များက နွေဦးရာသီ မှော်သင်္ကေတဆီသို့ ရောက်ရှိသွားခဲ့သည်။
‘ငါ ဆောင်းရာသီ မှော်သင်္ကေတကို ချက်ချင်းနားလည်နိုင်ပေမဲ့ ဆောင်းဦး၊ နွေရာသီနဲ့ နွေဦးရာသီက ပိုခက်ခဲတယ်.. ငါ့ရဲ့ လက်ရှိ အရည်အချင်းတွေနဲ့ လုံးလုံး နားလည်ဖို့ ခက်လိမ့်မယ်...’
စုမင်၏မျက်နှာပေါ်တွင် စိတ်ပျက်ခြင်းမရှိပဲ တည်ငြိမ်ခြင်းသာရှိသည်။
‘ဆောင်းဦးက သေခြင်းတရားရဲ့ ကျဆုံးခြင်းနှင့် ဘဝ၏အသွင်အပြင်ကို ကိုယ်စားပြုတယ်... နွေရာသီက အသက်စွမ်းအားများစွာရှိတဲ့ ကာလ... ပြီးတော့ နွေဦးက မင်းမျက်လုံး တွေကိုဖွင့်ရတဲ့အချိန်ပဲ...”
စုမင်က နွေဦးရာသီ သင်္ကေတကို အပြည့်အဝ နားလည်သည့် နေ့ရောက်လာသောအခါ ရာသီများက ပြောင်းပြန်ဖြစ်သွားမည်။ ဆောင်းမှ နွေဦးသို့ ပြောင်းရွှေ့ရသည်ဟု စုမင် ခံစားရလေသည်။
သေခြင်းမှ အသက်ပြန်ရှင်လာမည့်နေ့ ရောက်လာပြီဟု ဆိုလိုပါသည်။
ဆောင်းဦး ၊ နွေရာသီ နှင့် နွေဦးရာသီ သင်္ကေတများ၏ ပုံစံ ကို သူ့ခေါင်းထဲတွင် ခိုင်မြဲစွာ သိမ်းဆည်းထားသည်။ယခုအချိန်တွင် သူက ၎င်းတို့အား သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နားလည်နိုင်မည်မဟုတ်သော်လည်း၊ ၎င်းတို့ကို သူ၏မှတ်ဉာဏ်ထဲတွင် သိမ်းထားကာ အချိန်တန်လျှင်နားလည်နိုင်မည်ဖြစ်သည်။
စုနင် မတ်တပ်ထရပ်ပြီး ဂူအတွင်းဖွင့်ထားသည့် အခန်းငါးခန်းကို တစ်ချက်ကြည့်လိုက်သည်။ သူသတိမထားမိဘဲ အချိန်ကုန်သွားသောကြောင့် ထိုနေရာလေးမှာ တစ်လလောက်နေခဲ့ရသည်။ သူ့အတွက် ဘာမှမရှိသော ရတနာသိုက်က သူ့အလိုလို ကြီးမားသော ရတနာတစ်ခုဖြစ်သည်။
ထို့နောက် စုမင်က နံရံတွင် ချိတ်ထားဆဲဖြစ်သော စွန်းရှန်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် သူက ဆောင်းရာသီ မှော်သင်္ကေတ၏ အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး၊ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးက ညှိုးနွမ်းသွားသကဲ့သို့ အသက်မဲ့နေပုံရသည်။
စုမင်၏ ညိုးနွမ်းနေ သောအကြည့်ကိုမြင်လိုက်သောအခါသဖြင့် စွန်းရှန်က ပြင်းထန်စွာတုန်လှုပ်သွားစေသည်။ ထိုမျက်လုံးများ၏အဓိပ္ပါယ်ကို မသိပေ။ ထိုအကြည့်ကို စကားလုံးများဖြင့် ဖော်ပြ၍မရဘဲ သူ့ခံစားချက်ဖြင့် ဖော်ပြနိုင်သည်။ သူ အလောင်းတစ်လောင်း၏ မျက်လုံးကိုဖွင့်ကြည့်သောအခါ သူခံစားရမည့် ခံစားချက်တစ်ခုဖြစ်သည်။
ထိုမျက်လုံးက လူသေများ၏ မျက်လုံးပင်။
၎င်းတို့အတွင်း၌ ဝိညာဉ်မရှိ၊ အလင်းရောင်မရှိ၊ အသက်မရှိ၊ ခံစားချက်မရှိပေ။ တည်ငြိမ်မှုလည်းပျောက်ကွယ် သွားသည်။ ၎င်းကို မြင်သူတိုင်း ထိုခဏ၌ ၎င်းတို့၏ ခန္ဓာကိုယ် ပုပ်ပွသွားသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။
စွန်းရှန် က တုန်ယင်ပြီး အံကြိတ်မိနေလေသည်။ ထိုအချိန်တွင် စုမင်ထံမှ ရရှိသော ခံစားချက်က ပြင်းထန်လွန်းသဖြင့် သူ့အရေပြားများက ကြက်သီးများထလာလေသည်။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ ခံစားရလေသည်။
စုမင်က စွန်းရှန်ကိုကြည့်ကာ အတန်ကြာပြီးနောက် မေးခွန်းတစ်ခုမေးလိုက်သည်။
“ဖုံးကွယ်နဂါးဂိုဏ်းမှာ အခြားရတနာသိုက်တွေ ရှိ သေးလား”
စွန်းရှန် မဆိုင်းမတွ ခေါင်းညိတ်ပြသော်လည်း သူ့အမူအရာမှာ တုန်လှုပ်နေခဲ့သည်။ ထို့နောက် ခေါင်းယမ်းလိုက်သည်။
“ဒါပေမယ့်... သူတို့အားလုံးမှာ ဘာမှမရှိတော့ဘူး...”
“ဖုံးကွယ်နဂါးဂိုဏ်းမှာ မင်းရဲ့ အနေအထားက ဘယ်လိုလဲ..”
စုမင်က ငြိမ်ငြိမ်လေးနေပြီး နောက်မေးခွန်းတစ်ခု ထုတ်လိုက်သည်။
“ကိုးမျိုးဆက်တပည့်…”
စွန်းရှန်က တုန်တုန်ယင်ယင်အသံဖြင့် ပြောသည်။
“မင်းကို မသတ်သင့်ဘူးဆိုတဲ့ အကြောင်းပြချက် ပေးစမ်း..”
စုမင် ငြိမ်သက်သွားလေသည်။ သူ့အကြည့်တွင် သတ်ဖြတ်လိုသည့် အရိပ်အမြွက်မျှမရှိပေ။ လူသေကဲ့သို့ထင်ရသည့် ထိုမျက်လုံးများက စွန်းရှန်၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များထက် ပိုကြောက်စရာကောင်းသည်။
“မင်းမလုပ်ရင် မင်းရဲ့ဝိညာဉ်ကို အင်မော်တယ်ပြည်ကို ပြန်ပို့ပေးမယ်...”
စုမင်က ညာလက်ကို မြှောက်လိုက်သည်။စွန်းရှန်က ညှိုးနွမ်းနေသော လက်ချောင်းလေးများကို မြင်လိုက်သောအခါတွင် သူ၏မျက်ခွံများ တုန်လှုပ်လာလေသည်။ သူ တုန်လှုပ်သွားပြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုက သူ့နှလုံးသားထဲကို ရူးသွပ်စွာ တိုးဝင်လာပြီး သူ့မျက်နှာက အရောင်ဖျော့သွားခဲ့သည်။ ချက်ချင်းပင် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“အကြီးအကဲ.. ကျုပ်ကဖုံးကွယ်နဂါးဂိုဏ်းရဲ့ သာမန် နဝမမြောက်မျိုးဆက် တပည့်တစ်ယောက်ပဲ...”
စုမင်က ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ သက်မဲ့မရဏလှိုင်းလုံးများကသူ မြှောက်ထားသော လက်မှ စိမ့်ထွက်ကာ စွန်းရှန် ဆီသို့ ညွှန်ပြလိုက်သည်။ ချက်ချင်းပင် သူ့လက်ချောင်းလေးများမှ မီးခိုးရောင် မီးခိုးငွေ့များ စွန်းရှန်ဆီသို့ လွင့်ပျံလာသည်။
“အဓိပ္ပါယ်မရှ်ိတာတွေ လျှောက်မပြောနဲ့...” မင်းက နတ်ဆိုးဂိုဏ်းဝင် သုံးယောက်ကို လှိုဏ်ဂူထဲမှာရှိတဲ့မှော်အစီအရင်နဲ့သတ်ဖို့လုပ်တာ ငါမြင်တယ်.. ပြီးတော့ အသတ်မခံရအောင်ပုန်းနေချင်တာလေ..”
“သာမန်တပည့်တစ်ယောက်က ဒါကိုတွေးကြည့်ရင်တောင် သူလုပ်နိုင်မှာမဟုတ်ဘူး”
စုမင်ကက ပြတ်ပြတ်သားသားပြောလိုက်သည်။
စွန်းရှန်က သူ့ခန္ဓာကိုယ်ကို ထိတော့မည့် မီးခိုးရောင်မီးခိုးငွေ့များကို မြင်လိုက်ရသောအခါတွင် ရင်တွင်း၌ မချိတင်ကဲဝေဒနာ ပေါ်လာသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ စကားစလာသည်။
“ကျုပ်က နဂါးကို ရှာဖွေနိုင်တဲ့ အလားအလာရှိတဲ့ နဝမမျိုးဆက် တပည့်တစ်ယောက်ပါ..ပြီးတော့ ... ဖုံးကွယ်နဂါးဂိုဏ်းမှာ အဆင့်ခြောက်ဆင့်ရှိတဲ့ ချိတ်တံဆိပ်အများစုကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းကို သိပါတယ်..:”
“ဒီမှာ ရတနာတွေ လုယူသွားပေမဲ့.. တချို့ကို ဝှက်ထားတယ်... ဘယ်မှာ ရှိနေမှန်း သိတယ်.. ပင်မ ဖုံးကွယ်နဂါးဂိုဏ်းဆီ ပြန်နိုင်ရင် ရတနာတွေ အားလုံးကို မင်းဆီ ယူလာ ပေးမယ်..”
“ ကျုပ်လုပ်နိုင်တယ်..ကျုပ်သေချာပေါက် လုပ်နိုင်တယ်...”
သေခြင်းတရားက စွန်းရှန်၏အသံထဲသို့ စိမ့်ဝင်လာပြီး စုမင်ကိုကြည့်လိုက်သောအခါ တောင်းပန်သည့်အမူအရာပေါ်လာသည်။
စုမင်၏ လက်ချောင်းလေးများမှ မီးခိုးရောင် မီးခိုးငွေ့များက စွန်းရှန်၏ ရှေ့ သုံးလက်မတွင် ရပ်တန့်သွားသည်။ မီးခိုးငွေ့များကနေ ထွက်လာသော ကြောက်စရာကောင်းသည့် အေးစက်မှုမှာ သတ်ဖြတ်လိုစိတ်မပါပေ။ သို့သော်
ထိုကနေ ထွက်လာသည့် မရဏအငွေ့အသက်က စုမင်၏ အသက်စွမ်းအားကို ဖုံးလွှန်းစပြုတော့မည်ဖြစ်သည်။ မီးခိုးငွေ့များက သူ့ခန္ဓာကိုယ်ကို ထိလိုက်မည်ဆိုလျှင်င် သူ့အသက်စွမ်းအားက ချက်ချင်း ငြိမ်းသွားမည်။
“လျို့ဝှက်ကွပ်မျက်ကျင့်စဉ် ကို မင်းသိလား...”
စုမင် ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ချက်ချင်းမေးလိုက်သည်။
စွန်းရှန်က ရုတ်တရက် ထိတ်လန့်သွားပြီး သူ့ရင်ဘတ်မှ နှလုံးခုန်သံက ကျယ်လောင်စွာ ထွက် ပေါ်လာသည်။ လျို့ဝှက်ကွပ်မျက်ကျင့်စဉ် က ဖုံးကွယ်နဂါးဂိုဏ်းရှိ ထိပ်တန်းလျှို့ဝှက် ကျင့်စဥ်ဖြစ်သည်။ ကျင့်စဥ်နာမည်ကို ပြင်ပလူအနည်းငယ်သာ သိကြသော်လည်း သူ့ရှေ့ကလူက ထိုအကြောင်းကို ပြောလိုက်သည်။
“ကျုပ်က လေးခုမြောက်တာအို အထိ ပေါင်းစပ်မှုတစ်ခုသာ လုပ်ဆောင်နိုင်ပြီး စွမ်းအားကို အနည်းငယ် မြှင့်တင်နိုင်တယ်...”
စွန်းရှန်က တိုးတိုးလေး ရှင်းပြသည်။
“ တောက်ပတဲ့ယန်ကျောက်တုံးဆိုတာ ဘာလဲ “
စုမင်က ထပ်မေးလိုက်သည်။
စွန်းရှန်၏အမူအရာက ချက်ချင်းပြောင်းသွားပြီး တည်ငြိမ်သွားသည်။ သူ စကားမပြောတော့ပေ။
စုမင်က သူ့ကို အတင်း မမေးခဲ့ပေ။ သူ့အဖြေကို ရိုးရိုးလေးပဲ စောင့်နေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် စွန်းရှန်က စုမင်ကို သနားစရာကောင်းသောအကြည့်ဖြင့် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
“တောက်ပတဲ့ယန်ကျောက်တုံးက ဒီနယ်မြေမှာ ဆင်းသက်တဲ့ကျုပ်တို့အတွက် ကျုပ်တို့ရဲ့စွမ်းအားတွေရဲ့အရင်းအမြစ်ပဲ.. ကျုပ်တို့ရဲ့အသက်စွမ်းအားကို အဲ့ဒီကျောက်တုံးပေါ်တွင် စုစည်းပြီး ယင်မရဏဒေသကို ဆင်းသက်နိုင်ဖို့ပဲ...”
“ဒီနေရာကို ဆင်းသက်လာတဲ့ ဂိုဏ်းတစ်ခုစီတိုင်းဟာ စိတ်ဝိညာဉ်တွေကို စုစည်းပြီး တောက်ပတဲ့ယင်ကျောက်တုံးကို ပြင်ဆင်ဖို့ လိုအပ်တယ်... အဲ့ဒီကျောက်တုံးက ကျုပ်တို့ ဒီနေရာက ထွက်သွားချင်ရင် လိုအပ်တဲ့ ပစ္စည်းတစ်ခုပါပဲ..”
“ တောက်ပတဲ့ယန်ကျောက်တုံး…”
စုမင်၏ အမူအရာမှာ တည်ငြိမ်သွားသော်လည်း သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။စွန်းရှန်၏ စကားများကိုကြားရသော် ရှန်းတုန်က ထိုကျောက်တုံးကို လုယူချင်ရသည့် အကြောင်းရင်းကို သိသွားလေသည်။ စွန်းရှန်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားသေး သော်လည်း သူပြောသမျှ အများစုက မှန်နေလေသည်။
“နတ်ဆိုးဝိညာဉ်ဂိုဏ်းက အဲ့ဒီတောက်ပတဲ့ယန်ကျောက်တုံးကို လုယုနေတာ အံ့သြစရာတော့ မဟုတ်ဘူး..ဒါက အသက်စွမ်းအင်းကျောက်တုံးနဲ့အတူတူပဲ.. ဒါက ဂိုဏ်းတစ်ခုမှ ဆင်းသက်လာသူတွေရဲ့.. ဝိညာဉ်အားလုံးကို စုစည်းထားတဲ့အရာပဲ”
‘ဒါက ယင်မရဏဒေသပဲ.. ဒီနေရာရဲ့အပြင်ဘက်မှာ တောက်ပတဲ့ယန်နတ္တိနယ်မြေရှိတယ်...သူတို့ ဒီနေရာကို ရောက်လာတဲ့အခါ...အဲ့ဒီကျောက်တုံးက ယင်မရဏအငွေ့အသက်တွေ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းကို မစိမ့်ဝင်အောင် တားဆီးနိုင်တယ်.. အဲ့ဒီကျောက်တုံး အကာအကွယ်နဲ့ ဆင်းသက်လာသူအားလုံးရဲ့ ဝိညာဉ်တွေက တောက်ပတဲ့ယန်နယ်မြေမှာ နေလို့ရတယ်...”
‘နတ်ဆိုးဝိညာဉ်ဂိုဏ်းက ဒီတောက်ပတဲ့ယန်ကျောက်တုံးကို ရသွားပြီး ဖျက်ဆီးလိုက်မယ်ဆိုရင် သူတို့က ဒီနေရာက ဆင်းသက်လာတဲ့ အင် မော်တယ်တွေကို သတ်ပစ်မယ်လို့ ဆိုလိုတာပေါ့...’
စုမင်၏ အကြည့်များက စွန်းရှန်ဆီသို့ ရောက်သွားသည် ။ စွန်းရှန်က နတ်ဆိုးဂိုဏ်းသားသုံးယောက်ကို ထိုဂူထဲသို့ ဆွဲခေါ်လာသည့်အကြောင်းရင်းကို စုမင် သိချင်သည်။ထို့ကြောင့် စုမင်က သူ့ကို ဂူထဲကို စောစောခေါ်လာရန် ရွေးချယ်ခဲ့သည်။ ယခုလေးတင် စစ်ဆေးမေးမြန်းမှုက အပြည့်အဝယုံကြည်၍ မရလျှင်တောင်မှ သူ့အဖြေကို ရစေခဲ့သည်။
“တကယ်လို့ ကျုပ်က ကူယွင်ဟိုင်ဖြစ်ခဲ့ရင်..နတ်ဆိုးဂိုဏ်းက လိုက်ဖမ်းနေတဲ့အချိန် ကျုပ်နဲ့အတူတောက်ပတဲ့ယန်ကျောက်တုံးကို ယူလာမှာမဟုတ်ဘူး...တစ်နေရာမှာ ဖွက်ထားခဲ့မှာ..ဒီလိုလုပ်မှသာလျှင် ကျုပ်ကိုယ်ကျုပ် ကယ်တင်နိုင်မှာ...”
‘ကူယွင်ဟိုင်က သေမှာကြောက်တဲ့သူဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး...ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တဲ့ သတ္တိတွေရှိခဲ့တယ်.. သူက ဖုံးကွယ်နဂါးဂိုဏ်းကို အရမ်းသစ္စာစောင့်သိတဲ့ အဖွဲ့ဝင်ပဲ...”
“ပြီးတော့ ကျုပ်သာဒီတောက်ပတဲ့ယန်ကျောက်တုံးကို တခြမ်းခွဲနိုင်ရင်၊ တစ်ဝက်လောက်ကို ယူပြီးတော့..ကိုယ့်ကိုယ်ကို ငါးစာအဖြစ်ခံပြီး ထွက်ပြေးမယ်..ပိုကြီးတဲ့အပိုင်းကို ဒီနေရာကို ဝှက်ထားခဲ့မယ်..အဲဒီအခါ ဘယ်သူမှ မတွေ့နိုင်တော့ဘူး..”
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ စောစောက ကူယွင်ဟိုင်က ရှန်းတုန်နှင့် တိုက်နေချိန်မှာ စုမင်က ထိုအကြောင်းကို စဉ်းစားမိလေသည်။ ထို့ပြင် ကူယွင်ဟိုင်မှာ သူ့ကိုပေးစရာများများစားစားမရှိတာတောင် စုမင်က သူ့ကိုကူညီရန် ရွေးချယ်ခဲ့သည်။
ဤလုပ်ရပ်က ကူယွင်ဟိုင် အတွက် အကျိုးရှိရုံသာမက စုမင် အတွက်ပါ အကျိုးရှိစေပါသည်။
‘ကူယွင်ဟိုင်က သေမှာကြောက်ရင်းနဲ့ ဆယ်ပုံနှစ်ပုံလောက် အခွင့်ရေးရသွားတယ်.. ငါ့ရဲ့ ခန့်မှန်းချက်က လုံးဝမှားသွားတယ်..ဒါဆိုရင်တောင်မှ ငါ့မှာ ဆုံးရှုံးမှု မရှိပါဘူး.. သူက တောက်ပတဲ့ယန်ကျောက်တုံးကို ဝှက်ထားဖို့ အခွင့်အရေး လေးပုံတစ်ပုံ ရှိပါတယ်... ပြီးတော့ သေးငယ်တဲ့ အပိုင်းကို သူနဲ့အတူ ယူသွားနိုင်တဲ့ အခွင့်အရေး လေးပုံတစ်ပုံ ရှိပါတယ်.. ပိုကြီးတဲ့ အပိုင်းကို ဒီနေရာနဲ့ နီးတဲ့နေရာမှာ ဝှက်ထားမယ်”
စုမင်က သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ၎င်းတို့အတွင်းတွင် တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းတောက်ပနေသည်။
‘ဒီထက်ပိုအရေးကြီးတာက ဖုံးကွယ်နဂါးဂိုဏ်းက က အဲဒါကို ဖုံးကွယ်ဖို့ ပိုပြီးစိတ်အားထက်သန်လာလိမ့်မယ်..နတ်ဆိုးဂိုဏ်းက အဲဒါကို တကယ်ပဲ လုယူနိုင်ရင် စိတ်ပူမှာ မဟုတ်ဘူး..ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက် မှန်ကန်ရင် မြစ်တစ်ထောင်ချိုင့်ဝှမ်းမှာ ငြိမ်းချမ်းမှု အနည်းငယ် ပြန်ရလာတဲ့အခါ ဖုံးကွယ်နဂါးဂိုဏ်းက အစွမ်းထက်တဲ့ စစ်သည်တွေကို စေလွှတ်ပြီး ကျောက်တုံးကိုပြန်လာယူလိမ့်မယ်.. နောက်ဆုံးတော့.. ဒီနေရာပြန်လာဖို့က သူတို့အတွက် အရမ်းအန္တရာယ်များတယ်..”
‘ဖုံးကွယ်နဂါးဂိုဏ်းအတွက် ဒီအခွင့်အရေးကို ငါဖန်တီး ပေးမယ်’
စုမင်၏ မျက်လုံးများတွင် တွေးတောနေသော အကြည့်တစ်ခု ပေါ်လာသသည်။ စွန်းရှန်က သူ့ကို ကြည့်ကာ တုန်ယင်နေခဲ့သည်။ ထို့နောက် သူ့မျက်နှာဖြူဖျော့ဖျော့မျက်နှာပေါ်တွင်ခိုင်မာသောအကြည့်တစ်ချက်ပေါ်လာသည်။
“စီနီယာ.. ခင်ဗျား..ကျုပ်ကို ခွင့်မလွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားရင် ကျုပ် ဘယ်လိုလုပ်ပေးရမလဲ.. ခင်ဗျားကို လက်ဆောင်အကြီးကြီး ပေးရမလား.. ကျုပ်အသက်ကို စွန့်စားပြီး ရှာဖွေပေးနိုင်ပါတယ်..ဖုံးကွယ်နဂါးဂိုဏ်းမှာ ကျုပ်တို့ ဘဏ္ဍာတွေ သိမ်းထားတဲ့ နေရာတွေ ရှာပေးပါ့မယ်..”
Note...
လျှို့ဝှက်ကွပ်မျက်ကျင့်စဥ်- ဟုန်လော့က တိထျန်းကို တိုက်ခိုက်ရန် မထွက်ခွာမီ ထို အဖိုးအို တစ်ယောက်ထံမှ တောင်းယူခဲ့သည်။
2. အသက်စွမ်းအင်ကျောက်တုံး..- သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ ကျောက်တုံး ဒါမှမဟုတ် လူတွေရဲ့ အတွေးအမြင်တွေကို ထည့်သွင်းထားတဲ့အရာ..အသက်စွမ်းအင်ကျောက်တုံးမှာ လူတစ်ယောက်ရဲ့အမှတ်တရတွေ ပါ၀င်တာကြောင့် သူ့ရဲ့တည်ရှိမှုဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး...