← Chapters

ငါးတစ်ကောင်ကို ရေကူးသင်ပေးခြင်း

Vol. 46 Ch. 634

ငါးတစ်ကောင်ကို ရေကူးသင်ပေးခြင်း

Vol. 46 Ch. 634

စုမင်က ခေါင်းမော့ပြီး စွန်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူဧ။်မျက်နှာမှာ ပြတ်သားသည့်အကြည့်ရှိနေသောကြောင့် သူရှင်သန်ဖို့အတွက် အရာအားလုံးကို စွန့်စားရန် ဆုံးဖြတ်လိုက်ထားလိုက်သကဲ့သို့ပင် ဖြစ်နေသည်။သူက ထက်မြက်ပြီး တွက်ချက်တတ်သော်လည်း စုမင်က သူ၏ သေခြင်းနှင့် ရှင်ခြင်းဆိုင်ရာ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားလေသည်။ထို့ကြောင့် သူ့ကို မည်သူမျှ လှည့်စား၍ မရချေ။

သူချက်ချင်း စကားမပြောဘဲ ဂူထဲမှာ

သူ့အကြည့်တွေကို မြေပြင်ပေါ် လှဲချဖို့ ရွေးချယ်လိုက်တယ်။

‘ဒီမှာ ဝိညာဉ်သွေးကြော ရှိတယ်.ငါ့ရဲ့ ကျင့်ကြံမှုအခြေခံကို မြန်မြန်ပြန်ရဖို့ အကောင်းဆုံးနေရာပဲ၊ ဒါပေမဲ့ ဒီဝိညာဉ်သွေးကြောကို ငါစုပ်ယူလိုက်တဲ့အခါ ကြီးမားတဲ့ပြသနာတစ်ခုကိုဖြစ်သွားလိမ့်မယ်.. ငါ ချက်ချင်း စုပ်ယူနိုင်မှာ... မဟုတ်သေးဘူး..ဖုံးကွယ်နဂါးဂိုဏ်းကို မျှား ခေါ်ဖို့ ငါ့ရဲ့ အစီအစဉ်တွေ ပျက်သွားလိမ့်မယ်....”

စုမင်က ဆင်ခြင်တုံတရားဖြင့် တိတ်ဆိတ်သွားလေသည်။ သူ၏ ခွဲခြမ်းစိတ်ဖြာမှုအများစုကို အပြုသဘောဆောင် ထင်ကြေးပေးမှုများဖြင့် ပြုလုပ်ထားလေသည်။ အရာအားလုံးအတွက် ဖြစ်နိုင်ခြေနှင့် သူ့အစီအစဉ်ရှိ အမြတ်အစွန်းများနှင့် ဆုံးရှုံးမှုများကို တွေးတောနေစဉ်တွင် သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

‘ငါ ဖုံးကွယ်နဂါးဂိုဏ်းကလူတွေကို အရင် မျှား ခေါ်မယ်.. ငါအောင်မြင်ရင် ကောင်းတာပေါ့.. ဒါပေမဲ့ ငါမလုပ်နိုင်ရင် တခြားဘာကိုမှ ဆက်မတွေးတော့ဘဲ ငါ့ရဲ့ကနဦးကျင့်ကြံမှုကို ပြန်လည်ရယူရမယ်.. မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ဖို့ ဒီဝိညာဉ်သွေးကြော ကို စုပ်ယူဖို့ အာရုံစိုက်လိုက်မယ်...”

စုမင်က ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် စွန်းရှန်ရှေ့မှ မီးခိုးရောင်မီးခိုးငွေ့များက စုမင်ညာဖက်လက်ချောင်းလေးဆီသို့ ချက်ခြင်းပြန်ဝင်သွားသည်။

“ဆက်ပြောစမ်း...”

စုမင်က ဆက်မေးလိုက်သည်။

စွန်းရှန်က သူပြောခဲ့သောစကားများကြောင့် ရင်တမမဖြစ်နေ သော်လည်း သူ့မျက်နှာ ပေါ်တွင် ပြတ်သား သော အကြည့် ကို ထိန်းထားလေသည်။ သူ့ မျက်နှာ ပြင် တွင် အမူအရာမပျက်ယွင်းရဲပေ။ ဤလူသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူကောင်းကောင်းသိပြီး စုမင်နှင့်ပတ်သက်သည့်အရာအားလုံးက စွန်းရှန်ထက်သာလွန်သည်။ စွန်းရှန် က သူ့ကို လှည့်စားရန် ကြိုးစားလျှင် စုမင်က ချက်ချင်း ရိပ်မိသွားလိမ့်မည်။

“နဂါးတွေကို ရှာဖွေပြီး ရတနာတွေ ရှိနေတာကို ထောက်လှမ်းနိုင်တဲ့ စွမ်းရည်ကို ငါပိုင်ဆိုင်ထားတယ်.. ကျုပ်တို့ဂိုဏ်းထဲက အကြီးအကဲတွေက ရတနာတွေကို ဝှက်ထားနိုင်တယ်..ဒါပေမဲ့ ကျုပ်အသက်နဲ့အာမခံတယ်... အဲ့ဒါတွေကိုရှာတွေဖို့ ဆယ်ပုံရှစ်ပုံလောက် အခွင့်အရေးရှိတယ်...”

“အဲဒီမှာရှိတဲ့ချိတ်တံ ဆိပ်ကို ချိုးဖျက်နိုင်တယ်.. ချိတ်တံဆိပ်ကို ဖွင့်နိုင်မယ်လို့ ကတိမပေး နိုင်ပေမဲ့ ချိတ်တံဆိပ်ကို အားနည်းအောင်လုပ်ပေးနိုင်တယ်..”

“ဒါက ငါ့ဂိုဏ်းကို သစ္စာဖောက်တာနဲ့ အတူတူပါပဲ.. မင်းရဲ့ကတိနဲ့ လဲလှယ်ဖို့ ငါ့အသက်ကို အသုံးချမယ်... ငါအောင်မြင်ရင် ထွက်သွားခွင့်ပြုပါ”

စွန်းရှန်၏ မျက်နှာပေါ်တွင် လှည့်စားမှုအရိပ်အမြွက်မျှ မတွေ့နိုင်ပေ။ သူ၏ စိတ်ပျက်အားငယ်မှုနှင့် စိတ်ပျက်အားငယ်သောအမူအရာ၊ သူ၏ လေသံတို့နှင့်အတူ အားလုံးက ဆက်လက်အသက်ရှင်လိုသောဆန္ဒကို အော်ဟစ်ခဲ့ကြသည်။

သို့ပေမဲ့ စုမင်ရှေ့တွင် သူက အေးဆေးတည်ငြိမ်နေလေသည်။ စွန်းရှန်ကို အနည်းငယ် အကဲခတ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထိုစကားကို ပြောပြီးနောက် စွန်းရှန်က ပို၍ပင် ကြောက်ရွံ့လာသည်။ သူက စုမင် ခေါင်းညိတ်တာကို မြင်လိုက်ရသော် သူ့စိတ်က အနည်းငယ် ပျော့ပျောင်းသွားသည်။ သူ့မျက်နှာပေါ်မှ ခိုင်မာသော အကြည့်က ပို၍ ခိုင်မာလာသည်။

“ငါ့မှာ အခွင့်အရေးတစ်ခုရှိတယ်.. ငါအောင်မြင်ရင် ဒီလူသေမှာ သေချာတယ်။ ငါကျရှုံးရင်... မဟုတ်ဘူး.. ငါမရှုံးရဘူး..

ဒီလူဟာ ထူးထူးခြားခြား ဉာဏ်ရည်ထက်မြက်နေနိုင်ပေမဲ့ ငါလည်း လွှဲချော်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်.. သူက သံသယဖြစ်နေလောက်တယ်.. ဒါပေမဲ့ ဘယ်သူဘယ်ဝါမဆို ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုမှာမဟုတ်ဘူ.. သူတို့အများစုကတော့ အဲဒါကို သဘောတူပြီး ဘယ်လိုအရာတွေ ပေါ်ပေါက်လာမလဲဆိုတာ ကြည့်ဖို့ပါပဲ...”

“စီနီယာ.. ငါသေရင်တောင် မင်းကို ဘယ်တော့မှ မင်းရဲ့လက်အောက်ခံလုပ်မှာ မဟုတ်ဘူး...”

စွန်းရှန်က စုမင်ကိုကြည့်ကာ အံကြိတ် ပြောလိုက်သည်။

စုမင်က သူ့စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သော်လည်း သူက ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။

“မင်းပြောတဲ့အတိုင်း လုပ်လို့ရရင် မင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးလိမ့်မယ်”

“စီနီယာ..ကျုပ်ကျိန်ဆို... “

စွန်းရှန်း၏စကားကို စုမင်က ဖြတ်ပြောလိုက်သည်။

“မင်းကို အသက်သုံးရှိုက်စာလောက် ငါပေးမယ်..အဲဒီရတနာတွေကို ရှာမတွေ့ရင် မင်းသေမယ်...”

စုင်မင်၏ မျက်နှာပေါ်တွင် စိတ်မရှည်ခြင်းအရိပ်အယောင် အနည်းငယ်ပေါ်လာသည်။ သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး စွန်းရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးကို ‌ဖြေလျော့ပေးလိုက်သည်။စွန်းရှန်က သူ၏ လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာပြီး သူ၏ကျင့်ကြံမှုမှာ ချိတ်မပိတ်ခံရတော့ပေ။

အသက်သုံးရှိုက်စာက အလွန်မြန်လှသည်။ စွန်းရှန်၏ မျက်နှာပေါ်တွင် ချွေးများ စီးကျနေလာသည်။စုမင်၏ ညာလက်ကို မြှောက်ထားသည်ကို မြင်သောအခါ သူ အံကြိတ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ဆုံးဖြတ်ချက်ခိုင်မာသောအမူအရာက ပို၍ ထင်ရှားလာသည်။

“စီနီယာ...ခင်ဗျား..ကတိအတိုင်းတည်ပါစေနော်...”

စွန်းရှန်က စကားပြောနေစဉ် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ လက်နှင့် တံဆိပ်ခတ်ပြီးသည်နှင့် နားရွက်ကို ပုတ်လိုက်ရာ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ မျက်လုံးများမှ သွေးများ စီးကျလာသည်။ တစ်ချိန်တည်းမှာပင် နားရွက်များမှ သွေးမည်းများ ထွက်လာသည်။

စုမင်က သူ့အနားမှာ ရပ်လိုက်ပြီး သူ့မျက်လုံးထဲမှာအေးစက်နေသော အလင်းတန်းတစ်ခု တောက်ပနေလေသည်။စွန်းရှန်းတွေး‌နေသောအရာများကို သိချင်သည်။ ခဏအကြာတွင် စွန်းရှန်က ပို၍ပင် ပြင်းထန်စွာ တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ ညာလက် တစ်ချက်ဝှေ့လိုက်ရုံဖြင့် သူ့လက်ဖဝါးပေါ်တွင် အနက်ရောင်အပ်လေး ချက်ချင်း ပေါ်လာသည်။ သူ့မျက်ခုံးအလယ်တည့်တည့်တွင် အပ်တစ်ချောင်း၊ ဦးခေါင်းခွံထိပ်သို့ နောက်တစ်မျိုးက သူ၏နှလုံးထဲသို့ အပ်တစ်ချောင်း၊ နောက်ဆုံးအပ်တစ်ချောင်းက သူ၏လည်ချောင်းဆီသို့ တည့်တည့်ထိုးစိုက်သွားခဲ့သည်။

နက်ရှိုင်းသော အပ်နက်လေးချောင်းက သူ့အရေပြားထဲသို့ ရောက်သွားသည်။ထိုစဉ် စွန်းရှန်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ထွန်းလင်းတောက်ပလာခဲ့သည်။ နက်နဲသော ပင်ပန်းနွမ်းနယ်မှု ကြီး ပေါ်လာသည် ။ သူ့ခေါင်းကို မော့လိုက်ပြီး သူ့အကြည့်များက ဂူထဲကို လှမ်းပြီး အပြင်လောကကို ကြည့်နေပုံရသည်။

‘ဒီဆေးထိုးအပ်လေးချောင်းက သူ့စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်သလို သူ့အသက်စွမ်းအားအတွင်းရှိစွမ်းရည်ကလည်း ဒီလှုံ့ဆော်မှုအောက်မှာ ပေါက်ဖွားလာလိမ့်မယ်...ထိုစွမ်းရည်ကို လှုံ့ဆော်ဖို့ သူ့အသက်စွမ်းအားများစွာကို အသုံးပြုရတယ်... “

“ရတနာသိုက်က... မြစ်တစ်ထောင်ချိုင့်ဝှမ်းနဲ့ ခုနှစ်ဆယ့်ရှစ်လီကွာတယ်...တတိယမြောက်နတ္ထိတောင်ကုန်းရဲ့ခြေလှမ်းတစ်ထောင်အတွင်းမှာရှိတယ်”

စွန်းရှန်က ထိုစကားများကို ခက်ခက်ခဲခဲ ပြောလိုက်ပြီး ပါးစပ်မှ သွေးအန်လာလေသည်။ ထိုစဉ် အနက်ရောင်ဆေးထိုးအပ်လေးချောင်းက ချက်ချင်းပင် တုန်ခါလာသည်။ စွန်းရှန်က လျှင်မြန်စွာ အသက်ရှုလာသည်နှင့်အမျှ နောက်ထပ် အနက်ရောင် အပ်နှစ်ချောင်းကို ချက်ချင်း ထုတ်ယူခဲ့သည်။ သူက သူ၏တန်ထျန်းနှင့် သူ၏ လည်ပင်းအထက် သုံးလက်မကို ဖိစိုက်လိုက်သည်။

“စီနီယာ..ကျုပ်ကို အဲဒီ‌နေရာ ခေါ်သွား ပေးပါ..မင်းအတွက် ချိတ်တံဆိပ်ကိုဖွင့်ပေးမယ်...”

အပ်နှစ်ချောင်းက စွန်းရှန်၏ ခန္ဓာကိုယ်ထဲကို ရောက်သွားသည့်အခါ သူ့မျက်နှာက ပိုကျန်းမာလာပုံပေါ်လာသည်။ သူ့ပါးပြင်မှာ အနီစက်များ ပေါ်လာသည်။စုမင်က ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ စွန်းရှန်၏ အရေပြားကို အပ်များဖြင့် ထိုးသွင်းလိုက်သည်နှင့် သူ၏ အသက်စွမ်းအားက အနည်းငယ် အရှိန်ပြင်းလာပြီး သူက သတိရှိနေဆဲ ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။

စုမင်က တစ်ခွန်းမှ မပြောပေ။ သူ့လက်မောင်းကို ဝှေ့ယမ်းပြီး စွန်းရှန်းကို ချီကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခြေဖဝါးက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏အခြေတည်ဝိညာဉ်ကို စွန်းရှန်ကို ချီခိုင်းကာ ချက်ချင်းပင် ပျောက်ကွယ်သွားစေသည်။

ဂူထဲမှ ထွက်ပြီးသည်နှင့်ပင် ရပ်တန့်မနေဘဲ နောက်တစ်ကြိမ် ထပ်၍ ခုန်ပြန်လေသည်။ အကြိမ်များစွာပြုလုပ်ပြီးနောက် စုမင်က သူ၏အရှိန်အဟုန်ကြောင့် စိမ်းစိုနေသောတောင်တန်းများအပြင်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာက မြစ်တစ်ထောင်ချိုင့်ဝှမ်း မှ ခုနစ်ဆယ့်ရှစ်လီ ကွာဝေးသည်။

ဤအရပ်၌ နိတ္တတောင်ကုန်းခုနစ်ခုရှိ၏။ စုမင်က ပေါ်လာပြီး တောင်တန်းတစ်ခွင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။တတိယမြောက်နတ္ထိတောင်ကုန်းပေါ်တွင် အကြည့် ရောက်သွားလေသည်။ ထိုတောင်ကုန်းက ဗလာဖြစ်ပြီး အစိမ်းရောင်သစ်ပင်များလည်းမတွေ့ရပေ။ ခြောက်ကပ်နေပြီး အာရုံစိုက်ခြင်းကိုမခံရပေ။

“ကျေးဇူးပြုပြီး ကျုပ်ကို တောင်ထိပ်မှာထားပေးပါ စီနီယာ.. ခင်‌ဗျားအတွက် တံဆိပ်ကို ချိုးဖျက်ဖို့ ကျုပ်အစွမ်းကုန်ကြိုးစားမယ်...ရတနာတွေ အောင်အောင်မြင်မြင်နဲ့ ရသွားရင်...ကျုပ်ကို လွတ်မြောက်ခွင့်ပေးပါ”

စွန်းရှန်က ခက်ခက်ခဲခဲ အသက်ရှူနေရလေသည်။

စုမင်ကစွန်းရှန်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ အကယ်၍ ဤလူက အမှန်တကယ်၌ အခြားသော ယုတ်မာသော ရည်ရွယ်ချက်များ မရှိခဲ့ပါက၊ စုမင်က သူ့ကတိအတိုင်း သူ၏ လွတ်လပ်မှုကို ပြန်ပေးလိမ့်မည်။

စုမင်က တစ်ချက်လှုပ်ရုံဖြင့် စွန်းရှန်ကို တတိယမြောက်နတ္ထိတောင်ကုန်းသို့ ခေါ်ဆောင်သွားလေသည်။ တောင်ထိပ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်လိုက်သည်နှင့် စုမင်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ နေရာအနှံ့ ငေးကြည့်နေသည်။ ဤနေရာက ဗလာနတ္ထိဖြစ်နေသည်။

‘သူပြောနေတာတွေက တကယ်လား..

စုမင်က မသေချာ။ သူက စွန်းရှန်ကို ယခုအခိုက်အတန့်အထိ စောင့်ကြည့်နေခဲ့သည်။စွန်းရှန် စွမ်းရာ်ကို စတင်ဖော်ပြသည့်အချိန်မှစ၍ ယခုအချိန်အထိ တစ်ကြိမ်မျှ မလျော့ပါးခဲ့ပေ။ သူ၏ လုပ်ဆောင်ချက်အားလုံးက ရတနာများကို ရှာဖွေနေပုံရသည်မှာ အမှန်တကယ်ပင်၊ သူ၏ အသက်စွမ်းအားကို လောင်ကျွမ်းစေသည့်အပြင် သူ၏ စွမ်းရည်များ ပေါက်ကွဲထွက်ခြင်းမှာလည်း အတုအယောင်များ မဟုတ်ပေ။

အထူးသဖြင့် သူ့ခန္ဓာကိုယ်က မူလပုလင်းထဲရှိအပြည့်ရှိသော ရေနှင့်တူသည်။ လောင်ကျွမ်းမှုကြောင့် သူက အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာသည်။

စွန်းရှန်က သူ၏လက်ဖဝါးများကို မြေပြင်ပေါ်တွင် မဖိမီ သူ၏လက်နှင့် တံဆိပ်တစ်ခု ထပ်မံဖန်တီးခဲ့သည်။ တောင်တစ်ခုလုံး ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်နှင့် ကျောက်တုံးကြီးများ ပြိုကျသွားသည်။ တောင်၏အလယ်ဗဟိုတွင် အလင်းတန်းတစ်ခုကို ဖျတ်ခနဲမြင်နိုင်သည်။

ထိုအလင်းစီးကြောင်းက ဖောက်ထွင်းမြင်ရပြီး ဂူအောက်ရှိ နေရာသို့ ဦးတည်သော တံခါးတစ်ခု ရှိနေသည်ကို စုမင် မြင်နိုင်သည်။

စွန်းရှန်၏ မျက်နှာက ဖျော့တော့သွားသည်။ သူ တုန်လှုပ်နေချိန်တွင် သူ့လက်များက အတွင်းမှ စွမ်းအင်တစ်မျိုးမျိုးဖြင့် ခုန်ထွက်သွားသကဲ့သို့ မြေပြင်မှ ပျံထွက်သွားသည်။ သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့နေပြီး လက်ကိုမလှုပ်ခင်မှာ သွေးအန်ပြန်သည်။ အနက်ရောင် အပ်ရှစ်ချောင်း ချက်ချင်းပေါ်လာသည်။

ထိုအပ်များက သူ့ခန္ဓာကိုယ်ထဲကို နစ်မြုပ်သွားပြီး ယခု သူ့ခန္ဓာကိုယ်မှာ အနက်ရောင် ဆယ့်လေးချောင်း ရှိနေလေသည်။ စုမင်က စွန်းရှန်၏ အသက်စွမ်းအင် အမြောက်အမြား လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရပြီး ထိုအသက်စွမ်းအားက သူ့ခန္ဓာကိုယ်မှ ပြန့်ကျဲလာသည် ။

“စီနီယာ. အသက်ရှိုက်စာနည်းနည်းလောက်သာ ဖွင့်ထားလို့ရမယ်...အချိန်ပြည့်သွားရင်ပြောမယ်....ခင်ဗျား အထဲဝင်မသွားလည်း အခြေတည်ဝိညာဉ်နဲ့ယူလို့ရတယ်...”

စွန်းရှန်၏ အသံက အက်ကွဲလာသည်။ သူ့မျက်လုံးများက သွေးစီးကျလာပြီး တစ်ကိုယ်လုံး ချွေး စီးကျလာသည်။

စုမင်က သူ့စကားနှင့်ပတ်သက်ပြီး မည်သည့်ပြဿနာမှ မတွေ့နိုင်ပေ။ ဂူထဲမှာ တကယ်အန္တရာယ်ရှိလျှင် စုမင်ကို အကြံမပေးဘဲ ထိန်ချန်ထားလိမ့်မည်။

စုမင်က မျက်မှောင်ကြုတ်ပြီး စွန်းရှန်ခဘက်ကို လှမ်းကြည့်ပြန်သည်။ သူ့နှလုံးသားထဲမှာ အတွေးတစ်ခု ရုတ်ချည်း ပေါ်လာသည်။ ဤအချိန်တွင် လူငယ်၏ ခန္ဓာကိုယ်က ဗလာဖြစ်နေသည်။ သူလောင်ကျွမ်းနေသော အသက်စွမ်းအားက အပြင်သို့ ပျံ့နှံ့သွားပြီး လေထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မူလက ၎င်းနှင့်ပတ်သက်သည့် ထူးဆန်းမှုတစ်စုံတစ်ရာမရှိသော်လည်း သူ၏လက်ရှိအခြေအနေမှာ စုမင် နှင့် အနည်းငယ်ရင်းနှီးသည်။

‘..ပိုင်စိုးမှု.. တစ်စုံတစ်ယောက် သူ့အပေါ်ကို ဆင်းလာဖို့ သူ့ခန္ဓာကိုယ်ကို ဖွင့်ပေးနေတာ...”

စုမင်က မျက်လုံးများကို မှိတ်ထားသည်။ စွန်းရှန်၏ ခန္ဓာကိုယ်က လုံးဝ ဗလာဖြစ်ပြီး ထိုအချိန်တွင် အခြားလူတစ်ယောက်က သူ့ကိုယ်ကို အုပ်စိုးခံရန် အဆင့်သင့်ဖြစ်နေလေသည်။

ထိုအချိန်တွင်အခြေတည်ဝိညာဉ်ကိုကိုယ်ခန္ဓာပေါ် ဆင်းသက်ရန် အခြားလူတစ်ဦးက စွန်းရှန် လုပ်နေသကဲ့သို့ အလားတူ ကျင့်ကြံရန် လိုအပ်ပါသည်။ သူ့ခန္ဓာကိုယ်က ရေမရှိသော ပုလင်းကဲ့သို့ လွတ်သွားပြီး အလားတူ ကျင့်စဉ်ကို ကျင့်သုံးသော အခြားသူများက ထိုပုလင်းကို ရေထပ်ဖြည့်ရန် မည်မျှပင်ဝေးနေပါစေ လျှင်မြန်စွာ ရောက်လာနိုင်ပေလိမ့်မည်။

ခန္ဓာကိုယ်ထဲသို့ အပ်တစ်ဆယ့်လေးချောင်းထိုးသည်ကိုမြင်ရသောအခါ စုမင်က စွန်းရှန်ကို တမင်တကာ စေ့စေ့ကြည့်လိုက်သည်။ သူ့အစွမ်းအစကို နှိုးဆွနိုင်ပုံရသော အပ်ဆယ့်လေး ချောင်းတွင် ခုနစ် ချောင်းရှိကြောင်း တွေ့ရှိခဲ့ရသည်။ အမှန်မှာ စုမင် ၏မျက်လုံးများကို ရှုပ်ထွေးစေရန် အသုံးပြုခဲ့ကြသည်မှာ ထင်ရှားသည်။

ကျန်သော အပ်ခုနစ်ချောင်းကို စွန်းရှန် ၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်အစီအရင်တွင် အရေပြားအောက်ရှိ သွေးကြောများ နှင့် အပ်များကြားတွင် ချိတ်ဆက်မှုအဖြစ် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် ထိုမှော်အစီအရင်က မပြည့်စုံသေးပေ။စုမင်က စွန်းရှန် စစ်ဆေးကြည့်သောအခါ အပ်တစ်ချောင်း ပျောက်ဆုံးနေပုံရသည်ဟု သူပြောနိုင်သည် ။

ထိုအချိန်တွင် စွန်းရှန်က ညာလက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် အနက်ရောင် အပ်တစ်ချောင်း ပေါ်လာသည်။ မဆိုင်းမတွဘဲ သူ့ဘယ်ဘက်ကို မြှောက်ပြီး နားရွက်အထက်တည့်တည့်ကို အပ်စိုက်ချလိုက်ပြီး အစိမ်းရောင်သွေးပြန်ကြောများ သူ့မျက်နှာပေါ် ချက်ချင်းပေါက်ထွက်လာသည်။

“ဆရာကြီး.. အခုဝင်လို့ရပါပြီ...”

တစ်ချိန်တည်းမှာပင် သူက ထိုစကားများကို အော်ပြောလိုက်သည်၊ တောင်လယ်မှ အလင်းတန်းများက ဟင်းလင်းပြင်တစ်ခုကို ဖော်ထုတ်ရန် တစ်ခဏမျှရပ်တန့်သွားသည်။

လှိုဏ်ဂူဆီသို့ ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ အက်ကွဲအက်ကြောင်းတစ်ခု ပွင့်လာပြီး ပြင်းထန်သော ယန်အရှိန်အဝါ၏ လမ်းကြောင်းက စိမ့်ထွက်လာသည်။

အကယ်၍များ အခြားမည်သူမဆို စွန်းရှန်၏ စကားကို သံသယဝင်နေလျှင်ပင် ဂူဖွင့်ရာနေရာသို့ ဆွဲဆောင်သွားမည်ဖြစ်ပြီး လူငယ်လေးအပေါ် အစောင့်အရှောက်ကို သဘာဝအတိုင်း ဖြေလျှော့ပေးလိမ့်မည်။ ဆန်းရှန်း လိုချင်တာက ဒီအခွင့်အရေးဟာ ခဏတာသာ ကြာပါတယ်။ ထိုအချိန်မှာပင် သူ့စိတ်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

‘ကောင်းကင်ပေါ်ရှိ ရေက ဧကရာဇ်မင်းမြတ် ကောင်းချီးပေးတဲ့ အလှတရားတွေ ပါ၀င်တယ်..အဲဒီ့အလှတရားက အလယ်ဗဟိုမှာ ရှိနေတယ် ..အကြီးအကဲ...ကျေးဇူးပြုပြီးကျွန်ုပ်ထဲမှာ ဆင်းသက်ပါ..”

Note ..

“ကောင်းကင်ပေါ်ရှိ ရေတွင် ဧကရာဇ်မင်းမြတ်အား ကောင်းချီးပေးသော အလှတရားများ ပါ၀င်သည်။ ထိုအလှတရားသည် အလယ်ဗဟိုတွင် ရှိနေသည်-“

ကောင်းကင်၌ ရေက တိမ်များ ၏ အစိုဓာတ် ဖြစ်သည်။ မိုးရွာသောအခါ တိုင်း ပြည်က ကောင်းချီးပေးခံရသည်ဟုဆိုသည်။ နတ်ဘုရားက အုပ်စိုးသူများကိုကြိုက်သောကြောင့် တရုတ် ဧကရာဇ် မင်း များအတွက် ကောင်းချီး ဖြစ်သည် ။ တိမ်များ၏အလယ်ဗဟိုတွင် အစိုဓါတ် အပေါများဆုံးဟု ဆိုလိုသည်။

ဤတွင်၊ ထိုရွတ်ဆိုခြင်းဖြင့် စွန်းရှန် ၏ ဆိုလိုရင်းမှာ သူ၏ခန္ဓာကိုယ်က ယခုအခါ ထိုအလှတရား/ကောင်းချီးများ ပျက်ပြယ်သွားပြီဖြစ်၍ ထိုအလှတရား/ကောင်းချီးများနှင့် ဖြည့်စွမ်းရန် တစ်ခုခု လိုအပ်နေပြီဟု ဆိုလိုပေမည်။

All Chapters